Date: 3/8/2013
သည်ကနေ့တော့ မနက် ၉ နာရီက အိမ်ကထွက်လိုက်တာ
ည ၉ နာရီတီးတော့မှ အိမ်ပြန်ရောက်တော့သည်။ နေ့လည်စာကို ညနေ ၄ နာရီမှစားပြီး ညစာကိုတော့
ည ၉ နာရီမှ စားရ၏။ လူပြက်တွေပြောသည့် ကျုပ်ကသိပ်လည်တာ၊ လည်လွန်းလို့ မနက်စာ ညမှ စားတယ်ဆိုတာကိုသာ
သွားသတိရမိတော့သည်။
တနင်္ဂနွေနေ့ညနေတွင် “အိမ်မှာနေရင်း
ကိုယ့်ဘာသာကိုယ် လေ့လာလို့ရသည့် ပညာရေးအစီအစဉ်တစ်ခု” အတွက် ချမ်းမြေ့ရိပ်သာတွင်ပြုလုပ်မည့်
seminar သို့ ကိုသောင်းတန်ကို လိုက်မလားဟု စနေနေ့ညက လှမ်းဖုံးဆက်။ သူက တနင်္ဂနွေ မနက်
၁၀ နာရီတွင် စာပေဟောပြောပွဲရှိကြောင်း၊ Suntec City တွင် Job Fair နှင့်အတူ လုပ်မည်ဖြစ်ကြောင်း
ပြောသဖြင့် အတူသွားကြရန် သဘောတူ။
ထိုကြောင့် မနက်စာကို ထမင်းတ၀စားသွားပြီး
၉ နာရီတွင် အိမ်မှထွက်ခဲ့၏။ မြန်မာပြည်ပြန်ပြီး မိသားစုနှင့် အတူနေလိုသူ၊ ပြည်တော်ပြန်လိုသူများအတွက်
အခွင့်ကောင်းတစ်ခု ဖြစ်၏။ အတော်များများ လာကြပါသည်။ အလုပ်လျှောက်သူများကိုမူ ကချောက်ကချက်မျှသာ
တွေ့ရသည်။ စာပေဟောပြောပွဲဘက်တွင်သာ လူအုံနေသည်။
ကျွန်တော်တို့လည်း ဘာအလုပ်တွေများရှိသလဲဟု
လိုက်လံလေ့လာ စုံစမ်း၏။ Offshore ကုမ္ပဏီကြီးတစ်ခု တွေ့သဖြင့် ၀င်ရောက် စနည်းနာရာ သူက
oil and gas တစ်ခုတည်းသာမဟုတ်ဘဲ အခြား ဆောက်လုပ်ရေး စသော လုပ်ငန်းများလည်း ရှိသေးကြောင်းပြောသဖြင့်
Safety Manager, Safety Training Manager ရာထူးကို လိုရမယ်ရ လျှောက်ခဲ့သည်။ အခြေအနေ
သိပ်မဆိုးလျှင် မြန်မာပြည်ပြန်လုပ်ရန် ဆန္ဒရှိသောကြောင့် ဖြစ်၏။
ကိုယ့်မိသားစုစားဝတ်နေရေးနှင့်
ကလေးများပညာရေးအတွက် လုံလောက်သောလခရလျှင် မြန်မာပြည်ပြန် လုပ်ချင်ပါသည်။ အကြောင်းမှာ
မြန်မာပြည်တွင်ရှိလျှင် မြန်မာလူငယ်များ၏ အနာဂတ်အတွက် ပိုပြီးထိရောက် အကျိုးရှိစွာ
လုပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်သောကြောင့် ဖြစ်၏။ ကျောင်းမှ ကလေးများကို နွေရာသီအားလပ်ရက်
သင်တန်းများ ဖွင့်ကာ သင်ပေးချင်သည်။ စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲများ လုပ်ပေးချင်သည်။
ဆရာဆရာမနှင့် ကလေးများခေါ်ကာ မြန်မာပြည်အနှံ့ လေ့လာရေးခရီးဆန့်ချင်သည်။ လယ်သမားများအတွက်
လယ်ယာသုံးစက်ကိရိယာအကြောင်း သင်တန်းများ ဖွင့်ပေးချင်သည်။ ဤသည်များမှာ ကျွန်တော့်အိပ်မက်များဖြစ်ပါသည်။
ထိုအလုပ်များကို အခြားသူ
အကူအညီမတောင်းဘဲနှင့် ကိုယ့်အိတ်စိုက်လုပ်နိုင်ရန် လခကို ဒေါ်လာ ၅၀၀၀ ဟု ရေးထည့်လိုက်သည်။
မှတ်ကရော့။ သဘောကောင်းလို့ ဒီလခနဲ့ ဒီအလုပ်ကို သဘောတူတဲ့သူတွေ့ရင် ကျွန်တော့်အိပ်မက်တွေ
အကောင်အထည် ဖော်နိုင်ပါလိမ့်မည်။ မြန်မာပြည်ပြင်ပမှ တို့ကဆိတ်၊ တို့ကနန်း လုပ်နေရတာ
သိပ် အားမပါလှဟု ခံစားမိ၏။
အလုပ်စုံစမ်းသည့်ကိစ္စပြီးသော်
စာပေဟောပြောပွဲအတွက် နည်းနည်းစောနေသေးသဖြင့် ကိုသောင်းတန်က ကော်ဖီသောက်ရအောင် ဆိုသည်နှင့်
အောက်ဆင်း ကော်ဖီသောက်ကြ၏။ ကော်ဖီဆိုင် လိုက်ရှာနေရတာတစ်ကြောင်း၊ ကော်ဖီသောက်ပြီးပြန်တက်လာတော့
လမ်းလွဲနေလို့ လိုက်ရှာနေရတာတစ်ကြောင်းတို့ကြောင့် အတော်နောက်ကျပြီးမှ စာပေဟောပြောပွဲပြန်ရောက်လာသည်။
ရောက်တော့
စီထားသောခုံတန်းများတွင် လူပြည့်နေပြီ။ အပြင်ဘက်မှထိုင်ခုံများတွင်လည်း လူအပြည့်။ သို့နှင့်
ပြခန်းအလွတ်တစ်ခုမှ ခုံများသွားဆွဲသော် “အဟင်း၊
ဒီခုံတွေက အင်တာဗျူးဘို့ ထားတာပါဆင့်၊ ကျေးဇူးပြုပြီး မတ်တပ်ရပ်ပဲ အားပေးပါ” ဆိုလှာသဖြင့်
ကျွန်ုပ်တို့လည်း လွတ်သော ဘေးတစ်နေရာတွင် မတ်တပ်ရပ်အားပေး။
သို့သော်
အကျွန်ုပ်ကဲ့သို့သောသူ၏ ဘုန်းတန်ခိုးကို မခံနိုင်။ ဘိုးတော်သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ
တင်းလာလေရကား ၀ိသကြုံနတ်သားကို တာဝန်ပေးသောကြောင့် မကြာမတင်မီပင် ကျွန်ုပ်တို့ထိုင်ရန်
ထိုင်ခုံများကို နတ်သမီးလေး ၂ ယောက်က လာပေးရသော ဟူ၏။
ဆရာဖေမြင့်
စပြောပါသည်။ “ဘ၀အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ အလွန်ကောင်း၏။
ဆရာက ဗမာပြည်ရဲ့
challenge တွေကို ဗမာပြည်မှာနေသူတွေပဲ သေသေချာချာ ခံစားနားလည်နိုင်တယ် ဟု ပြောပါသည်။
ဤနေရာတွင် ကျွန်ုပ်၏ယူဆချက်နှင့်ဆရာ၏ ယူဆချက်တို့ တစ်ထပ်တည်း ကျလေသတည်း။
လျှာရှည်သည်
မထင်ပါနှင့်။ အကျွန်ုပ်၏ အယူအဆကို နည်းနည်းလောက် တင်ပြခွင့်ပြုပါ။
မြန်မာပြည်အရေး
ကျွမ်းကျင်သူဟု အမည်ခံထားသူများအပါအ၀င် နိုင်ငံခြားမှ ဆရာ့ဆရာကြီးများ တော်တော်များများသည်
မြန်မာပြည်၏အခြေအနေကို မြန်မာပြည်တွင်းတွင် နေထိုင်ကြသော၊ မြန်မာများဖြစ်သော အကျွန်ုပ်တို့ထက်
မည်သည့်နည်းနှင့်မှ ပိုပြီးခံစား နားလည်နိုင်ရန် မဖြစ်နိုင်ပါဟု ဆိုချင်ပါသည်။
အကျွန်ုပ်တို့
မြန်မာစကားပုံတွင် မြွေမြွေချင်း၊ ခြေမြင် ဟူသော စကားရှိ၏။ ကျွန်ုပ်တို့မြန်မာများ၏
ကောင်းသော အကျင့်၊ မကောင်းသောအကျင့်၊ သဘောထား၊ မြှုပ်ကွက်ကလေးများကို မြန်မာပြည်သို့
လေးငါးဆယ်ရက်လောက် ခဏတစ်ဖြုတ်လာသော အနှီ နိုင်ငံရေးကျွမ်းကျင်သူ ပညာရှင်ကြီးများ ခံစားနားလည်နိုင်ပါမည်လား။
မြန်မာတို့၏ လူနေမှုဘ၀ကို မြန်မာတို့သာ သိသည်။ ဗိုလ်ချုပ်ပြောသည့် ခင်ဗျားတို့ သောက်ကျင့်တွေကို
ကျွန်တော်တို့ပဲ သိသည်။
ကမ္ဘာပေါ်တွင် ဉာဏ်နီဉာဏ်နက်အရာ၌
သရဖူဆောင်းထားသော ကျွန်ုပ်တို့၏ ပရိယာယ်ေ၀၀ုစ်များကို အနှီ ပါရဂူကြီးများ မျက်စိ ခုနစ်ပြန်တောင်
လည်သွားလိမ့်ဦးမည်။
အဘယ်ကြောင့် ကျွန်ုပ်က ဤကဲ့သို့
စွပ်စွဲရပါသနည်းဟူမူ ကမ္ဘာ့လူသားချင်းစာနာတတ်သူကြီးများက မြန်မာပြည်မှ ၀ံပုလွေမျက်နှာဖုံးစွပ်ထားသူများ၏
ကစားကွက်များကို နားမလည်ပါဘဲလျက် ဘာတဲ့ လူနည်းစု ဟိုဘာသာဝင်များကို အတင်းဖိနှိပ်နေပါသည်ဟု
အသံကုန်ဟစ်နေသောကြောင့် ဖြစ်၏။ ဘာသာရေးဟူသည် အထိအခိုက်မခံဟူသော အားနည်းချက်ကိုကိုင်ကာ
မိမိတို့အာဏာတည်မြဲရေးအတွက် ကျားကွက်ထိုးနေသော ထိုလူယုတ်မာများ၏ လုပ်ရပ်များကို စိုးစဉ်းမျှ
မသိနားမလည်ပါဘဲလျက် ကုလားများကို ဗမာများက ရိုက်ပါသည်ဟု တစ်နည်း၊ ဗုဒ္ဓဘာသာဝင်တွေက ဟိုဘာသာဝင်တို့၏အိမ်များကို
မီးရှို့ပါသည်ဟု တစ်ဖုံ၊ လူနည်းစုတွေကို လူများစုများက နှိပ်ကွပ်နေပါသည်ဟု တစ်သွယ်။
ကြက်သွန်နီကို မျက်နှာတွင်ပွတ်ကာ မျက်ရည်များကျပြလျှက် အတင်းရောအဓမ္မပါ သနားပြနေသောကြောင့်
ဖြစ်သတည်း။ (တကယ်သနားသည်ဆိုလျှင် အသင်တို့အိမ်ခေါ်သွားပါ။ အကျွန်ုပ် သဘောင်္စင်းလုံးငှား
ပေးပါမည်။)
အစိုးရဆိုသူများ၏ အရည်အချင်း၊
၎င်းတို့၏ ကလိမ်ကကျစ်များကို ခင်ဗျားတို့၊ ကျွန်တော်တို့အားလုံး သိပါသည်။ သို့သော် ထို
ပညာရှိကြီးများ နားမလည်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်တို့သည် သည်မြေတွင်မွေးပြီး၊
သည်မြေတွင် ကြီးပြင်းခဲ့ကြသောကြောင့် ဖြစ်ပါသည်။
(ခွင့်လွှတ်ပါဗျာ။ ရင်ထဲက အစိုင်အခဲတွေကို
သည်လိုမှ မဖောက်ခွဲလိုက်ရရင် အကျွန်ုပ် အိပ်ပျော်မှာ မဟုတ်ဘူး။)
ဆက်ကြပါစို့။
No comments:
Post a Comment