၁၊ ၇။ အာယနအံသာ
အာယန၏
အဓိပ္ပါယ်မှာ ရွေ့လျားခြင်း ဟု ဖြစ်ပါသည်။ မိဿရာသီအစသည် နှစ်စဉ်အနည်းငယ်ရွေ့နေရာ မူလ
ရှိသောနေရာမှ ယနေ့တိုင် ရွေ့လာသည့်နေရာထိ အကွာအဝေးကို အာယနအံသာဟု ခေါ်ခြင်းဖြစ်၏။ သာယနနှင့်
နိရာနယ သည် ၂၃ ရက်ခန့်ကွာသည်။ ၎င်းကို အာယနအံသာ ဟု ခေါ်သည်။ တစ်နည်းအားဖြင့် ရာသီဥတုနှစ်နှင့်
နက္ခတ်နှစ်တို့ ကွာခြားချက်လည်း ဖြစ်သည်။
တွက်ချက်မှုများအရ
အေဒီ ၂၉၃ ခုနှစ်တွင် အဆိုပါ ရာသီဥတုနှစ်နှင့် နက္ခတ်နှစ်တို့ တစ်ထပ်တည်းကျသည်ဆို၏။
ဆိုလိုသည်မှာ အာယနအံသာ သုည ဖြစ်သည်။ ထို့နောက်တဖြည်းဖြည်းရွေ့လာခဲ့ရာ ၂၀၀၀ ပြည့်နှစ်တွင်
၂၃.၈၅ ဒီဂရီထိ ရှိလာခဲ့သည်။ ယခုမူ ၂၄ ဒီဂရီကျော် (၂၄အံသာ) ရှိနေပြီ ဖြစ်ပါသည်။ ရွေ့နှုံးမှာ
တစ်နှစ်လျှင် ၅၄ ၀ိလိတ္တာခန့် ဖြစ်၏။ သို့ဖြစ်ရာ နှစ်ပေါင်း ၁၀၀၀ တွင် ၂၄ ရက်ခန့် ရွေ့ပါသည်။
(အနောက်နိုင်ငံ နက္ခတ်ကျမ်းများတွင်မူ ၅၀.၂၃
ရွေ့သည်ဟု ဖော်ပြထားပါ သည်။)
အောက်ပါဇယားမှာ နှစ်တစ်နှစ်၏ ဇန္န၀ါရီလ၌ရှိသော
အာယနအံသာများ ဖြစ်၏။
ခုနှစ်
|
အံသာ
|
လိတ္တာ
|
ဝိလိတ္တာ
|
ခုနှစ်
|
အံသာ
|
လိတ္တာ
|
ဝိလိတ္တာ
|
ခုနှစ်
|
အံသာ
|
လိတ္တာ
|
ဝိလိတ္တာ
|
||
၁၉၀၀
|
၂၂
|
၁၉
|
၅၂
|
၁၉၅၄
|
၂၃
|
၈
|
၂၈
|
၂၀၀၈
|
၂၃
|
၅၇
|
၎
|
||
၁၉၀၁
|
၂၂
|
၂၀
|
၄၆
|
၁၉၅၅
|
၂၃
|
၉
|
၂၂
|
၂၀၀၉
|
၂၃
|
၅၇
|
၅၈
|
||
၁၉၀၂
|
၂၂
|
၂၁
|
၄၀
|
၁၉၅၆
|
၂၃
|
၁၀
|
၁၆
|
၂၀၁၀
|
၂၃
|
၅၈
|
၅၂
|
||
၁၉၀၃
|
၂၂
|
၂၂
|
၃၄
|
၁၉၅၇
|
၂၃
|
၁၁
|
၁၀
|
၂၀၁၁
|
၂၃
|
၅၉
|
၄၆
|
||
၁၉၀၄
|
၂၂
|
၂၃
|
၂၈
|
၁၉၅၈
|
၂၃
|
၁၂
|
၎
|
၂၀၁၂
|
၂၄
|
ဝ
|
၄၀
|
||
၁၉၀၅
|
၂၂
|
၂၄
|
၂၂
|
၁၉၅၉
|
၂၃
|
၁၂
|
၅၈
|
၂၀၁၃
|
၂၄
|
၁
|
၃၄
|
||
၁၉၀၆
|
၂၂
|
၂၅
|
၁၆
|
၁၉၆၀
|
၂၃
|
၁၃
|
၅၂
|
၂၀၁၄
|
၂၄
|
၂
|
၂၈
|
||
၁၉၀၇
|
၂၂
|
၂၆
|
၁၀
|
၁၉၆၁
|
၂၃
|
၁၄
|
၄၆
|
၂၀၁၅
|
၂၄
|
၃
|
၂၂
|
||
၁၉၀၈
|
၂၂
|
၂၇
|
၎
|
၁၉၆၂
|
၂၃
|
၁၅
|
၄၀
|
၂၀၁၆
|
၂၄
|
၎
|
၁၆
|
||
၁၉၀၉
|
၂၂
|
၂၇
|
၅၈
|
၁၉၆၃
|
၂၃
|
၁၆
|
၃၄
|
၂၀၁၇
|
၂၄
|
၅
|
၁၀
|
||
၁၉၁၀
|
၂၂
|
၂၈
|
၅၂
|
၁၉၆၄
|
၂၃
|
၁၇
|
၂၈
|
၂၀၁၈
|
၂၄
|
၆
|
၎
|
||
၁၉၁၁
|
၂၂
|
၂၉
|
၄၆
|
၁၉၆၅
|
၂၃
|
၁၈
|
၂၂
|
၂၀၁၉
|
၂၄
|
၆
|
၅၈
|
||
၁၉၁၂
|
၂၂
|
၃၀
|
၄၀
|
၁၉၆၆
|
၂၃
|
၁၉
|
၁၆
|
၂၀၂၀
|
၂၄
|
၇
|
၅၂
|
||
၁၉၁၃
|
၂၂
|
၃၁
|
၃၄
|
၁၉၆၇
|
၂၃
|
၂၀
|
၁၀
|
၂၀၂၁
|
၂၄
|
၈
|
၄၆
|
||
၁၉၁၄
|
၂၂
|
၃၂
|
၂၈
|
၁၉၆၈
|
၂၃
|
၂၁
|
၎
|
၂၀၂၂
|
၂၄
|
၉
|
၄၀
|
||
၁၉၁၅
|
၂၂
|
၃၃
|
၂၂
|
၁၉၆၉
|
၂၃
|
၂၁
|
၅၈
|
၂၀၂၃
|
၂၄
|
၁၀
|
၃၄
|
||
၁၉၁၆
|
၂၂
|
၃၄
|
၁၆
|
၁၉၇၀
|
၂၃
|
၂၂
|
၅၂
|
၂၀၂၄
|
၂၄
|
၁၁
|
၂၈
|
||
၁၉၁၇
|
၂၂
|
၃၅
|
၁၀
|
၁၉၇၁
|
၂၃
|
၂၃
|
၄၆
|
၂၀၂၅
|
၂၄
|
၁၂
|
၂၂
|
||
၁၉၁၈
|
၂၂
|
၃၆
|
၎
|
၁၉၇၂
|
၂၃
|
၂၄
|
၄၀
|
၂၀၂၆
|
၂၄
|
၁၃
|
၁၆
|
||
၁၉၁၉
|
၂၂
|
၃၆
|
၅၈
|
၁၉၇၃
|
၂၃
|
၂၅
|
၃၄
|
၂၀၂၇
|
၂၄
|
၁၄
|
၁၀
|
||
၁၉၂၀
|
၂၂
|
၃၇
|
၅၂
|
၁၉၇၄
|
၂၃
|
၂၆
|
၂၈
|
၂၀၂၈
|
၂၄
|
၁၅
|
၎
|
||
၁၉၂၁
|
၂၂
|
၃၈
|
၄၆
|
၁၉၇၅
|
၂၃
|
၂၇
|
၂၂
|
၂၀၂၉
|
၂၄
|
၁၅
|
၅၈
|
||
၁၉၂၂
|
၂၂
|
၃၉
|
၄၀
|
၁၉၇၆
|
၂၃
|
၂၈
|
၁၆
|
၂၀၃၀
|
၂၄
|
၁၆
|
၅၂
|
||
၁၉၂၃
|
၂၂
|
၄၀
|
၃၄
|
၁၉၇၇
|
၂၃
|
၂၉
|
၁၀
|
၂၀၃၁
|
၂၄
|
၁၇
|
၄၆
|
||
၁၉၂၄
|
၂၂
|
၄၁
|
၂၈
|
၁၉၇၈
|
၂၃
|
၃၀
|
၎
|
၂၀၃၂
|
၂၄
|
၁၈
|
၄၀
|
||
၁၉၂၅
|
၂၂
|
၄၂
|
၂၂
|
၁၉၇၉
|
၂၃
|
၃၀
|
၅၈
|
၂၀၃၃
|
၂၄
|
၁၉
|
၃၄
|
||
၁၉၂၆
|
၂၂
|
၄၃
|
၁၆
|
၁၉၈၀
|
၂၃
|
၃၁
|
၅၂
|
၂၀၃၄
|
၂၄
|
၂၀
|
၂၈
|
||
၁၉၂၇
|
၂၂
|
၄၄
|
၁၀
|
၁၉၈၁
|
၂၃
|
၃၂
|
၄၆
|
၂၀၃၅
|
၂၄
|
၂၁
|
၂၂
|
||
၁၉၂၈
|
၂၂
|
၄၅
|
၎
|
၁၉၈၂
|
၂၃
|
၃၃
|
၄၀
|
၂၀၃၆
|
၂၄
|
၂၂
|
၁၆
|
||
၁၉၂၉
|
၂၂
|
၄၅
|
၅၈
|
၁၉၈၃
|
၂၃
|
၃၄
|
၃၄
|
၂၀၃၇
|
၂၄
|
၂၃
|
၁၀
|
||
၁၉၃၀
|
၂၂
|
၄၆
|
၅၂
|
၁၉၈၄
|
၂၃
|
၃၅
|
၂၈
|
၂၀၃၈
|
၂၄
|
၂၄
|
၎
|
||
၁၉၃၁
|
၂၂
|
၄၇
|
၄၆
|
၁၉၈၅
|
၂၃
|
၃၆
|
၂၂
|
၂၀၃၉
|
၂၄
|
၂၄
|
၅၈
|
||
၁၉၃၂
|
၂၂
|
၄၈
|
၄၀
|
၁၉၈၆
|
၂၃
|
၃၇
|
၁၆
|
၂၀၄၀
|
၂၄
|
၂၅
|
၅၂
|
||
၁၉၃၃
|
၂၂
|
၄၉
|
၃၄
|
၁၉၈၇
|
၂၃
|
၃၈
|
၁၀
|
၂၀၄၁
|
၂၄
|
၂၆
|
၄၆
|
||
၁၉၃၄
|
၂၂
|
၅၀
|
၂၈
|
၁၉၈၈
|
၂၃
|
၃၉
|
၎
|
၂၀၄၂
|
၂၄
|
၂၇
|
၄၀
|
||
၁၉၃၅
|
၂၂
|
၅၁
|
၂၂
|
၁၉၈၉
|
၂၃
|
၃၉
|
၅၈
|
၂၀၄၃
|
၂၄
|
၂၈
|
၃၄
|
||
၁၉၃၆
|
၂၂
|
၅၂
|
၁၆
|
၁၉၉၀
|
၂၃
|
၄၀
|
၅၂
|
၂၀၄၄
|
၂၄
|
၂၉
|
၂၈
|
||
၁၉၃၇
|
၂၂
|
၅၃
|
၁၀
|
၁၉၉၁
|
၂၃
|
၄၁
|
၄၆
|
၂၀၄၅
|
၂၄
|
၃၀
|
၂၂
|
||
၁၉၃၈
|
၂၂
|
၅၄
|
၎
|
၁၉၉၂
|
၂၃
|
၄၂
|
၄၀
|
၂၀၄၆
|
၂၄
|
၃၁
|
၁၆
|
||
၁၉၃၉
|
၂၂
|
၅၄
|
၅၈
|
၁၉၉၃
|
၂၃
|
၄၃
|
၃၄
|
၂၀၄၇
|
၂၄
|
၃၂
|
၁၀
|
||
၁၉၄၀
|
၂၂
|
၅၅
|
၅၂
|
၁၉၉၄
|
၂၃
|
၄၄
|
၂၈
|
၂၀၄၈
|
၂၄
|
၃၃
|
၎
|
||
၁၉၄၁
|
၂၂
|
၅၆
|
၄၆
|
၁၉၉၅
|
၂၃
|
၄၅
|
၂၂
|
၂၀၄၉
|
၂၄
|
၃၃
|
၅၈
|
||
၁၉၄၂
|
၂၂
|
၅၇
|
၄၀
|
၁၉၉၆
|
၂၃
|
၄၆
|
၁၆
|
၂၀၅၀
|
၂၄
|
၃၄
|
၅၂
|
||
၁၉၄၃
|
၂၂
|
၅၈
|
၃၄
|
၁၉၉၇
|
၂၃
|
၄၇
|
၁၀
|
၂၀၅၁
|
၂၄
|
၃၅
|
၄၆
|
||
၁၉၄၄
|
၂၂
|
၅၉
|
၂၈
|
၁၉၉၈
|
၂၃
|
၄၈
|
၎
|
၂၀၅၂
|
၂၄
|
၃၆
|
၄၀
|
||
၁၉၄၅
|
၂၃
|
ဝ
|
၂၂
|
၁၉၉၉
|
၂၃
|
၄၈
|
၅၈
|
၂၀၅၃
|
၂၄
|
၃၇
|
၃၄
|
||
၁၉၄၆
|
၂၃
|
၁
|
၁၆
|
၂၀၀၀
|
၂၃
|
၄၉
|
၅၂
|
၂၀၅၄
|
၂၄
|
၃၈
|
၂၈
|
||
၁၉၄၇
|
၂၃
|
၂
|
၁၀
|
၂၀၀၁
|
၂၃
|
၅၀
|
၄၆
|
၂၀၅၅
|
၂၄
|
၃၉
|
၂၂
|
||
၁၉၄၈
|
၂၃
|
၃
|
၎
|
၂၀၀၂
|
၂၃
|
၅၁
|
၄၀
|
၂၀၅၆
|
၂၄
|
၄၀
|
၁၆
|
||
၁၉၄၉
|
၂၃
|
၃
|
၅၈
|
၂၀၀၃
|
၂၃
|
၅၂
|
၃၄
|
၂၀၅၇
|
၂၄
|
၄၁
|
၁၀
|
||
၁၉၅၀
|
၂၃
|
၎
|
၅၂
|
၂၀၀၄
|
၂၃
|
၅၃
|
၂၈
|
၂၀၅၈
|
၂၄
|
၄၂
|
၎
|
||
၁၉၅၁
|
၂၃
|
၅
|
၄၆
|
၂၀၀၅
|
၂၃
|
၅၄
|
၂၂
|
၂၀၅၉
|
၂၄
|
၄၂
|
၅၈
|
||
၁၉၅၂
|
၂၃
|
၆
|
၄၀
|
၂၀၀၆
|
၂၃
|
၅၅
|
၁၆
|
၂၀၆၀
|
၂၄
|
၄၃
|
၅၂
|
||
၁၉၅၃
|
၂၃
|
၇
|
၃၄
|
၂၀၀၇
|
၂၃
|
၅၆
|
၁၀
|
အထက်ပါဇယားမှာ နှစ်တစ်နှစ်၏အစ
ဇန္န၀ါရီလအတွက်ဖြစ်၏။ ဖေဖော်ဝါရီ၊ မတ် စသောလများအတွက် အာယန အံသာရှာလိုလျှင် အောက်ပါဇယား၌
ဖော်ပြထားသည့်တိုးကိန်းများနှင့် ပေါင်းယူပါ။
လအလိုက်တိုးကိန်း |
|||||||
လ
|
တိုးကိန်း
|
လ
|
တိုးကိန်း
|
လ
|
တိုးကိန်း
|
||
ဖေဖော်ဝါရီ
|
၅
|
ဇွန်
|
၂၃
|
အောက်တိုဘာ
|
၄၁
|
||
မတ်
|
၉
|
ဇူလိုင်
|
၂၇
|
နိုဝင်ဘာ
|
၄၅
|
||
ဧပြီ
|
၁၄
|
သြဂုတ်
|
၃၂
|
ဒီဇင်ဘာ
|
၅၀
|
||
မေ
|
၁၈
|
စက်တင်ဘာ
|
၃၆
|
ကျွန်ုပ်တို့မြန်မာပြက္ခဒိန်၏
နှစ်သစ်အစမှာ နိရာယနပေါ်အခြေခံထားသည်ဖြစ်ရာ နှစ်ဆန်းရက်များမှာ ပုံသေမရှိ။ နှစ်စဉ်ရွေ့နေပါသည်။
ဤကဲ့သို့ရွေ့ခြင်းကြောင့် မြန်မာသက္ကရာဇ်နှစ်ဆန်းသည် နွေရာသီမှ မိုးရာသီသို့ဝင်မည်ဟု
အင်္ဂလိပ် အစိုးရလက်ထက်၌ မြေတိုင်းမင်းကြီး ကလင်စီက ရေးဖူးပါသည်။ ယခု ခရစ်နှစ် ၂၀ ရာစုတွင်
မြန်မာနှစ်ဆန်းရက်သည် ဧပြီလ ၁၆ ရက်နေ့ဖြစ်သော်လည်း ၃၀ ရာစုနှစ်များတွင် မေလ ၂ ရက်၊
၄၀ ရာစုနှစ်များတွင် မေလ ၁၉ ရက်၊ ၅၀ ရာစုနှစ်များတွင် ဇွန်လ ၅ ရက်နေ့များတွင် ကျရောက်မည်
ဖြစ်ပါသည်။ ထိုအခါ နွေရာသီ ပူအိုက်သောလများတွင် ကျင်းပသော သင်္ကြန်ပွဲတော် သည် မိုးတွင်းသို့ကျရောက်သွားမည်ဖြစ်သဖြင့်
ရေပက်ကစားသော အလေ့အထ ကွယ်ပျောက်သွားစရာ ရှိပါသည်။
ထပ်မံရှင်းပြရလျှင်
သာယနနှစ်များသည် နေသွားခြင်းပေါ် အခြေခံတွက်ချက်ထားသည်ဖြစ်ရာ နှစ်စဉ် အပြောင်းအလဲမရှိ။
ပုံသေ (နီးပါး) ဖြစ်ပါသည်။ သို့သော် နိရာယနနှစ်များရရန်သာယနနှစ်များကို အာယနအံသာ ထပ်ပေါင်းထည့်ရသည်ဖြစ်ရာ
အထက်ပါဇယားအရ အာယနအံသာမှာ တဖြည်းဖြည်းများလာသဖြင့် နိရာယနနှစ်နှင့် တွက်ထားသော မြန်မာပြက္ခဒိန်ရက်များမှာလည်း
တစ်ဖြည်းဖြည်း ရွေ့လာရခြင်း ဖြစ်ပါသည်။ ဥပမာ -
သာယန ၁၉၀၀
ပြည့်နှစ် ဧပြီလ ၁၆ ရက် = နိရာယန ၁၉၀၀ ပြည့်နှစ် (၁၆ + ၂၂ =) ဇွန်လ ၈ ရက်
သာယန ၂၀၁၂
ခုနှစ် ဧပြီလ ၁၆ ရက် = နိရာယန ၂၀၁၂ ခုနှစ် (၁၆ + ၂၄) = ဇွန်လ ၁၀ ရက်
အောက်တွင် ၁၈၂၀ မှ ၂၀၁၀ ထိ ပြောင်းလဲလာသော မြန်မာနှစ်ဆန်းရက်များကို
တင်ပြထားပါသည်။
မြန်မာ
|
မြန်မာ
|
|||||||||||
အေဒီခုနှစ်
|
လ
|
ရက်
|
သက္ကရာဇ်
|
လ
|
ရက်
|
အေဒီခုနှစ်
|
လ
|
ရက်
|
သက္ကရာဇ်
|
လ
|
ရက်
|
|
၁၈၂၀
|
ဧပြီ
|
၁၄
|
၁၁၈၂
|
ကဆုန်လဆန်း
|
၃
|
၁၉၂၀
|
ဧပြီ
|
၁၆
|
၁၂၈၂
|
တန်ခူးလဆုတ်
|
၁၄
|
|
၁၈၃၀
|
ဧပြီ
|
၁၄
|
၁၁၉၂
|
တန်ခူးလဆုတ်
|
၇
|
၁၉၃၀
|
ဧပြီ
|
၁၆
|
၁၂၉၂
|
တန်ခူးလဆုတ်
|
၎
|
|
၁၈၄၀
|
ဧပြီ
|
၁၄
|
၁၂၀၂
|
တန်ခူးလဆန်း
|
၁၃
|
၁၉၄၀
|
ဧပြီ
|
၁၆
|
၁၃၀၂
|
တန်ခူးလဆန်း
|
၁၀
|
|
၁၈၅၀
|
ဧပြီ
|
၁၅
|
၁၂၁၂
|
ကဆုန်လဆန်း
|
၅
|
၁၉၅၀
|
ဧပြီ
|
၁၇
|
၁၃၁၂
|
ကဆုန်လဆန်း
|
၂
|
|
၁၈၆၀
|
ဧပြီ
|
၁၄
|
၁၂၂၂
|
တန်ခူးလဆုတ်
|
၉
|
၁၉၆၀
|
ဧပြီ
|
၁၆
|
၁၃၂၂
|
တန်ခူးလဆုတ်
|
၆
|
|
၁၈၇၀
|
ဧပြီ
|
၁၅
|
၁၂၃၂
|
တန်ခူးလဆန်း
|
၁၅
|
၁၉၇၀
|
ဧပြီ
|
၁၇
|
၁၃၃၂
|
တန်ခူးလဆန်း
|
၁၁
|
|
၁၈၈၀
|
ဧပြီ
|
၁၄
|
၁၂၄၂
|
ကဆုန်လဆန်း
|
၇
|
၁၉၈၀
|
ဧပြီ
|
၁၆
|
၁၃၄၂
|
ကဆုန်လဆန်း
|
၃
|
|
၁၈၉၀
|
ဧပြီ
|
၁၅
|
၁၂၅၂
|
တန်ခူးလဆုတ်
|
၁၂
|
၁၉၉၀
|
ဧပြီ
|
၁၇
|
၁၃၅၂
|
တန်ခူးလဆုတ်
|
၈
|
|
၁၉၀၀
|
ဧပြီ
|
၁၆
|
၁၂၆၂
|
တန်ခူးလဆုတ်
|
၃
|
၂၀၀၀
|
ဧပြီ
|
၁၆
|
၁၃၆၂
|
တန်ခူးလဆန်း
|
၁၃
|
|
၁၉၁၀
|
ဧပြီ
|
၁၆
|
၁၂၇၂
|
ကဆုန်လဆန်း
|
၉
|
၂၀၁၀
|
ဧပြီ
|
၁၇
|
၁၃၇၂
|
ကဆုန်လဆန်း
|
၅
|
၁၊ ၈။ နေ့၊ ည နှင့် နေ့တာ၊ ညတာ
ကမ္ဘာလုံးကြီးသည် မိမိဝင်ရိုးပေါ်တွင်
လည်ပတ်လျှက်ရှိရာ ဤကဲ့သို့ တစ်ပတ်လည်ရန် ၂၄ နာရီကြာသည်။ ဤသည်ကို တစ်ရက် ဟု ခေါ်သည်။
ယခုခေတ် သတ်မှတ်ထားသော တစ်ရက်မှာ သန်းခေါင်မှ သန်းခေါင် ဖြစ်သည်။ ယခင်မြန်မာမင်းများလက်ထက်ကမူ
တစ်နေ့နှင့်တစ်ညကို တစ်ရက်ဟု သတ်မှတ်သည်။ ထို မြန်မာနာရီများအကြောင်း နောက်ပိုင်းတွင်
တစ်ခန်းသီးသန့်ရေးပါမည်။
အထက်တွင် နေသည် အီကွေတာမျဉ်းပေါ်သို့
တစ်နှစ်လျှင် နှစ်ကြိမ် (မိဿမဇ္စျေ နှင့် တူမဇ္စျေ) ဖြတ်ကြောင်း ဖော်ပြခဲ့ ပြီး ဖြစ်ပါသည်။
ထိုအချိန်များတွင် နေ့တာ နှင့် ညတာ အချိန်တူသည်။ မိဿမဇ္စျေမှာ မြန်မာလနှင့်ဆိုလျှင်
တန်ခူးလ ဖြစ်၏။ တူမဇ္စျေမှာ မြန်မာလိုဆိုလျှင် သီတင်းကျွတ်လ ဖြစ်သည်။ ထို့ကြောင့် တန်ခူးနှင့်
သီတင်းကျွတ်လတို့တွင် နေ့တာ၊ ညတာ တူသည်။
မြန်မာနိုင်ငံသည် အရှေ့လောင်ဂျီကျူ
၉၂ ဒီဂရီ ၁၀ မိနစ်မှ ၁၀၁ ဒီဂရီ ၁၁ မိနစ်။ မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ
၃၁ မိနစ်ထိ တွင်တည်ရှိရာ ကမ္ဘာမြောက်ခြမ်းတွင်ရှိပါသည်။ သို့အတွက် နေမင်းသည် မြောက်ဘက်ခြမ်း၌
ဥတ္တရဒိဂ် သွားစဉ် မြန်မာနိုင်ငံ၌ နွေရာသီဖြစ်ကာ နေ့တာရှည်ပြီး တောင်ဘက်ခြမ်း၌ ဒက္ခိဏဒိဂ်
သွားစဉ် မြန်မာပြည်၌ ဆောင်းရာသီ ဖြစ်ကာ နေ့တာတိုပါသည်။
ဤနေရာတွင်
ကျွန်တော်ရရှိထားသော အချက်အလက်များမှ မြန်မာပြည်တောင်ဘက်ပိုင်း ထားဝယ်မြို့၊ မြန်မာပြည်
အလယ်ပိုင်းမန္တလေးမြို့ နှင့် မြန်မာပြည်မြောက်ဘက်ပိုင်း မြစ်ကြီးနားမြို့ တို့၏ နေ့တာများကို
နှိုင်းယှဉ်ပြထားပါသည်။
ဤဂရပ်များကိုကြည့်ခြင်းဖြင့် အီကွေတာနှင့်နီးလေ
နေ့တာ၊ ညတာ ကွာဟချက်နည်းလေ၊ အီကွေတာနှင့်ဝေးလေ နေ့တာ၊ ညတာ ကွာဟချက် များလေဖြစ်ကြောင်း
တွေ့နိုင်ပါသည်။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းများတွင် နေထွက်ချိန် နေ၀င်ချိန်ဟု
မရှိပါ။ နေသည် တောင်ဘက်ခြမ်းရောက်နေလျှင် တောင်ဝင်ရိုးစွန်း၌ ၂၄ နာရီ နေကိုမြင်နေရပြီး
မြောက် ၀င်ရိုးစွန်း၌ ၂၄ နာရီ ည ဖြစ်နေပါသည်။ ထို့အတူ နေသည် မြောက်ဘက်ခြမ်းရောက်နေလျှင်
မြောက်ဝင်ရိုးစွန်း၌ ၂၄ နာရီ နေ့ဖြစ်နေပြီး တောင်ဝင်ရိုးစွန်း၌ ၂၄ နာရီ ည ဖြစ်နေပါသည်။
၁၊ ၉။ လ၏ ဆန်းခြင်း၊ ဆုတ်ခြင်း သဘာဝ နှင့် လပြည့်၊ လကွယ်ရက်များ
အင်္ဂလိပ်ပြက္ခဒိန်သည်
နေသွားနှုံးပေါ်မူတည် စီရင်ထားသည်ဖြစ်ရာ လ အကြောင်းထည့်သွင်းစဉ်းစားစရာမလို။ သို့သော်
မြန်မာပြက္ခဒိန်သည် လသွားခြင်းအပေါ်အခြေခံကာ စီရင်ထားသဖြင့် လ သွားနှုံး၊ လ၏ ဆန်းခြင်း၊
ဆုတ်ခြင်း၊ လပြည့်၊ လကွယ်ရက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုပါသည်။ ထို့ကြောင့် မြန်မာပြက္ခဒိန်အကြောင်း
သေသေချာချာ နားလည်နိုင်ရန် ဤနေရာတွင် လ၏ဆန်းခြင်း၊ ဆုတ်ခြင်းသဘာဝကိုပါ ထည့်သွင်းဖော်ပြပါမည်။
ကောင်းကင်မှ
လ (စန္ဒြ) သည် ကမ္ဘာကို ပတ်နေသည်ဖြစ်ရာ ကမ္ဘာကို တစ်ပတ်ပတ်မိရန် ၂၇.၃၂၁၅၈၂ (၂၇ ရက်၊ ၇
နာရီ၊ ၄၃.၁ မိနစ်) ကြာသည်။ သို့သော် လသည်ကမ္ဘာကိုပတ်နေသည့်အချိန်၌ ကမ္ဘာသည်လည်း နေကိုပတ်နေသည်ဖြစ်ရာ
ကမ္ဘာမှကြည့်လျှင် လသည် ကမ္ဘာကို တစ်ပတ်ပတ်မိရန် တစ်နည်းအားဖြင့် တစ်လပြည့်ရန် ၂၉.၅၃၀၅၈၉
ရက် (၂၉ ရက်၊ ၁၂ နာရီ၊ ၄၄ မိနစ် နှင့် ၂.၉ စက္ကန့်) ကြာလေသည်။ သို့သော်လည်း လူတို့အခေါ်အားဖြင့်
၂၉ ရက်ခွဲကို တစ်လဟုယူရန် လက်တွေ့မဖြစ်နိုင်သဖြင့် တစ်လကို ၂၉ ရက်တစ်လှည့် ၃၀ ရက်တစ်လှည့်
သတ်မှတ်ပါသည်။ ဤလများကို ဝေါဟာရလများ ဟု ခေါ်၏။
လသည် ဤကဲ့သို့
ကမ္ဘာကို ပတ်နေစဉ် နေနှင့်ကမ္ဘာအကြား ရောက်သွားပါက လကွယ် ဖြစ်သွားပြီး လကို မမြင်ရတော့ပါ။
လသည် နေနှင့်ကမ္ဘာ၏ ဆန့်ကျင်ဘက်သို့ ရောက်သွားပါက လကိုအပြည့်မြင်ရပြီး ထိုအချိန်မှာ
လပြည့်အခါကာလ ဖြစ်သည်။
လကွယ်သွားပြီးလျှင်
တဖြည်းဖြည်း လကိုပြန်မြင်လာရသည်။ တစ်ရက်လျှင် လ တစ်စိတ်တိုးသွားခြင်းကို ၁ တိထီ ဟု
ခေါ်သည်။ တစ်နည်းအားဖြင့် တစ်ရက်လျှင် တိထီတစ်လုံး တိုးသည်။ လကွေးကွေးကလေးကို စတင်မြင်ရချိန်မှ
နောက်ဆုံး လ၀န်းကြီးကို အပြည့်မြင်ရချိန်ထိ ၁၅ ရက် ကြာသည်။ ထိုရက်များမှာ လဆန်းရက်များ
ဖြစ်၏။ တိထီ ၁၅ လုံးတွင် လ လုံးဝ ပြည့်သည်။ ထို့နောက် ပြည့်ဝန်းနေသော လကြီးမှာ တဖြည်းဖြည်း
ပြန်ဆုတ်သွားသည်။ နောက်ဆုံး လုံးဝပျောက်ကွယ် သွားသည်။ ဤကဲ့သို့ လပြည့်မှ တဖြည်းဖြည်းပြန်ဆုတ်ကာ
လုံးဝကွယ်သွားသည်ထိလည်း ၁၅ ရက်ခန့်ပင် ကြာပါသည်။ ထိုရက်များမှာ လဆုတ်ရက်များ ဖြစ်၏။
နောက်ဆုံး လ လုံးဝ ကွယ်သွားချိန်ကို ပြက္ခဒိန်ရက်များတွင် လကွယ် ဟု သတ်မှတ်ခေါ်ဝေါ်သည်။
လမင်းကြီး
တဖြည်းဖြည်း ဆန်းလာပုံ၊ ပြည့်ဝန်းလာပုံ၊ ပြန်လည်ဆုတ်သွားပုံ၊ လုံးဝကွယ်သွားပုံတို့ကို
အောက်တွင် ဖော်ပြထားပါသည်။
မြန်မာတို့မှာ ဗုဒ္ဓဘာသာဝင်များ
ဖြစ်သည့်အလျောက် လဆန်း ၈ ရက်၊ လပြည့်၊ လဆုတ် ၈ ရက်၊ လကွယ်နေ့များ တွင် ဥပုသ်သီလ ဆောက်တည်ကြသည်။
အထူးသဖြင့်ကား ကဆုန်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာ ဗျာဒိတ်ခံယူတော်မူသောနေ့၊ ဖွားမြင်သောနေ့၊
ဗောဓိပင်နှင့် ရွှေပလ္လင် ကိုအောင်မြင်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ ဖြစ်ပေရာ
ဗုဒ္ဓဘာသာဝင်တို့အဖို့ အလွန်အရေးကြီးသော နေ့တစ်နေ့ ဖြစ်ပေသည်။ ထိုမျှသာမက ၀ါဆိုလပြည့်၊
သီတင်းကျွတ်လပြည့်၊ တပေါင်းလပြည့် စသောနေ့များမှာလည်း အရေးကြီးသော နေ့များဖြစ်၏။
ထို့အတွက်
ထိုနေ့များသည် မြတ်စွာဘုရား ပွင့်တော်မူစဉ်ကာလမှ နှစ်ပတ်လည် ကဆုန်လပြည့်၊ ၀ါဆိုလပြည့်၊
တပေါင်းလပြည့် အစစ်အမှန်များဖြစ်ရန် လိုပါသည်။ သို့သော် ယခုတိုင် မြန်မာပြည်မှ ကဆုန်လပြည့်နေ့များသည်
နိုင်ငံတကာ မှ ကဆုန်လပြည့်နေ့များနှင့် တစ်လကွာ သို့မဟုတ် တစ်ရက်ကွာ ပြဿနာ ရှိနေပါသေးသည်။
ထိုမျှသာမက
ပြက္ခဒိန်ထဲတွင် ဖော်ပြထားသော လပြည့်နေ့သည် အမှန်တကယ် ကောင်းကင်မှလမင်းကြီး ပြည့်ဝနေ
သော နေ့ဖြစ်ရန် လိုပါသည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့သည် လပြည့်၊ လကွယ်နေ့များတွင် ဥပုသ်စောင့်ရမည့်အစား
လပြည့်၊ လကွယ်မဟုတ်သောနေ့များတွင် ဥပုသ်စောင့်မိနေမည် ဖြစ်ပါသည်။ ဤအကြောင်းကို ပြက္ခဒိန်တွက်နည်းအကြောင်း
အခန်းတွင် အပြည့်အစုံရေးသားဖော်ပြပါမည်။
1 comment:
လာရောက် ဖတ်ရှုလေ့လာသွားပါတယ် အစ်ကို. . .လေ့လာထားတဲ့ ပညာရပ်တွေကို ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကို . .
အမြဲလာရောက်အားပေးလျှက်
မောင်အောင်ဟိန်းအေး
Post a Comment