ကိုယ်နှင့်တိုက်ရိုက်မသက်ဆိုင်ပေမင့် မနေနိုင်လို့ ပြောလိုက်ရအုံးမည်။
ခွေးအောင်လှိုင်သည် စစ်တပ်ကို သူ့ယောက္ခမပေးထားသည့် အမွေအလား အသုံးချကာ အပြစ်မရှိသော မြန်မာပြည်သူတို့၏ ခေါင်းတည့်တည့်ကို သေနတ်နှင့်ပစ်၏။
သူ့ကို တစ်သက်လုံးဒုက္ခပေးလာသည့် မဟာရန်သူကြီးလို သဘောထားလျက် ကျေးလက်နေ တောသူတောင်သားတို့၏ ရွာများကို ရွာလုံးကျွတ် မီးတင်ရှို့၏။
ဘာမှအပြစ်မရှိသော အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်၏။ ရွာများကို ဗုံးကျဲ၏။
အရှင်လတ်လတ် မီးတင်ရှို့၏။ (ကျော်တို့မသိလိုက်ပါဘူးခညာ ဆိုလျှင် ထိုဗီဒီယိုကို ကျွန်ုပ် save ထားတာရှိပါသည်။ ပို့ပေးပါမည်။)
ဘဏ်ကပိုက်ဆံတွေကို သူ့အဖေပိုက်ဆံမှတ်ပြီး အကုန်ယူသုံး၏။
သည်အကြောင်း တစ်နိုင်ငံလုံးအသိ၊ တစ်ကမ္ဘာလုံးအသိ။ သင်တို့ မသိပါဟု ဖင်ပိတ် မငြင်းပါနှင့်။
သည်မျှ ရက်စက်ယုတ်မာလှသော မြေနိုးကို ပင့်ဖိတ်လျက် ရာပြည့်ပွဲကြီး ဝှဲချီးကျင်းပသော အသင်တို့ကို ကျွန်ုပ် ချီးကျူးမိပါ၏။ အဘယ်ကိုချီးကျူးမိသနည်းဆိုသော် ဤမျှအရှက်မဲ့ရဲ၊ လုပ်ရဲ၊ ကိုင်ရဲ၊ အခွက်ပြောင်ရဲ၊ ဘယ်သူ့ကိုမှ သောက်ဂရုမစိုက်ရဲတာကို ချီးကျူးမိခြင်း ဖြစ်ပါ၏။
ဆရာခင်ကတော့ မန္တလေးသွားပြီး ယခင်က ကျောင်းတော်ကြီးဟောင်းမှာ တစ်ကိုယ်တည်း ရာပြည့်ပွဲ ဆင်နွှဲခဲ့ပါ၏။ ဘရာဗိုဆရာခင် . . . (အခုမှပဲ ဘယ်သူမိတ်ဆွေစစ်လည်း သိရတော့သဗျာ)
တိုက်တိုက်ဆိုင်ဆိုင်ပင် သည်ကနေ့ မြန်မာအက်ဆေး ၁၀၁ ထဲက နတ်မှူး၏ ‘အမိန့်နှင့် သူ၏ရပ်ဝန်းဒေသ’ ကို ဖတ်မိ၏။ အလွန်ကောင်းလှသော အက်ဆေးကလေး ဖြစ်၏။ အားလုံးမဖော်ပြတော့ဘဲ ကောင်းကွက်ကလေးများပါသည့် စာမျက်နှာများကိုသာ ဖော်ပြလိုက်ပါသည်။
ဤအက်ဆေးကလေးကိုဖတ်၍ ငါ ဘယ်အမျိုးအစားထဲမှာ ပါသလဲဟု ခွဲခြားနိုင်ကြပါ ပါ . . .
အဲလေ ဆရာ့ဆရာကြီး၊ ဆရာမကြီးတွေ ဖြစ်သမို့ ဒါတွေ ငါတို့သိပြီးသားတွေပါကွာ၊ မင်းပြောစရာမလိုပါဘူး . . . ဟု ပြောမှာ မြင်ယောင်မိပါသေး။
ဘာတဲ့ အဲဒါမကြိုက်ရင် unfriend လုပ်သွားပါ ဆိုတာက ရှိသေး။ အဟေး . . .
ကျွန်ုပ် (ဦးအေးငြိမ်း) ကိုလည်း အသင်တို့မိတ်ဆွေအဖြစ်မှ အပြီးအပိုင် စွန့်လွှတ်လိုက်ကြပါလော့။
နောင် ဘယ်ပွဲမှ ဖိတ်ကြားခြင်း မပြုကြပါနှင့်။ တောင်းပန်ပါသည်။
ထိုနယ်မြေကိုလည်း မည်သည့်အခါမှ ခြေမချတော့ပါ။ ရွံလွန်းလှပါသည်။
(ဤစာကို အသင်တို့သည် ‘အေးငြိမ်းဆိုတဲ့ ငနဲကတော့ ဟောသလိုရေးသကွ’ ဆိုပြီး share ၍တစ်နည်း၊ ကော်ပီကူး၍ တဖုံ၊ screen shot ရိုက်၍တမျိုး အဆွေအမျိုးအားလုံးထံ ပို့လိုက်ကြပါကုန်လော့။)
အေးငြိမ်း
No comments:
Post a Comment