Monday, January 31, 2022

မြေကြီးလက်ခတ်မလွဲရမည့် ပြည်သူတို့အောင်ပွဲ

ယခုအခါ ကျွန်ုပ်တို့တိုင်းပြည်၌ စစ်ခွေးရူးများ သောင်းကျန်း၍ ဗိုလ်ကျစိုးမိုးပြီး ကျွန်ုပ်တို့ပြည်သူများကို တရားလက်လွတ် သတ်ချင်တိုင်းသတ်၊ လုချင်တိုင်းလု၊ ခိုးချင်တိုင်းခိုးနေသည်ကြမှာ တစ်နှစ်တင်းတင်းပင် ပြည့်ပြီဖြစ်၏။

 

သတင်းများ၌ စစ်ခွေးများက ကျွန်ုပ်တို့ တိုင်းသူပြည်သားများကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွင်းနေတာ ရင်နှင့်မဆန့်အောင် ကြားနေ၊ သိနေ၊​ မြင်နေရ၏။ ကျွန်ုပ် အလွန်ကြေကွဲ ဝမ်းနည်းလှဘိ၏။

 

ကျွန်ုပ်ငယ်စဉ်က “မင်းမဲ့တိုင်းပြည်” ဟု လူကြီးများပြောသည်ကို ကြားရသည့်အခါ မင်းမဲ့တဲ့တိုင်းပြည် ဆိုတာ မရှိနိုင်။ တိုင်းပြည်မှန်လျှင် အစိုးရတစ်ရပ်တော့ ရှိရမည် ဟု သည်လိုပင် ထင်ခဲ့မိ၏။ 

ယခု ကျွန်ုပ်တို့ လက်ရှိ မြန်မာနိုင်ငံကြီးကား မင်းမဲ့တိုင်းပြည် ဖြစ်တော့၏။ 

 

နိုင်ငံတော်အာဏာကို ဓားပြတိုက် ရယူသွားသူ စစ်ခွေးအုပ်စုမှာ မည်သည့်နည်းနှင့်မှ မင်း၊ အစိုးရ မဖြစ်နိုင်။

၎င်းတို့သည် လူသတ်ကောင်၊ ဓားပြ၊ သူခိုး၊ လူရမ်းကား၊ လူယုတ်မာ၊ လူလိမ်၊ လူ့ဘူးတောင်း၊ လူ့ဗလချီးနမ်း၊ လူမိုက် အုပ်စုသာ ဖြစ်လေသည်။ ၎င်းတို့သည် အပြစ်မဲ့ပြည်သူများကို သတ်ချင်တိုင်းသတ်သည်။ ပြည်သူတို့၏ ပစ္စည်းဥစ္စာများကို နေ့ခင်းကြောင်တောင် လူရှေ့မရှောင်၊ သူရှေ့မရှောင် ခိုးသည်။ အဟုတ်ကိုမဟုတ်။ မဟုတ်ကိုအဟုတ် ပြောင်းပြန် ပြောသည်။ ထိုသူများလောက် ယုတ်မာသူများကား ဤလောကတွင် မရှိနိုင်တော့။

 

ခိုကိုးရာမဲ့နေသည့် ကျွန်ုပ်တို့ပြည်သူများမှာ နေ့တထိတ်ထိတ်၊ ညတထိတ်ထိတ်နှင့် အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်း မစားရ။ ဘယ်နေ့များ ခွေးရူးလာကိုက်လိမ့်မလဲ ဟု ကျီးလန့်စာစားကာ နေကြရကုန်၏။ ဤသည့်အခြေအနေကိုမှ မဆိုးဟု ဆိုလျှင် ဘယ်သည့်အခြေအနေကို ဆိုးသည်ဟု အသင်တို့ ဆိုဦးမည်နည်း။

 

ခွေးရူးများသောင်းကျန်းနေသည့် နိုင်ငံအတွင်း၌ မည်သည့် နိုင်ငံတကာကုမ္ပဏီကမှ ဆက်မနေလိုသောကြောင့် တဖြည်းဖြည်း ဆုတ်ခွာကုန်ကြသည်မှာ ယခုအခါ ကျီးနှင့်ဖုတ်ဖုတ်သာ ကျန်တော့၏။

 

ပို၍ဆိုးသည်မှာ မိမိတို့အကျိုးစီးပွားအတွက် ထိုခွေးရူးများကို မြှောက်ပင့်ကိုးကွယ်နေသူများ ဖြစ်သတည်း။

သူတို့ကြောင့်သာ ထိုခွေးရူးများ သက်ဆိုးရှည်နေရခြင်း ဖြစ်၏။

၎င်းတို့ကို ဘယ်သူကမှ အရေးမလုပ်လျှင် ထိုခွေးများ မြောင်းထဲရောက်တာ ကြာပြီ။

 

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နိုင်ငံ၏ အနာဂတ်အရေး၊ သားစဉ်မြေးဆက်အရေးကို မျှော်တွေးကာ ခွေးအောင်လှိုင်နှင့်တကွ ၎င်း၏ နောက်လိုက်ခွေးများကို ငရဲသို့ အပြီးတိုင် ပို့ပစ်ရမည်။

 

၎င်းတို့ကို အားပေးအားမြှောက်ပြုနေကြကုန်သော (သူတို့ကိုယ်သူတို့ ပညာတတ်ဟု ထင်နေသည့်) (လူ လူ၊ ဘုန်းကြီး ဘုန်းကြီး) လူယုတ်မာ အပေါင်းတို့ကိုလည်း ကျွန်ုပ်တို့ လူ့ဘောင်အသိုင်းအဝန်းမှ​ ဖယ်ကြဉ်ပစ်ရမည်။ ၎င်းတို့၏ ထောက်ခံအားပေးမှုကြောင့်သာ ခွေးအောင်လှိုင်တို့ သက်ဆိုးရှည်နေကြရခြင်းဖြစ်ဘိ၏။ ကျွန်ုပ်တို့ပြည်သူများ အောင်ပွဲခံသည့်အခါ ကျွန်ုပ်တို့ အသိုင်းအဝိုင်းတွင် ၎င်းတို့ကို လုံးဝနေရာမပေးဘဲ ဖ​ယ်ကြဉ်ထားကြရမည်။

 

ကျွန်ုပ်သည် ခွေးအောင်လှိုင်အား အလွန်မုန်းတီးလှ၏။ ထို့အတူပင် ထိုခွေး၏ဘောကို လျက်နေသူ လူ့ဗလချီးနမ်းများ အားလည်း ခွေးအောင်လှိုင်ကို မုန်းတီးသည့် ပမာဏထက် မလျော့နည်းစွာပင် မုန်းတီးလှ၏။

 

ကျွန်ုပ်တို့ပြည်သူများ အောင်ပွဲရသည့်နေ့သည် ၎င်းတို့အားလုံး ကျဆုံးရမည့်နေ့ ဖြစ်ရစေ့မည်။

 

ယခုအခါ ဖွတ်များ ပြန်ခေါင်းထောင်လာသည်ကိုလည်း တွေ့မိ၏။

ထိုဖွတ်များသည် တိုင်းပြည်ကို မည်သည့်အခါကမျှ ကောင်းကျိုးမပေးခဲ့သော ဖွတ်များ ဖြစ်၏။

ကျွန်ုပ်တို့တိုင်းပြည်သည် ထိုဖွတ်များကြောင့် အလွန်အင်မတန် နစ်နာခဲ့ရ၏။ ယခုလည်း နစ်နာဦးမည်။ ဖွတ်များရှိနေသရွေ့ကာလပတ်လုံး နောင်လည်း နစ်နာနေဦးမည်သာ ဖြစ်၏။

ဖွတ်အဖွဲ့၊ YMBA ခေါ် လူကြီးလူမကောင်းများအဖွဲ့၊ မဘသ နှင့် ၎င်းတို့နောက်လိုက်များကိုလည်း ကျွန်ုပ်တို့သည် နလံမထူအောင် ချေမှုန်းပစ်ရမည်။

 

ယခုပွဲသည် မတရားမှုကို ကျွန်ုပ်တို့ တိုင်းသူပြည်သားအပေါင်းက အသက်၊ သွေး၊ ချွေးပေါင်းမြောက်များစွာ ရင်းနှီးလျက် တိုက်ထုတ်နေသောပွဲ ဖြစ်၏။

 

ကျွန်ုပ်တို့ ပြည်သူပြည်သားများ ပေါင်းစည်းအားဖြင့် ယခုပွဲကို နိုင်ကိုနိုင်ရမည်။

ကျွန်ုပ်တို့ အောင်ပွဲရသည့်အခါ လွတ်လပ်၍ တရားမျှတသော နိုင်ငံတော်သစ်ကို တည်ဆောက်ကြမည်။

တရားဥပဒေစိုးမိုးသော လူ့ဘောင်သစ်ကို တည်ဆောက်ကြမည်။ ဥပဒေအထက်တွင် မည်သည့်ဒေါင်းဇားမှ ရှိမနေစေရ။

အစိုးရဌာနများ၌ ယူနီဖောင်းချွတ်ဝင်လာသော မေဘေးများ လုံးဝကင်းစင်နေစေရမည်။

 

အနာဂတ်ပျောက်ဆုံးနေသော ကျွန်ုပ်တို့မျိုးဆက်သစ်များကို ကျွန်ုပ်တို့ ပြန်လည်ထူထောင်ယူကြမည်။

မိုင်းနပ်စ် နိုင်တီးအိတ်လောက် ရောက်နေသည့် ပညာရေးကို ပြန်လည်တည်ဆောက်ကြရမည်။

ခွားမသေးများ အတတ်ဆန်းကာ တီထွင်ခဲ့သည့် မအောင်မရှိ ငါ့တပိ ဟူသော ပေါက်တတ်ကရ စနစ်ကြီးကို အမြစ်မှတူးထုတ်ကာ မြေလှန်ပစ်ရမည်။

 

အရေးအကြီးတကာ့ အကြီးဆုံးကား ပြည်သူတို့အောင်ပွဲပင် ဖြစ်တော့၏။

 

ကျွန်ုပ်တို့အောင်ပွဲကား မဝေးတော့ပြီ။

ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ဆက်လက်တောင့်ခံထားကြမည်။

တိုက်ပွဲဝင်နေသူများကို အတတ်နိုင်ဆုံး ဆက်လက်ထောက်ပံ့ကြမည်။

 

အရေးတော်ပုံ အောင်ရမည်

 

အေးငြိမ်း

၃၀ ဇန္နဝါရီလ၊ ၂၀၂၂




No comments: