အစီရင်ခံစာအကျဉ်းချုပ်
ဘေးကင်းသော အစားအသောက်များ ထုတ်လုပ်၊
ဖြန့်ဖြူး၊ ရောင်းချနိုင်ရန်အတွက် ကြီးကြပ်သည့်စနစ် ပိုမို အားကောင်းလာရေး ဆိုသည်မှာ
ပညာရပ်ပိုင်းဆိုင်ရာအရသာမက နိုင်ငံရေးအခြေအနေများနှင့်ပါ ပါတ်သက်ဆက်နွယ်မှု ရှိပါသည်။
မြန်မာနိုင်ငံဟာ ASEAN
Free Trade Area ထဲမှာ ပါဝင်နိုင်ဖို့ပြင်ဆင်နေတာမို့
ထိရောက်တဲ့ Food Safety Management System တစ်ခုရှိဖို့ အရေးတကြီး လိုအပ်ပါသည်။ ထိရောက်တဲ့
Food Safety Management System ဆိုတာ နိုင်ငံတွင်း စားသုံးသူများကို အကာအကွယ်ပေးသလို
ပြည်ပပို့ကုန်တွေ နိုင်ငံတကာစံတွေနဲ့ အဆင့်မီစေဖို့ လည်း အထောက်အကူပြု ပါသည်။ မြန်မာနိုင်ငံနှင့်
စားသောက်မှု ဓလေ့အနည်းငယ်ဆင်တူပြီး ASEAN နိုင်ငံများအတွင်း Food Safety ကို ထိထိ ရောက်ရောက်
ထိန်းသိမ်းကွပ်ကဲနိုင်သည့် စင်္ကာပူနိုင်ငံရှိ Agri-Food & Veterinary Authority (AVA) အဖြစ် တိုးတက် လာသည့် မူလအဖွဲ့အစည်း Primary Products
Department ၏ တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲလာပုံများကို အခြေခံအဖြစ် လေ့လာထားပါသည်။
ယခုစာတမ်းမှာ ဘေးကင်းသော အစားအသောက်များ
ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနိုင်ရန် စီမံဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်မှု ရှိသော
အဖွဲ့အစည်းများ၊ ကုန်ကျစားရိတ်များနှင့် အကျိုးအပြစ် သုံးသပ်ချက်များ အပြင် မြန်မာနိုင်ငံတွင်
Food Safety Management System ကို ပိုမိုအားကောင်းအောင် ပျိုးထောင်ရန် တစ်ဆင့်ချင်း
လိုက်နာနိုင်သည့် အချက်အလက်များကို အဆိုပြုပြီး Myanmar Transitional Platfrom မှ မည်သို့
ပါဝင်ကူညီလိုသည်များကိုလည်း တင်ပြဆွေးနွေးထားပါသည်။
အစားအသောက်ကြောင့်
ဖြစ်တတ်သော အန္တရာယ်များ
Food Safety Issue များအကြောင်း
ဆွေးနွေးသည့်အခါတိုင်း ကလေးနို့မှုန့်ထဲတွင် မယ်လမင်း ရောသည့်ကိစ္စ ကို ဆွေးနွေးကြသည်။
မွေးကင်းစကလေး ခြောက်ယောက်အသက်ဆုံးရှုံးခဲ့ပြီး ကလေးပေါင်း သုံးသိန်း ကျော် ကျန်းမာ
ရေးထိခိုက်ခဲ့သောကြောင့် ဆိုးကျိုး သက်ရောက်မှု အတော်တော်ကျယ်ပြန့်ခဲ့ပါသည်။ တရားစွဲ
ခြင်း စုံစမ်းစစ်ဆေးခြင်း ပြစ်ဒါဏ်ပေးခြင်းများကို လုပ်ခဲ့သော်ငြား ကျန်းမာရေးထိခိုက်သွားသော
ကလေးများ၊ အသက်ဆုံးရှုံးသွားတဲ့ ကလေးများကိုတော့ အကောင်းအတိုင်း ပြန်မရနိုင်တော့ပါ။
ယခုလို အန္တရာယ်မကင်းသော ပြည်ပမှတင်သွင်း သည့် အစားအသောက်များကြောင့် မြန်မာနိုင်ငံတွင်း ကျန်းမာရေး
ထိခိုက်ခြင်းမရှိရလေအောင် ထိရောက်သော Food Safety Management System တစ်ခုရှိဖို့ အရေးကြီးပါသည်။
ပြည်တွင်းမှာလည်း ငါးပိ၊ လဘက်အစရှိတဲ့
ရိုးရာအစားအသောက်များပါမကျန် စက်မှုသုံး ဆိုးဆေးများကိုသုံးခြင်း၊ စားသုံးရန် မသင့်သော
ဓါတုပစ္စည်းများထည့်ခြင်း စတာတွေကို သတင်းများထဲတွင် ဖတ်ရပါသည်။ ယခုနှစ် အစပိုင်းတွင်
ဟုမ္မလင်းမှာဖြစ်တဲ့ အစာအဆိပ်သင့်မှု သတင်းကို ဖတ်ရပါသည်။ လူခြောက်ယောက် အသက်ဆုံးရှုံး
သွားသည်ဟု သိရပါသည်။ အစားအသောက်မှတစ်ဆင့် လူများကို ဥပဒ်ဖြစ်စေနိုင်သည့် အကြောင်းရင်း
များစွာ ရှိပါသည်။ နေ့စဉ် စားသုံးနေသော ဟင်းသီးဟင်းရွက်များထဲတွင်
ပိုးသတ်ဆေး အကြွင်းအကျန်များ၊ စားသုံးရန် မသင့်သော ဆိုးဆေးများ အစားအသောက် ကြာရှည်ခံစေရန်သုံးသော
ဓါတုဆေးများ အလွန်အမင်း ပါလျှင် လူကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။
တစ်ချို့ဈေးများထဲတွင် ဟင်းချက်စရာများကို
မြေကြီးပေါ်ချရောင်းကြသည်ကို သတိထားမိကြမည် ထင်ပါသည်။ ထိုသို့သော ဈေးသည်ဆီမှ ၀ယ်လာသည့်
ဟင်းချက်စရာ များမှာလည်း Salmonella ကဲ့သို့ Food Poison ဖြစ်စေနိုင်သည့် Bacteria
များပါနိုင်ပါသည်။ ထို့အပြင် စနစ်တကျ ဆေးစစ်ထားခြင်းလည်း မရှိ၊ အစားအသောက် ကိုင် တွယ်ပုံများကို
သင်ကြား ထားခြင်းလည်း မရှိသော အစားအသောက် ကိုင်တွယ် ရောင်းချသူတွေဆီမှ တစ်ဆင့် စားသုံးသူ
တွေဆီကို ရောဂါတွေကူးစက်နိုင်ခြင်း တွေကိုလည်း တွေ့ ရမှာ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်း
စားသုံးသူများကို အကာအကွယ် ပေးဖို့အတွက် ထိရောက်တဲ့ Food Safety Management System
တစ်ခု အမြန်ဆုံး ထူထောင်ဖို့ လိုအပ်ပါသည်။
ထိရောက်သော Food Safety Management System တည်ထောင်ရေး
ထိရောက်သော Food Safety
Management System တစ်ခုသည် အလွှာတိုင်းအတွက် အကျိုးကျေးဇူးတွေ ရှိပါသည်။ အစိုးရအတွက်
ဆိုလျှင် အစာအဆိပ်သင့်ခြင်းကဲ့သို့သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက် သုံးစွဲရသော
စားရိတ်များ သက်သာကါမည်။ စားသောက်ကုန် ထုတ်လုပ်သူ လုပ်ငန်းရှင်တွေအတွက် ဆိုလျှင်လည်း
မိမိပစ္စည်း စားသုံးဖို့ အန္တရာယ်ကင်းမည်ဆိုလျှင် ပိုပြီးရောင်းပန်းလှမည်။ စားသုံးသူဖက်က
ကြည့်ရင်လည်း မိမိအတွက် အန္တရာယ်ကင်း မည်ဖြစ်သဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်မည်။
ထို့ကြောင့် ထိရောက်သော Food Safety Management ဆိုသည်မှာ အားလုံးကို အကျိုးပေးမည့်စနစ်ဖြစ်ပါသည်။
သို့သော် လက်တွေ့အခြေအနေကို သုံးသပ်သည့်အခါတွင်
လက်ရှိ Legislation များရှိသောလ်ည်း ထိထိရောက်ရောက် ဖြစ်အောင် တွန်းအား မပေးနိုင်သေးဟု
သုံးသပ်ရပါသည်။ ဖွံ့ဖြိုးသောနိုင်ငံများတွင် ဈေးပိုပေးရသော အော်ဂဲနစ် ဟင်းသီးဟင်းရွက်များကို
စားသုံးသူများက ဈေးပိုပေးပြီး ၀ယ်ယူကြပါသည်။ ထုတ်လုပ်သူ လုပ်ငန်းရှင်များဘက်မှ ကြည့်လျှင်လည်း
မြန်မာနိုင်ငံတွင် စားသုံးသူများက ဘေးကင်း စားသောက်ကုန်များကို တောင်းဆိုနေသော
Demand မရှိသေးပါ။ စားသုံးသူဖက်မှလည်း ဈေးအသက်သာဆုံးကို ရွေးချယ်သောအဆင့်မှာသာ ရှိနေပါသေးသည်။
ထို့ကြောင့် ပိုလာမည့်စားရိတ်ကို မျှခံမည့်သူမရှိသေး ဟုဆိုနိုင်ပါသည်။ “မိမိဝယ်မည့်
စားစရာများသည် ထိုက်သင့်သော အာမခံချက် ရှိရမည်” ဆိုသည့် Consumer Awareness လည်း အတော်နည်းပါသေးသည်။
စားသုံးသူအများစုမှာ မိမိနေ့စဉ်စားသောက် နေသော အစားအသောက်များ မည်မျှ အန္တရာယ်ကင်း၊
မကင်း ဆိုသည်ကို ခွဲခြားနိုင်သည့် အသိပညာလည်း နည်းပါသေးသည်။ Regulation, Demand နဲ့
Awareness မရှိဘဲ ထိရောက်သော Food Safety Management System တစ်ခုကို မတည်ဆောက်နိုင်
ပါ။ သို့သော် အဲဒီအချက် သုံးခုစလုံး ရှိလာအောင် စောင့်နေလျှင်လည်း System က အလိုလို
အကောင်အထည် ပေါ်မလာနိုင်သဖြင့် မည်သည့်အပိုင်းမှ စတင်ဖြေရှင်းမည် ဆိုသည်ကို စဉ်းစားကြဖို့လိုပါသည်။
အခြားနိုင်ငံများတွင်လည်း ယခုလိုအဆင့်များကို
ကျော်ဖြတ်ခဲ့ကြရပေမည်။ ASEAN နိုင်ငံများထဲတွင် စင်္ကာပူနိင်ငံက ထိရောက်သော Food
Safety Management System ရှိပါသည်။ နိုင်ငံသေးခြင်းကြောင့်သာမက သာမက စနစ်တကျ ထူထောင်ခဲ့သဖြင့်လည်း
အစားအသောက် များကို ယခုကဲ့သို့ ထိထိရောက်ရောက် ကွပ်ကဲနိုင်ခြင်းဖြစ်သည်။ ASEAN နိုင်ငံများ အချင်းချင်းတွင် အစားအသောက်နှင့်
ပတ်သက်သော ဓလေ့ နှင့် အစား အသောက်များရှိသည်။ ဥပမာ ဆိုရလျှင် ASEAN နိုင်ငံများတွင်
ဆန်ကို အဓိကထားပြီး စားကြသည်။ ရာသီဥတုခြင်းလည်း တူသည်၊ သဘာဝထွက်သော ကောက်ပဲသီးနှံများလည်း
အတော်များများ တူသည့်အတွက် ဖြစ်လာမည့် ပြသနာခြင်းလည်း ဆင်ဆင်တူပါသည်။ ထို့ကြောင့်လည်း
စင်္ကာပူကို ဥပမာအနေနဲ့ယူပြီး လေ့လာရခြင်း ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံသည် Food Safety
ခေတ်ဖြစ်မလာခင် (၁၉၆၀) ပြည့်နှစ်များထဲက Primary Product Department မှ စိုက်ပျိုးရေး
လုပ်ငန်းရှင်များ၊ ရေလုပ်ငန်းရှင်များကို License နဲ့ထိန်းကွပ်ခြင်း၊ ဓါတ်ခွဲခန်းများ
ကောင်းအောင်ပြုပြင်ခြင်း၊ ရေလုပ်ငန်းကို တိုးတက်အောင် အားဖြည့် ပေးခြင်းတာ ဆိုသည်များဖြင့်
စတင်ခဲ့ပါသည်။ Infrastructure အားကောင်းလာ သည့်အခါ မိမိဆီမှ စားကုန်များကို Export
လုပ်ရန် အခြေအနေကောင်း လာပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းမှာ ထုတ်လုပ်တဲ့
လယ်ယာ နဲ့ ရေထွက် စားသောက်ကုန်များ နိုင်ငံတကာကို တင်ပို့နိုင်သည့် Quality နှင့်
Food Safety Standard များမှီအောင် လိုအပ်သည့် စမ်းသပ်မှုများ လုပ်ပေးခြင်း၊ လိုအပ်သော
Food Safety အကြံဥာဏ်များ ပေးရင်း လုပ်ငန်းရှင်များရဲ့ Capacity ပိုကောင်းလာဖို့ လုပ်ပေးရပါမည်။
နောက်ထပ်အဆင့်များ အနေနှင့် Food Safety Regulations တွေခိုင်မာ လာအောင် တွန်းအား ပေးခြင်းနဲ့
ထုတ်လုပ်သူတွေရော၊ စားသုံးသူတွေပါ အန္တရာယ်ကင်းသော အစားအသောက်ကို ရွေးချယ်နိုင်သော အသိကောင်းလာအောင် ပညာပေး လုပ်ငန်းများကို
လုပ်ရပါမည်။ အသိကောင်းလာလျှင် ဈေးကွက်အတွင်း Demand လည်း ဖြည်းဖြည်းချင်း ရှိလာပါလိမ့်မည်။
ထိရောက်သော Food Safety
Management System တစ်ခု ပေါ်ပေါက် လာရန် အကောင်အထည်ဖေါ်ရသည်မှာ အလွယ်တကူ ကောက်လုပ်နိုင်သော ကိစ္စမဟုတ်ပါ။ အစားအသောက်
ထုတ်လုပ်သူ တွေအပြင် ရောင်းချသူများကိုပါ လိုင်စင်ပြုလုပ်စေခြင်း၊ အစားအသောက် ကိုင်တွယ်
သူများကို ဆေးစစ်နိုင်၊ သင်တန်းတက်နိုင်အောင် စီစဉ်ပေးပြီး ဆေးအောင်မှ၊ သင်တန်းဆင်းလက်မှတ်ရှိမှ
အလုပ်ခန့်ဖို့ လုပ်ငန်းရှင်တွေကို တွန်းအားပေးခြင်း တွေကနေစပြီး တစ်ဆင့်ချင်းလုပ်ဆောင်ရပါမည်။
စင်္ကာပူနိုင်ငံမှာ Primary Product Department ကို စတင်ထူထောင်စဉ် ကနေ နိုင်ငံအတွင်းတင်သွင်းလာတဲ့
အစားအသောက်အားလုံးကို နိုင်နိုင် နင်းနင်း ကွပ်ကဲနိုင်တဲ့ Agri-Food &
Veterinary Authority (AVA) အဖြစ် ရောက်လာတဲ့အထိ
အားထုတ်ခဲ့တာ နှစ်ပေါင်း ငါးဆယ်ကျော်ကြာခဲ့ပါသည်။ မြန်မာနိုင်ငံ အတွက်ရော နှစ်ငါးဆယ်ကြာမည်လားဟု
စဉ်းစားကြည့်ရန် ရှိပါသည်။
စနစ်ထူထောင်ချိန်မှာရှိသော အခြေအနေခြင်း
ကွာခြားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ယခုခေတ်တွင်တော့ နိုင်ငံအသီးသီးမှာ အစားအသောက်နဲ့
ပါတ်သက်ပြီး လက်ခံနိုင်တဲသော စံချိန်စံညွှန်းဆိုတာလည်း ရှိနေပြီမို့ မိမိနိုင်ငံနဲ့
စားသောက်မှုဓလေ့၊ ဖြစ်ပေါ်နိုင်သော ပြသနာများကို အခြေခံပြီး မိမိနိုင်ငံနှင့် အနီးစပ်ဆုံး
စံချိန်စံညွှန်းများမှနေ စတင် နမူနာယူပြီး တစ်ဖြည်းဖြည်း ပြောင်းသွားရန်ဖြစ်ပါသည်။
အင်တာနက်ခေတ်တွင် ဆက်သွယ်ရေးကလည်း
အဆမတန်အားကောင်းလာသဖြင့် သတင်းအချက်အလက် ရယူခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်
ပူးပေါင်းလုပ်ဆောင်ခြင်းများကိုလည်း အချိန်တိုအတွင်း အလုပ်များများ ပြီးနိုင်ပါသည်။
Food Safety Issue များ အမျိုးအမည် စုံလှသည့်အပြင်၊ အပျက်အစီး အဆုံးအရှုံးနှင့် အန
္တရာယ်များပြားလှသောကြောင့် ထိရောက်သော Food Safety Management System တစ်ခုကို အမြန်ဆုံး
အကောင်အထည် ဖေါ်သင့်ပါသည်။
ဆေးဝါးတွေ အစားအသောက်များကို ကွပ်ကဲသော
Food And Drug Authority ကိုဝန်ထမ်းအင်အားတိုးချဲ့သည် သတင်းကို ဖတ်ရပါ ည်။ ထိုအခါ ပထမဆုံး
ခြေလှမ်းစပြီဆိုကာ ကျမတို့ဝမ်းသာကြပါသည်။ သို့သော် အပြောင်းအလဲ၏ အကျိုးသက်ရောက်မှု
အောက်ခြေအထိ မရောက်မချင်း အောင်မြင်သော ပြုပြင်ပြောင်းလဲမှဟု မဆိုနိုင်သေးပါ။ မည်သည့်ခရီးတွင်မဆို
ပထမဆုံး ခြေလှမ်း အရေးကြီးသလို အပြောင်းအလဲ၏ ရလာဒ်ကို အောက်ခြေတွင် မြင်ရသည် အထိ မှန်မှန်
ချီတက်သွားရန်လည်း ထပ်တူအရေးကြီးပါသည်။ ပန်းတိုင်ကိုရောက်အောင်သွားရန်အတွက် ဇွဲ၊ လုံ့လများအပြင်
အခုလို နိုင်ငံတော်အဆင့် ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံ့ခေါင်းဆောင်များ၏ Political
Will ကလည်း အထူးအရေးကြီးပါသည်။
အခုလက်ရှိ ကျမတို့မြန်မာနိုင်ငံတွင်
Food Safety နှင့်ပါတ်သက်သော လိုအပ်ချက်များမှာ Standard, Enforcement, Public
Awareness, Guidelines, Good Manufacturing Practices, Good Hygiene Practices စသည်ဖြင့်
အားလုံးလိုအပ်ပါသည်။ ကျမတို့အားလုံး လိုအပ်ချက်တွေကို သိကြပါသည်။ ထိရောက်သော Food
Safety Management System ထူထောင်ဖို့အတွက်ကို မည်သည့်နေရာက စတင် အကောင်အထည်ဖေါ်မည်၊
မည်သို့ အကောင်အထည်ဖေါ်မည် စသည်ဖြင့် ဆက်ပြီးအဖြေရှာရမည်
ဖြစ်ပါတယ်။
လက်ရှိလိုအပ်ချက်များနှင့် ပြည်ပရောက် မြန်မာပညာရှင်များ၏ အခန်းကဏ္ဍ
လက်ရှိအခြေအနေမှာ စတင်လုပ်ဆောင်သင့်သည်များကို
Reference စုဆောင်းခြင်း၊ အခြေခံအဆောက်အအုံများ စတင် တည်ဆောက် ခြင်း၊ နိုင်ငံတကာကွန်ယက်များနှင့်
ချိတ်ဆက်ခြင်း၊ Capacity Building ဆိုကာ အပိုင်းလေးပိုင်း ခွဲခြားနိုင်ပါသည်။
အောက်ပါစာရင်းမှာ လုပ်ဆောင်သင့်သည်များကို
အသေးစိတ်ဖေါ်ပြထားပါသည်။
1.
Compilation of FSMS
in ASEAN countries (အာဆီယံနိုင်ငံများမှ Food Safety Management System များကို အချက်အလက်စုဆောင်း
လေ့လာခြင်း)
2.
Development of infrastructure (အခြေခံအဆောက်အအုံ ခိုင်မာအောင်
တည်ဆောက်ခြင်း)
a.
Myanmar National
Food Standards (မြန်မာ့ အစားအသောက်ဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲခြင်း)
b.
International
standard food laboratory (နိုင်ငံတကာ အဆင့်မှီ အစားအသောက် ဓါတ်ခွဲခန်းများ ထူထောင်ခြင်း)
c.
Consumers’
organizations (စားသုံးသူအဖွဲ့အစည်းများ ထူထောင်ခြင်း)
d.
Code of conduct
for food safety (ဘေးကင်းသော အစားအသောက်များ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချ ရာတွင် လိုက်နာစရာ
အချက်အလက်များကို တရားဝင်ထုတ်ပြန်ခြင်း)
3.
Networking (ကွန်ယက်များ
ထူထောင်ခြင်း)
a.
Food Safety
Awareness Campaigns (ဘေးကင်းသောအစားအသောက်များ အကြောင်း ပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးခြင်း)
b.
International Certification
Bodies (နိုင်ငံတကာ အသိအမှတ်ပြုအသင်းအဖွဲ့များနှင့် ပူးပေါင်းခြင်း)
c.
INGOs supports
for technical issues (နိုင်ငံတကာ NGO များမှ ပညာရပ်ဆိုင်ရာ ထောက်ပံ့မှုများ ရအောင်ကြိုးပမ်းခြင်း)
d.
Universities in
the ASEAN (ASEAN နိုင်ငံများအတွင်းမှ တက္ကသိုလ်များနှင့် လက်တွဲခြင်း)
4.
Capacity
Building
a.
Consumers’
awareness campaign (စားသုံးသူများအတွက် ဘေးကင်းသော အစားအသောက်များကို ရွေးချယ်တတ်စေရန်
ပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်း)
b.
Trainings for
Food Manufacturers and Food Handlers (အစားအသောက်ထုတ်လုပ်သူများ၊ အစားအသောက် ကိုင်တွယ်သူများအတွက်
သင်တန်းများပေးခြင်း)
လက်ငင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်
သတင်းအချက်အလက်ရှာဖွေခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် Network များရှာခြင်း၊
ပြင်ပမှ ရလာသည့် အရင်းအမြစ်များကို စနစ်တကျ သုံးတတ်အောင် ပါဝင်ကူညီ စီမံပေးခြင်း စသည်တို့ကို
ပြည်ပရောက် မြန်မာ Professional များက ၀ိုင်းဝန်းပံ့ပိုးပေး လိုပါတယ်။ ရံဖန်ရံခါ အိမ်ပြန်တဲ့အခါတွေမှာ
လည်း သင့်တော်ရာ Consumer Awareness Campaign များ လုပ်ငန်းရှင်များနဲ့ အစားအသောက်
ကိုင်တွယ်သူများ အတွက် သင့်တော်ရာ သင်တန်းများ ပို့ချပေးလိုပါသည်။ ထို့ကြောင့် ယခုအလိုအပ်ဆုံးမှာ
ပြည်တွင်း၌ အပြောင်းအလဲ များကို လက်ရှိ ဖေါ်ဆောင်နေသူများနှင့် ချိတ်ဆက်မိရန်အတွက်
Platform သို့မဟုတ် Channel တစ်ခု သို့မဟုတ် Coordination Body တစ်ခု တည်ဆောက်ပေးစေလိုပါကြောင်း
တင်ပြအပ်ပါသည်။
Prepared by Saint Yi Htet
B.E. (Chemical); Dip in Food Technology
(YTU)
Master in Public Administration
(LKYSPP, NUS)
No comments:
Post a Comment