Monday, January 12, 2009

Working in Singapore Part XX (Hunting A New Job 2)

၅၊ ၁။ Resume / Curriculum Vitae ပြင်ဆင်ခြင်း

Resume နှင့် Curriculum Vitae (CV) ကို ပုံသေပြင်မထားပါနှင့်။ နာမည်၊ အသက်၊ ပတ်စ်ပို့နံပါတ် စသည့် ကိုယ်ရေးအချက်အလက်များမှ လွဲ၍ လုပ်ငန်းအတွေ့အကြုံကို ရေးရာတွင် မိမိလျှောက်လိုသော အလုပ်နှင့် ပတ်သက် သည့် လုပ်ငန်းအတွေ့အကြုံကို ဦးစားပေး ရေးရပါမည်။ သို့သော် မရိုးမသား၊ လိမ်ညာရေးဘို့ကို မည်သည့်အခါမှ မကြိုးစားပါနှင့်။ ထို့ထက် ပိုအရေးကြီးသည်မှာ မိမိပညာအရည်အချင်းနှင့် ပတ်သက်သည့် လက်မှတ် (ဥပမာ - ဘွဲ့ လက်မှတ်)၊ သင်တန်းလက်မှတ်၊ ထောက်ခံစာ စသည်တို့ကို အတု လုပ်ခြင်းသည် အလွန် အန္တရာယ်များပါသည်။ ရေတိုကို မကြည့်ပါနှင့်၊ ရေရှည်ကို စဉ်းစားပါ။ မရိုးသားခြင်းသည် မိမိဘ၀ ကို မိမိ ဖျက်ဆီးပစ်လိုက်သည်နှင့် တူ၏။ ပထမလိမ်ထားသည်များကို ဖုံးဖိရန် အဆုံးမသတ်သော လိမ်ညာမှုများကို ပြုရပါလိမ့်မည်။ အလိမ်ပေါ်သည့် တစ်နေ့ တွင် ဒုက္ခကောင်းကောင်း ရောက်ပါလိမ့်မည်။
အရှိကို အရှိအတိုင်း ဖော်ပြပါ။ မိမိတတ်ထားသည်ထဲကမှ မိမိလျှောက်လိုသော အလုပ်နှင့် ပတ်သက်သည်ကို အထူး ဦးစားပေးရေးရန် ဖြစ်ပါသည်။ Resume နှင့် Curriculum Vitae (CV) ရေးပုံရေးနည်း မြောက်များစွာ ရှိသော် လည်း ခြုံကြည့်လိုက်လျှင် သဘောသဘာဝမှာ အတူတူပင်ဖြစ်ပါသည်။

Resume တစ်ခုတွင် နာမည်၊ မွေးသက္ကရာဇ်၊ ပတ်စ်ပို့နံပါတ်၊ ကျား/မ၊ ကိုးကွယ်သည့်ဘာသာ၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုံးနံပါတ်/email၊ စသည့် အခြေခံ အချက်အလက်များ၊ ပညာအရည်အချင်း၊ တက်ခဲ့ဖူးသော သင်တန်း များ၊ လုပ်ငန်းအတွေ့အကြုံ စသည်တို့ကို ဖော်ပြရပါမည်။
လုပ်ငန်းအတွေ့အကြုံတွင် လျှောက်သောအလုပ်နှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ ထိုအလုပ်နှင့် တိုက်ရိုက် မဟုတ်သော်မှ ဆက်စပ်နေသော အနီးစပ်ဆုံး အတွေ့အကြုံများကိုသာ ဦးစားပေး ဖော်ပြပါ။ လျှောက်ထား သောအလုပ်နှင့် မပတ်သက်သည်များကို လုံးဝ မဖော်ပြမိပါစေနှင့်။ ထိုအလုပ်နှင့် ပတ်သက်၍ မိမိယူခဲ့ရသော တာဝန် များ၊ ကျွမ်းကျင်မှုများကို အသားပေးဖော်ပြပါ။
အလုပ်လျှောက်ရာတွင် Resume တစ်ခုထဲ မဟုတ်ပဲ အလုပ်လျှောက်လွှာပါ လိုပါလိမ့်မည်။ အောက်တွင် Typical Cover Letter များနှင့် Resume များကို နမူနာ ဖော်ပြလိုက်ပါသည်။

Cover Letter Template
နာမည်အပြည့်အစုံ
လိပ်စာအပြည့်အစုံ
ဖုံးနံပါတ် - အိမ်ဖုံး၊ လက်ကိုင်ဖုံး
အီးမေး(ရှိလျှင်) လိပ်စာ

ယနေ့ ရက်စွဲ

Professional title
Organization name
Mailing address
City and Postal Code
Dear Mr. (or Ms.) last name,

ပထမစာပိုဒ်တွင် မည်သည်တို့ရေးရမည်နည်း ဆိုသော် -
Start your letter with a grabber—a statement that establishes a connection with your reader, a probing question, or a quotable quote. Briefly say what job you are applying for.

အလယ်စာပိုဒ်များတွင် မည်သည်တို့ရေးရမည်နည်း ဆိုသော် -
The mid-section of your letter should be one or two short paragraphs that make relevant points about your qualifications. You should not summarize your resume! You may incorporate a column or bullet point format here.

နောက်ဆုံးစာပိုဒ်တွင် မည်သို့ရေးရမည်နည်း ဆိုသော် -
Your last paragraph should initiate action by explaining what you will do next (e.g., call the employer) or instigate the reader to contact you to set up an interview. Close by saying “thank you.”

Sincerely yours,
Your handwritten signature
Your name (typed)Enclosure: resume
___________________________________________

Resume Format (Resume ရေးရန် ပုံစံ)

Your Contact Information
First Last Name (နာမည်အပြည့်အစုံ)
Street Address (လိပ်စာ)
City, State, Postal Code
Phone (Cell/Home) (ဖုံးနံပါတ်)
Email Address

Objective (optional) (မည်သည့်အတွက် သည်အလုပ်ကို လျှောက်ထားပါသနည်း) (မထည့်လဲရသည်။)
What do you want to do?
If you include this section it should be a sentence or two about your employment goals. A customized objective that describes why you are the perfect candidate for the job can help your resume stand out from the competition.
(မိမိသည် ဤအလုပ်ကို အလွန်စိတ်ဝင်စားကြောင်း၊ ဤအလုပ်သည် မိမိနှင့် အလွန်ကိုက်ညီမည့် အလုပ်ဖြစ်မည်ဟု ယူဆကြောင်း၊ မိမိ၏ လုပ်ငန်းအတွေ့အကြုံတို့ကို ဤအလုပ်တွင် ကောင်းကောင်း အသုံးချနိုင်မည် မျှော်လင့်ကြောင်း စာတစ်ကြောင်းနှစ်ကြောင်းမျှ ရေး၍ ရပါသည်၊ အရမ်းမရှည်ပါစေနှင့်)။

Career Highlights / Qualifications (optional)
A customized section of your resume that lists key achievements, skills, traits, and experience relevant to the position for which you are applying can serve dual purposes. It highlights your relevant experience and lets the prospective employer know that you have taken the time to create a resume that shows how you are qualified for the job.
(မိမိရရှိထားသော ပညာ၊ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့သည် ယခုလျှောက်သည့် အလုပ်နှင့် မည်မျှ အံဝင် ခွင်ကျ ဖြစ်ကြောင်း အလုပ်ရှင်သိအောင် ဖော်ပြရန် ဖြစ်ပါသည်။)

Experience
This section of your resume includes your work history. List the companies you worked for, dates of employment, the positions you held and a bulleted list of responsibilities and achievements.
(မိမိ၏ လုပ်ငန်းအတွေ့အကြုံများကို နှစ်အလိုက် ဖော်ပြရန် ဖြစ်ပါသည်။
ယခုလက်ရှိ လုပ်နေသော ကုမ္ပဏီ၊ နှစ် ကို ဦးစွာဖော်ပြပါ။ ပထမဦးဆုံး လုပ်ခဲ့သောအလုပ်ကို နောက်ဆုံးမှ ဖော်ပြပါ။)

ကုမ္ပဏီနာမည် (နောက်ဆုံးလုပ်ခဲ့သော ကုမ္ပဏီ)
လိပ်စာ
လုပ်ခဲ့သောနှစ် အတိုင်းအတာ ကာလ
လုပ်ခဲ့သော ရာထူး
ယူခဲ့ရသော တာဝန်၊ ၀တ္တရားများ
ထိုလုပ်ငန်းတွင် ရရှိခဲ့သော လက်မှတ်များ (ရှိလျှင်)

Company #1
City, State
Dates Worked
Job Title
Responsibilities / Achievements

Company #2
City, State
Dates Worked
Job Title
Responsibilities / Achievements

Education
In the education section of your resume, list the colleges you attended, the degrees you attained, and any special awards and honors you earned.
(ပညာအရည်အချင်း၊ တက်ရောက်ခဲ့သော ကျောင်းများ၊ ရရှိခဲ့သော လက်မှတ်၊ ဒီပလိုမာလက်မှတ်၊ ဒီဂရီ စသည်)
(ကွန်ပြူတာကိုင်တတ်လျှင် ကိုင်တတ်ကြောင်း၊ တတ်မြောက်သော ဘာသာစကား စသည်တို့ကိုပါ ဖော်ပြပါ။)

College, Degree, Awards, Honors, Skills
Include skills related to the position / career field that you are applying for i.e. computer skills, language skills.

References available upon request
There is no need to include references on your resume. Rather, have a separate list of references to give to employers upon request.
(သာမန်အားဖြင့် ရည်ညွှန်းပုဂ္ဂိုလ်များ ထည့်ရန်မလိုပါ။ အလုပ်ခေါ်စာထဲတွင် ထည့်သွင်းဖော်ပြထားပါမှ ထည့်ပါ၊ မလိုအပ်လျှင် မထည့်ပါနှင့်။)

Customize Your Resume
In all cases, be sure to personalize and customize your resume, so, it reflects your skills and abilities and connects them with the jobs you are applying for.

No comments: