ကျွန်တော်တွေးမိသလို ပြောဆိုပါမည်
(ရောသမမွှေ)
အောက်ပါဆောင်းပါးမှာ နိုင်ငံရေးစာပေလည်းမဟုတ်၊ တက်ကျမ်းလည်းဟုလည်းမဆိုသာ၊ ပညာရေး လမ်းညွှန်ချက် ဆိုရလောက်အောင်လည်း မကြီးကျယ်၊ ပြည်သူ့နီတိကျမ်းစာလည်း မမည်၊ ကျွန်တော်ဖတ်ဖူး မှတ်ဖူးထားသမျှတို့ကို ကျွန်တော့်ထင်မြင်ယူဆချက်များ၊ အမြင်မတော်သည်များကို သရော်လှောင်ပြောင်ချက်များ၊ မြန်မာစာပေနှင့် ဆက်နွယ် လာလျှင် စာတိုပေစကလေးများ၊ ဗဟုသုတပေးစရာကလေးရှိလျှင် သုတကလေးများ စသဖြင့် အားလုံးကို ရောမွှေ ထားသော ရောသမမွှေ စာတစ်ပုဒ်မျှသာ ဖြစ်ပါကြောင်း။ ကျွန်တော်၏ ရာပေါင်းများစွာသော မှီငြမ်းကိုးကားပြုစရာ စာအုပ်စာတမ်းများမှာ ရန်ကုန်မှ ကျွန်တော့်အခန်းကျဉ်းအတွင်း ပြုစုယုယမည့်သူ ကင်းမဲ့လျှက် ဖုံများတက်ကာ ငိုက်မျဉ်း ကျန်ရစ်ခဲ့သဖြင့် အချို့ ကိုးကားထား သည့်စာများကို အတိအကျ စာအုပ်နာမည်၊ ထုတ်ဝေသည့်ခုနှစ်၊ စာမျက်နှာနံပါတ် စသည်ဖြင့် မဖော်ပြနိုင်ခြင်း နှင့် တစ်ကြောင်းမှာလည်း ကျွန်တော့်မှာ ယခုအခါ အသက် ၄၅ နှစ် ကျော်လာခဲ့ပြီ ဖြစ်သဖြင့် ငယ်စဉ်က ကျက်ခဲ့ မှတ်ခဲ့သော စာများစွာကို ယခုအခါ ပြန်ပြီး ာနာသမပ မနခေူ မလုပ်နိုင်တော့သဖြင့် အတိအကျ ရေးရမည့်စာများကို ဝိုးတိုးဝါးတားသာ ရေးနိုင်ခြင်းအား ခွင့်လွှတ်နားလည် ပေးကြပါမည့် အကြောင်း။ (အမှန်ကတော့ ကိုယ်အဖျင်းနိုင်တာ လူသိမှာစိုးလို့ အသက်ကို လွှဲချလိုက်တာဗျ)
နိဒါန်း
ရောင်နီဆန်း၏စာကို ဖတ်လိုက်ရသောအခါ ကျွန်တော်ရေးချင်နေသော အကြောင်းအရာများကို ရေးချလိုက်လို စိတ်များ တဖွားဖွားပေါ်လာသဖြင့် ရေးလိုက်ခြင်းဖြစ်ပါ၏။ ကျွန်တော့်မှာ ှေ်နအပ ဉ်ငခနမ သင်တန်း တက်နေသဖြင့် ယခင်လများအတွင်း အလွန်တရာမှ မအားမလပ်ဖြစ်နေခဲ့ပါ၏။
မနက် ၅ နာရီခွဲတွင် အိပ်ရာမှထ၊ ၆ နာရီ ၁၅တွင် အိမ်မှထွက်။ တစ်နေ့လုံးအပြေးအလွှား အလုပ်လုပ် (ကျွန်တော်လျှောက်ခဲ့သော ခရီးများကို ပေါင်းလိုက်ပါက တစ်နေ့လျှင် ၄ ကီလိုမီတာ အကျော်မှာ ရှိပါ၏) ၊ သင်တန်းချိန် မရှိသော ရက်များတွင် အိမ်သို့ ည ၇ နာရီခွဲ တွင်ပြန်ရောက်၊ ချက်ပြုတ်၊ ရေမိုးချိုး၊ စားသောက်၊ ဆေးကြော စသဖြင့် အားလုံးပြီးတော့ ၉ နာရီကျော်နေပြီ။ သင်တန်းရှိသောရက်များတွင်မတော့ ည ၁၁ နာရီမှ အိမ်သို့ ပြန်ရောက်ပါ၏။ ပြီးတော့ အပြေးအလွှား အိပ်။ (တခါတလေများ အိပ်မက်ပင် မမက်အားပါ)။ နောက်တစ်ရက် ပြန်စ။ ဟူး မောပါ့။
သည်တော့ တစ်ခါတလေမှ အင်တာနက်ကို ညဘက်ကလေး အပြေးအလွှား ဖတ်ရပါသည်။ စာရေးဘို့ဆိုတာ ဝေလာဝေး။ အလုပ်ပြန်ချိန်များတွင်မတော့ သင်္ဘောပေါ်၊ ဘတ်စ်ကားပေါ်များတွင် စာဖတ် ပါသည်။ (ခုတလော ကျွန်တော်ဖတ်ဖြစ်ခဲ့သော စာအုပ်များမှာ ဖေမြင့်၏ လူနာဆောင် အမှတ် ၆၊ မြသန်းတင့်၏ ဘဝနေနည်း အနုပညာ၊ မောင်ထင်၏ ဝတ္ထုတိုပေါင်းချုပ်၊ ဒေါက်တာသန်းထွန်း၏ ကျော်စွာ ၁၀ဝ၊ မြန်မာ့ဓန စသည်) တခါတလေ ပန်းချီ ဆွဲချင်စိတ်၊ စာရေးလိုစိတ်များ ပြင်းထန်လာတတ်ပါ၏။ ထိုအခါ ကိုယ်ရေးချင်သည်များကို မေ့မသွားအောင် မှတ်စု စာအုပ်ထဲတွင် တေးထားလိုက်ပါသည်။ နောင် အားတော့ ရေးနိုင်သည်ပေါ့။
မနေ့က (၂၂-ဝ၈-ဝ၈) တော့ တင်ရမည့် စာတန်းကို တင်ရမည့်ရက်ကလည်းကျော်နေပြီဖြစ်တော့ အတင်း မပြီးပြီးအောင် ဖြစ်ညှစ်ပြီး တက်သုတ်ရိုက်ရေးကာ တင်လိုက်ပါသည်။ အဲဒါကြီး ပြီးသွားတော့ တော်တော်လေး ခေါင်း ပေါ့သွား၏။ ထိုည န-ာငေူ ဖွင့်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုအောင်ကျော် မြင့် ပို့လိုက်သော စာကလေးကို ဖတ်လိုက်ရပါသည်။ ပိုပြီးတိုက်ဆိုင်နေသည်မှာ ကျွန်တော်ရေးချင်နေသော အကြောင်းအရာနှင့် တိုက်ရိုက် ပါတ်သက် နေခြင်း ဖြစ်ပါ၏။
သို့အတွက် ကျွန်တော့်မှာ ဆက်ပြီးအောင့်ထားနိုင်ခြင်းငှာ မတတ်သာတော့ပဲ ဤစာကိုချက်ခြင်း ကောက်ကက် ရေးလိုက်ရခြင်း ဖြစ်ပါ၏။
လူအမျိုးမျိုး၊ စိတ်အထွေထွေရှိသည်ဖြစ်ရာ လူတိုင်းလူတိုင်း သည်အတိုင်းတွေးရမည်၊ သည်အတိုင်း ယူဆ ရမည်၊ ငါယူဆတာသာ၊ ငါပြောတာသာမှန်သည် ဟု မဆိုနိုင်ပါ။
ငါ၏စိတ်တွင်၊ ထင်၏မလွဲ
လိပ်ခဲတည်းလည်း၊ ဟုတ်တည်းဧကန်
အာမသန်နှင့်၊ မှန်သည် တစေ
မရှိချေ။ ။ (ရှင်မဟာ ရဌသာရ)
ကိုယ့်အယူအဆကို လွတ်လပ်စွာ တင်ပြနိုင်ခွင့် လူတိုင်းမှာ (နိုင်ငံခြားရောက်နေသူတိုင်းမှာ ဆိုလျှင် ပိုမှန်ပါလိမ့်မည်) ရှိသဖြင့် ကျွန်တော်လည်း ----
“ကျွန်တော်တွေးမိသလို ပြောဆို”
လိုက်ခြင်းဖြစ်ပါသည်။ ထို့အတူ မိတ်ဆွေတို့အနေနှင့်လည်း လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့် ရှိပါ၏။ ကြိုက်တာ ကလေးလောက်ပဲယူပြီး မကြိုက်တာကို အားမနာ ပါးမနာ လွှင့်သာပစ်လိုက် ပါခင်ဗျား။
အေးငြိမ်း
No comments:
Post a Comment