စင်ကာပူနိုင်ငံ၏ အမည် အတိအကျမှာ Republic of Singapore ဖြစ်ပါသည်။ အကျယ်အ၀န်း ၂၅၂ စတုရန်း မိုင် (၆၄၆ စတုရန်း ကီလိုမီတာ - အချို့နေရာ များတွင် ၆၉၉.၁ စတုရန်း ကီလိုမီတာ ဟု ဖော်ပြထား ပါသည်) ရှိ၏။ (ရန်ကုန်မြို့မှာ စတုရန်း ကီလိုမီတာ ၄၀၀ ကျော် ကျယ်ကာ လူဦးရေ ငါးသန်းကျော် နေထိုင်ပါသည်။) စင်ကာပူ နိုင်ငံ၏ အဓိပ္ပါယ်မှာ “ခြင်္သေ့မြို့တော်” "Singa Pura" ("Lion City") ဖြစ်ပါ၏။ စင်ကာပူနိုင်ငံတွင် ကျွန်းမကြီး တစ်ကျွန်းနှင့် ခြွေရံသင်းပင်း ကျွန်းကလေး ပေါင်း စုစုပေါင်း ၆၄ ကျွန်း ရှိပါသည်။ သို့သော်လည်း ယခု အခါ နီးစပ်ရာ ကျွန်းကလေး များကို စုပြီး ကျွန်းကြီးတစ်ကျွန်း စသဖြင့် လုပ်လိုက်သဖြင့် ကျွန်း အရေအတွက် ၆၀ ထက် လျော့နည်း သွားပေလိမ့်မည်။ ဥပမာ Jurong Island ဆိုလျှင် ကျွန်းငယ် ၇ ကျွန်း (Pulau Ayer Chawan, Pulau Ayer Merbau, Pulau Merlimau, Pulau Pesek, Pulau Pesek Kecil, Pulau Sakra, Pulau Seraya) ကို စုပေါင်းကာ ကျွန်းကြီး တစ်ကျွန်း လုပ်ထားခြင်း ဖြစ်ပါ၏။ ပင်လယ်ကို သဲဖို့ကာ လူလုပ်ကျွန်း ဖန်တီးထားခြင်း ဖြစ်ပါသည်။
ကျွန်းမကြီး၏ အကျယ်မှာ အရှေ့အနောက် ၂၆ မိုင် (၄၂ကီလိုမီတာ) နှင့် တောင်မြောက် ၁၄ မိုင်(၂၃ ကီလို မီတာ) ကျယ်ပါသည်။ ပင်လယ်ရေပြင် အထက် ၉၅ပေ (၂၉ မီတာ) တွင် တည်ရှိပြီး အမြင့်ဆုံးတောင် (Bukit Timah Hill) မှ ပေ ၅၄၀ (၁၆၆ မီတာ) သာ မြင့်ပါသည်။ စင်ကာပူနိုင်ငံသည် အရှေ့တောင် အာရှ၏ တောင်ဘက်ကျကျ တွင် တည်ရှိပါ၏။ တည်နေရာ အတိအကျကို ပြောရပါမူ အီကွေတာ မျဉ်း၏ မြောက်ဘက် ၁၃၆.၈ ကီလိုမီတာ အကွာ၊ အရှေ့ လောင်ဂျီကျူ ၁၀၃ ဒီဂရီ ၃၆ မိနစ် နှင့် ၁၀၄ ဒီဂရီ ၂၅ မိနစ် အကြား။ မြောက် လတ္တီတွဒ် ၁ ဒီဂရီ ၉ မိနစ် နှင့် ၁ ဒီဂရီ ၂၉ မိနစ် အကြား တွင် တည်ရှိသည်။ ကုန်းမြေအကျယ် စုစုပေါင်း မှာ ၇၀၇.၁ စတုရန်း ကီလိုမီတာ ဖြစ်ပြီး ကျွန်းမကြီး၏ အကျယ် အ၀န်းမှာ ၆၁၇.၁ စတုရန်း ကီလိုမီတာ ဖြစ်ပြီး ကျန်ဧရိယာမှာ ကျွန်းငယ် ၆၃ ကွန်း၏ အကျယ်အ၀န်း ဖြစ်ပါသည်။ အကျယ်ဆုံး ကျွန်းသုံးခု မှာ Pulau Tekong (၂၃၆၅.၅ ဟက်တာ)၊ Pulau Ubin (၁၀၂၃.၉ ဟက်တာ)၊ Sentosa (၄၆၀ ဟက်တာ) တို့ ဖြစ်ပါ၏။ ကမ်းရိုးတန်း အရှည် ၁၉၃ ကီလိုမီတာ ဖြစ်ပါ၏။
၎၊ ၃။ ရာသီဥတု
စင်ကာပူတွင် အားနည်းသော မုတ်သုန်ရာသီ ရှိပါ၏။ ဆိုလိုသည်မှာ မုတ်သုန်အစစ်မဟုတ်။ စင်ကာပူသည် အီကွေတာမျဉ်း အပေါ် တည့်တည့်နီးပါး တွင်တည်ရှိ သည့်အတွက် စင်ကာပူတွင် နွေမရှိ၊ မိုးမရှိ၊ ဆောင်းမရှိ။ တစ်နှစ် ပတ်လုံး နေပူလိုက်၊ မိုးရွာလိုက်၊ မိုးကြိုးများပစ်လိုက် ရှိသည်။ စင်ကာပူမှ အဆောက်အဦ အားလုံးတွင် ဘတ်စ်ကား မှတ်တိုင်များ၊ လူသွား စင်္ကြံန်များပါ မကျန် မိုးကြိုးလွဲများ တပ်ဆင်ထားသည်။ ကမ္ဘာ့မိုးကြိုး အပစ်ဆုံး နိုင်ငံများထဲတွင် စင်ကာပူ သည်လည်း တစ်နိုင်ငံ အပါအ၀င် ဖြစ်သည်။ ယခင်က မိုးဖွဲဖွဲ တွင် စစ်သားများ စစ်ချီစစ်တက် လေ့ကျင့်ခန်း လုပ်ကြရ သော်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်က မိုးရွာထဲတွင် စစ်ချီတက် လေ့ကျင့်ခန်း လုပ်နေစဉ် စစ်သား တစ်ယောက် မိုးကြိုးပစ် ခံခဲ့ရသဖြင့် ယခုအခါ မိုးရွာထဲတွင် စစ်လေ့ကျင့်ခန်း လုပ်ခြင်းကို ခွင့်မပြုတော့ပါ။ ကျွန်တော်တို့ ယခု အလုပ်လုပ်နေသည့် Pulau Ular ကျွန်းမှ ECC Project တွင်လည်း Cisco ရဲများ စောင့်ကြပ် နေပါသည်။ မိုးခြိမ်းသံများ ကြားလျှင် ထို ရဲများက မိုးကြိုးတိုင်းသည့် ကိရိယာဖြင့် မိုးကြိုးပစ် နိုင်ချေကို တိုင်းပါသည်။ မိုးကြိုး အန္တရာယ် ရှိလျှင် မည်သူမှ အလုပ်မလုပ်ကြရ၊ အပြင်မထွက် ကြရတော့ပဲ မိုးကြိုးလွှဲများ တပ်ဆင်ထားသည့် အဆောက်အဦ ထဲ၌ နေကြရသည်။ ဤသည်ကို ကျွန်တော်တို့ ပရောဂျက်တွင် Cat1 Condition ဟုခေါ်ပါ၏။
အမြဲမိုးရွာ နေတတ်သည့်အတွက် စင်ကာပူတွင် နေသူများ ထီးကို အမြဲ ဆောင်ထား သင့်ပေသည်။ သို့သော် ရုံးပြင်ကနား၊ ဈေးများ၊ ဘတ်စ်ကား မှတ်တိုင်များ၊ ဘူတာများ နှင့် လူနေအိမ်ခြေ တိုက်တာများ သို့ ကူးသော လူသွား လမ်းများ ကို အမိုးမိုး ပေးထားရကား လူ တော်တော်များများ မှာ ထီး ယူသော အလေ့အကျင့် မရှိပါ။ မိုးရွာလာလျှင် လည်း အမိုးမရှိသော လမ်းများဖြစ်ပါက မိုးစဲအောင် ခဏ စောင့်ပြီးမှ သွားလေ့ ရှိကြ၏။ သို့မဟုတ်လည်း ထီးများမှာ ဈေးပေါသဖြင့် (ဈေးအသက်သာဆုံး ထီးမှာ ၂ ကျပ်ခွဲမှ ၃ ကျပ် လောက်သာ ရှိပါသည်။ တစ်ခါသုံးပေါ့။) လမ်းဘေးဆိုင် လေးများတွင် အလွယ်တကူ ၀ယ်ဆောင်းသွားကာ ခရီးဆုံးတွင် ဘတ်စ်ကား မှတ်တိုင်၊ သို့မဟုတ် အမှိုက်ပုံး စသည့် အနီးအနား များတွင် ပစ်ခဲ့ပါသည်။ နောက်လူများ ယူငင် ဆောင်းသွားလို့ ရပါ၏။
တခါတရံတွင် မိုးဖွဲကလေးများ ရွာတတ်ပြီး တခါတရံတွင်လည်း ရေကာတာ ချိုးချလိုက်သကဲ့သို့ ရွာတတ်ပါ၏။ တစ်နေ့လုံး နေပူတတ်သော နေ့များ ရှိသကဲ့သို့ တစ်နေ့လုံး မိုးအုံ့နေတတ်သော နေ့များလည်း မရှားပါပေ။ မိုးရေချိန် လက်မ ၂၈၈၆ မီလီမီတာ (၁၁၄ လက်မ) ဖြစ်ပြီး နိုဝင်ဘာမှ ဇန္န၀ါရီလများ အတွင်း မိုးရေချိန် လက်မ ပိုများ တတ်ပါသည်။
ညပိုင်းတွင် အအေးဆုံး အချိန်များ၌ အပူချိန် ၂၃ ဒီဂရီ စင်တီဂရိတ် ထိ ရှိပြီး နေ့ပိုင်း အပူဆုံး အချိန်များတွင် ၃၃ ဒီဂရီ စင်တီဂရိတ် ထိ ရှိပါသည်။ လေထု စိုထိုင်းဆမှာ အမြင့်ဆုံး အချိန် (နေမထွက်မီ မိုးသောက်ပိုင်း) ၉၀ ရာနှုံး ကျော် ရှိပြီး အခြောက်သွေ့ဆုံး ဖြစ်သော နေ့လည် နေ့ခင်းပိုင်းများတွင် ၆၀ မှ ၇၀ ရာနှုံးထိ ရှိပါသည်။ သို့အတွက် မြန်မာပြည် ဆောင်းများကဲ့သို့ အသားပတ်ခြင်း မရှိပါ။ အချို့ညများတွင် အလွန်ပူတတ်ပါသည်။ သို့သော် အထပ်မြင့်များတွင် နေသူများ၊ အဲယားကွန်း တပ်ထားသူ များအတွက် မပူရပါ။ သို့အတွက် အိမ်ခန်းငှားလျှင်၊ အထူးသဖြင့် အိမ်ဝယ်လျှင် မည်သည့် အထပ်တွင် ရှိသနည်း။ အိမ်ခန်း မည်သည့်ဘက် လှည့်သနည်း။ ပြတင်းပေါက်များကို အဆောက်အဦ မြင့်မြင့်မားမား ကြီးများ ကွယ်နေသလား စသဖြင့် အိမ်ခန်း ပတ်ဝန်းကျင်ကို လေ့လာရန် အရေးကြီးပါသည်။ မအေးသည့်အတွက် အနွေးထည်များလည်း မလိုပါ။
စင်ကာပူတွင် ခြင်လည်း မရှိပါ။ တစ်ပတ်တစ်ခါ ရေမြောင်းများ အတွင်း ခြင်သတ်ဆေး များ ဖြန်းခြင်း၊ သစ်ပင် ခြုံနွယ် ပိတ်ပေါင်းများ အတွင်း မီးခိုးမှိုင်း တိုက်ကာ ခြင်းများအား နှိမ်နှင်းခြင်း ပြုလုပ်ပါသည်။ အချို့ အလွန်ညစ်ပတ်သော နေရာများမှ လွဲ၍ ယင်လည်း မရှိပါ။ သို့သော် ပိုးဟပ်များတော့ ရှိပါသည်။ စင်ကာပူမှ အထပ်မြင့် တိုက်များတွင် အခန်း တစ်ခုနှင့် တစ်ခုအကြား အမှိုက်ပစ်ရန် ဒေါင်လိုက်မြောင်း များရှိပါသည်။ ထို မြောင်းကြီးများ အောက်ဆုံးတွင် ပစ်လိုက်သော အမှိုက်များကို လက်ခံရန် အမှိုက်ပုံးကြီး များလည်း ထားပါ၏။ ထိုအမှိုက်ပုံး ကြီးများကို မနက်တိုင်း လာရောက် သုတ်သင် ရှင်းလင်းပါသည်။ သို့အတွက် တစ်နေ့လုံး ပစ်ထားသော အမှိုက်များနှင့် ပြည့်နေသည့် ထိုအမှိုက်ပုံး ကြီးများ အတွင်း ကြွက်များ၊ ပိုးဟပ်များ၊ ပုရွက်ဆိတ်များ ရှိပါသည်။ ပုရွက်ဆိတ်များ၊ ပိုးဟပ်များသည် အမှိုက်ပုံး မှနေ၍ အမှိုက်ပစ် သည့်မြောင်းမှ တဆင့် အိမ်ခန်းများ အတွင်း ၀င်ရောက်လာ တတ်ပါသည်။
ရာသီဥတုမှာလည်း ပူလိုက် အေးလိုက် နှင့် စွတ်စိုထိုင်းမှိုင်းသော ရာသီဥတု ဖြစ်ပေရာ အင်းဆက်ပိုးများ အကြိုက် ဖြစ်ပေတော့သည်။ သို့သော် စင်ကာပူမှာ သန့်ရှင်းရေးကို နိုင်နိုင်နင်းနင်း လုပ်နိုင်သောကြောင့် ထို့အပြင်လည်း စားသောက်ဆိုင်များ၊ နေအိမ်တိုက်တာများ သန့်ရှင်းရေးကို ဥပဒေပြဌာန်းပြီး ထိန်းထားသည် ဖြစ်ရာ ပိုးကောင်၊ မွှားကောင်များ မရှိသလောက် နည်းပါသည်။ သို့သော် ခြွင်းချက် အနေနှင့် ပြောရပါမူ အလုပ်သမားများ နေသော dormitory များတွင်မူ နေရာကျဉ်းကျဉ်း၌ လူအများ စုပြုံနေကြပြီး သန့်ရှင်းမှု ကလည်း နည်းသောကြောင့် ကြမ်းပိုးများ၊ ပိုးဟပ်များ၊ ပုရွက်ဆိတ်များ၊ ယင်များ၊ ကြွက်များ ပေါများပါသည်။
၎၊ ၄။ အ၀တ်အစား
ရာသီဥတုမှာ သိပ်လည်းမပူ၊ သိပ်လည်းမအေး သဖြင့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အများစုမှာ ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်ကြပါသည်။ စင်ကာပူ တွင် အ၀တ်အထည် လှလှ၊ ဒီဇိုင်း ဆန်းဆန်းများကို ဈေးသက်သက် သာသာ နှင့် warehouse sale ဟု တစ်မျိုး၊ promotion sale, year-end sale ဟုတဖုံ၊ clearance sale ဟု တစ်နည်း ရောင်းချ တတ်လေ့ ရှိကြပါသည်။ သူတို့က အ၀တ်အထည် လှလှကလေးများကို ၀ယ်ဝတ်လိုက်၊ နည်းနည်းဟောင်း သွားလျှင် ပစ်လိုက် လုပ်တတ်ကြရာ သူတို့ကို ကြည့်လိုက်လျှင် အမြဲ သစ်လွင် တောက်ပြောင် နေတတ်ပါသည်။ သို့အတွက် သူတို့ ကြားထဲ သွားလာနေသော မိမိသည်လည်း အမြဲအသစ် မလဲနိုင်တောင် ရှိတာလေး ကို သပ်သပ် ယပ်ယပ် ၀တ်ဆင် သွားလာဘို့တော့ လိုပါသည်။
မလေးရိုးရာ ၀တ်စားဆင်ယင်ပုံ
တရုတ် ရိုးရာ ၀တ်စားဆင်ယင်ပုံ
အိန္ဒိယ အမျိုးသား ရိုးရာဝတ်စုံ
စင်ကာပူတွင် အ၀တ်အထည်များမှာ (မိမိဝင်ငွေနှင့် နှိုင်းစာလျှင်) ဈေးချိုသည်ဟု ပြော၍ ရနိုင်မည် ထင်ပါ သည်။ သိပ်မညံ့သော ထသွားထလာ ၀တ်လို့ရသည့် တီရှပ်၊ အင်္ကျီများကို ၁၀ လောက်နှင့် ရနိုင်ပါသည်။ (discount) ဈေးချ ထားပါက ခပ်ကောင်းကောင်း အင်္ကျီ၊ ဘောင်းဘီများ ကိုပင် ၁၅ ကျပ်၊ ၂၀ လောက်နှင့် ရနိုင်ပါသည်။ ပေါ၊ ချောင်၊ ကောင်း လိုချင်သူများ သတင်းစာကို တစေ့တစောင်း အကဲခတ်ကြည့်ပါ။ အထက်ဖော်ပြပါ warehouse sale၊ promotion sale, year-end sale၊ clearance sale များကို တစ်နေရာမဟုတ် တစ်နေရာတွင် အမြဲတွေ့ရမည် ဖြစ်ပါ၏။
ယခုအခါ ကျွန်တော်တို့ မြန်မာများလည်း စင်ကာပူတွင် အတော်အတန် များပြားလာပြီဖြစ်ရာ မိမိရိုးရာ ၀တ်စုံ နှင့် မြန်မာ အမျိုးသားကြီး၊ အမျိုးသမီး ကြီးများ ကိုလည်း ဟိုနေရာ၊ သည်နေရာ ကြိုကြား ကြိုကြား တွေ့နိုင်ပါသည်။
စင်ကာပူသည်ကား လူမျိုးပေါင်းစုံ စုရုံးရာ နေရာဖြစ်ရာ အ၀တ်အစား ဒီဇိုင်း မျိုးစုံကို တွေ့နိုင်ပါသည်။ သည်တော့ ယဉ်ကျေးမှု ဖလှယ်ကာ သူ့အ၀တ်အစား ကိုယ်ဝတ်၊ ကိုယ့်အ၀တ်အစား သူဝတ်။ သို့သော် အနောက်တိုင်း အ၀တ်အစား ကိုသာ အရှေ့တိုင်းသူ တိုင်းသားများ အတုခိုးပြီး ဘောင်းဘီကို မချွတ်တမ်း ၀တ် ကြသည်။ အနောက်နိုင်ငံသား များကိုမူ အရှေ့တိုင်း အ၀တ်အစားနှင့် မြင်ရခဲ လှပါသည်။
အမျိုးသားများ ကို ရုံးပြင် ကနားမှာ လုပ်ရသူများနှင့် ဆောက်လုပ်ရေး၊ သင်္ဘောကျင်း စသည်များမှာ လုပ်ရသူ များဟု နှစ်စားခွဲ၍ ကြည့်နိုင်ပါသည်။ ရုံးသွား ရုံးပြန်၊ အဲယားကွန်း ခန်းထဲမှာ လုပ်ရသူများ ကတော့ ကျော့လို့၊ နက်ကတိုင် နှင့် အနောက်တိုင်း ၀တ်စုံကို စမတ်ကျကျ ၀တ်ကာ အိတ်ကလေး ဆွဲသွားလာလျှက် ရှိနေချိန်တွင် သင်္ဘောကျင်းမှ လူများ အပြင် ထွက်လာသည်နှင့် ယူနီဖောင်းတွေက မဲလို့ ပေလို့ တွေ့ရပါလိမ့်မည်။ ကျွန်တော်တို့ ဆောက်လုပ်ရေး သမားများ မှာလည်း မထူးလှပါ။
ဟိုဟိုသည်သည် သွားသွားလာလာ ၀တ်သည်ကတော့ ဘောင်းဘီရှည်၊ ဘောင်းဘီ ဒူးကျများ နှင့် တီရှပ်၊ စပို့ရှပ် သို့မဟုတ် ရှပ်အင်္ကျီ ၀တ်တာ များပါသည်။ လောက သဘာဝအရ ယောက်ျား အ၀တ်အစား များမှာ မိန်းမအ၀တ် အစား များလောက် ဒီဇိုင်းမများ။ ဖိနပ်မှာလည်း အမျိုးသားများမှာ ရှူးဖိနပ် သို့မဟုတ် ကင်းပတ် ဖိနပ် သို့မဟုတ် ကွင်းထိုး ဖိနပ်သာ အစီးများ ကြပါသည်။ အမျိုးသမီးစီး ဖိနပ်ဒီဇိုင်းများမှာမူ ရေတွက်လို့ မရလောက်အောင် များပြား လှပါ၏။
ကျွန်တော်တို့ မြန်မာ အများစု မှာတော့ အပြင်သွားလျှင်သာ ဘောင်းဘီနှင့် ရှပ်အင်္ကျီ၊ ရှူးဘိနပ်၊ ဝေါကင်းရှူး စသည်များ ၀တ်ဆင်သွား ကြသော်လည်း အိမ်နေလျှင်တော့ လွတ်လွတ် လပ်လပ် ပေါ့ပေါ့ပါးပါး ပုဆိုးပဲ ၀တ် ကြပါသည်။ တချို့ ဘောင်းဘီတို ၀တ်ကြသူများ လည်း ရှိပါ၏။ ဘာပဲပြောပြော တီရှပ်များမှာမူ ဈေးပေါပေါနှင့် ၀ယ်ဝတ်လို့ ရပါသည်။ အထက်တွင် ဖော်ပြခဲ့သလို ၁၀၊ ၁၅ ကျပ်ဆိုလျှင် ၀တ်ပျော်ပါသည်။ ပုဆိုးများကို မြန်မာဆိုင်များ စုဝေးရာ ပင်နင်စူလာ ပလာဇာ (Peninsula Plaza) တွင် တစ်ထည် ၁၀ ကျပ်နှင့် ၀ယ်လို့လည်း ရပါ၏။
အမျိုးသမီးဝတ် လုံချည်များမှာမူ အထွေအထူး မလိုတော့ပါ။ ယခင်ကတည်းက အင်ဒိုနီးရှား ပါတိတ်မှာ မြန်မာများ အကြိုက်ဖြစ်ရာ အင်ဒိုနီးရှား ပါတိတ် ဒီဇိုင်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ် ၀ယ်ယူနိုင်ပါသည်။ သို့သော် မြန်မာဆန်ဆန် ပါတိတ် ၀မ်းဆက်ကလေး နှင့် သွားလာ နေသူ မြန်မာ မိန်းကလေးများကို တွေ့ရခဲလှ၏။ အများစုကတော့ ဘောင်းဘီ သို့မဟုတ် စကတ်ကိုသာ ၀တ်တာတွေ့ရပါသည်။ တခါတလေ တော့လည်း ဘာခေါ်သည် မသိပါ။ မြန်မာပြည်မှ အမျိုး သမီးများ ၀တ်သည့် လုံချည်အကွဲ ခေါ်မလား၊ စကတ်အကွဲ ခေါ်မလား၊ ဤသည်များ ၀တ်တာကိုလည်း တွေ့ကြရ ပါသည်။ သို့သော် ဘာပဲ ၀တ်ထားထား။ စင်ကာပူတွင် အနေကြာ လာသောအခါ သူကတော့ ဗမာ၊ သူကတော့ မလေး၊ သူကတော့ ဖိလစ်ပီနို စသဖြင့် မှန်းလို့ ရ သွားပါသည်။

၁၂ ပွဲဈေးများတွင် ၃ ထည် ၁၀ တန် အမျိုးသမီး ၀တ်များပင် တွေ့နိုင်ပါသေး၏။ အိမ်တွင်းသုံး၊ ရေချိုးခန်းသုံး၊ မီးဖိုဆောင်သုံး ဖိနပ်များ ဆိုလျှင် ၁ ကျပ်၊ ၁ ကျပ်ခွဲမျှနှင့် ၀ယ်ယူနိုင်ပါသည်။ ထို ပွဲဈေးများတွင် စားစရာ၊ သောက်စရာမှ အစ အခြားလူသုံးကုန် ပစ္စည်းများကိုလည်း ဈေးသက်သက် သာသာ နှင့် ၀ယ်ယူရရှိ နိုင်ပါသည်။ ပစ္စည်း အမယ်လည်း စုံလှပါ၏။ ၁၂ ပွဲဈေးများ အကြောင်းကို ဈေးများ အခန်းကဏ္ဍတွင် အသေးစိတ် ဖော်ပြပါမည်။
မလေးအမျိုးသမီးများ နှင့် အိန္ဒိယ အမျိုးသမီး များမှာမူ သူတို့ ရိုးရာ ၀တ်စုံကိုသာ ၀တ်ကြပါသည်။ အသက်ကြီး သူ မလေးအမျိုးသား၊ အမျိုးသမီး ကြီးများမှာ ဆိုလျှင် သူတို့ရိုးရာ ၀တ်စုံကိုသာ စွဲစွဲမြဲမြဲ ၀တ်ကြပါသည်။ အထူးသဖြင့် ပွဲလမ်းသဘင်၊ မင်္ဂလာဆောင် စသည်တို့ကို သွားသောအခါ သူတို့ဝတ်စုံများကို မျက်စေ့ ကျိန်းလောက်အောင် မြင်ရ ပါလိမ့်မည်။ သူတို့ဝတ်စုံများမှာ ဖဲစလို အစမျိုးကို အနီ တောက်တောက်၊ အပြာ တောက်တောက်၊ အစိမ်း တောက်တောက် စသည်ဖြင့် ၀တ်လေ့ရှိပါ၏။ ပန်ချာပီ များမှာမူ သူတို့ခေါင်းပေါင်းကို ဘယ်တိုင်းပြည် ရောက်ရောက် မချွတ်ပါ။ ဗမာပြည်မှ ပန်ချာပီနှင့် စင်ကာပူက ပန်ချာပီ၊ ၀တ်တာစားတာ အတူတူပင် ဖြစ်ပါ၏။
ယခုအခါ ကျွန်တော်တို့ မြန်မာများလည်း စင်ကာပူတွင် အတော်အတန် များပြားလာပြီဖြစ်ရာ မိမိရိုးရာ ၀တ်စုံ နှင့် မြန်မာ အမျိုးသားကြီး၊ အမျိုးသမီး ကြီးများ ကိုလည်း ဟိုနေရာ၊ သည်နေရာ ကြိုကြား ကြိုကြား တွေ့နိုင်ပါသည်။
စင်ကာပူသည်ကား လူမျိုးပေါင်းစုံ စုရုံးရာ နေရာဖြစ်ရာ အ၀တ်အစား ဒီဇိုင်း မျိုးစုံကို တွေ့နိုင်ပါသည်။ သည်တော့ ယဉ်ကျေးမှု ဖလှယ်ကာ သူ့အ၀တ်အစား ကိုယ်ဝတ်၊ ကိုယ့်အ၀တ်အစား သူဝတ်။ သို့သော် အနောက်တိုင်း အ၀တ်အစား ကိုသာ အရှေ့တိုင်းသူ တိုင်းသားများ အတုခိုးပြီး ဘောင်းဘီကို မချွတ်တမ်း ၀တ် ကြသည်။ အနောက်နိုင်ငံသား များကိုမူ အရှေ့တိုင်း အ၀တ်အစားနှင့် မြင်ရခဲ လှပါသည်။
အမျိုးသားများ ကို ရုံးပြင် ကနားမှာ လုပ်ရသူများနှင့် ဆောက်လုပ်ရေး၊ သင်္ဘောကျင်း စသည်များမှာ လုပ်ရသူ များဟု နှစ်စားခွဲ၍ ကြည့်နိုင်ပါသည်။ ရုံးသွား ရုံးပြန်၊ အဲယားကွန်း ခန်းထဲမှာ လုပ်ရသူများ ကတော့ ကျော့လို့၊ နက်ကတိုင် နှင့် အနောက်တိုင်း ၀တ်စုံကို စမတ်ကျကျ ၀တ်ကာ အိတ်ကလေး ဆွဲသွားလာလျှက် ရှိနေချိန်တွင် သင်္ဘောကျင်းမှ လူများ အပြင် ထွက်လာသည်နှင့် ယူနီဖောင်းတွေက မဲလို့ ပေလို့ တွေ့ရပါလိမ့်မည်။ ကျွန်တော်တို့ ဆောက်လုပ်ရေး သမားများ မှာလည်း မထူးလှပါ။
ဟိုဟိုသည်သည် သွားသွားလာလာ ၀တ်သည်ကတော့ ဘောင်းဘီရှည်၊ ဘောင်းဘီ ဒူးကျများ နှင့် တီရှပ်၊ စပို့ရှပ် သို့မဟုတ် ရှပ်အင်္ကျီ ၀တ်တာ များပါသည်။ လောက သဘာဝအရ ယောက်ျား အ၀တ်အစား များမှာ မိန်းမအ၀တ် အစား များလောက် ဒီဇိုင်းမများ။ ဖိနပ်မှာလည်း အမျိုးသားများမှာ ရှူးဖိနပ် သို့မဟုတ် ကင်းပတ် ဖိနပ် သို့မဟုတ် ကွင်းထိုး ဖိနပ်သာ အစီးများ ကြပါသည်။ အမျိုးသမီးစီး ဖိနပ်ဒီဇိုင်းများမှာမူ ရေတွက်လို့ မရလောက်အောင် များပြား လှပါ၏။
ကျွန်တော်တို့ မြန်မာ အများစု မှာတော့ အပြင်သွားလျှင်သာ ဘောင်းဘီနှင့် ရှပ်အင်္ကျီ၊ ရှူးဘိနပ်၊ ဝေါကင်းရှူး စသည်များ ၀တ်ဆင်သွား ကြသော်လည်း အိမ်နေလျှင်တော့ လွတ်လွတ် လပ်လပ် ပေါ့ပေါ့ပါးပါး ပုဆိုးပဲ ၀တ် ကြပါသည်။ တချို့ ဘောင်းဘီတို ၀တ်ကြသူများ လည်း ရှိပါ၏။ ဘာပဲပြောပြော တီရှပ်များမှာမူ ဈေးပေါပေါနှင့် ၀ယ်ဝတ်လို့ ရပါသည်။ အထက်တွင် ဖော်ပြခဲ့သလို ၁၀၊ ၁၅ ကျပ်ဆိုလျှင် ၀တ်ပျော်ပါသည်။ ပုဆိုးများကို မြန်မာဆိုင်များ စုဝေးရာ ပင်နင်စူလာ ပလာဇာ (Peninsula Plaza) တွင် တစ်ထည် ၁၀ ကျပ်နှင့် ၀ယ်လို့လည်း ရပါ၏။
အမျိုးသမီးဝတ် လုံချည်များမှာမူ အထွေအထူး မလိုတော့ပါ။ ယခင်ကတည်းက အင်ဒိုနီးရှား ပါတိတ်မှာ မြန်မာများ အကြိုက်ဖြစ်ရာ အင်ဒိုနီးရှား ပါတိတ် ဒီဇိုင်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ် ၀ယ်ယူနိုင်ပါသည်။ သို့သော် မြန်မာဆန်ဆန် ပါတိတ် ၀မ်းဆက်ကလေး နှင့် သွားလာ နေသူ မြန်မာ မိန်းကလေးများကို တွေ့ရခဲလှ၏။ အများစုကတော့ ဘောင်းဘီ သို့မဟုတ် စကတ်ကိုသာ ၀တ်တာတွေ့ရပါသည်။ တခါတလေ တော့လည်း ဘာခေါ်သည် မသိပါ။ မြန်မာပြည်မှ အမျိုး သမီးများ ၀တ်သည့် လုံချည်အကွဲ ခေါ်မလား၊ စကတ်အကွဲ ခေါ်မလား၊ ဤသည်များ ၀တ်တာကိုလည်း တွေ့ကြရ ပါသည်။ သို့သော် ဘာပဲ ၀တ်ထားထား။ စင်ကာပူတွင် အနေကြာ လာသောအခါ သူကတော့ ဗမာ၊ သူကတော့ မလေး၊ သူကတော့ ဖိလစ်ပီနို စသဖြင့် မှန်းလို့ ရ သွားပါသည်။
No comments:
Post a Comment