Monday, April 13, 2020

Information of Covid19

ဒီ ဗီဒီယိုလေးကို အစအဆုံး ကြည့်ကြစေချင်ပါတယ်။
ဟိုပြောဒီပြောစကားတွေ နားမယောင်ကြစေချင်။
၁။ ကိုဗစ်ကာကွယ်ဆေးဆိုတာ လုံးဝမရှိသေးပါ။ အခုမှ စမ်းသပ်နေဆဲရှိပါသေးတယ်။ ပထမဆုံးသိရမယ့် စမ်းသပ်ချက် ရလဒ်ဟာ မေလ၊ ၂၀၂၁ ဖြစ်ပါတယ်။
၂။ ကိုဗစ်ဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ဆေး မရှိသေးပါ။ အဓိကသုံးတဲ့ဆေးကတော့ ငှက်ဖျားပျောက်ဆေးပါ။ ဒါပေမယ့် အဲဒီဆေးကို ကိုဗစ်ကာကွယ်ဆေးဆိုပြီး မသောက်ပါနဲ့။ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။
၃။ ကုသဆေးမရှိလို့ ကာကွယ်လို့ပဲရပါတယ်။
၁) တစိမ်းသူတွေနဲ့ မဆက်ဆံပါနဲ့။ မထိတွေ့ပါနဲ့။
၂) တယောက်နဲ့တယောက် ပွေ့တာဖက်တာ၊ လက်ဆွဲတာ ရှောင်ပါ။
(ချစ်လို့နမ်းချင်လဲ ခဏအောင့်ထားအုံးဗျာ။ ၂၀၂၁ ကျမှ အတိုးချ နမ်းကြတာပေ့ါနော။)
(No girl friend. No boy friend. So sorry.)
၃) ကိုယ်ခံအားကောင်းအောင် နေပါ။ ကောင်းကောင်းစားပါ။ အိပ်ရေးဝဝ အိပ်ပါ။
(ခင်ဗျားပြောတော့လွယ်တယ်။ ကောင်းကောင်းစားဘို့ ပိုက်ဆံက လိုသေးတယ်ဗျ၊ အလုပ်တွေ ပိတ်ထားပါတယ်ဆိုမှ။
ဟိုက်ရော)
၄) အပြင်ထွက်တဲ့နှုန်းကို လျှော့ချပါ။ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။ အိမ်တွင်းပုန်းနေပါ။
၅) ဈေးကို (ဖြစ်နိုင်ရင်) တစ်ယောက်ပဲသွားပါ။ ဈေးဝယ်ရင် ဝေးဝေးကနေဝယ်ပါ။ တခြားသူတွေနဲ့ ခပ်ခွာခွာနေပါ။ (ဝေးဝေးကသာ လွမ်းပါမည် ပေါ့)
၆) တစ်ခုခုကိုင်ပြီးရင် လက်ဆေးပါ။
၇) ဖေ့စ်ဘုတ်က သမားဒေါ်ဂျင်းတွေပေးတဲ့ ဆေးနည်းတွေကို လုံးဝ x 99 အယုံအကြည်မရှိပါနဲ့။


No comments: