ဒုတိယပိုင်း
၂။ မီးကာကွယ်ရေး ကြိုတင်စီမံချက်များ
၂၊ ၁။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏။
၁။ ထမင်းဟင်းချက်နေစဉ် လူမရှိဘဲ မီးကိုဖွင့်မထားခဲ့ပါနှင့်။ ဟင်းအိုးမကျက်သေးမီ လုပ်စရာပေါ်လာပါက တစ်ဦးဦးကို စောင့်ကြည့်ခိုင်းထားပါ။
၂။ လျှပ်စစ်ပစ္စည်းများကို အသုံးမပြုသည့်အခါ ပလပ်ကို ဖြုတ်ထားပါ။
၃။ ပူသောနေရာ (ဥပမာ - မီးဖိုအနီး) များတွင် မီးလောင်စေတတ်သော စက္ကူ၊ အ၀တ်အထည် စသော ပစ္စည်းများကို မထားပါနှင့်။
၎။ တစ်နေရာထဲတွင် ပလပ်ခေါင်း ၄ - ၅ ခု စုပြုံထိုးခြင်းကို ရှောင်ကြဉ်ပါ။၅။ ဆွေးမြေ့နေသော ၀ိုင်ယာကြိုးများ၊ ပျက်စီးနေသော၊ အကာများကွာနေသော၊ နန်းကြိုးများပေါ်နေသော ၀ိုင်ယာကြိုးများကို မသုံးပါနှင့်။ ကောင်းသောဝိုင်ယာကြိုးနှင့် အစားထိုးပါ။
၈။ မီးခြစ်၊ ဖယောင်းတိုင် စသော မီးထွက်စေနိုင်သည့်အရာများကို ကလေးများ မမီနိုင်သော နေရာများတွင် ထားပါ။
၁၀။ အရည်အသွေးညံ့သော လျှပ်စစ်ပစ္စည်းများသည် မီးဘေးအတွက် အလွန် အန္တရာယ်ရှိသည်။
  
ဤမျှသာမက မီးအန္တရာယ်ကာကွယ်ရေး ပညာပေးတွင်လည်း ထပ်မံဖတ်ရှုနိုင်ပါသေးသည်။
ရပ်ကွက်၊ ကျေးရွာ၊ အိမ်များတွင် မီးအန္တရာယ်ကာကွယ်ရေး စစ်ဆေးချက်| 
လျှပ်စစ်ပစ္စည်းများ | 
မသုံးတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပလပ်ချွတ်ထားသလား ? | 
£  | 
£  | 
| 
ပလပ်တစ်ပေါက်ထဲကို မီးခေါင်းတွေ အများကြီး စုပြုံထိုးထားသလား   ? | 
£  | 
£  | |
| 
ဓါတ်ကြိုးတွေမှာ ဒါဏ်ရာတွေပေါ်ပြီး ပေါက်ပြဲနေပြီလား ? | 
£  | 
£  | |
| 
မီးကြိုးတွေကို တံခါးတွေ၊ ရေစိုတဲ့နေရာတွေ၊ ကြမ်းတွေပေါ်ချပြီး   သွယ်တန်းထားသလား ? | 
£  | 
£  | |
| 
မီးခလုတ်တွေ ကောင်းကောင်း အလုပ်လုပ်ရဲ့လား။ မိလိုက် မမိလိုက်   ဖြစ်နေသလား ? | 
£  | 
£  | |
| 
လျှပ်စစ်ပစ္စည်းတွေက အညံ့စားတွေလား ? | 
£  | 
£  | |
| 
အိမ်မှာသွယ်ထားတဲ့ မီးကြိုးတွေက အရွယ်အစားမှန်ရဲ့လား ? | 
£  | 
£  | |
| 
အိမ်က ဖျူ့စ် နဲ့ ဘရိတ်ကာတွေကို အရွယ်အစား မှန်မှန် သုံးထားသလား   ? | 
£  | 
£  | |
| 
ဖယောင်းတိုင်၊ အမွှေးတိုင်၊ မီးခြစ်၊ ဓါတ်ငွေ့အိုး စသော မီးလောင်စေတတ်သည့် ပစ္စည်းများ | 
ဖယောင်းတိုင်၊ အမွေးတိုင်တွေကို အလွယ်တကူ လဲမကျအောင် သေသေချာချာ၊   ခိုင်ခိုင်မြဲမြဲ ထွန်းထားရဲ့လား ? | 
£  | 
£  | 
| 
မီးခြစ်၊ မီးရှုးမီးပန်းစတဲ့ အလွယ်တကူ မီးလောင်နိုင်တဲ့အရာတွေကို   မီးဖိုနဲ့ ဝေးဝေးမှာ ထားရဲ့လား ?  
ကလေးတွေ လက်လှမ်းမမီတဲ့နေရာမှာ ထားရဲ့လား ? | 
£  | 
£  | |
| 
မီးဖိုကို ဆီးချေးတွေ၊ ပြာတွေနဲ့ ညစ်ပတ်မနေအောင် သေသေချာချာ   သန့်ရှင်း ထားရဲ့လား ? | 
£  | 
£  | |
| 
ဓါတ်ငွေ့မီးဖိုက ပိုက်တွေကောင်းရဲ့လား? အဆက်တွေကို သေသေချာချာ   ဆက်ထားရဲ့လား? ခလုတ်တွေရော ကောင်းကောင်း အလုပ်လုပ်ရဲ့လား ? 
ဓါတ်ငွေ့စိမ့်မနေဘူး ဆိုတာ သေချာရဲ့လား ? | 
£  | 
£  | |
| 
ဆီပုံး၊ ဆီခွက်တွေကို မီးဖိုနဲ့ ဝေးဝေးမှာထားရဲ့လား ? | 
£  | 
£  | |
| 
ဓါတ်ငွေ့အိုးကို လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားရဲ့လား   ? | 
£  | 
£  | |
| 
အိမ်၌ မီးဘေးကြိုတင် 
ပြင်ဆင်မှု | 
မီးလောင်ရင် အလွယ်တကူ ထွက်ပြေးဘို့ လမ်းနဲ့ အပေါက်ရှိရဲ့လား   ? 
အဲဒီလမ်းနဲ့ အပေါက်ဟာ ရှင်းရှင်းလင်းလင်း ဟုတ်ရဲ့လား ? 
ဘာတွေနဲ့ ပိတ်ဆို့နေလဲ ? | 
£  | 
£  | 
| 
အိမ်မှာ မီးသတ်ဗူးရှိရဲ့လား ? 
အဲဒီမီးသတ်ဗူးဟာ ကောင်းရောကောင်းသေးရဲ့လား ? 
အိမ်ကလူတွေအကုန်လုံး အဲဒီမီးသတ်ဗူးကို ဘယ်လိုသုံးရမယ် ဆိုတာ 
သိရဲ့လား ? 
မီးသတ်ဗူးဟာ အလွယ်တကူရနိုင်တဲ့ လက်လှမ်းတမီနေရာမှာ ရှိရဲ့လား   ? | 
£  | 
£  | |
| 
အိမ်ကလူအားလုံးဟာ မီးလောင်ရင် ဘယ်ဖုံးနံပါတ်ကို ခေါ်ရမယ်ဆိုတာ 
သိရဲ့လား ? | 
£  | 
£  | |
| 
ရပ်ကွက်၊ ကျေးရွာများ 
တွင် မီးကာကွယ်ရေး ကြိုတင်ပြင်ဆင်မှု | 
ရပ်ကွက်ထဲ၊ ရွာထဲမှာ အမှိုက်တွေကို သေသေချာချာ ရှင်းထားရဲ့လား  ? | 
£  | 
£  | 
| 
မီးလောင်ရင် မီးသတ်ဖို့ ရပ်ကွက်ထဲမှာ အစီအမံတွေလုပ်ထားရဲ့လား  ? | 
£  | 
£  | |
| 
ရပ်ကွက်၊ ရွာထဲမှာ မီးသတ်တပ်ဖွဲ့ ဖွဲ့ထားရဲ့လား  ? | 
£  | 
£  | |
| 
ရပ်ကွက်ထဲကလူတွေကို မီးကာကွယ်ရေး ပညာပေးဟောပြောပွဲ သင်တန်း 
တွေ ပုံမှန်လုပ်ပေးရဲ့လား  ? | 
£  | 
£  | |
| 
ရပ်ကွက်၊ ရွာထဲကလူတွေဟာ မီးလောင်ရင် ဘာလုပ်ရမယ်ဆိုတာ  
သေသေချာချာ သိရဲ့လား    ? | 
£  | 
£  | |
| 
ကောက်ရိုးပုံတွေကို ရပ်ကွက်၊ ရွာအပြင်မှာ ထားရဲ့လား  ? | 
£  | 
£  | 
မှတ်ချက်။            ။ ဤစစ်ဆေးချက်မှာ အိမ်၊ ရပ်ကွက်၊ ကျေးရွာများအတွက်သာမဟုတ်ဘဲ ဈေးများ၊ ကျောင်းများ၊ ရုံးများ၊ စက်ရုံ၊ အလုပ်ရုံများ၊ သိုလှောင်ရုံများ၊ ရုပ်ရှင်ရုံများ စသည်တို့တွင်ပါ လုပ်ရမည်ဖြစ်ပါသည်။ ဤသို့လုပ်ရာတွင် သက်ဆိုင်ရာ ဈေး၊ ရုံး၊ ကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ ရုပ်ရှင်ရုံများတွင် မီးတာဝန်ခံတစ်ဦး ခန့်ထားပေးပြီး ၎င်းအား လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အတိအကျ ပြဌာန်းပေးပြီး လိုက်နာမနာ၊ လက်တွေ့လုပ်မလုပ်ကို အမြဲစစ်ဆေးနေရန် လိုပါသည်။ 
  
ဤနေရာတွင် ကျွန်တော်ထပ်မံဖြည့်ချင်သည်မှာ ပရဟိတဂေဟာများ၊ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်များနှင့် ဓမ္မာရုံများ တွင်ပါ မီးကာကွယ်ရေး အစီအမံများ လုပ်ထားကြရန် ဖြစ်ပါသည်။ အလှူအတန်း၊ ဆွမ်းကျွေး၊ ၀ါးတွင်းဝါပ ဆွမ်းလောင်းပွဲများ တွင် ဘုန်းကြီးကျောင်း နှင့် ဓမ္မာရုံများ၌ ဆွမ်းဟင်းများကို အများအပြားချက်ပြုတ်ကြရာ မီးအန္တရာယ် ကြိုတင်ကာကွယ်ရန် လိုပါသည်။ မီးဟူသည် အချိန်မရွေး၊ နေရာမရွေးလောင်တတ်သည်ဖြစ်ရာ မည်သည့်နေရာမှ မပေါ့ကြရန် လိုပါသည်။ အနည်းဆုံးတော့ ချက်ပြုတ်သည့်နေရာတွင် မီးသတ်ဘူးနှင့်ရေများ အဆင်သင့်ရှိနေရန် လိုပါသည်။ 
  
၂၊ ၂။ LPG (Liquefied Petroleum Gas) ရေနံဓါတ်ငွေ့ရည် 
  
ယခုအခါ ထမင်းဟင်းချက်ပြုတ်ခြင်းများအတွက် ဓါတ်ငွေ့ကို တွင်ကျယ်စွာသုံးလာပြီ ဖြစ်သဖြင့် ဓါတ်ငွေ့ကို အန္တရာယ်ကင်းစွာ သုံးနိုင်ရေးအတွက် ထည့်သွင်းရေးသားလိုက်ပါသည်။ 
  
၁။ ဓါတ်ငွေ့အိုးများကို မည်သည့်အခါမှ လှဲမထားရ။ အမြဲထောင်ထားပါ။
  
၂။ ဓါတ်ငွေ့အိုးကို မီးဖို၊ ပလပ်ပေါက် စသည်တို့မှ အနည်းဆုံး ၃ ပေ ခွာထားပါ။
  
၃။ ဓါတ်ငွေ့အိုးလဲနေစဉ် အနီးအနား၌ မည်သည့်မီးပွား၊ မီးတောက်မှ မရှိစေရ။
  
၎။ မည်သည့်အခါမှ ဓါတ်ငွေ့အိုး ၂ လုံးမမှာပါနှင့်။ တစ်ချိန်လျှင် တစ်လုံးသာသုံးပါ။ ဓါတ်ငွေ့ကုန်မည်စိုးသောကြောင့် ထပ်မှာ လျှင် ပထမအိုး ကုန်ခါနီးမှ မှာပါ။ နောက်ရောက်လာသောအိုးကို လေ၀င်လေထွက်ကောင်းသောနေရာ၊ မီးဖိုနှင့် ဝေးဝေးတွင် ထောင်ထားပါ။
  
၅။ မီးဖိုဆောင်သည် လေ၀င်လေထွက်ကောင်းပါစေ။ ထမင်း၊ ဟင်းအိုးတည်ပြီး အခြားသွားနေခြင်းမျိုး မည်သည့်အခါမှ မလုပ်ပါနှင့်။ အရေးတကြီးသွားစရာရှိလျှင် မီးပိတ်ပြီးမှ သွားပါ။ 
  
၆။ ထမင်းဟင်းချက်နေစဉ် မီးလောင်စေတတ်သော အရာများကို အနီးတွင် မထားပါနှင့်။
  
၇။ ခရီးဝေးသွားစရာရှိပြီဆိုလျှင် ဓါတ်ငွေ့အိုးခလုတ်ကို သေချာစွာပိတ်ခဲ့ပါ။ 
  
၈။ ဓါတ်ငွေ့ပိုက် နှင့် အဆက်များမှ ဓါတ်ငွေ့စိမ့်ထွက်နေမနေ သေချာစေရန် ဆပ်ပြာရည်ဖြင့်သုတ်ကာ စစ်ဆေးပါ။ ဆပ်ပြာ ပူပေါင်းများ ထလာပြီဆိုပါက ဓါတ်ငွေ့ပိုက်ကို အလျှင်အမြန်လဲပါ။ အဆက်များကို သေချာစွာ ပြန်ကြပ်ပါ။ 
  
၉။ ဓါတ်ငွေ့ပိုက်များကို ၂ နှစ်ကြာတိုင်း အသစ်လဲပါ။ ၅ နှစ်ကြာတိုင်း ဓါတ်ငွေ့အထိန်းဗားကို အသစ်ပြန်လဲပါ။
  
၁၀။ ဓါတ်ငွေ့အနံ့ရပြီ ဆိုပါက -
  
v  မီးမှန်သမျှ အားလုံးငြိမ်းသတ်ပါ။ ဓါတ်ငွေ့မီးဖိုကိုပိတ်၊ ဓါတ်ငွေ့အိုးမှ ခလုတ်ကိုလည်း ပိတ်ပါ။
  
v  တံခါးမှန်သမျှ အားလုံးဖွင့်ပြီး လေ၀င်ရန် လုပ်ပါ။
  
v  ဓါတ်ငွေ့ရောင်းသောဆိုင်သို့ ချက်ခြင်းဖုံးဆက်ပြီး အိုးအသစ်ဖြင့် ပြန်လဲပါ။  
  
၁၁။ ချက်ပြုတ်နေစဉ် မီးထလောင်ပါက -
  
v  အ၀တ်ကိုရေဆွတ်ပြီး မီးကိုအုပ်လိုက်ပါ။ မီးငြိမ်းသွားပါလိမ့်မည်။
  
v  ရေနှင့်မလောင်းပါနှင့်။ မီးပိုပြန့်သွားတတ်သည်။
  
v  ဓါတ်ငွေ့မီးဖိုခလုတ်ကို ချက်ခြင်းပိတ်ပါ။ ဓါတ်ငွေ့အိုးမှ ခလုတ်ကိုလည်း အမြန်ပိတ်ပါ။
  
၂၊ ၃။ အများပြည်သူနှင့် ဆိုင်သောနေရာများမှ မီးအန္တရာယ်
၁။ လမ်းဘေးတွင် အမှိုက်ကို မီးရှို့ပြီး သို့မဟုတ် မီးလှုံပြီး မီးကို မသတ်ဘဲထားခဲ့ခြင်း။
၂။ စက္ကူစုတ်၊ သစ်ရွက်ခြောက် စသော မီးလောင်စေတတ်သည့် အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်း။
၃။ လမ်းဘေးစားသောက်ဆိုင်များ၌ မီးကြွင်းမီးကျန်များ ထားခဲ့ခြင်း။
၎။ ဆေးလိပ်တိုများကို မီးမသတ်ဘဲ တွေ့ရာပစ်ခြင်း။
၅။ ဓါတ်တိုင်ရှိဓါတ်ကြိုးများကို မိမိဓါတ်ကြိုးဖြင့်ချိတ်ကာ မီးခိုးသွယ်ခြင်း။ (ဤသို့ ဓါတ်ကြိုးဖြင့်ချိတ်သည့်နေရာမှ မီးပွားထွက် တတ်သည်။)
၆။ မီးသတ်ဘူးများကို ဟိုရွှေ့သည်ရွှေ့၊ မရွှေ့ပါနှင့်။ သူ့နေရာနှင့်သူ ရှိနေပါစေ။
  
၇။ ထွက်ပေါက်များ၊ လျှောက်လမ်းများတွင် ပစ္စည်းများဖြင့် ပိတ်ဆို့နေခြင်း။
  
၂၊ ၄။ မီးလောင်ပြီ ဆိုပါက
·         အထိတ်တလန့် မဖြစ်ပါနှင့်။ အလန့်တကြားထွက်မပြေးပါနှင့်။ 
  
·         မီးလောင်နေကြောင်း အခြားသူများကို အော်ဟစ်သတိပေးပါ။
  
·         အခန်း သို့မဟုတ် သင်ရောက်ရှိနေရာ နေရာမှ အမြန်ဆုံးထွက်ပါ။ ထိုနေရာရှိ အခြားသူများအားလုံးကို ထွက်နိုင်ရန်လည်း အကူအညီပေးပါ။
  
·         မီးအလွယ်တကူ မပြန့်နိုင်စေရန် မီးလောင်နေသော အခန်းမှ တံခါးကို ပိတ်ခဲ့ပါ။
  
·         မီးသတ်ကို အမြန်ဆုံးဖုံးဆက်ခေါ်ပါ။
·         မီးသတ်ခေါင်းလောင်းရှိလျှင် မီးသတ်ခေါင်းလောင်းခလုတ်ကို နှိပ်ပါ။
·         မီးလောင်လျှင် မည်သည့်အခါမှ ဓါတ်လှေခါးကို မသုံးပါနှင့်။
·         အဆောက်အဦမှ လူအားလုံးကုန်သည်အထိ စနစ်တကျ ထုတ်ပါ။ ၀ရုန်းသုံးကား မဖြစ်ပါစေနှင့်။
·         မီးသတ်မှ အားလုံးစိတ်ချရပါပြီ ဟု မကြေငြာမချင်း အဆောက်အဦအတွင်းသို့ ပြန်ဝင်ရန် မကြိုးစားပါနှင့်။
၂၊ ၅။ မိမိနိုင်သမျှ မီးသတ်ခြင်း
မီးစလောင်ပြီဆိုပါက မီးမကြီးထွားမီ ငြိမ်းသတ်ရန်ကြိုးစားပါ။ သို့သော် သင်နိုင်လောက်သည့် မီးကိုသာ သတ်ရန်ကြိုးစားပါ။ မီးကိုအောက်ပါနည်းများဖြင့် သတ်နိုင်ပါသည်။
စက္ကူ၊ အ၀တ်၊ သစ်သား၊ ပလတ်စတစ် စသည်တို့ကိုလောင်ပါက ရေဖြင့်လောင်းခြင်းဖြင့် ငြိမ်းသတ်နိုင်ပါသည်။ သို့သော် လျှပ်စစ်ကြောင့်လောင်သောမီး၊ ဆီကြောင့်လောင်သောမီးကိုမူ ရေဖြင့် မငြိမ်းသတ်ပါနှင့်။
မီးသတ်ခြင်းအကြောင်းကို မီးအန္တရာယ်ကာကွယ်ရေး ပညာပေးအပိုင်းတွင် ဖော်ပြခဲ့ပြီးပါပြီ။ သို့သော် ဤနေရာတွင် အရေးကြီး သည်များကို ထပ်မံဖော်ပြလိုက်ပါ၏။
မီးသတ်ဘူးအမျိုးအစား
| 
မီးသတ်ပစ္စည်းအမျိုးအစား | 
ငြိမ်းသတ်နိုင်သော မီးအမျိုးအစား | 
| 
ရေ | 
စက္ကူ၊ အ၀တ်၊ သစ်သား၊ ပလတ်စတစ် စသည်တို့ကိုလောင်သောမီးများအတွက်   သုံးနိုင်ပါသည်။ | 
| 
ကာဗွန်ဒိုင်အောက်ဆိုဒ် | 
ဆီ၊ ဓါတ်ဆီ၊ ဓါတ်ငွေ့၊ လျှပ်စစ်၊ စက္ကူ၊ သစ်သား၊ အ၀တ်၊ ပလတ်စတစ်များအား   လောင်သောမီးကို ငြိမ်းသတ်နိုင်သည်။ | 
| 
ဓါတုဗေဒဆေးမှုန့် | 
ကာဘွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့ပင် သုံးနိုင်သည်။ ထို့ပြင်   ဆိုဒီယမ်၊ ပိုတက်ဆီယမ် စသော သတ္တုများကိုလောင်သောမီးအားလည်း ကောင်းစွာငြိမ်းသတ်နိုင်သည်။    | 
၂၊ ၅၊ ၁။  မီးသတ်ဗူးကို ဘယ်လိုသုံးမလဲ
အိမ်များတွင် ၁.၅ ကီလိုလေးသည့် ဓါတုဗေဒဆေးမှုန့်မီးသတ်ဗူးကို ဆောင်ထားရန် အကြံပြုပါသည်။ ထိုမီးသတ်ဗူးသည် မည်သည့်မီးမျိုးကို မဆို သတ်နိုင်သောကြောင့်ဖြစ်၏။ 
၂၊ ၅၊ ၂။ မီးခိုးငွေ့များကြားမှ ထွက်ခြင်း
မီးခိုးငွေ့ကြောင့် အသက်ရှူ မွန်းကျပ်ပြီး သေတတ်သည်။ သတိထားပါ။
သင်သည် မီးခိုးငွေ့များထဲရောက်နေပြီဆိုပါက -
မီးခိုးများထွက်သွားစေရန် ပြူတင်းပေါက်များကို ဖွင့်ပါ။


သင်၏နှာခေါင်းနှင့် ပါးစပ်ကို ရေစိုအ၀တ်ဖြင့်အုပ်ထားပါ။ ထိုအချိန်တွင် ပါးစပ်မှ အသက်မရှူပါနှင့်။ နှာခေါင်းဖြင့်သာရှူပါ။
မီးခိုးဟူသည် အထက်သို့တက်သဖြင့် မီးခိုးလွတ်စေရန် ကြမ်းပြင်အနီးမှ ဒူးထောက်သွားပါ။
၂၊ ၅၊ ၃။   မီးထဲပိတ်မိနေရင် ဘယ်လိုလုပ်မလဲ
၂။ တံခါးမကြီးမှ ပွင့်နေသော အပေါက်အားလုံးကို မီးခိုးများဝင်မလာစေနိုင်ရန် အ၀တ်များဖြင့် ပိတ်ဆို့ပါ။
၃။ ထို့နောက် ပြတင်းပေါက်သို့သွားပြီး ဟစ်အော် အကူအညီတောင်းပါ။ ဖြစ်နိုင်လျှင် မီးသတ်သို့ ဖုံးဆက်ခေါ်ပါ။
၎။ စိတ်အေးအေးထားပါ။ ယောက်ယက်ခတ်မနေပါနှင့်။ ပြူတင်းပေါက်မှ ခုန်ချရန် လုံးဝမကြိုးစားပါနှင့်။
၂၊ ၅၊ ၄။   သင့်အ၀တ်တွေကို မီးစွဲပြီဆို ဘယ်လိုလုပ်မလဲ
၂။ ထို့နောက် ကြမ်းပြင်ပေါ်လှဲချလိုက်ပါ။
၃။ ကိုယ်ကို ကြမ်းပြင်ပေါ်တွင် ဘယ်ညာ လူလှိမ့်ခြင်းဖြင့် မီးငြိမ်းသွားအောင် ကြိုးစားပါ။
အရေးတကြီးကိစ္စပေါ်လာပါက အဆင်သင့်ကောက်ယူသွားနိုင်စေရန် အရေးပေါ်အိတ်ကို ပြင်ဆင်ထားလျှင် ကောင်းပါသည်။ အရေးပေါ်အိတ်တွင် အလိုအပ်ဆုံးသော ပစ္စည်းများပါရမည်။ ထိုအိတ်မည်သည့်နေရာ၌ ရှိသည်ကို အိမ်သားအားလုံး သိနေရမည်။ အိတ်ကို အလွယ်တကူ ယူနိုင်သော နေရာတွင် ထားရမည်။ မှောင်ထဲ၌ပင်လျှင် အိတ်ကို ယူနိုင်ရမည်။
၃၊ ၁။  အရေးပေါ်အိတ်တွင် ပါရမည့်ပစ္စည်းများ
| 
ပစ္စည်း အမည် | 
အသုံးချရန်နေရာ | 
| 
ဓါတ်ခဲထည့်မထားသော လက်နှိပ်ဓါတ်မီး | 
အလင်းရောင်မရှိသည့် မှောင်ထဲတွင် အလွန်အသုံးတည့်သည်။ | 
| 
ဓါတ်ခဲများ | 
လက်နှိပ်ဓါတ်မီး၊ ရေဒီယို စသည်တို့အတွက်။ သို့သော် သီးသန့်ထားပါ။   ဓါတ်မီး၊ ရေဒီယို စသည်တို့တွင် ထည့်မထားပါနှင့်။ | 
| 
ပလာစတာ၊ လိမ်းဆေး စသော အသုံးလိုမည့် ဆေးများ | 
ထိခိုက်ဒါဏ်ရာရခဲ့သော် အလွယ်တကူသုံးနိုင်သည်။ ရင်ကြပ်၊   ဆီးချိုသမားများအတွက် 
လည်း ဆေးများဆောင်ထားရန် မမေ့သင့်ပါ။ အရေးကြီးပါက ဆေးရှာမရ   ဖြစ်တတ်သည်။ | 
| 
အရေးကြီး စာရွက်စာတမ်းများ | 
မှတ်ပုံတင်၊ ပတ်စ်ပို့၊ အိမ်၊ မြေ ဂရံ၊ အာမခံစာချုပ်၊ မွေးစာရင်း၊   အိမ်ထောင်စုစာရင်း၊  
ဘွဲ့လက်မှတ် စသော အရေးကြီးသည့် စာရွက်စာတမ်းများကို ရေလုံသော   ပလတ်စတစ်  
အိတ်ထဲတွင် လုံခြုံစွာထည့်ထားပါ။ အရေးအကြောင်းရှိလျှင်   ကောက်ထည့်သွားနိုင်သည်။ | 
| 
ရေဒီယို (ဓါတ်ခဲထည့်မထားပါနှင့်) | 
အရေးပေါ်အခြေအနေ ကြေငြာချက်များကို နားဆင်နိုင်သည်။ | 
| 
ခရာ | 
အကူအညီလိုလျှင် သုံးနိုင်သည်။ အကြောင်းကြောင်းကြောင့် မအော်နိုင်ပါက   ခရာမှုတ်ပြီး 
အကူအညီတောင်းနိုင်သည်။ | 
| 
ရှေးဦးသူနာပြုဆေးသေတ္တာ | 
အရေးပေါ်အခြေအနေများတွင် ဒါဏ်ရာရသူများအား ကူညီကုသပေးနိုင်သည်။ 
ပစ္စည်းများကို အမြဲစစ်ဆေးဖြည့်တင်းထားပါ။ | 
| 
ကလေးပြုစုရေး ပစ္စည်းများ | 
ကလေးငယ်များရှိပါက ကလေးအတွက်လိုမည့် ပစ္စည်းများကိုလည်း   အရံသင့် ဆောင်ထားပါ။ | 
| 
အရေးပေါ်လက်စွဲစာအုပ် | 
ဤစာအုပ်တွင် အရေးပေါ်အခြေအနေများ၌ မည်ကဲ့သို့ လုပ်ရမည်ကို   အသေးစိတ် ညွန်ပြထားသည့်အတွက် များစွာအထောက်အကူရသည်။ | 
အခြား ထပ်ထည့်နိုင်သေးသည့် ပစ္စည်းများ
o    မိတ်ဆွေများ၏ ဖုံးနံပါတ်များ၊ အလုပ်၊ ကျောင်း စသည့် မိမိနှင့်သက်ဆိုင်ရာနေရာများမှ ဖုံးနံပါတ်များ။
o    ပိုက်ဆံ။ ပိုက်ဆံကား မိမိလိုသမျှ ဖြည့်ဆည်းပေးနိုင်သဖြင့် အလွန်အရေးကြီး၏။ 
o    ရေဘူး၊ စားစရာအခြောက်အခြမ်း။
o    အ၀တ်အစားအနည်းငယ် (တီရှပ်၊ လုံချည် စသည်)
o    မှတ်စုစာအုပ်၊ ခဲတံ၊ ဘောပင်
o    အရေးပေါ်ဖုံးနံပါတ်များ (ဆေးရုံဆေးခန်းများ၊ ရဲဌာန၊ မီးသတ်၊ အုပ်ချုပ်ရေးဌာန စသည်)
အရေးပေါ်အိတ်အတွက် သိမှတ်စရာ
အိမ်တွင် လူများလျှင်များသလို အရေးပေါ်အိတ် တစ်အိတ်မက လိုနိုင်သည်။
အရေးကြီးသောပစ္စည်းများကို စဉ်းစားပြီး လိုသမျှသာထည့်ပါ။ မလိုသည်များထည့်မထားပါနှင့်။ အရေးအကြောင်း၌ ထွက်ပြေးရန် လိုလာပါက အိတ်ကြီးကလေးနေပြီး အနှောက်အယှက်ဖြစ်တတ်သည်။
သက်တမ်းကုန်နိုင်သော ပစ္စည်းများပါပါက မကြာခဏစစ်ဆေးပြီး အသစ်နှင့် အစားပြန်လဲပါ။ (ဥပမာ - ဆေးများ၊ ဓါတ်ခဲ)
၃၊ ၂။   အရေးပေါ် စားစရာများ ပြင်ဆင်ခြင်း
အရေးအကြောင်းရှိပါက စားရေးသောက်ရေးအတွက် မပူရအောင် စားသောက်စရာများကို အဆင်သင့်ပြင်ထားနိုင်လျှင် ကောင်းပါသည်။ မိမိ၏ မိသားစုဦးရေကိုလိုက်၍ စားစရာသောက်စရာများကို အောက်ပါအတိုင်း ပြင်ဆင်နိုင်ပါသည်။
ဆန် ၁ စိတ်၊ ဆီ ၅၀ သား၊ ငါးပိ ၃၀ သား၊ ငြုပ်သီးခြောက် အစိတ်သား၊ ခေါက်ဆွဲခြောက်ထုပ် အထုပ် ၂၀၊ ဆား ၁၀ သား၊  သကြား ၁၀ သား၊ ရေ ၅ ပုလင်း။ ဘီစကစ်မုံ့ ၅ ထုပ်။ ထို့ပြင် ယခုအခါဈေးကွက်ထဲ၌ အလွယ်တကူရနိုင်သည့် အဆင်သင့် စားနိုင်သော မုံ့ဟင်းခါးခြောက်ထုပ်၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ပဲ စသည်တို့လည်း ဆောင်ထားနိုင်ပါသည်။ 
၎။  မိုးကြိုး အန္တရာယ်
မိုးရာသီများတွင် မိုးကြိုးအန္တရာယ် ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့အထိ မိုးကြိုးပစ်မှုကြောင့် သေဆုံးဒဏ်ရာရသူဦးရေမှာ ယခင်နှစ်ထက် ခြောက်ဆခန့်ပိုမိုမြင့်မားလာကြောင်း လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ စာရင်းများက ဆိုပါသည်။ ထိုစာရင်းများအရ မြန်မာတစ်နိုင်ငံလုံး တွင် ၂ဝ၁ဝ ခုနှစ်က မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေမှာ ၇ ဦးသာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ မတ်လမှ အောက်တို ဘာလ ၁ဝ ရက်နေ့အထိ မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးရသူ ၃၇ ဦးနှင့်ဒဏ်ရာရရှိသူ ၁၄ ဦး အထိ ငါးဆခန့်တိုးလာသည်ဟု ဆို၏။
ထို့ကြောင့် မိုးကြိုးအန္တရာယ်ကိုလည်း လျှော့တွက်၌မရပါ။ ဤနေရာတွင် မိုးကြိုးအန္တရာယ်ကာကွယ်ရေးအကြောင်း မူရင်း Emergency Handbook မှရော၊ အခြား website များကပါ ယူငင်ဘာသာပြန်ထားပါသည်။ 
အိမ်တွင်း၌ရှိနေစဉ် -
o    တံခါးများပိတ်ထားပါ။
o    မိုးကြိုးမုန်တိုင်းများကျနေစဉ် ရေမချိုးပါနှင့်။ ရေချိုးခန်းအတွင်းမှ သတ္တုပစ္စည်းများမှတဆင့် ဓါတ်လိုက်တတ်သည်။
o    ကြိုးနှင့်ဆက်ထားသော ဖုံးများကို မသုံးပါနှင့်။ ကြိုးမဲ့ဖုံး၊ လက်ကိုင်ဖုံးများ သုံးနိုင်သည်။
o    လျှပ်စစ်ပစ္စည်းများအားလုံး (ကွန်ပြူတာ၊ အားသွင်းစက်အပါအ၀င်) ကို ပလပ်ချွတ်ထားပါ။ မိုးကြိုးမှလျှပ်စီးကြောင့် ထိုပစ္စည်း များကို ပျက်စီးစေနိုင်သည်။ 
o    မိုးကြိုးများပစ်နေစဉ် လျှပ်စစ်ပစ္စည်းများ အသုံးမပြုပါနှင့်။
o    အိမ်၌ရှိသော သတ္တုပစ္စည်းများကို တတ်နိုင်သမျှ ကိုင်တွယ်ခြင်း မပြုပါနှင့်။
အိမ်ပြင်၌ရှိနေစဉ် -
o    လေလုံ၊ မိုးလုံ အဆောက်အဦတစ်ခုအတွင်း အမြန်ဝင်ပါ။ သို့သော် ဘတ်စ်ကားမှတ်တိုင်များ၊ တဲများ၊ ယာယီတဲများ၊ အမိုးဖွင့် ကားများအတွင်း မ၀င်ပါနှင့်။
o    သစ်ပင်အောက်၊ အုန်းပင်၊ ထန်းပင်၊ ပေပင်အောက်၊ ဓါတ်တိုင်အောက်၊ အလံတိုင်အောက် စသည့် ထီးထီးဖြစ်နေသည့် မြင့်မားသော အရာဝတ္တုများအောက် မ၀င်ပါနှင့်။ တောအုပ်အတွင်းသို့ ၀င်နိုင်သည်။
o    ဘာသစ်ပင်မှ မရှိသော ကွင်းပြင်၌ရောက်နေခဲ့ပါက ထိုင်လိုက်ပါ။ ထိုင်ရာတွင် ဖနောင့်ပြားပြားချ ထိုင်ပါ။ ဒူးပေါ်လက်တင်၊ လက်ပေါ် နဖူးတင်ပြီးခေါင်းကို ငုံ့ထားပါ။ မျက်လုံးကို မှိတ်ထားပါ။ နားများကိုလည်း ပိတ်ထားပါ။ လက်ပတ်နာရီ၊ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး စသော သတ္တုထည်များ ၀တ်ဆင်ထားပါက အမြန်ဆုံးချွတ်ပြီး ဝေးရာတွင်ထားပါ။  
o    သို့သော် ကွင်းပြင်၌ ၀မ်းလျားမှောက်မနေပါနှင့်။ 
o    ရေအိုင်၊ ရေကွက်၊ ချောင်း၊ မြောင်းများအနီးတွင် မနေပါနှင့်။ ရနိုင်လျှင် မိုးကာခြုံထားပါ။ ကိုယ်ကိုခြောက်သွေ့နေစေခြင်းသည် မိုးကြိုးအန္တရာယ်မှ လျော့ကျစေသည်။ 
o    သံဆူးကြိုးခြံစည်းရိုးများ၊ သံနှင့်လုပ်ထားသော အကာအရံများမှ ဝေးဝေးတွင်နေပါ။ သတ္တုထည်ပစ္စည်းများကို မထိပါနှင့်။
o    ပြင်ပတွင် အလုပ်လုပ်နေစဉ် (ဥပမာ - အိမ်ဆောက်နေစဉ်) မိုးရွာလာပါက သုံးလက်စ လျှပ်စစ်လက်နက်ကိရိယာများကို အမြန်ဆုံး ပလပ်ချွတ်ပါ။ ပလပ်တပ်ထားသော မည်သည့်ပစ္စည်းကိုမဆို မသုံးပါနှင့်။
o    ကားနှင့်ခရီးသွားနေစဉ် ဖြစ်ပါက ကားအတွင်း၊ ဘတ်စ်ကားအတွင်း၌ နေပါ။ ကားတံခါးများကို ပိတ်ထားပါ။ ကားအတွင်းရှိ သတ္တုထည်များကို မထိ၊ မကိုင်ပါနှင့်။ ရေဒီယိုဖွင့်မထားပါနှင့်။ 
o    မော်တော်ဆိုင်ကယ်၊ စက်ဘီးများမစီးပါနှင့်။ စီးနေစဉ် မိုကြိုးများပစ်လာလျှင် အမြန်ဆုံးဆင်းပါ။ ၎င်းတို့ကို ဝေးဝေးထားပါ။
ဆက်ရန် -
ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ ရေပြတ်လတ်ခြင်း



































 
 
No comments:
Post a Comment