တနေ့သ၌
ကျွန်ုပ်သည် ဖေ့စ်ဘုတ်ပေါ်မှ အရေမရအဖတ်မရများဖြင့် အလုပ်ရှုပ်နေစဉ် အပြင်ဘက်မှ စီကနဲ
အသံကြားလိုက်ရသဖြင့် ဘာများဖြစ်ပြန်ပါလိမ့် ဟု လှမ်းကြည့်မိလေ၏။
ကြီးကြီး
ကြီးကြီး၊ ဒီမှာ ငမိုးရယ်။ သားဘာသာနေတာကို အလကား လာစနေတယ် အီး အီး ဟီး ဟီး၊
ကျွန်တော်လှမ်းကြည့်လိုက်တော့
ငိုယိုတိုင်တန်းနေသော ဖိုးခွေးကို တွေ့ရသည်။
အလို
လူကောင်ကြီးကဖြင့် အရပ်ထဲမှာ သူ့လောက်ထွားတဲ့ကလေးတောင်မရှိဘဲ အသည်းကလည်း နုလှချည့်။
ဟဲ့
ငမိုး။ နင့်မလဲ သူမကြိုက်တာ သွားသွားမစပါနဲ့လို့မှာထားလျက်နဲ့၊ ငါတော့ သေသာ သေလိုက်ချင်တော့တာပဲ။
အာ၊
ကြီးကြီးကလည်း သားက တကယ်ပြောတာ ဟုတ်ပါဘူးခင်ည။ ပျော်စေပျက်စေရယ်လို့ နောက်တာပါ။
ကိုင်း
ကိုင်း ငါ အလုပ်ရှုပ်နေတယ်။ သွားတောင်းပန်လိုက်စမ်း။
ကိုကြီးဖိုးခွေးကလည်းဗျာ။
စိတ်အရှိုးပါနဲ့။ သားက ခင်လို့စတာပါဗျ။ တောင်းပန်ပါတယ်။ ရော့ အရင်တခါ ခင်ဗျားရှုံးထားတဲ့
လောက်စာလုံး သုံးလုံးပြန်ပေးမယ်။
ဟင့်၊
ရွှတ်၊ အဲသလိုမှပေါ့ကွ။ အဟိ။
ကြမ်း။
မျက်နှာကိုက ခု စာလေးကြော်၊ ခု ဆီထမင်း။ တတ်လဲတတ်နိုင်ပါ့။
ထိုအခါကျမှ
ကျွန်ုပ်လည်း သက်မကြီး ချမိလေ၏။
ဟူး
- တော်ပါသေးရဲ့၊ ဒီငမိုးနဲ့တော့ ဘာတွေများပြဿနာ တက်ဦးမလဲလို့။ အလျင်တခါကလည်း မဘွားသန်းကို
သွားစသေးတယ်။ ဟိုခမျာ အခု အိမ်ရှေ့ ဆိုင်းဘုတ်တောင် မချိတ်ရတော့ဘူး။
မှတ်ချက်။
နေ့ခင်းထမင်းစားအပြီး
တမှေးအိပ်ရာမှမက်သော အိပ်မက်ကို ပြန်ရေးပြခြင်းဖြစ်ပါသည်။
ကျွန်ုပ်အိပ်မက်နှင့်
အပြင်လောကမှ အဖြစ်အပျက်များ မတော်တဆ တိုက်ဆိုင်ခဲသည်ဆိုလျှင် ခွင့်လွှတ်ကြပါကုန်။
No comments:
Post a Comment