ပြန်ခါနီးတစ်ရက်
သံဈေးအပေါ်ထပ်က Book Plaza မှာ စာအုပ်တွေ လျှောက်မွှေ။ အိတ်ထဲပါသမျှ
အကုန်ဝယ်ချလာပြီး တစ်နေရာရောက်တော့ ပန်းချီကားတွေ ပြထားတာ တွေ့လိုက်တယ်။
ကိုယ်ကလည်း မျက်စိက ခပ်ဝါးဝါးဆိုတော့ ပိုစတာကာလာတွေနဲ့ ဆွဲထားတာပဲလို့
အမှုမဲ့အမှတ်မဲ့ လျှောက်ကြည့်ပြီး ရန်အောင်စာပေထဲ ၀င်သွားတယ်။ ရန်အောင်စာပေက
ကျွန်တော်တို့နဲ့ စာပေမိတ်ဆွေ။ ကျွန်တော့် ဘ၀ခါးခါးစာအုပ်တွေကို ယူရောင်းပေးတာ
သူတို့ပေါ့။
အဲဒီမှာ အဲဒီက နောင်တော်ကြီးက ဟောဒီ
ပန်းချီကားတွေက စက္ကူစလေးတွေကို ဖြတ်ပြီး ကပ်ထားတာ ဆိုပြီး ပြတော့မှ မျက်မှန်ထုတ်
အနီးကပ် ကြည့်မိတယ်။
ဟုတ်ပါ့ခင်ဗျာ။
ရောင်စုံစက္ကူလေးတွေကို ဖြတ်ပြီးကပ်ထားလိုက်တာများ သေသေချာချာအနီးကပ်မကြည့်ရင်
ကပ်ထားမှန်းကို မသိရဘူး။
တော်လိုက်တဲ့ကလေးတွေ။
ကျွန်တော် အရမ်းအံ့သြ ၀မ်းသာသွားတယ်။
နောက်ပြီး သူတို့ကိုလည်း
ချီးကျူးမိတယ်။ အနုပညာဆိုတာ ဖန်တီးမှုပဲကွ။ ညီမောင်တို့ တော်ပါပေတယ်ကွာ။
အရမ်းချီးကျူးပါတယ် လို့။
အဲဒါနဲ့ သူတို့ကို
ချီးမြှောက်ဘို့ ကိုယ်လည်း တစ်ကားလောက်လိုချင်လို့ လျှောက်ကြည့်။ ကားအားလုံးက
ကောင်းနေတော့ ဘယ်ကား ရွေးရမှန်းမသိ။ နောက်တော့ ထူးအိမ်သင်ကို မျက်စေ့ကျသွားတယ်။
ကောင်းလိုက်တဲ့လက်ရာ ခင်ဗျာ။
ကိုင်းကိုယ့်လူ။
ပိုက်ဆံတော့ ပါမလာဘူး။ နောက်နေ့မှ လာယူတော့မယ်ဆိုတော့ ရပါတယ်။ သူတို့
အိမ်ကိုပို့ပေးပါမယ်ဆိုလို့ အိမ်လိပ်စာ ပေးခဲ့တယ်။
တခြားကားသေးလေးတွေက
တစ်ကားကို US$100, ထူးအိမ်သင့်ကားက ကြီးတော့ US$200။ နိုင်ငံခြားက
ဒေါ်လာသိန်းနဲ့ချီတဲ့ကားတွေနဲ့စာရင် အလွန်အင်မတန့်ကို တန်ပါတယ်ခင်ဗျာ။
ပန်းချီကားတစ်ကားရဲ့
တန်ဘိုးဆိုတာ သူတို့ရဲ့ တီထွင်ဖန်တီးမှုတန်ဘိုးပါ။ ၀ါသနာပါသူမိတ်ဆွေများ
သွားရောက်အားပေးကြပါလို့ တိုက်တွန်းပါတယ်။
ကျွန်တော့်ဘယ်ဘက်က
လူငယ်လေးကတော့ ပန်းချီကား ဖန်တီးရှင်ပါ။ ဖန်တီးရှင်လေးကို အလွန်လေးစားပါတယ်။
(အခုက ဓာတ်ပုံဆိုတော့
သာမန်ပန်းချီကားတစ်ကားလောက်ပဲ မြင်ရမှာပါ။ တကယ့်ပန်းချီကားအစစ်ကြည့်ချင်ရင်
ကျွန်တော်တို့ (ရန်ကုန်) အိမ်မှာ လာကြည့်လို့ရပါတယ်။ အဲဒီကားမျိုး
နှစ်ကားမရှိလောက်ပါဘူး။)
No comments:
Post a Comment