ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး၌
တပည့်တပန်းမြောက်များစွာရှိလေသည်။ အရက်ချိုး တပည့်တစ်ဦးမှလွဲ၍ ၎င်းတို့အားလုံးပင် အချိန်မှန်
ဝတ်တက်ကြ၏။
သို့နှင့် ဘုန်းတော်ကြီးမှာ
အလွန်အိုမင်းလာလေသည်။ တော်တည့်ထက်မြက်သော တပည့်တပန်းများမှာ မည်သူက ဘုန်းတော်ကြီး၏
နေရာကို ဆက်ခံမည့်အကြောင်း စိတ်ဝင်တစားနှင့် တီးတိုးတီးတိုး သဖန်းပိုး ဖြစ်နေကြလေ၏။
ဆက်ခံမည့် သူမှာ အလွန်အရေးကြီးသော ရိုးရာလျှို့ဝှက်ချက်ကို လက်ခံရရှိမည် ဖြစ်သည်။
ဘုန်းတော်ကြီး သေမည့်အချိန်သို့ရောက်လာသည့်အခါ
ဇိုးသမားတပည့်ကိုခေါ်၍ ထုံးတမ်းဓလေ့လျှို့ဝှက်ချက်ကို ပေးလိုက်သည်။
ပညာတတ် တပည့်ကြီးများအကြား
အကြီးအကျယ် ဂယက်ရိုက်သွားလေ၏။
“ဘယ်လောက်ရှက်စရာကောင်းသလဲ။”
သူတို့သည် ကျောင်းအပြင်ထွက်လျက် တစ်လမ်းဝင်တစ်လမ်းထွက် ရုန်းရင်းဆန်ခတ် အော်ဟစ်ကြ၏။
“ငါတို့ဟာ ငါတို့အရည်အချင်းကို မသိတဲ့ မှားယွင်းတဲ့ခေါင်းဆောင်တစ်ယောက်အတွက် တစ်သက်လုံးပေးဆပ်ခဲ့ကြရတယ်။”
ပြင်ပမှ ဆူဆူညံညံအသံများကို
နားစွင့်လျက် ဘုန်းတော်ကြီးက မှတ်ချက်ပြုသည်။
ဟောဒီအရေးကြီးတဲ့
လျှို့ဝှက်ချက်ကို ငါသေသေချာချာသိတဲ့သူကိုပဲ လွှဲပေးရလိမ့်မယ်။ ငါ့တပည့်တွေအားလုံးဟာ
သိပ်တော်ပါတယ်တယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ ဘယ်လောက်တတ်ကြောင်းပဲ ပြတတ်ကြတယ်။ ဒါဟာ
သိပ်အန္တရာယ်များတယ်။
တော်တည့်ထက်မြက်ခြင်း
ဆိုတာရဲ့နောက်ကွယ်မှာ မာနကြီးတာ၊ ဘ၀င်မြင့်တာ၊ ပလွှားတာ၊ တစ်ဖက်သားအမြင်ကို ထည့်ပြီး
မစဉ်းစားတာတွေ ရှိနေတယ်။ ဒါကြောင့် ငါက ငါသေသေချာချာသိတဲ့သူကိုပဲ ရွေးခဲ့တာ။
ဟောဒီ ငဇိုးမှာတော့
အရက်သောက်တာကလွဲရင် တခြားဘာမှ ပြောပလောက်အောင် အပြစ်ဆိုစရာမရှိဘူး။
No comments:
Post a Comment