တကယ်လို့ဗျာ၊ ဟောသည်
ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဆိုပါစို့။ 
အဲသည်ရွာထဲမှာ စုစုပေါင်း လူ ၁၀၀ ရှိတယ် ထားပါတော့။ 
အဲဒီလူတွေအားလုံးရဲ့အချိုးဟာ လက်ရှိကမ္ဘာ့လူသားအားလုံးရဲ့အချိုးအတိုင်းပဲ ရှိနေမယ် ဆိုရင်
အောက်မှာ ဖော်ပြထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇယားကလေးတစ်ခု ရလာမယ်ဗျ။
| 
စဉ် | 
အမျိုးအမည် | 
လူဦးရေ (ယောက်) | 
| 
၁ | 
အာရှသား | 
၅၇ | 
| 
၂ | 
ဥရောပသား | 
၂၁ | 
| 
၃ | 
ကမ္ဘာ့အနောက်ခြမ်းမှာရှိတဲ့သူတွေ (တောင်မြောက်အပါအ၀င်) | 
၁၄ | 
| 
၎ | 
အာဖရိကန် | 
၈ | 
| 
၅ | 
မိန်းမ | 
၅၂ | 
| 
၆ | 
ယောက်ျား | 
၄၈ | 
| 
၇ | 
လူဖြူ | 
၃၀ | 
| 
၈ | 
လူဖြူမဟုတ်တာ | 
၇၀ | 
| 
၉ | 
ခရစ်ယာန် | 
၃၀ | 
| 
၁၀ | 
ခရစ်ယာန်မဟုတ်တာ | 
၇၀ | 
| 
၁၁ | 
လိင်တူကာမဆက်ဆံတဲ့သူ | 
၁၁ | 
| 
၁၂ | 
လိင်မတူ ကာမဆက်ဆံသူ | 
၈၉ | 
| 
၁၃ | 
တစ်ကမ္ဘာလုံးကြွယ်ဝမှုရဲ့ ၅၉% ကိုပိုင်ဆိုင်တဲ့သူ | 
၆ | 
| 
၁၄ | 
အဲဒီသူတွေထဲကမှ အမေရိကန်မှာနေတဲ့သူ | 
၆ | 
| 
၁၅ | 
ချို့ချို့တဲ့တဲ့ အဆောက်အဦတွေမှာနေရတဲ့သူ | 
၈၀ | 
| 
၁၆ | 
စာမဖတ်တတ်တဲ့သူ | 
၇၀ | 
| 
၁၇ | 
အာဟာရချို့တဲ့နေသူ | 
၅၀ | 
| 
၁၈ | 
သေလုမျောပါးဖြစ်နေတဲ့သူ | 
၁ | 
| 
၁၉ | 
မွေးလုမွေးခါနီးမိခင် | 
၁ | 
| 
၂၀ | 
ကောလိပ်ကျောင်းပညာရေးအဆင့်ရှိတဲ့သူ | 
၁ (ဟုတ်ကဲ့၊ သေချာပါတယ်။ တစ်ယောက်ထဲပါ) | 
| 
၂၁ | 
ကွန်ပြူတာပိုင်တဲ့သူ | 
၁ (ဟုတ်ကဲ့၊ သေချာပါတယ်။ တစ်ယောက်ထဲပါ) | 
အဲဒါကြောင့်မို့လို့
- 
အကယ်၍ မင်း ရေခဲသေတ္တာထဲမှာ
အစားအသောက်တွေရှိနေမယ်၊ မင်းကိုယ်ပေါ်မှာ အ၀တ်အစားတွေ ရှိနေမယ်၊ မင်းခေါင်းပေါ်မှာ အမိုးရှိနေမယ်၊
ကျောချစရာတစ်နေရာရှိမယ်ဆိုရင် မင်းဟာ ၇၅% သော ကမ္ဘာ့လူသားတွေထက် ပိုချမ်းသာနေပြီ။
အကယ်၍ မင်းဟာ မနက်ခင်းမှာ
ကြည်ကြည်လင်လင် လတ်လတ်ဆတ်ဆတ်နဲ့ နိုးထလာတယ်ဆိုရင် ခုအပတ်မှာ သေအံ့မူးမူး ဖြစ်နေတဲ့
လူ တစ်သန်းထက် ပိုပြီး ကံကောင်းနေပြီ။
အကယ်၍ မင်းအိပ်ကပ်ထဲမှာ
ပိုက်ဆံရှိနေတယ်။ မင်း ဘဏ်စာရင်းထဲမှာ ပိုက်ဆံရှိနေတယ်၊ ငွေလဲစရာတချို့ရှိနေမယ်ဆိုရင်
မင်းဟာ ကမ္ဘာ့ချမ်းသာသူ ၈% ထဲမှာ ပါနေပြီ။
အကယ်၍ မင်းဟာ အဖမ်းခံရမှာ၊
နှိပ်စက်ခံရမှာ၊ အနိုင်ကျင့်ခံရမှာ၊ သေမှာတွေးပြီး စိုးတထိတ်ထိတ်နေစရာမလိုဘဲ ဘုန်းကြီးကျောင်းသွားပြီး
အေးအေးဆေးဆေး တရားနာနေနိုင်တယ်၊ တရားထိုင်နိုင်တယ်၊ ပုတီးစိပ်၊ ဥပုသ်စောင့်နေနိုင်တယ်
ဆိုရင် ကမ္ဘာ့လူဦးရေ သန်း ၃၀၀၀ ထက်ပိုပြီး ကံကောင်းနေပြီ။
အကယ်၍ မင်းဟာ စစ်ပွဲတွေနဲ့
မကြုံခဲ့ဖူးဘူးဆိုရင်၊ အချုပ်ခန်းထဲမှာ အထီးကျန်စွာ မနေခဲ့ရဖူးဘူးဆိုရင်၊ နှိပ်စက်ညှဉ်းပန်းတာ
တွေကို မခံခဲ့ရဖူးဘူး ဆိုရင် မင်းဟာ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၅၀၀ ရဲ့ ရှေ့မှာ ရောက်နေပြီ။
အကယ်၍ မင်းဟာ မင်းမျက်နှာမှာ
အပြုံးပန်းကို ဆင်မြန်းထားနိုင်တယ်ဆိုရင် မင်းဟာ အင်မတန်ကံကောင်းတဲ့သူ မှတ်ပါ။ ဘာကြောင့်လဲဆိုတော့
ပြုံးတာကို လူတိုင်းအလွယ်တကူ လုပ်နိုင်ပေမဲ့ လူအများစုက မလုပ်ကြလို့ဘဲ။ 
အကယ်၍ မင်းဟာ ဒီစာစုလေးကို
ဖတ်မိတယ်ဆိုရင် ဒီစာကိုဖတ်ဖို့အခွင့်မသာတဲ့ ကမ္ဘာ့လူပေါင်း သန်း ၂၀၀၀ ထက် မင်းဟာ ပိုကံကောင်းနေပြီ။
အခုဒီစာကိုဖတ်ပြီးတာနဲ့
ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာရဲ့အခြေအနေကို မင်းသိသွားပြီ။ အဲဒါကြောင့်မို့လို့ ငါဟာ
အတော်ကံကောင်းတဲ့လူပါလားလို့ လက်ခမောင်းခတ်နိုင်ပြီပေါ့။
အဲဒီလိုဘဲ ကံကောင်းတဲ့လူ
အမြဲဖြစ်နေစေဘို့ -
ငါတို့ဟာ 
- မကောင်းတာတွေကို မကြံစည်ကြပါစို့နဲ့။
- မကောင်းတာတွေကို မပြောကြပါစို့နဲ့။
- မကောင်းတာတွေကို မလုပ်ကြပါစို့နဲ့။
ရေးသူ - အမည်မသိ
မှတ်ချက်။            ။
နောက်ဆုံးစာပိုဒ်က ကျွန်တော်နှမ်းဖြူးလိုက်ခြင်း ဖြစ်ပါသည်။
 
 
No comments:
Post a Comment