ရေသောက်မြစ်မှ၊ စ၍စ၍
အလှရွှန်းဝေ၊ ကိုင်းခက်တွေထံ
ဖြန့်ဝေဆောင်ပို့၊ မြေဆီတို့လို
မချို့တာဝန်၊ ထမ်းကျေပွန်သည်
အမွန် မိခင်၊ ဖခင်နှယ်တကား။
ဓါတ်သဘာဝ၊ သြဇာမျှလျက်
ဓမ္မသဘော၊ ကိုက်ညီသောကြောင့်
နုသောပန်းငုံ၊ ဖူးပွင့်စုံပြီ
ထုံကြည်လန်းဆတ်လေတကား။
သို့နှယ်တမင့်၊ ပွင့်ပန်းမှုံစည်
ထံု၀တ္ရည္ကို၊ သာၾကည္ရႊင္ပ်
မြင်တွေ့ရခိုက်၊ စိတ်မှငြိမ်းချမ်း
ခပ်သိမ်းဝန်းကျင်၊ စိုပြည်လွင်သည်
အပင်အပွင့်၊ ပနံတင့်ကြောင်း
ကောင်းကောင်းသိခဲ့ရသလို။
သြော်၊ ရေစုန်တဖန်၊ အတန်တန်တည့်
ရေဆန်တလှည့်၊ ဘ၀ပြည့်သော
စိတ်မနောမှာ၊ စေတနာဖြင့်
ရိပ်သဘောဖြာ၊ ဝေမေတ္တာဆင့်
မာတာပိတု၊ ပြုစုခဲ့ကြ
တို့ဘ၀လည်း၊ လောကတာဝန်
ထမ်းကျေပွန်ရန်၊ အမှန်လိုအပ်နေပါကြောင်း။                ။
မင်းမောင်နွယ်
၁၉၈၃၊
ဇန္န၀ါရီ၊ ငွေတာရီမဂ္ဂဇင်း
 
 
No comments:
Post a Comment