မူလတန်း ပညာရေး၏ အဓိက ရည်ရွယ်ချက် မှာ အင်္ဂလိပ်စာ၊ မိခင် ဘာသာရပ်နှင့် သင်္ချာ ဘာသာရပ် တို့ကို အခြေခံ ကျကျ ဆုပ်ကိုင် ရမိ သွားရန် ဖြစ်ပါ၏။
မူလတန်း ပညာမှာ လူတိုင်း မသင်မနေရ ပညာရေး ဖြစ်ပါ၏။ အခမဲ့ ပညာရေး စနစ်ဖြစ်ပြီး အထွေထွေ ကြေး ၅ ကျပ်ခွဲသာ ကောက်ပါသည်။ ကျောင်းများပေါ် မူတည်၍ ထပ်ဆောင်း အထွေထွေ ကြေး ၅ ကျပ်ခွဲ ထပ်မံ ကောက်ခံနိုင် ပါသည်။
 စင်ကာပူ၌ လူဦးရေ အားဖြင့် တရုတ်မှာ ရာခိုင်နှုံးပိုများလေရာ များသောအားဖြင့် ကျွန်တော်တို့ မြန်မာ များသည် မိမိတို့ သားသမီးများကို Mother Tongue အနေနှင့် တရုတ် ဘာသာကိုသာ ယူခိုင်းကြတာ များပါ သည်။ အလုပ်အကိုင် ရှာဖွေရေး ၌ အဆင်ပြေ စေရန် ဖြစ်ပါ၏။ Primary 3 ပြီး၍ မြန်မာ ကလေးများ သူတို့ မိခင် ဘာသာရပ်ကို လိုက်ရန် အခက် အခဲရှိပါက နိုင်ငံခြားသား ကလေးများ အနေနှင့် ထို ဘာသာရပ် ကို ကင်းလွတ် ခွင့် (Exemption) လျှောက်ထား၍ ရပါသည်။
 စင်ကာပူ၌ လူဦးရေ အားဖြင့် တရုတ်မှာ ရာခိုင်နှုံးပိုများလေရာ များသောအားဖြင့် ကျွန်တော်တို့ မြန်မာ များသည် မိမိတို့ သားသမီးများကို Mother Tongue အနေနှင့် တရုတ် ဘာသာကိုသာ ယူခိုင်းကြတာ များပါ သည်။ အလုပ်အကိုင် ရှာဖွေရေး ၌ အဆင်ပြေ စေရန် ဖြစ်ပါ၏။ Primary 3 ပြီး၍ မြန်မာ ကလေးများ သူတို့ မိခင် ဘာသာရပ်ကို လိုက်ရန် အခက် အခဲရှိပါက နိုင်ငံခြားသား ကလေးများ အနေနှင့် ထို ဘာသာရပ် ကို ကင်းလွတ် ခွင့် (Exemption) လျှောက်ထား၍ ရပါသည်။မူလတန်း နောက်ဆုံးအတန်း Primary 6 သို့ရောက်လျှင် PSLE (Primary School Leaving Examination) ဟု ခေါ်သော စင်ကာပူ တစ်နိုင်ငံလုံးမှ ကျောင်းအားလုံးကို မေးခွန်း တစ်ခုထဲ နှင့် စစ်သည့် (မြန်မာပြည်မှ ဆယ်တန်း စာမေးပွဲ မေးခွန်း ကဲ့သို့) စာမေးပွဲကို ဖြေဆိုရ ပါသည်။ ထိုစာမေးပွဲမှ ရမှတ်များကို ကြည့်ပြီး မိမိ ကြိုက်နှစ်သက်သည့် Secondary School ကျောင်း ၆ ကျောင်းကို လျှောက်ခွင့် ရှိပါသည်။ မိမိ မည်သည့်ကျောင်း ၀င်ခွင့်ရသည်ကို ဒီဇင်ဘာ ၂၅ ရက်မတိုင် မီ ကြေငြာ ပေးပါသည်။
ရည်ညွှန်း။ ။ http://www.moe.gov.sg/education/primary/
 
 
No comments:
Post a Comment