တစ်မနက် တရားထိုင်အပြီး
အဖိုးအိုဟာမျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။
အလို၊ ဘုရား၊ ဘုရား။ ကင်းမြီးကောက် တစ်ကောင်
ရေထဲမှာ ကူမဲ့သူမရှိ မျောနေပါကလား။
ကူးရင်းခတ်ရင်း ကင်းမြီးကောက်ဟာ သစ်ပင်နဲ့နီးလာတဲ့အခါ
အဖိုးအိုဟာ ရေထဲထိုးထွက်နေတဲ့ အရှည်ဆုံးသစ်မြစ်ပေါ် ဆင်းလိုက်တယ်။
ကင်းမြီးကောက်နဲ့
နီးနိုင်သမျှ နီးအောင် သွားပြီး ရေနစ်တော့မလို့ဖြစ်နေတဲ့ သနားစရာ သတ္တ၀ါလေးကို ကယ်မလို့ပေါ့။
အဖိုးအို ကင်းမြီးကောက်ကို
လှမ်းကိုင်လိုက်တဲ့အခါ ကင်းမြီးကောက်က တုပ်ထဲ့လိုက်တယ်။
အဖိုးအိုလည်း လန့်ပြီး လက်ကို
ရုပ်လိုက်မိတယ်။ တစ်မိနစ်လောက်ကြာလို့ သူ့ကိုယ်သူ ပြန်လည်း ဟန်နိုင်မိပြီဆိုရော အဖိုးအိုလည်း
သစ်မြစ်ဆီပြန်ဆင်းပြီး ကင်းမြီးကောက်ကို ဆယ်ဘို့ ကြိုးစားပြန်တယ်။
ဒီတစ်ချီတော့ ကင်းမြီးကောက်က
သူ့အဆိပ်ဆူးကြီးနဲ့ အားကုန်ကို တုပ်ထဲ့လိုက်တယ်။ အဖိုးအိုရဲ့လက်ဟာ နီရဲပြီး ချက်ချင်း
ရောင်ရမ်းလာတယ်။ နာလွန်းလို့ အဖိုးအိုရဲ့မျက်နှာဟာ ရှုံ့မဲ့နေတာပေါ့။
အဲဒီခဏမှာ အနားရောက်လာတဲ့
လူရွယ်တစ်ယောက်ဟာ အဖိုးအို ကင်းမြီးကောက်ကို ကယ်ဘို့ကြိုးစားနေတာ မြင်ရတော့ လှမ်းပြောလိုက်တယ်။
အဖိုးကြီး၊ ဘာတွေများလုပ်နေတာတုံးဗျာ။ အဲဒီလို အဆိပ်ရှိပြီး
ရွံဘို့ကောင်းတဲ့ သတ္တ၀ါကို ကယ်ဘို့ကြိုးစားတာ ခင်ဗျား ရူးနေလို့ဘဲ ဖြစ်ရမယ်။ အဲဒီကင်းမြီးကောက်
အတုပ်ခံရရင် သေတောင်သေနိုင်တယ်ဆိုတာ ခင်ဗျား မသိဘူးလား။
အဘိုးအိုက လူရွယ်ကိုလည်ပြန်လှည့်ကြည့်လိုက်တယ်။
နောက်တော့ လူရွယ်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ရင်း အေးအေး ဆေးဆေး ပြောလိုက်တယ်။
ဒီမယ် ငါ့တူ၊ ကင်းမြီးကောက်ဆိုတာ တုပ်တတ်တဲ့သဘာဝ ရှိတဲ့အတွက်
တုပ်မှာဘဲ။ အဲဒီ့အတွက်ကြောင့် ငါ့ရဲ့ သတ္တ၀ါတွေကို ကယ်ရမဲ့အလုပ်ကို စွန့်လွှတ်ရမှာလားကွယ်။
ကင်းမြီးကောက်တုပ်တာ သူ့အလုပ်။ သတ္တ၀ါတွေကို ကယ်ဘို့က ငါ့အလုပ်။
သူ့အလုပ်သူလုပ်။ ငါ့အလုပ် ငါလုပ်တာပေါ့ကွယ်။
Source: The scorpion and the old man
(As told by Henri Nouwen,
contributed by Fan Zhen Zhen)
No comments:
Post a Comment