Sunday, July 1, 2012

အမြင်မှန်

 

အမေကဆဲဆိုလျှင်

ရင်ထဲမှာ နာမိ၊

အမေ့ပေါ် မျက်မာန်ငြိုး

စိတ်ဆိုးခဲ့၏။



အဖေက ရိုက်နှက်လျှင်

ရင်ထဲမှာ နာမိ၊

အဖေ့ပေါ် ဒေါသထား

ပြစ်မှားခဲ့၏။



အချိန်တန် အရွယ်ရောက်

လူလားမြောက် လာသောခါ

ချစ်ကြင်ယာ သားသမီးနဲ့

ဆုံဆည်းတွေ့လာ။



အမေ့ရဲ့မေတ္တာ

ခုခါမှသိ၊

အဖေ့ရဲ့စေတနာ

ခုခါမှသိ။



ကလေးရွယ် ငယ်စဉ်ခါက

ဆဲဆိုကာ ဘယ်လိုရိုက်သော်လည်း

မမိုက်အောင် လိမ္မာစေဘို့

မေတ္တာတွေ အနန္တနဲ့

ချစ်တာတွေ သက်သေပြသည်လို့

သားသက်ဝေ အရွယ်ရကာမှ

တွေးဆကာ စာနာပွား

နားလည်လာမိ။                



မြေလတ် မောင်မြင့်သူ

No comments: