မိဘ တစ်ဦးသည် သော် လည်းကောင်း၊ နှစ်ဦးစလုံးသည် သော်လည်းကောင်း SPR ဖြစ်ရုံမျှနှင့် စင်ကာပူတွင် မွေးသည်ဖြစ်စေ၊ အခြားတစ်နိုင်ငံငံ တွင် မွေးသည် ဖြစ်စေ မွေးဖွားလာ သော သားသမီးသည် အလိုအလျှောက် SPR မဖြစ်နိုင်ပါ။ ကလေးအတွက် SPR သီးသန့် လျှောက်ရ ပါသည်။ အောက်တွင် လျှောက်ထားပုံ၊ လျှောက်ထားနည်းများ ကို အသေးစိတ် ဖော်ပြလိုက်ပါသည်။


၁။ နိုင်ငံခြားသား မိဘများသည် စင်ကာပူတွင် ကလေးကို မွေးဖွား သန့်စင် ရန် မှတ်ပုံတင် လိုက်ပါက စင်ကာပူ တွင် တရားဝင် ကလေး နေထိုင်နိုင်ရေး အတွက် မွေးပြီးသည်မှ ၄၂ ရက် အတွင်း မိမိတို့ သက်ဆိုင်ရာ နိုင်ငံ သံရုံးတွင် ကလေးအတွက် ပတ်စ်ပို့ (Travel Document) လုပ်ရန် သက်ဆိုင်ရာမှ အကြောင်းကြား လာပါလိမ့်မည်။(မှတ်ချက်။ ။ Work Permit ကိုင်ဆောင်ထားသူ အမျိုးသမီး များအား စင်ကာပူနိုင်ငံ အတွင်း ကိုယ်ဝန် ဆောင်ခြင်း၊ ကလေး မီးဖွားခြင်းများ ကို ခွင့်မပြုပါ။)
၂။ အကယ်၍ သင်သည် SPR တစ်ဦးဖြစ်ပါမူ သင့်ကလေးအတွက် SPR လျှောက်လိုလျှင် အောက်ပါ လိပ်စာ၌ အောက်ဖော်ပြပါ စာရွက်စာတမ်း အပြည့်အစုံ ယူဆောင်လျှက် ရုံးဖွင့်ရက်များတွင် ရုံးချိန် အတွင်း သွားရောက် လျှောက်ထား နိုင်ပါသည်။
Permanent Resident Services Centre
၃။ လိုအပ်သော စာရွက် စာတမ်းများ -
က) အပြည့်အစုံ ဖြည့်စွက်ထားသော ပုံစံ (၄)၊ ပုံစံ (၆) နှင့် IMM 27 (Disembarkation / Embarkation Form)
ခ) ကလေး၏ မွေးစာရင်း (မူရင်း + မိတ္တူ)
ဂ) ကလေး၏ ပတ်စ်ပို့ (သို့မဟုတ်) ကလေး၏ နာမည်နှင့် ဓါတ်ပုံပါသော မိဘများ၏ ပတ်စ်ပို့ စာအုပ် (မူရင်း+ မိတ္တူ)
ဃ) ကလေး၏ ပတ်စ်ပို့ အရွယ် ဓါတ်ပုံ လေးပုံ (ဓါတ်ပုံ လိုအပ်ချက်များကို အထက်ပါ အပိုဒ် ၇၊၂၊ ၁ နှင့် ၇၊ ၂၊ ၂ များတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သို့မဟုတ် ပါကလည်း ICA ရုံးရောက်မှ ရိုက်ပါ။ သူတို့ကတော့ ရိုက်နေကျ ဖြစ်သဖြင့် ဘာမှ ပြောနေစရာ မလိုတော့ပါ။ ခုရိုက် ခုယူ ဖြစ်ပါ၏။ ဓါတ်ပုံ ၄ ပုံကို ၅ ကျပ် ပေးရပါသည်။ မဆိုးပါ။)
င) မိဘများ၏ လက်ထပ်စာချုပ် (မြန်မာဘာသာ ဖြစ်နေပါက အင်္ဂလိပ်လို ဘာသာ ပြန်ပေးရပါမည်။) (မူရင်း + မိတ္တူ)
စ) မိဘများ၏ Entry Permit Cards (မူရင်း + မိတ္တူ)
ဆ) မိဘများ၏ ပတ်စ်ပို့ (ပတ်စ်ပို့ထဲတွင် Valid Re-Entry Permit ပါရမည်။) (မူရင်း + မိတ္တူ)
ဇ) မိဘများ၏ IC (မှတ်ပုံတင်) သို့မဟုတ် EP Card (မူရင်း + မိတ္တူ)
ဈ) Entry Permit အတွက် စင်ကာပူ ဒေါ်လာ ၁၀၀။ Re-Entry Permit အတွက် စင်ကာပူ ဒေါ်လာ ၅၀ (တစ်နှစ်လျှင် ၁၀ နှုံးနှင့် ၅ နှစ်စာ အတွက်)။
၎။ SPR လျှောက်ထားစဉ် အတွင်းနှင့် ကဒ် ထုတ်ချိန်များတွင် ကလေး ရှိနေရမည် ဖြစ်ပါ၏။ လျှောက်လွှာကို စိစစ် ဆောင်ရွက်ချိန် စုစုပေါင်း ၃ လ ခန့် ဖြစ်ပါသည်။
၅။ အကယ်၍ ကလေးသည် စင်ကာပူနိုင်ငံတွင် မမွေးဘဲ အခြားတစ်နိုင်ငံ တွင် မွေးသည် ဖြစ်ပါက ကလေး အတွက် SPR လျှောက်လိုသော် ပုံစံ ၄ ကို အပြည့်အစုံ ဖြည့်ကာ လိုအပ်သော စာရွက်စာတမ်း အပြည့် အစုံနှင့် တကွ တင်နိုင်ပါသည်။
၆။ ကလေး အသက် မည်ရွေ့၊ မည်မျှတွင် SPR လျှောက်ရမည် ဟု သတ်မှတ်ချက် မရှိပါ။ ကလေး စမွေးသည့်ရက် မှစ၍ အသက် ၂၁ နှစ် မပြည့်မီ (အိမ်ထောင်မရှိသူ) ကာလထိ လျှောက်ထားနိုင် ပါသည်။ လျှောက်ထားသည့် ကလေး အား SPR ကျမည် မကျမည် ကို တရားသေ ယူဆ၍ မရပါ။ စင်ကာပူ လ.၀.က ၏ သတ်မှတ် ထားသော စံနှုံးများ နှင့် ကိုက်ညီလျှင် ချပေးမည်သာ ဖြစ်ပါ၏။
၇။ သတိပြုရန် အချက်မှာ အထက်တွင် ဖော်ပြခဲ့ပြီးသည့် အတိုင်း SPR လျှောက်လွှာကို ကြိုတင် ရက်ချိန်းယူပြီး (Electronic Booking System သို့မဟုတ် e-appointment) မှ သွားတင်ရန် ဖြစ်ပါသည်။ ကြိုတင် ရက်ချိန်းယူခြင်းကို https://eappointment.ica.gov.sg/ အင်တာနက် စာမျက်နှာ တွင် လည်းကောင်း၊ http://www.ica.gov.sg/ တွင် လည်းကောင်း ပြုလုပ်နိုင်ပါသည်။ e-appointment လုပ်ရန် အောက်ပါ အချက် အလက်များ လိုအပ်ပါသည်။
(၁) NRIC No. (မှတ်ပုံတင် နံပါတ်) သို့မဟုတ် FIN No. (နိုင်ငံခြားသား မှတ်ပုံတင် နံပါတ်)
(၂) SPR လျှောက်ထားလိုသူ ဦးရေ (ဥပမာ - မိသားစု ၀င်များ အပါအ၀င်)
၈။ e-appointment လုပ်ပြီးသည်နှင့် appointment confirmation ကို print out လုပ်ကာ လျှောက်လွှာ သွားတင်သော နေ့တွင် တပါတည်း ယူဆောင် သွားရပါမည်။
၉။ လျှောက်လွှာ သွားတင်သော နေ့တွင် တိုကင်ယူသော စက်များတွင် တိုကင်နံပတ် ကို ရယူပါ။ ထို တိုကင် ဖြတ်ပိုင်းပေါ်တွင် တိုကင်နံပတ် နှင့် သွားရမည့် ကောင်တာ နံပါတ်များကို ဖော်ပြထား ပါလိမ့်မည်။
၁၀။ အရေးကြီးသည်မှာ စင်ကာပူနိုင်ငံတွင် မွေးဖွားသော ကလေးငယ်များ အဖို့ မွေးပြီးသည်မှာ ၄၂ ရက် အတွင်း ၎င်း အတွက် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်း ရရှိရေးပင် ဖြစ်ပါသည်။ ၄၂ ရက်ထက် လုံးဝ ကျော်၍ မရပါ။ မိဘ များသည် ကလေးအတွက် SPR လျှောက်ခြင်း ကိစ္စကို အရေးတကြီး ပြုရန် လိုပါ၏။ မိဘများသည် ICA သို့ သွားကာ လျှောက်လွှာအတွက် တန်းစီ လက်မှတ် ရယူရန် လိုပါသည်။
ICA သို့ လာရောက်သူ လူများနေပါက တိုကင်နံပါတ်ကို ကန့်သတ် ထားမည် ဖြစ်ပါ၍ စောနိုင်သမျှ စောစော သွားလျှင် အကောင်းဆုံး ဖြစ်ပါသည်။
အကယ်၍ ထပ်မံ သိလိုသော အချက်များ ရှိပါက ICA_Feedback@ica.gov.sg သို့ မေးမြန်းနိုင် ပါသည်။












































