Saturday, January 29, 2022

ကျွန်ုပ် ကိုဗစ်ဖြစ်ကြည့်ခြင်း အကြောင်း

ကိုဗစ်က အိုမီခလွန် ပြောင်းသွားပြီလေ့။ အဲဒီ အိုမီခလွန်ကပဲ ဘာဖစ်သလေ့၊ ညာဖစ်သလေ့နဲ့ လူများတွေ ပြောနေကြတော့ ကျုပ်လည်း မယုံတာနဲ့ စမ်းကြည့်ရအောင်ဆိုပြီး ကိုဗစ် ဖြစ်ကြည့်လိုက်တယ်။ အဟက်စ်

 

ဟိုတစ်နေ့က အိမ်ငှားတွေထဲက တစ်ယောက် +ive ဖြစ်သတဲ့။

ဟဲ့ - လုပ်ကြပါအုံး။

ကျုပ်တို့လည်း အသည်းအသန်စစ်။

Negative

ဖူး . . . တော်ဘာဒေးရက်စ်။

 

တမြန်မနေ့ကတော့ နည်းနည်း အရိပ်အယောင်ပြလာတယ်။

ခေါင်းနည်းနည်းနောက်၊ ချောင်းနည်းနည်းဆိုး။

ဒါပေမဲ့ ချက်ချင်းမပေါ်ဘူး။ still negative.

 

မနေ့ကပိုဆိုးလာတယ်။

ခေါင်းလေးကလည်း ရီဝေ ရီဝေ၊ နောက်တောက်တောက် (ငှယ်၊ နာလည်း ဘီယာသောက်မထားပါဘူး ပေါ့)

ချောင်းလေးကလည်း တဟွတ်ဟွတ်။

နှာရည်လေးလည်း တရွှတ်ရွှတ်။

အနံ့အရသာကတော့ မပျောက်ပါဘူး။

ကိုဗစ်လက္ခဏာတွေပြနေပေမဲ့ ART Test က -ive ပြနေဆဲ။ (ကိုယ်ရော သားပါ)

ညက နှာရည်ယိုပျောက်ဆေး ၁ လုံး၊ ပါရာဆီတမော့ 500mg x ၂ လုံး၊ ချောင်းဆိုးပျောက်ဆေး တစ်ဇွန်းသောက် အိပ်။

 

ခုမနက် ထပ်စစ်ကြည့်လိုက်တော့ . . . 

အောင်မငီး . . . 

စမ်းတဲ့အတံလေးမှာ မျဉ်းနှစ်ကြောင်းပေါ်နေပါရောလား အရပ်လူကြီးတို့။ ကယ်ဂျဘာအုန်းစ်။





အဲသဟာနဲ့ NTUC ကို ချက်ချင်းသတင်းပို့၊

သင်တန်းကို ချက်ချင်းသတင်းပို့၊ အတန်းတွေ ဖျက်ပေါ့။ အတန်းကလည်း ရက်ဆက်ခင်ဗျာ။

ဆာမယု က ကျော်က အိုလည်းအိုနေပြီ (ငမ်၊ အခုမှ ၆၀ လေးပဲ ရှိသေးတာကိုများ) 

နောက်ပြီး ဆီးချိုကလည်းရှိသေးတော့ ဆရာဝန်သွားပြပါ အတင်းတိုက်တွန်းတာနဲ့ ခုမနက် ဆရာဝန်ဆီသွား။

 

ဘာဖိလဲ။

+ive ဖြစ်လို့စ်။ နာ ဟောသဟာတွေကို ဟောသလိုသောက်ထားတယ် . . . 

ဆိုပြီး နှာရည်ယိုပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးရည်၊ ပယ်နယ်ဒေါတွေပြလိုက်တော့ . . .

ကိစ္စမရှိဘူး။ ထပ်သာယူသွားပါ တဲ့။

 

ကျုပ်ကို ကိုဗစ်ရောဂါကုဘို့လို့ ဆေးအဆန်းတွေ ထပ်ပေးလိုက်တယ်။ ကြည့်လိုက်အုံး။

နှာရည်ယိုပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးရည်၊ ပါလာဆီတမော့စ် 

(exactly the same, what the hell I am taking.)

 

နောက်ပြီးတော့ 72 hours stay home and self-isolate ဆိုပြီး ဆေးခွင့် ၅ ရက်ပေးလိုက်တယ်။ ယခွမ်းဒဲ့မှ။

 

အဲသာပါပဲ။

ကိုယ့်လူတို့လည်း ခေတ်မီသွားအောင် နည်းနည်း ဖြစ်ကြည့်လိုက်ကြအုံးနော့။

စဒါဘာ စဒါဘာ

 

စစ်ခွေးအားလုံး

အတုံးအရုံး

ကျဆုံးကြပါစေ။

 

အေးငြိမ်း

၂၉ ဇန္နဝါရီလ၊ ၂၀၂၂


No comments: