Saturday, January 29, 2022

Magnificient Seven_1960 version

Magnificient Seven အမေရိကန်ကားထဲမှာ လယ်သမားတွေ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေတဲ့ မက္ကစီကန် ရွာလေးကို သေနတ်ကိုင် ဓားပြတစ်စုက အချိန်တိုင်းလာပြီး လုတယ်။ အိမ်မှာမွေးထားတဲ့ ကြက်ဘဲတိရစ္ဆာန်တွေကို ဖမ်းယူတယ်။ စပါး၊ ပဲနှမ်း ဆိုပါစို့။ စားစရာသောက်စရာတွေကို ယူတယ်။ ခုခံတဲ့သူတွေကို သတ်တယ်။

 

ဆိုတော့ လယ်သမားတွေ မခံနိုင်ကြတော့ဘူး။ စည်းဝေးပွဲလုပ်တယ်။ 

ငါတို့ တစ်ခုခုလုပ်တော့မှ ဖြစ်မယ်။

ဆိုတော့ သူတို့ ဒီကောင်တွေကို ပြန်ခုခံဘို့ ဆုံးဖြတ်ကြတယ်။ ဒါပေမယ့် ဟိုကောင်တွေက သေနတ်ပစ်နေကျလူတွေ။ အင်အားတောင့်တယ်။ လူတိုင်းမှာ သေနတ်ရှိတယ်။ ဘယ်လိုခုခံမလဲ။

ဒီတော့ ရွာထဲက သက်ကြီးရွယ်အိုတစ်ယောက်ဆီ သွားမေးတယ်။

 

We know how to grow, but we don’t know how to kill.

 

အဖိုးကြီးက ပြန်ဖြေတယ်။ ခပ်တိုတိုပါပဲ။

 

Then “Learn”.

 

သေနတ်ဝယ်ဘို့ပိုက်ဆံလိုတယ်။ ငါတို့မှာ ပိုက်ဆံမရှိဘူး ဆိုတော့ အဘိုးကြီးက သူ့အထုပ်ကိုဖြည်။ အကောင်းဆုံးနဲ့ အဖိုးအတန်ဆုံးတစ်ခုကို သူတို့ကိုပေးလိုက်တယ်။ ရော့ အဲဒါကိုရောင်းပြီး သေနတ်ဝယ်ကြ။

 

အဲဒါနဲ့ သူတို့ မြို့တက်ပြီး သေနတ်ဝယ်ဘို့လုပ်တယ်။ ဒါပေမယ့် သေနတ်တွေက အရမ်းဈေးကြီးတယ်။

အဲဒီမှာသူတို့ ခရစ်စ်အေဒမ်ဆိုတဲ့ လူစွမ်းကောင်းတစ်ယောက်ကို သွားတွေ့တယ်။

အေဒမ်က သူတို့ကို သေနတ်ဝယ်ဘို့အစား သေနတ်ပစ်ကောင်းတဲ့လူတွေကို ငှားတာက မြန်လည်းမြန်မယ်။ ပိုက်ဆံ အကုန်အကျလည်း သက်သာမယ်။ ဟိုကောင်တွေကို ခုခံဘို့လည်း ပိုပြီးသေချာတယ် လို့ အကြံပေးတယ်။ 

တိုတိုပြောရရင် သူတို့ အေဒမ်ရဲ့အကြံကို သဘောတူတယ်။

 

အေဒမ်ကပဲ လူစုပေးတယ်။ 

ငထွေရူး၊ ငလုံးလက်ဖယ် (ဟုတ်ပေါင် ယောင်လို့။ ဂျင်းတွေနဲ့ မှားတော့မလို့) လူစွမ်းကောင်း (၇) ယောက်ရတယ်။

ငှားခလည်း ကြည့်လိုက်အုံး။ တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၂၀။

ဒါပေမယ့် အေဒမ်က သူတို့ကို ဖြစ်ကြောင်းရယ်ကုန်စင် သေသေချာချာရှင်းပြတော့ သူတို့လက်ခံကြတယ်။

 

သူတို့က ရွာသားတွေကို သေနတ်ပစ် သင်ပေးတယ်။ ကတုတ်ကျင်းတွေ၊ ခံတပ်တွေ၊ ထောင်ချောက်တွေ ဆင်စေတယ်။

 

နောက် ဓားပြတွေနဲ့ အပြန်အလှန်တိုက်ကြတယ်။

နောက်ဆုံးပွဲမှာ ဓားပြတွေ ထောင်ထားတဲ့ ထောင်ချောက်ထဲ အငိုက်မိလို့ သူတို့ထဲက ၄ ယောက်ကျပြီး ၃ ယောက်ပဲ ကျန်တယ်။

 

ကျန်တဲ့ ၃ ယောက် ရွာကနေပြန်မယ်လုပ်တော့ ဟို ပေါချာချာကောင်လေးက ရွာမှာ သူကြိုက်နေတဲ့ ကောင်မလေးနဲ့ သံယောဇဉ်မပြတ်နိုင်ဘူး။

 

အေဒမ်က ခေါင်းညိတ်ပြပြီး “Yours” လို့ပြောလိုက်တော့ . . . 

 

Link:

https://www.youtube.com/watch?v=1MZY_0tYmrs

 

ကျုပ်တို့တော်လှန်ရေးကြီးနဲ့ အဖြစ်ချင်းလာတူနေလို့ပါဗျာ။

 

တစ်ခုပဲ . . .

 

ကျုပ်တို့က သူတို့လို Magnificient Seven ကို မငှားနိုင်လေတော့ တိုက်ပွဲကြာနေရတယ်။

 

ဘာပဲဖြစ်ဖြစ်

ကျုပ်တို့ပြည်သူတွေ သေချာပေါက် အောင်ပွဲခံနိုင်ရမယ်။

 

အေးငြိမ်း

29/01/2022








No comments: