ဟိုးရှေးတုံးက
ဂျပန်ပြည်မှာ စက္ကူနဲ့ဝါးကို သုံးပြီး မီးရှုးတိုင်အဖြစ် သုံးကြရသတဲ့။
တစ်ညတော့ မျက်မမြင်လူငယ်တစ်ယောက်ဟာ
သူ့သူငယ်ချင်းအိမ်ကနေ ပြန်လာတော့ သူ့သူငယ်ချင်းက သူ့ကို မီးရှုးတိုင်တစ်ခု ပေးတယ်။
ငါမှ မျက်စိမမြင်တာကွာ၊ မင်းမီးရှုးတိုင်
မလိုပါဘူး။ ငါ့အဖို့တော့ အလင်းရှိတာနဲ့ မှောင်တာ အတူတူပါဘဲ။
လိုသပေါ့ သူငယ်ချင်းရဲ့။ မင်းအိမ်ပြန်ဘို့အတွက်တော့
မီးတိုင်မလိုဘူးဆိုတာ ငါသိသပေါ့။ ဒါပေမဲ့ မီးတိုင်ကိုင်ထားတော့ မင်းကို
လူတွေဝင်မတိုက်တော့ဘူးပေါ့ကွာ။
သူထွက်သွားတော့
သူကမီးတိုင်ကို ငြိမ်းမိလျက်သားဖြစ်နေတယ်။ သူလျှောက်သွားလို့ သိပ်မကြာခင်မှာပဲ
သူ့ဆီကို လူတစ်ယောက် လျှောက်လာနေသံကြားတော့ သူက မေးလိုက်တယ်။
ဟေ့၊ နေအုံးလေ။ မင်း ဘယ်သွားမလို့လဲ။ ဒီမှာ
မီးတိုင်ထွန်းထားတာ မမြင်ဘူးလား။
လူစိမ်းက
ပြန်ပြောတယ်။
သူငယ်ချင်း၊ မင်းမီးတိုင် ငြိမ်းနေတယ်။
Source : Bonus 11. Teaching the Ultimate From The 10 Very Best Zen
Stories
No comments:
Post a Comment