၈။ လျှပ်စစ် အန္တရာယ်
၈၊ ၁။ လျှပ်စစ်ကြောင့်ဖြစ်နိုင်သော အန္တရာယ်များ
၈၊ ၂။ လျှပ်စစ်အန္တရာယ်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများ
- ဓါတ်ကြိုးကို မြေကြီးပေါ်ချ၍ မသွယ်တန်းပါနှင့်။
- လျှပ်စစ်ပစ္စည်းမှန်သမျှ မြေစိုက်ကြိုး (earthing) ချထားပါ။
- ဓါတ်ကြိုးများ၊ မီးခလုတ်များကို ခံနိုင်ရည်ရှိသော ၀န်အားသာသုံးပါ။
- ပျက်စီးချို့ယွင်းနေသော ၀ါယာကြိုးများ၊ လျှပ်စစ်ပစ္စည်းများ မသုံးပါနှင့်။
- ဓါတ်ကြိးများကို စနစ်တကျဆက်ပါ။ ဖြစ်ကတတ်ဆန်း မဆက်ပါနှင့်။
အန္တရာယ်သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားရမည်။
၉။ စက်မှုအန္တရာယ် (Mechanical Hazard)
- ပျက်စီးချို့ယွင်းနေသော စက်များကို မသုံးပါနှင့်။ သေသေချာချာပြင်ပြီးမှ သုံးပါ။
- စက်မှ အန္တရာယ်ကင်းစေရန် တပ်ဆင်ထားသော အကာအရံများကို မဖြုတ်ပါနှင့်။ အကယ်၍ ဖြုတ်ရန် လိုခဲ့ပါက ကိစ္စပြီးပြီးချင်း ချက်ချင်းပြန်တပ်ပါ။
- စက်တွင်တပ်ဆင်ထားသော အကာအရံများကို ကိုယ့်သဘောနှင့်ကိုယ် ပြုပြင်ပြောင်းလဲတပ်ဆင်ရန် မကြိုးစားပါနှင့်။
- သင်သည် လက်မှတ်ရ စက်ပြင်ဆရာမဟုတ်လျှင် စက်ကိုပြင်ရန် မည်သည့်အခါမှ မကြိုးစားပါနှင့်။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၂၊ မေ၊ ၂၀၁၃။ ည ၁၀း၃၈ နာရီ
No comments:
Post a Comment