Sunday, January 9, 2022

ခေတ်ပျက်၌ စီးပွားရှာကြသူများ

မနေ့က မြန်မာပြည်မှ ရောက်လာကြကုန်သော အသစ်ကျပ်ချွတ် အလုပ်သမားကလေးများကို ကျွန်ုပ် သင်တန်းပေးရ၏။

စကားစပ်လျက် မေးကြည့်တော့ စင်ကာပူလာဘို့ စုစုပေါင်း သိန်း ၆၀ လောက်တောင် ကုန်ခဲ့သည်ဆို၏။ မြတ်ချွာဖျား

ထိုသိန်း ၆၀ ထဲတွင် အောက်ပါအခကြေးငွေတို့ပါသည် ဆို၏။

(သိန်း ၆၀ = အေးဂျင့်ခ + ကွာလန်တင်းခ + လေယာဉ်လက်မှတ်ခ + ယောက်ျားကို ကွန်ဒိုတစ်လုံး မွေးနေ့လက်ဆောင်ပေးရန် စုငွေ)


စုစုပေါင်း လူ ၁၆၀ လောက်ရှိပြီး လေယာဉ်စင်းလုံးငှားကာ ပို့လိုက်ကြောင်း သိရ၏။

ထို သိန်း ၆၀ ထဲတွင် သင်တန်းခ မပါသေး။

စင်ကာပူကိုလာဘို့ ကျွမ်းကျင်သင်တန်းတစ်ခုခုတက်ရသည်ဖြစ်ရာ ဤသည့်အချက်မှာ ဤသင်တန်း ဖွင့်စားနေသူများအား သမီးအတွက်ကားတစ်စီး၊ သားအတွက် ကားတစ်စီး၊ မယားအကောင်းစားလေးအတွက် ကားတစ်စီး စသည်တို့ဝယ်ရန် အခွင့်အလမ်းများ ဖွင့်ပေးထားသကဲ့သို့ ရှိ၏။


ယခုလာသူများထဲတွင်မူ အတော်များများမှာ ထိုသင်တန်းမတက်ခဲ့ရ။ စင်ကာပူရောက်မှ သင်တန်းတက်ရမည်ဟု ပြောသည်ဆို၏။ 

အကယ်၍ ထိုသင်တန်းကြေး (သိန်း ၃၀ လောက်) ကိုသာ ထည့်ပေါင်းပါမူ စင်ကာပူတွင် သာမန်အလုပ်သမား တစ်ယောက်အဖြစ် အလုပ်လုပ်ရဘို့ သိန်း ၁၀၀ နီးပါးလောက် ကုန်၏။ သိန်း ၁၀၀ ဆိုတာတောင် ရန်ကုန်တွင် နေစရိတ် စားစရိတ်များ မပါသေး။ အားလုံးသာ ထည့်ပေါင်းလိုက်ပါမူ . . . အောင်မငီး။


ခင်ဗျားတို့ဟာကလည်း . . .

နာလိုက်ရတဲ့ နိဗ္ဗာန်ရောက်ကြောင်းတရား

ထိုင်လိုက်ရတဲ့ ဖင် (ဟုတ်ပေါင်) ဝင်လိုက်ရတဲ့ တရားစခန်း 

ဘုန်းကြီးတရားပွဲတွေဆိုတာကလည်း ကျုပ်တို့ငယ်ငယ်က ရွှေမန်းသဘင်တို့၊ စိန်မာဒင်၊ မိုးမင်းမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့ ပိုစတာထက် မိုက်သေး။ ဘုန်းကြီးပုံတွေဆိုတာ သုံးပါးပြိုင်၊ ငါးပါးပြိုင်

မနက်မိုးလင်းပြီဆိုတာနဲ့ ဖွင့်လိုက်ရတဲ့တရား


လုပ်တဲ့အလုပ်တွေကျတော့ -

ငှက်ပျောသီး ဆေးစိမ်လား စိမ်ရဲ့

ငါးပိကို ပိုးသတ်ဆေးဖြန်းလား ဖြန်းရဲ့

အဆင်မပြေလို့ နိုင်ဂျံဂါးထွက် အလုပ်လုပ်ပါမယ်ဆိုတော့ ရိတ်လိုက်သမှ နေပြောက်တောင်မထိုး

လေယာဉ်လက်မှတ်ပေါ်မှာ တစ်ခါတင်၊ ငွေလွှဲနှုန်းမှာ တစ်ခါတင်

သင်တန်းတက်တာတောင် သင်တန်းဆင်းလက်မှတ်ဘိုးပေးရသေး

ကိုယ့်ဘာသာကိုယ် လေယာဉ်လက်မှတ်တောင် ဝယ်ခွင့်မပေး


ရနေပါဦးမယ် တရားကြီး

ခင်ဗျားတို့ တရားထိုင်တာ ဖင်ပူရုံကလွဲပြီး ဘာတရားမှ ရစရာအကြောင်းမရှိပေါင်ဗျာ

ဆယ်ဘို့တစ်ဘို့လောင်းကြေးဆို လောင်းလိုက်ချင်ပါသေး

ပြောလိုက်ရင်တော့ ကမ္ဘာပေါ်မှာ သူတို့ဘာသာလောက်မြတ်တာ ဘာမှမရှိ

နင်ရို့တိုင်းပြည်လောက် $$$တလွဲလုပ်တဲ့တိုင်းပြည် တွေ့ကို မတွေ့ဘူးသေးဘူး

ငါမပြောလိုက်ချင်ဘူးနော်


အေးငြိမ်း


၈ ဇန္နဝါရီလ၊ ၂၀၂၂




No comments: