Saturday, July 26, 2014

တကယ်?

တကယ်? (တကာာာာာယ်)

သူ့အိမ်နီးနားချင်းတွေက ဇင်ဘုန်းကြီး ဟက်ကူအင်ကို သူတော်စင်အဖြစ်နဲ့ နေဘို့ သိမ်ထပ်ပေးလိုက်တယ်။

သူတို့အနားမှာ ကုန်စုံဆိုင်ပိုင်ရှင်ရဲ့သမီး ဂျပန်မ ချောချောလေးတစ်ယောက်လည်း နေတယ်။ အသံမကြား ဘာမကြားနဲ့ ဗြုန်းဆို ကောင်မလေးမှာ ကိုယ်ဝန်ရလာတယ်။ သူ့မိဘတွေဆို အရမ်းဒေါသထွက်တာပေါ့။

 ကောင်မလေးကလည်း လက်သည်ဘယ်သူဆိုတာ ၀န်မခံဘူး။ အရမ်းမရကုတ်က မေးတော့မှ ကောင်မလေးက ကလေးအဖေနာမည်က ဟက်ကူအင် လို့ ပြောလိုက်တယ်။

ကောင်မလေးရဲ့ မိဘများက ဘုန်းကြီးဆီဒေါသတကြီးနဲ့ သွားကြတာပေါ့။ ဟက်ကူအင်ကတော့ “တကယ်?” ဆိုတဲ့ တစ်လုံးပဲ ပြောလိုက်တယ်။

ကလေးလည်းမွေးလာရော ကောင်မလေးရဲ့မိဘတွေက ကလေးကိုချီပြီး အခု တစ်ရွာလုံးရဲ့ အပယ်ခံဖြစ်နေတဲ့ ဟက်ကူအင် ဆီကို သွားတယ်။ ဟောဒီကလေးကိုမွေးဘို့ရာ မင်းတာဝန်ဘဲ ဆိုပြီး ကလေးပေးတဲ့အခါ ဟက်ကူအင်က “တကယ်?”  ဆိုပြီး အေးအေးဆေးဆေးပဲ ကလေးကို ယူထားလိုက်တယ်။

တစ်နှစ်လောက်ကြာတော့ ကောင်မလေး မအောင့်နိုင်တော့ဘူး။ ကိုယ်ဝန်ရဲ့အဓိကလက်သည်ဟာ ငါးစိမ်းတန်းထဲက ကောင်လေးတစ်ယောက် ဆိုတာ သူ့မိဘတွေကို ဖွင့်ပြောလိုက်တယ်။

ကောင်မလေးရဲ့မိဘတွေလည်း ချက်ချင်းပဲ ဟက်ကူအင်ဆီသွားပြီး သူတို့မှားပါတယ်ဆိုတဲ့အကြောင်း၊ ခွင့်လွှတ်ပါမည့် အကြောင်း ရှည်လျားထွေပြားစွာ ပြောပြီး ကလေးကို ပြန်ပေးဘို့ တောင်းတယ်။

ဟက်ကူအင်ကလည်း လိုလိုလားလားပဲ ကလေးကို အသာအယာပွေ့ချီပေးလိုက်ပြီး “တကယ်?” လို့ပြောလိုက်တယ်။

မှတ်ချက်။            ။ “တကယ်?” ဆိုသည်မှာ ဟုတ်လား၊ တကယ်လား ဆိုသော အာမေဋိတ် ဖြစ်ပါသည်။
“မောင်ထွန်း ချဲပေါက်လို့တဲ့။”
“တကာာာာယ်?”


5. Is That So? From The 10 Very Best Zen Stories

No comments: