အရူးဆိုက၊ ခံခက်လှ၏
ငါမှငါသာ၊ ကောင်းသူတည်း။
လူသာမှန်လည်း
နာမ်ဆောင်သည့်ရုပ်။ ရုပ်ဆောင်သည့်နာမ်
ဖောက်ပြန်သည့်အား၊ လှုပ်ရှားရုန်းကန်
စိတ်သည်းထန်၍၊ မျက်မာန်သင့်စဉ်
မပြုံးချင်၊ မီးလျှင်တောက်လု
ပေါက်ကွဲလု။
သည်မှတဖန်၊ မျက်မာန်မရှိ
အေးငြိမ်းဘိ၍
ပီတိရွှန်းဝေ၊ သောကပြေ၍
ကျေနပ်ကြည်နူး၊ ရှိခဲ့ဖူးသော်
ပျော်ရွှင်စိတ်ဖုံး၊ သည်နှလုံးကြောင့်
အပြုံးလည်းလွင်၊ အပြင်လည်းလှ
နှုတ်ချိုစနှင့်၊ အလှတွေချည့်
တစ်ကိုယ်တည်းဝယ်၊ ပြုံးရိပ်လွယ်၍
မိုးနှယ်မမှိုင်း၊ မရိုင်းဆိတ်ဆိတ်
သည်တစ်စိတ်တည်း၊ လူဖန်တီး၍
ပူမီးငြိမ်းရာ၊ သူ့မျက်နှာ
ကြည်သာကင်းရှင်း၊ လနှယ်လင်းခဲ့။
သြော် - ရုပ်နှင့်နာမ်တွဲ
ဆဲလ်နှင့်ဖွဲ့စည်း၊ နှလုံးသည်းစု
ခံစားမှုတွင်၊ အရိပ်ထင်ပြီး
အသွင်ကူးပြောင်း၊ အဟောင်းအသစ်
ဖြစ်တတ်သလို၊ အရူးဆိုလည်း
အတ္တစွဲရင်း၊ ကြွေးဆဲကြော်ဆဲ
ငါ မစဲသည်
တတ်ဘဲတတ်နိုင်လွန်းတကား။ ။
(ကဗျာဆရာနာမည်နှင့်
မဂ္ဂဇင်းနာမည် မှတ်မထားမိပါ။)
No comments:
Post a Comment