Tuesday, July 22, 2014

ပန်းဆိုင်ထဲမှာ

တစ်ခါက အမျိုးသမီးကြီးတစ်ဦးသည် ဈေးကြီးအတွင်း လျှောက်သွားနေရင်း ယခုမှ အသစ်ဖွင့်ထားသော ပန်းဆိုင်တစ်ဆိုင်ကို သတိပြုမိသဖြင့် ၀င်သွားလေ၏။

အံ့သြစရာ ပန်းဆိုင်အတွင်း၌ မည်သည့်ပန်းကိုမျှ ပြသထားခြင်းမရှိ။ သို့သော် ကောင်တာနောက်၌ နတ်ဘုရားတစ်ဆူ ရပ်နေသည်ကို တွေ့ရသည်။

မင်းလိုချင်တာ ဘာမဆို တောင်းလို့ရတယ် - နတ်ဘုရားက ပြောသည်။

အမျိုးသမီးကြီးလည်း လောဘတကြီးဖြင့် ငြိမ်းချမ်းမှုတွေ၊ ပျော်ရွှင်မှုတွေ၊ ပိုက်ဆံတွေ၊ နောက်ပြီးတော့ နားလည်နိုင်တဲ့ အစွမ်းသတ္တိ။ အဲဒါအပြင် သေတဲ့အခါ ကောင်းကင်ဘုံကို ရောက်ချင်တယ်။ ဒါတွေကို ငါသာမက ငါ့ရဲ့ မိတ်ဆွေတွေအားလုံးပါ ရစေချင်တယ် - ဟု တောင်းလိုက်၏။

ထိုအခါ နတ်ဘုရားက ၎င်းနောက် စင်ပေါ်တွင် တန်းစီတင်ထားသည့် ပန်းအိုးများထဲမှ တစ်အိုးကို ယူလိုက်ပြီး အတွင်းမှ မျိုးစေ့များကို နှိုက်ယူလိုက်သည်။

ထို့နောက် ထိုမျိုးစေ့များကို အမျိုးသမီးကြီးသို့ပေးလျှက် ပြောလိုက်၏။


ဟောဒီမှာ မျိုးစေ့တွေ။ သွားစိုက်ချေပါ။ ဘာလို့လည်းဆိုတော့ အသီးအပွင့်တွေကို ဒို့ဆိုင်မှာ မရောင်းလို့ဘဲ။

No comments: