Friday, March 22, 2013

OHSAS 18001 (အိုရှား အိတ်တီးန်သောင်ဇင်ဝမ်း) ၂


၈။ OHSAS 18001 အရလိုအပ်ချက်များ

            OHSAS 18001 ကို နာမည် PDCA စက်ဝိုင်းပေါ်တွင်အခြေခံထားသည်။ PDCA စက်ဝိုင်းမှာအောက်ပါအတိုင်းဖြစ်၏။


P – Plan             - ရည်မှန်းချက်နှင့် စီမံချက်ရေးဆွဲပါ။
D – Do              - ထိုစီမံချက်အတိုင်း အကောင်အထည်ဖော်ပါ။
C – Check          - မိမိတို့လုပ်ငန်းစဉ်များသည် ချမှတ်ထားသော ပေါ်လစီ၊ ရည်မှန်းချက်၊ ဥပဒေ၊ နည်းဥပဒေများနှင့်
                         ညီညွတ်ခြင်းရှိမရှိ အမြဲစောင့်ကြည့်နေပါ။ မှားနေ၊ လွဲနေသည်များရှိလျှင် ပြန်လည်ပြင်ဆင်ပါ။
A – Act              - လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးလုပ်ငန်းစဉ်များ အမြဲတိုးတက်ကောင်းမွန်နေရန် အရေးယူ
                         ဆောင်ရွက်ပါ။

၈၊ ၁။ အထွေထွေလိုအပ်ချက်

            အဖွဲ့အစည်းသည် ဤ OHSAS စံနှုန်း၏ လိုအပ်ချက်များအရ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်ကို ချမှတ်ခြင်း၊ မှတ်တမ်းများထားရှိခြင်း၊ လက်တွေ့အကောင်အထည်ဖော်ခြင်း၊ ထိန်းသိမ်းထားခြင်းနှင့် အစဉ်အမြဲတိုးတက်ကောင်းမွန်နေစေရန် ဆောင်ရွက်ရမည်။ ထို့နောက် ထိုလိုအပ်ချက်များကို မည်ကဲ့သို့ ဖြည့်ဆည်းရမည်ကို လေ့လာရမည်။
               အဖွဲ့အစည်းသည် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်ကို သတ်သတ်မှတ်မှတ်ရေးဆွဲပြီး စာရွက်စာတမ်းဖြင့် မှတ်တမ်းတင်ထားရမည်။
မှတ်ချက်။            ။ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး ကို ‘လအက’ ဟုလည်းကောင်း။ လုပ်ငန်းခွင်ကျန်းမာရေး နှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်ကို ‘လအကစ’ ဟုလည်းကောင်း အတိုကောက်သုံးပါမည်။


၈၊ ၂။ လအက မူဝါဒ

            ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့သည် လအကမူဝါဒကို အဓိပ္ပါယ်သတ်မှတ်ပြီး အခွင့်အာဏာပေးထားရမည်။ ၎င်းသည် လအကစ၏ သတ်မှတ်ထားသော နယ်ပယ်အတွင်းရှိစေရန် သေချာစေရမည်။ အကျဉ်းချုပ်ပြောရလျှင် ချမှတ်ထားသော မူဝါဒ သည် မိမိတို့လုပ်ငန်းနှင့် သင့်လျော်လျှောက်ပတ်ရမည်။ မိမိတို့ကုမ္ပဏီဝန်ထမ်းများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းစေရေးကို အကာအကွယ်ပေးရမည်။ မိမိတို့မူဝါဒအကြောင်း ၀န်ထမ်းများကို သေသေချာချာရှင်းပြရမည်။ မိမိနှင့် ပတ်သက်ဆက်နွယ်နေသူများအားလည်း ပြောပြရမည်။ မိမိတို့မူဝါကို စာဖြင့်ရေးသားမှတ်တမ်းတင်ထားရမည့်ပြင် အခါအား လျော်စွာ ပြန်လည်သုံးသပ်နေရမည်။
လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးမူဝါဒကို အောက်တွင် နမူနာ ဖော်ပြလိုက်ပါသည်။


၈၊ ၃။ စီမံချက်ရေးဆွဲခြင်း

၈၊ ၃၊ ၁။ အန္တရာယ်များအား ရှာဖွေဖော်ထုတ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ထိုအန္တရာယ်များအား ကန့်သတ်ထိန်းချုပ်ရမည့် နည်းလမ်းများ ရှာဖွေခြင်း

            အန္တရာယ်များအား ရှာဖွေဖော်ထုတ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ကန့်သတ်ထိန်းချုပ်ခြင်း၌ အောက်ပါတို့ပါဝင်ရမည်။
၁) ပုံမှန်လုပ်ငန်းများ၊ ပုံမှန်မဟုတ်သောလုပ်ငန်းများ
            ဥပမာ - ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌ သံချည်၊ သံကွေးလုပ်ငန်း၊ ကွန်ကရိလောင်းခြင်းလုပ်ငန်းများမှာ ပုံမှန် လုပ်ငန်းများဖြစ်ပြီး ကရိန်းပျက်သဖြင့် လာရောက်ပြင်ဆင်ရသည့်လုပ်ငန်းမှာ ပုံမှန်မဟုတ်သော လုပ်ငန်းဖြစ်၏။

၂) ထိုလုပ်ငန်း၌ ပါဝင်ပတ်သက်နေသူအားလုံး
            ထိုအထဲ၌ ပုံမှန်လုပ်နေသူများပါသကဲ့သို့ တစ်ခါတစ်ရံမှ လာတတ်သူများလည်းပါသည်။ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ကဲ့သို့သူများမှာ လုပ်ငန်းခွင်ထဲသို့ အမြဲလာနေသူများမဟုတ်ဘဲ တစ်ခါတစ်ရံမှ လာတတ်သူများဖြစ်သည်။ သို့သော် သူတို့ ကိုပါ ထည့်သွင်းစဉ်းစားရန်လိုသည်။

၃) လူတို့၏ အလေ့အထ၊ အကျင့်စရိုက်၊ လူတို့ကြောင့်ဖြစ်သည့် အကြောင်းအချက်
            လူဟူသည် အစွဲရှိ၏။ အလွယ်လုပ်တတ်သော သဘာဝလည်းရှိသည်။ နောက်ပြီး ဖြစ်ခါမှ ဖြစ်ရော့၊ စွန့်စားချင်သည့် ၀ါသနာလည်းရှိသည်။ ဥပမာ - မီးနီခါနီး ကားကိုအတင်းဖြတ်မောင်းခြင်း။ ထွက်နေသည့်ရထားပေါ် အတင်းပြေးတက်ခြင်း၊ ရထားမရပ်သေးမီ ခုန်ဆင်းခြင်း စသည်။

၎) ပြင်ပ ပယောဂကြောင့် ကိုယ့်လုပ်ငန်းအပေါ် အန္တရာယ်ကျရောက်ခြင်းမျိုး
            အထင်ရှားဆုံးဥပမာပေးရလျှင် မိမိလုပ်ငန်းခွင်ဘေး၌ တရားမ၀င် ဓါတ်ဆီရောင်းသဖြင့် ဓါတ်ဆီဆိုင် မီးလောင်ရာမှ မိမိလုပ်ငန်းခွင်ကိုပါ မီးစွဲတတ်တာမျိုး၊ လုပ်ငန်းခွင်အနီးရှိ ရေအိုင်များ၊ ရေမြောင်းများကြောင့် ခြင်များပေါက်ဖွားကာ မိမိတို့ လုပ်ငန်းခွင်မှ လုပ်သားများအား ကိုက်သဖြင့် သွေးလွန်တုပ်ကွေးရောဂါများဖြစ်ခြင်း စသည်တို့ ဖြစ်သည်။

၅) စက်ကိရိယာများ
            ဥပမာ - တွင်ခုံ၊ ဖောက်ခုံ၊ တူ၊ လွှ စသည့် လက်သုံးကိရိယာများ

၆) လုပ်ငန်းခွင်အား ဒီဇိုင်းရေးဆွဲထားပုံ
            ဥပမာ - လေ၀င်လေထွက်မကောင်းခြင်း၊ အလင်းရောင်လုံလောက်စွာမရခြင်း၊ အရေးအကြောင်းရှိက အလွယ်တူ ပြေးထွက်၍မရခြင်း

            အထက်ပါ အကြောင်းအချက်များမှ ဖြစ်နိုင်ချေရှိသော အန္တရာယ်အားလုံးကို ရှာဖွေဖော်ထုတ်ရမည်။ ထို့နောက် ထိုအန္တရာယ်များကို အတတ်နိုင်ဆုံး ကန့်သတ်ထိန်းချုပ်ရမည်။

            အန္တရာယ်များကန့်သတ်ထိန်းချုပ်ခြင်းတွင် ဦးစားပေးအစီအစဉ်အလိုက် အရေးအကြီးဆုံးမှစတင်ကာ အောက်ပါ အတိုင်း ဆောင်ရွက်သွားရမည်။


Safety အကြောင်းမလေ့လာဖူးသူများ ဤအရာများကို နားလည်ရန် မလွယ်ပါ။ သို့သော် ကျွန်တော်ကြိုးစား ရှင်းပြ ပါမည်။

က) ဖျောက်ဖျက်ခြင်း 
လုပ်ငန်းခွင်မှ အန္တရာယ်ကို ဖျောက်ပစ်ခြင်းဟူသည် အခြားမဟုတ်ပါ။ ပျဉ်ပြားတွင် သံများရှိနေပါက ထိုသံများကို နှုတ်ပစ်လိုက်ခြင်း ဖြစ်ပါသည်။ သံများကိုနှုတ်လိုက်ပါက သံစူးမည့်အန္တရာယ် မရှိတော့။ အန္တရာယ်ကို ဖျောက်ပယ်ပစ်ခြင်းသည် ပထမဦးဆုံး အရေးတကြီး လုပ်ရမည့် အရာဖြစ်၏။ အန္တရာယ်သာမရှိတော့ပါက အခြား မည်သည်မှ လုပ်စရာမလိုတော့။

ခ) အစားထိုးခြင်း
            ဥပမာ - မျက်နှာကျက်ကို ဆေးသုတ်ရမည်ဆိုပါက ငြမ်းဆင်ပြီး အပေါ်တက်သုတ်ပါက ပြုတ်ကျနိုင်သည့် အန္တရာယ် ရှိသဖြင့် ၀ါးလုံးရှည်ဖြင့် အောက်မှလှမ်းသုတ်ခြင်းမျိုးဖြစ်၏။

ဂ) စက်မှုနည်းပညာဖြင့် ထိန်းချုပ်ခြင်း
            ဥပမာ - အဆောက်အဦတစ်ခုကို ဖြိုချရာတွင် ယခင်က breaker ကြီးများဖြင့် ထိုးခွဲ၍ ဖြိုခြင်းမှာ ဖုံမှုန့်များအလွန် ထွက်ခြင်း၊ အလွန်ဆူညံခြင်း၊ အလွန်တုံခါခြင်း စသည်တို့ကြောင့် အန္တရာယ်များလှ၏။ ယခုအခါ စက်ညှပ်ကြီးများသုံးခါ ဖြိုချခြင်းဖြင့် ယခင်ကလောက် ဖုံထခြင်း၊ ဆူညံခြင်း၊ တုံခါခြင်းတို့မရှိတော့။

ဃ) အုပ်ချုပ်ရေးပိုင်းမှ ထိန်းချုပ်ခြင်း
            အလုပ်လုပ်ရန်အတွက် အလုပ်လုပ်ခွင့်လက်မှတ်ရှိမှသာလျှင် လုပ်ခွင့်ပြုခြင်းမျိုးဖြစ်သည်။

င) တစ်ကိုယ်ရေကာကွယ်ရေး အသုံးအဆောင်များ
            ဥပမာ - ကျောက်စက်တိုက်ရာတွင် အန္တရာယ်ကင်းမျက်မှန်တပ်ထားခြင်းဖြင့် မျက်လုံးအတွင်း ကျောက်စ၊ သံစများ ၀င်မည့်အန္တရာယ်ကို ကာကွယ်နိုင်သည်။

            အဖွဲ့အစည်းသည် လုပ်ငန်းခွင်အန္တရာယ်များကို ရှာဖွေခြင်း၊ ထိန်းချုပ်ခြင်းအစီအမံများရေးဆွဲရမည့်အပြင် ပြောင်းလဲ နေသော လုပ်ငန်းအလိုက် မိမိတို့ အစီအမံများကို အမြဲပြုပြင်ပြောင်းလဲ နေရန်လည်း လိုပါသည်။ ထို့ပြင် မိမိတို့ရေးဆွဲထား သော အစီအမံအတိုင်းလည်း လိုက်နာလုပ်ဆောင်ရန် အရေးကြီး၏။

၈၊ ၃၊ ၂။ ဥပဒေ၊ နည်းဥပဒေအရ လိုအပ်ချက်များ

            မြန်မာနိုင်ငံတွင်မူ မည်သည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းမှ မရှိသေးပါ။ ယခု စင်ကာပူ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဖော်ပြလိုက်ပါသည်။
            စင်ကာပူတွင် လုပ်ငန်းအလိုက် လေးစားလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ များစွာရှိပါသည်။ ဤနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းအတွက် နမူနာထား ဖော်ပြလိုက်ပါသည်။

Workplace Safety And Health Act 2006
Workplace Safety And Health (General Provisions) Regulations 2006
Workplace Safety And Health (First Aid) Regulations 2006
Workplace Safety And Health (Risk Management) Regulations 2006
Workplace Safety And Health (Incident Reporting) Regulations 2006
Workplace Safety And Health (Composition of Offences) Regulations 2006
WSH (Offences and Penalties) (Subsidiary Legislation under Section 67(14)) Regulations 2006
Workplace Safety And Health (Exemption) Order 2006
Workplace Safety And Health (Construction) Regulations 2007
Workplace Safety And Health (Workplace Safety And Health Officers) Regulations 2007
Workplace Safety And Health (Amendment of First Schedule) Order 2007
Workplace Safety And Health (Workplaces Subjected to Act) Order 2007
Workplace Safety And Health (Registration of Factories) Regulations 2008
Workplace Safety And Health (Abrasive Blasting) Regulations 2008
Workplace Safety And Health (Workplace Safety and Health Committees) Regulations 2008
Workplace Safety And Health (Amendment) Act 2008
Workplace Safety And Health (Amendment) Act (Commencement) Notification 2008
Workplace Safety And Health (Revocation) Regulations 2008
Workplace Safety And Health (Explosives Powered Tools) Regulations 2009
Workplace Safety And Health (Confined Spaces) Regulations 2009
WSH (Safety and Health Management System and Auditing) Regulations 2009
Workplace Safety And Health (Construction) (Amendment) Regulations 2009
Workplace Safety And Health (Registration of Factories) (Amendment) Regulations 2010
Workplace Safety and Health (Scaffolds) Regulations 2011
Workplace Safety and Health (Noise) Regulations 2011
Workplace Safety and Health (Operations of Cranes) Regulations 2011
Workplace Safety and Health (Medical Examinations) Regulations 2011
Workplace Safety and Health (Approved Code of Practices) Notification 2012
Factories (Asbestos) Regulations
Factories {Safety Training Courses) Order

Code of Practice for Working Safely at Height
Code of Practice on WSH Risk Management
Code of Practice on Sale Lifting Operation in the Workplace
CP 5: Code of Practice for Electrical installations, Amendment 1 (2008)
CP 14: Code of Practice for Scaffold
CP 20: Code of Practice for Suspended Scaflolds
CP 23: Code of Practice for Formwork
CP 63: Code of Practice for the Lilting of Persons in Work Plafiorms Suspended from Cranes
CP 79: Code of Practice for Safety Management System for Construction Worksites
CP 88 — 1: Code of Practice for Temporary Electrical Installations — Construction and Building Sites
CP 88 — 3: Code of Practice for Temporary Electrical Installations — Shipbuilding and Ship-repairing Yards

SS 98 ; Specification for Industrial Safety Harness
SS 280; Specification for Metal Scaffoldings, Pant 1; Frame Scaffoldings
SS 280; Specification for Metal Scaffoldings, Pan 2; Modular Scaffoldings
SS 311; Specification for Steel tubes and fittings used in Tubular Scaffoldings
SS 473; Specification for Personal eye-protectors, Part 1; General Requirements
SS 473; Specification for Personal eye-protectors, Part 2; selection, use and maintenance
SS 497; Code of Practice for Design, sale use and maintenance of gantry cranes,
overhead travelling cranes and monorail hoists
SS 508; Specification for Graphical symbols - Safety Colours and safety signs, Part 1: Design principles for safety signs in workplaces and public areas
            အများကြီးဖြစ်ပါသည်။ အားလုံးမဖော်ပြတော့ပါ။ 

ဆက်ပါဦးမည်။

အေးငြိမ်း
၂၁ - ၃ - ၂၀၁၃။ ည ၁၁ နာရီ ၁၁ မိနစ်




No comments: