Executive Summary
မြန်မာ့ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး အောင်မြင်နိုင်ရေးအတွက် နိုင်ငံအတွင်းရှိ Various Stakeholders
များအကြား ညှိနှိုင်းတိုင်ပင်ပြီး Common Shared Vision ကို တည်ဆောက်နိုင်ရေးသည်
အလွန်အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် Win-Win
Negotiation Approach သည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဒီစာတမ်းတွင် Win-Win
Negotiation အကြောင်းကို ဥပမာအချို့ဖြင့် ရှင်းပြပြီး ကျွန်တော်အနေဖြင့် အမိမြန်မာနိုင်ငံတော်မှာ
အမှန်တကယ်လိုအပ်နေတဲ့ Win-Win Negotiation Culture ကို တည်ဆောက်ရာမှာ
ဘယ်လိုပံ့ပိုးကူညီနိုင်တယ်ဆိုတာကို လိုရှင်းတိုရှင်း ဖော်ပြထားပါတယ်။
Introduction and Historical
Background
အမေရိကန်သမ္မတဟောင်း John F Kennedy
က “Let us never negotiate out of fear,
but let us never fear to negotiate” ဟု ပြောခဲ့ပါတယ်။ ထိုစကားမှာ အလွန်မှန်ပါတယ်။
မည်သည့်ပြဿနာမဆို ကောင်းမွန်စွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာလျင်
ပြေလည်သွားနိုင်ပြီး ၊ နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်ပါတယ်။ အထူးသဖြင့်
တွေ့ဆုံဆွေးနွေးညှိုနှိုင်းသူများသည် တစ်ယောက်၏ အခက်ခဲများနှင့် ရည်မှန်းချက်များကို
တစ်ယောက်က နားလည်မှုပေးပြီး နှစ်ဖက်လုံးအကျိုးရှိစေနိုင်မည့်နည်းလမ်းများကို အတူတကွ
ကြိုးစားရှာဖွေခြင်းဖြင့် ပြဿနာများပြေလည်ပြီး အားလုံး၏အကျိုး ဖြစ်ထွန်းအောင်မြင်နိုင်သောကြောင့်
ဖြစ်ပါသည်။
ဒီစာတမ်းမှာ Win-Win Negotiation
အကြောင်းကို အနှစ်ချုပ်ဖော်ပြပြီး Win-Win Negotiation အလေ့အကျင့်ကို
ပျိုးထောင်ပေးခြင်းဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခေတ်မှီသာယာဝပြောသော
ဒီမိုကရေစီစံနစ်တည်ဆောက်ရာတွင် အလွန်အထောက်အကူပြုနိုင်ကြောင်းကို တင်ပြပါ မည်။
Current Situation
ကျွန်တော်တို့ မြန်မာနိုင်ငံသည်
ယခုအချိန်တွင် အလွန်အရေးကြီးသော လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပါသည်။
မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်နိုင်ရေးအတွက် နိုင်ငံအတွင်းရှိ Various
Stakeholders များအကြား ညှိနှိုင်းတိုင်ပင်ပြီး Common Shared Vision ကို ဖန်တီးနိုင်မှသာ
သာယာဝပြောသော ခေတ်မှီနိုင်ငံတော်ကို တည်ထောင်နိုင်မှာဖြစ်ပါတယ်။
ထိုသို့ညှိုနှိုင်းဆွေးနွေးရာမှာ Win-Win Negotiation နည်းလမ်းကို
အသုံးပြုခြင်းအားဖြင့် ညှိုနှိုင်းဆွေးနွေးပွဲများဟာ ပိုမိုအောင်မြင်နိုင်ပြီး နိုင်ငံအတွက်
အင်မတန်မှ အကျိုးရှိမှာဖြစ်ပါတယ်။
Negotiation Examples and Best
Practices
Negotiation
နှစ်မျိုးရှိပါတယ်။
၁) Distributed Negotiation
(Win-Lose) နှင့်
၂) Integrative Negotiation
(Win-Win) ဖြစ်ပါတယ်။
ဥပမာအားဖြင့် ကျွန်တော်က
လက်ကိုင်ဖုန်းတစ်လုံး ကို ဆိုင်တစ်ဆိုင်မှာ သွားဝယ်တယ်ဆိုပါစို့။ ဆိုင်ရှင်က
ဈေးများများနှင့် ရောင်းလိုပြီး ကျွန်တော်က ဈေးတတ်နိုင်သမျှလျှော့ပြီး
ဝယ်လိုပါတယ်။ ဆိုင်ရှင်က ဈေးပိုရောင်းလို့ရလျင် ကျွန်တော်ရှုံးပြီး ၊ ကျွန်တော်က
ဈေးတအားဆစ်လို့ ဈေးလျှော့ပြီးရလိုက်လျင် ဆိုင်ရှင်မှာ အမြတ်လျော့သွားပါတယ်။
အဲဒီလို Negotiation မျိုးကို “Win-Lose
Negotiation” လို့ခေါ်ပါတယ်။
နောက် Negotiation တစ်မျိုးကတော့
Integrative Negotiation သို့မဟုတ်
Win-Win Negotiation လို့ ခေါ်ပါတယ်။ အဲဒါကိုတော့ ကျွန်တော်ရဲ့
ကိုယ်တွေ့ဥပမာလေးနှင့် ရှင်းပြပါမယ်။ တစ်နေ့မှာ ကျွန်တော်ကို စင်္ကာပူဘဏ်တစ်ခုရဲ့
Human Resource Department မှ Learning & Development မန်နေဂျာတစ်ယောက်က
ဆက်သွယ်လာပါတယ်။ အကြောင်းကတော့ သူ့ကုမ္ပဏီက ၀န်ထမ်းတွေကို Project Management
Training ပေးဖို့ပါ။ သူက စစချင်းပဲ Discount တောင်းပါတယ်။
တကယ်လို့ ကျွန်တော်က “ဒီလူကလည်း ဆွေးတောင်
မဆွေးနွေးရသေးဘူး။ သူ့အကျိုးအတွက် စတောင်းနေပြီ” လို့ မကောင်းမြင် စိတ်နဲ့
တုန့်ပြန်လိုက်ရင် ကျွန်တော်တို့ရဲ့ ဆွေးနွေးမှု အောင်မြင်မှာ မဟုတ်ပါဘူး။ အဲဒီတော့
ကျွန်တော်က သူ့ကို ငါတို့မှာ ကုမ္ပဏီကြီးတွေ အတွက် အထူးအစီစဉ်ရှိပါတယ်။
မင်းစိတ်ဝင်စားလားလို့ မေးလိုက်ပါတယ်။ သူက စိတ်ဝင်စားတယ် ၊ အသေးစိပ်ရှင်းပြလို့
ပြောပါတယ်။
ကျွန်တော်က “ငါတို့သင်တန်းတွေကို
အနည်းဆုံး ဆယ်ယောက် သို့မဟုတ် ဆယ့်ငါးယောက် သို့မဟုတ် အယောက်နှစ်ဆယ် အစရှိသဖြင့်
သင်တန်းသားတွေ စေလွှတ်တဲ့ ကုမ္ပဏီတွေကို ငါတို့ အထူးဈေးနှုန်းနဲ့ပေးပါတယ်”လို့
သူ့ကိုရှင်းပြလိုက်ပါတယ်။ အဲဒီတော့ သူက “ငါတို့မှာ Project Management
Training”ကို တက်ဖို့လိုတဲ့ ၀န်ထမ်းတွေအများကြီးရှိတယ်။ ဒါပေမယ့် ဒီဝန်ထမ်းတွေကို
ဆယ်ယောက် ၊ အယောက်နှစ်ဆယ် တစ်ပြိုင်နက်တည်းလွှတ်ဖို့ မလွယ်ဘူး” လို့ သူ့အခက်အခဲကို ရှင်းပြပါတယ်။
ကျွန်တော်က “ကျွန်တော်တို့
တစ်နှစ်မှာ ဒီသင်တန်းကို ခြောက်ကြိမ်လုပ်ပါတယ်။ မင်းရဲ့လူတွေကို
သင်တန်းခြောက်ကြိမ်မှာ ခွဲပြီးပို့လို့ ရပါတယ်။ မင်း အနည်းဆုံး လူပမာဏပြည့်မှီတာနဲ့
အထူးနှုန်းထားနဲ့ ရပါမယ်”ဟု ဖြေရှင်းပေးလိုက်တော့ သူလည်း ကျေနပ်ပြီး အလုပ်ဖြစ်သွား ပါတယ်။
အဲဒီဥပမာကိုကြည့်ရင် နှစ်ဖက်စလုံးက တစ်ယောက်ရဲ့အကျိုး ၊ တစ်ယောက်ရဲ့ အခက်အခဲကို
အပြန်အလှန်ဖြေရှင်းပေးပြီး ရေရှည် အကျိုးအမြတ်ကို မျှော်မှန်းဆောင်ရွက်တဲ့အတွက်
နှစ်ဖက်လုံး အကျိုးရှိသွားတာ တွေ့ရမှာပါ။ အဲဒီလို Negotiation မျိုးကို Win-Win
Negotiation လို့ ခေါ်ပါတယ်။
နောက်ဥပမာတစ်ခုကတော့
စင်္ကာပူနိုင်ငံရဲ့ ဥပမာပါ။ ဂျပန်ကုမ္ပဏီ Sumitomo က ရေနံချက်စက်ရုံ
တည်ဆောက်ရင်းနှီးမြုပ်နှံတော့ Japanese Standards ကို သုံးမယ်လို့ စင်္ကာပူအစိုးရကို
တင်ပြပါတယ်။ စင်္ကာပူဘက်က German Standards ကို တောင်းဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့
German Standards က သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကောင်းစွာထိန်းချုပ်နိုင်လို့
ဖြစ်ပါတယ်။ ဂျပန်ဘက်က German Standards က ပိုမြင့်မားပြီး အကုန်အကျများမှာဖြစ်လို့
Japanese Standards ပဲ သုံးမယ်လို့ ပြောပါတယ်။ အဲဒီတော့ စင်္ကာပူအစိုးရက Sumitomo ကုမ္ပဏီကို
German Standards ပဲသုံးပါ။ ပိုကုန်ကျငွေသက်သာစေရန်အတွက် မင်းတို့ ပုံမှန်အားဖြင့်
ပေးရတဲ့ Foreign Workers’ Levy (နိုင်ငံခြားသား အလုပ်သမားများအတွက်
ပေးရသောအခွန်အခ) ကို ပေးဆောင်စရာ မလိုတော့ဘူးဟု ပြောလိုက်တော့
စီမံကိန်းအထမြောက်ပြီး နှစ်ဦးနှစ်ဖက်ကျေနပ်သွားပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက်
စင်္ကာပူနိုင်ငံဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင် ၊ စီးပွားရေးတိုးတက်ပြီး
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ်မှလည်း ရှောင်ကြဉ်နိုင်ခဲ့ပါတယ်။
ဒီဥပမာကိုကြည့်လျင် Win-Win Negotiation ဟာ တစ်ယောက်ပြောတာကို ကျန်တစ်ယောက်က
တစ်ဖတ်သတ် အလျှော့ပေးနေတာမျိုးမဟုတ်ဘဲ နှစ်ဖက်လုံးက တစ်ယောက်အခက်အခဲကို တစ်ယောက်
ဝိုင်းဝန်းဖြေရှင်းပေးတာမျိုး တွေ့ရမှာပါ။
Benefits of “Enlarging the Pie:
Achieving Win-Win Negotiation”
ကျွန်တော်တို့ မြန်မာ့သမိုင်းကိုကြည့်ရင်
ကျွန်တော်တို့တစ်တွေဟာ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်ရမယ့်အစား
တစ်ယောက်နှင့်တစ်ယောက် အမြင်မတူမှုတွေ ၊ ၀ါဒစွဲတွေ ၊ ဒေသစွဲတွေ ၊ လူမျိုးစွဲတွေနှင့်
မပြေမလည်ဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်း သာယာတိုးတက်ရေးကို
အာရုံမစိုက်နိုင်ခဲ့ပါဘူး။ အဲဒီလိုဖြစ်နေတဲ့အတွက် အကျိုးဆက်ကို ကျွန်တော် ဥပမာလေးတစ်ခုနဲ့
ရှင်းပြပါမယ်။
Figure 1 မှာ မြန်မာနှင့်
စင်္ကာပူရဲ့ ပြည်တွင်းထုတ်ကုန်ပမာဏ (Gross Domestic Product, GDP) ကို ယှဉ်ပြထားတာ
တွေ့နိုင်ပါတယ်။ ၁၉၆၀မှာ မြန်မာနှင့် စင်္ကာပူဟာ GDP ပမာဏ မတိမ်းမယိမ်းပဲ
ရှိခဲ့ပါတယ်။ မြန်မာကတောင် နည်းနည်းပိုပါတယ်။ ဒါပေမယ့် ၂၀၁၂ ကိန်းဂဏန်းကို
ကြည့်လိုက်တဲ့အခါမှာ မြန်မာရဲ့ GDP ဟာ US $53 Billion ပဲရှိပြီး စင်္ကာပူကတော့ US
$276 Billion ရှိပါတယ်။ မြန်မာထက် ငါးဆကျော် များပါတယ်။ ကျွန်တော်တို့က
တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ပြီး အချိန်ကုန်နေချိန်မှာ စင်္ကာပူကတော့
သူ့နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှု (Economic Pie) ကို ကြီးမားလာအောင်
အတူတကွကြိုးစားလုပ်ဆောင်နေခဲ့ပါတယ်။ အဲဒီရဲ့ရလဒ်ကတော့ ဥပမာအနေဖြင့် စင်္ကာပူရဲ့
ကာကွယ်ရေးရန်ပုံငွေဟာ GDP ၏ 3.5% ပဲရှိပေမယ့် တန်ဖိုးအားဖြင့် US $9.7 Billion
ရှိပြီး မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးရန်ပုံငွေဟာ GDP ၏ 5%
တောင်သုံးပေမယ့်
တန်ဖိုးအားဖြင့် US $2.7 Billion ပဲ ရှိပါတယ်။ မြန်မာနိုင်ငံဟာ
ဧရိယာအကျယ်အ၀န်းအားဖြင့် စင်္ကာပူထက် အဆတစ်ထောင်ကြီးပြီး လူဦးရေအားဖြင့် စင်္ကာပူထက်
ဆယ်ဆကျော်များပါတယ်။ ဒါပေမယ့် ကာကွယ်ရေးရန်ပုံငွေ မှာ စင်္ကာပူရဲ့
လေးပုံတစ်ပုံလောက်ပဲ သုံးနိုင် ပါတယ်။ ဒါကိုကြည့်လျင်
ကျွန်တော်တို့မြန်မာနိုင်ငံဟာ နိုင်ငံသားအားလုံးရဲ့ ဘုံအကျိုးစီးပွားကို
မချဲ့ထွင်နိုင်လို့ တစ်ဦးချင်း ၊ တစ်ယောက်ချင်း ၊ တစ်ဖွဲ့ချင်းရတဲ့ ဝေစုတွေဟာလည်း
အကြီးအကျယ်လျော့နည်းနေတာကို တွေ့ရမှာပါ။
တကယ်တမ်းကျတော့ ကျွန်တော်တို့
မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်ဝပါတယ်။ စိုက်ပျိုးမြေလည်း ကောင်းပါတယ်။ အလုပ် လုပ်ကိုင်နိုင်သော
လူငယ်လူရွယ်များလည်း များပြားပါတယ်။ ကမ်းရိုးတန်း အရှည်ကြီးလည်းရှိပြီး ၊ ကမ္ဘာပထ၀ီ
အချက်ချာကျတဲ့ နေရာမှာလည်း တည်ရှိနေလို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန်
အလားအလာကောင်းတဲ့ နိုင်ငံဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့အားလုံးဟာ Win-Win
Negotiation and Cooperation Culture (အားလုံးအကျိုးအတွက် အတူတကွ လက်တွဲဖြေရှင်း
လုပ်ဆောင်တတ်တဲ့ ယဉ်ကျေးမှုဓလေ့စရိုက်)ကို တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာအလယ်မှာ
တင့်တယ်သော နိုင်ငံတစ်ခု မလွှဲမသွေ ဖြစ်လာမှာပါ။
Recommendations for Myanmar
1)
Immediate
– Provide Hands-on Win-Win Negotiation Workshops for selected teams who are
currently engaged in important national / international level negotiations.
2) Medium / Long-term –
Build critical mass to produce cultural change to win-win mindset
a.
Train
Political Leaders (Members of Parliaments, Political Parties, Government
Officials etc.)
b.
Train
Civil Society Leaders
c.
Train
Industry Leaders
d.
Train
Myanmar Youths
What can I do to support
Myanmar’s transition?
ကျွန်တော်အနေနှင့်
မြန်မာနိုင်ငံမှာ Win-Win Negotiation Culture ကို တည်ဆောက်ရာမှာ တစ်တပ်တစ်အားအနေဖြင့်
Seminar များ ၊ Workshop များ လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ
စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့ကျကျ အသုံးတည့်အောင် ရည်ရွယ်ပြီး လတ်တလောအသုံးချရန် လိုအပ်နေတဲ့
မြန်မာနိုင်ငံမှ အဖွဲ့အစည်းများကို ကူညီပံ့ပိုးပေးနိုင်ပါတယ်။
အခုလို
ကျွန်တော့်စာတမ်းကို အချိန်ပေးပြီး ဖတ်ရှုတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
စီစဉ်တင်ပြသူ
နိုင်မိုးအောင်
Email:
naing@projectdecision.com
No comments:
Post a Comment