Sunday, January 9, 2022

OWIC (smart card) လုပ်ဆောင်ပုံ အဆင့်ဆင့်

ညီမက ကုမ္ပဏီတိုက်ရိုက် (Spass) တစ်ဦးချင်းအနေနဲ့ OWIC လျှောက်ခဲ့တာပါ
ရုံးအမှတ်(၅၁) ၊ အလုပ်သမားရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ လိပ်မူပြီး Royal Express အမြန်ချောပို့နဲ့
၂၈.၁၀.၂၀၂၁ ရက်နေ့မှာပေးပို့ခဲ့ပါတယ်
ပေးပို့ခဲ့တဲ့စာရွက်စာတမ်းတွေကတော့
1. အပေါ်စာ
2. IPA Letter Copy
3. Employment Contract Copy
4. Offer Letter Copy
5. Passport Copy
6. NRC Copy
7. Graduation Certificates
၂၉.၁၀.၂၀၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် Royal Express မွ စာရွက်စာတမ်းပေးပို့ပြီးကြောင်း
confirmed Message ရရှိခဲ့ပါတယ်ရှင့်
Royal Express Hotline Number: 09779888688
၁.၁၁.၂၀၂၁ တနင်္လာနေ့မှာ နေပြည်တော်ရုံးသို့ဖုန်းဆက်ရျ် စာရွက်စာတမ်းလက်ခံရရှိခြင်းရှိမရှိ/
စုံမစုံ စစ်ဆေးခဲ့ပါတယ်
နေပြည်တော်ရုံး : 067430183 / 067430185 / 067430442
၂.၁၁.၂၀၂၁ ရက်နေ့တွင် Safe Migration Page မှတင်သော ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့် စာရင်းမှာပါခဲ့ပါတယ်
၃.၁၁.၂၀၂၁ရက်နေ့တွင် Yankin Training Centre သို့ သင်တန်းတက်ရောက်ရမည့်နေ့ကို ဖုန်းဆက်မေးမြန်းစုံစမ်းခဲ့ပါတယ်
Yankin Training Centre : 018564773 / 017330384
သင်တန်းတက်ရန်လျှောက်လွှာ
Passport
သင်တန်းတက်ရောက်ခွင့်ရသည့်အမှတ်စဉ်ရယ်ကို သူတို့ပေးတဲ့ viber ဖုန်းနံပါတ်သို့ ပေးပို့ခဲ့ပါတယ်
၉.၁၁.၂၀၂၁/ ၁၀.၁၁.၂၀၂၁ သင်တန်းတက်ရောက်ခဲ့ပြီး OWIC ကဒ်ထုတ်ခွင့်ကို ၉.၁၁.၂၀၂၁ ရက်နေ့
Safe Migration Page မှကြေငြာသောစာရင်းတွင် ပါဝင်ခဲ့သည့်အတွက် ၁၁.၁၁.၂၀၂၁ ရက်နေ့တွင် မြောက်ဒဂုံပင်လုံ အလုပ်သမားရုံးတွင် OWIC ကဒ်ထုတ်ခဲ့ပါတယ်ရှင်
#ကဒ်ထုတ်ရန်အတွက်
မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးကို ရောက်ရောက်ချင်း form ထပ်ရတယ် (သင်တန်းဆင်းလတ်မှတ်မိတ္တူ၊
passport မူရင်း မိတ္တူ၊ ပုံစံ(၂) မူရင်း)
ပြီးရင် နာမည်တစ်ယောက်ချင်းစီခေါ်ပြီး safe migration မွာ ဘယ်နေ့က ကဒ်ထုတ်ခွင့်ကျတာလဲ ၊ အမှတ်စဉ်ဘယ်လောက်လဲမေးပါတယ် ၊
အဲ့ဒါပြီးရင်ဓာတ်ပုံရိုက်တဲ့ဆီကိုသွားရပါတယ် ၊
လက်ဗွေနှိပ်
မ်က္စိ scan ဖတ်
ကဒ်အတွက် ဓာတ်ပုံရိုက်ရပါတယ်
ပြီးရင် ၅/၁၀ မိနစ်လောက်စောင့်ပြီးရင် ကဒ်ရပါတယ်
#စုစုပေါင်းကျသင့်ငွေ Royal Express အမြန်ချောပို့ခ ၂၅၀၀ကျပ်
ပြည်ပအလုပ်သမားကဒ် ပုံစံ(၂) ၅၀၀ကျပ်
OWICရိုက္ခ ၂၆၀၀ကျပ်
မိတ္တူဖိုး ရယ်ပါ
အလျင်လိုသူများအနေနှင့် နပတရုံးကိုဖုန်းဆက်ပြီး အကျိုးကြောင်းသေချာပြောပြစေချင်ပါတယ် အချက်အလက်ပြည့်စုံလျှင် အတတ်နိုင်ဆုံးမြန်မြန်ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်
credit
ညီမMaria မွ သတင်းပေးပို့ မျှဝေပါတယ်
Privacyအတွက် ဓာတ္ပ ုံနှင့် ကိုယ်ရေးအချက်အလက်များ
ဖျက်ထားပါတယ်။
PJအမျိုးအစားပတ်စ်ပို့ဖြင့် ပြည်ပထွက်ခွာမည့်သူများအနေဖြင့် ရန်ကုန်လေဆိပ်တွင် OWICကတ်
ပြသရန် လိုအပ်နိုင်ပါတယ်။
OWICကတ်အတွက် ဓာတ်ပုံရိုက်ကူးရာတွင် လိုင်စင်ပုံရိုက်ကူးသည့်အတိုင်း ုဖြစ်ပါတယ်။
မျက်မှန်မတပ်ရ ၊ နားရွက်ကို ဆံပင်မအုပ်စေရပါ
စင်ကာပူပြန်ဝင်မယ့်သူတွေအတွက် လေဆိပ်တွေမှာ ဘယ်လိုစာရွက်စာတမ်းတွေ စစ်ဆေးလဲ




No comments: