ငါ့လမ်းကို ငါချ၊ ငါ့ကာယ ငါစီရင်
ငါ့အလှ ငါဆင်မယ်၊ ငါ့ဝိဉာဉ် ငါရှိ
ငါ့ကိုယ်မို့ ငါချစ်ပါတယ်၊ ငါပစ်စရာ ငါ့စိတ်မသိ။
ငါတတ်လို့ ငါသိလာ၊ ငါဆရာ က၀ိ
ငါထင်ရာ ငါမော်ကြည့်၊ ငါ့ပီတိ ငါ့ဝမ်းလှိုင်
ငါ့အိုးအိမ် ငါစီးပွား၊ ငါသုံးစား ငါဝ - မကုန်နိုင်။
ငါ့လင်သား၊ ငါ့မယားဆိုင်တယ်
ငါစွမ်းပြိုင် ငါလုပ်လို့
ငါသရုပ်၊ ငါပိုင်တာတွေ
ငါ့၌ အသင်္ချေ။
ငါရှိတဲ့ ခန္ဓာမြေမှာ
ငါမသေ နိုင်ဘူးကွဲ့လေး။ ။
သျှင်ဓမ္မရက္ခိတ
(ရတနာမွန်၊ သြဂုတ်လ၊ ၁၉၈၀)
No comments:
Post a Comment