၎၊ ၅၊ ၁၃။ သင်္ကြန်တွင်းမှာ၊ ရှောင်ကြဉ်ရာ၊ 
၁၀ ဖြာတရားစု ၁၁၊
၄၀
၁) ရုဒ - ငိုကြွေးပူဆွေးခြင်း
၂) မေထုန်န - မေထုန်သံဝါသပြုခြင်း
၃) မံသ - အသားဟင်းလျာ စားသောက်ခြင်း
၎) သူရာ - သေရည်သေရက် သောက်စားမူးယစ်ခြင်း
၅) ကောဓ - အမျက်ဒေါသထွက်ခြင်း၊ သတ်ပုတ်ခြင်း
၆) ရုဓိရ - သွေးဖောက်၊ သွေးထုတ်ခြင်း
၇) တေလိက - ဆီလိမ်း၊ ဆေးလိမ်းခြင်း
၈) ရုက္ခေဆ - သစ်ပင်ခုတ်ဖြတ်ခြင်း၊ ခုတ်လှဲခြင်း၊ ထင်းခုတ်ခွဲခြင်း
၉) ကိဏ - ၀ယ်ယူခြင်း၊ ကျီသွင်းခြင်း
၁၀) ၀ိက္ကဏ - ရောင်းခြင်း၊ ဆိုင်ထွက်ခြင်း
            သင်္ကြန်အခါ
ရှောင်ကြဉ်ရန်အမှုများကား -
နရုဒံ မေထုနံ သုရာ၊ ၀ဓကောစေန တေလတာ၊
ရုက္ခဆေဒါဟ နန္တဿ၊ ကိဏေယျ ၀ိက္ကိဏေယျဝါ။
ဣမာနိ ဒသကမၼာနိ၊ သေကၠာပိ ပရိ၀ေဇၨယ်။                 ။ ဟူ၍လည်းကောင်း။
ကောဓေါစန ကရေရုဒံ၊ တေလိကံ ရုက္ခစေ ၦေဒါစ၊
ကိေဏယ် ၀ိကိၠေဏယ်၀ါ၊ ဣမာနိ ဒသကမၼာနိ၊ သေကၠာပိ ပရိ၀ေဇၨယ်။       ။ ဟူ၍လည်းကောင်း အဆိုလာရှိသောကြောင့် အဖြောင့်စကား၊
လင်္ကာကြားအံ့၊ ကြောင်းလျားစုံစေ့၊ သင်္ကြန်နေ့၌၊ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာကား၊ မသာနှလုံး၊
ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြေးကုန်ထ၊ ကာမအိမ်ရာ၊ မေထုနာက၊ ပါဏာသတ်ပုတ်၊
သောက်ထုတ်သေရက်၊ မျက်ထွက်မာန၊ ပဋိဃနှင့်၊ ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊
သတ်ခတ်ကုန်ရှောင်း၊ အရောင်းအ၀ယ်၊ လဲလှယ်ဟူသည်၊ ဤဆယ်မည် ကို၊ လူ့ပြည်၌တွင်၊ လူကိုစင်ထား၊
မြင်းမိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ရှောင်ကြဉ်ရာဟု၊ ကျမ်းလာသောအား၊ လင်္ကာ ကြားသည်၊
ဤကား မဟာသင်္ကြန်အကျ အလိုတည်း။  
သင်္ကြန်စာတွင် ‘အတာစားသည်’ ဟူသော
ဝေါဟာရနှင့်တကွ အတာစားရခြင်းအကျိုးများ ဖော်ပြထားသည်ကိုလည်း တွေ့ရပါလိမ့်မည်။ မည်သည့်နေ့သား
အတာစားသည်ကို မှတ်သားရန် အလွယ်နည်းမှာ သင်္ကြန်တက်သောနေ့သည် အတာ စားသောနေ့ဖြစ်သည်ဟု မှတ်လိုက်ရန်သာ
ဖြစ်ပါသည်။  
            အတာစားသောနေ့သားတို့အတွက်
ထိုနှစ်သည် ကံနိမ့်သောနှစ်ဖြစ်သည်ဟု ယူဆကြပါသည်။ 
            ဆရာတော်
ဘဒ္ဒန္တကောသလ္လထေရ် ၏ ကန်ဦးမူ သဗ္ဗမင်္ဂလာအခါပေးကျမ်း ၌ ဖော်ပြထားသည်မှာ-
            အတာစားသော
နေ့သား၊ နေ့သမီးတို့သည် အတာတက်သောအချိန်၌ ရတနာခုနစ်ပါးတို့ဖြင့် တင့်တယ်စွာ ဆင်ယင်လျှက်
မြတ်သောနေရာထက်တွင် နေပြီးသော် ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါး၊ မိဘ၊ ဆရာသမား၊ သိကြား၊
ဗြဟ္မာ၊ စတုလောကပါလ၊ သာသနာတော်စောင့်နတ်၊ ရွာစောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး
နှင့် သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တို့အား လှူဒါန်းပူဇော်ပသပြီး၍ သင်္ကြန်အတက် ဂြဟဇာပွင့်ရာအရပ်သို့
မျက်နှာပြုကာ အတာစားကုန်ရာ သည်။ 
            အတာစားရခြင်းအကျိုးကား
-
            “အတာကမ္မံ
ကရောန္တဿ၊
            မဟာဘောဂံ
မဟာသုခံ၊
            မဟပ္ဖလံ
စတုဒ္ဒီသံ၊
            ဝေရီဇေယျံ
သုမင်္ဂလံ။”
- ဟူ၍ ပသေနဒီကောသလမင်းကြီးအား
မြတ်စွာဘုရားက ဟောကြားတော်မူခဲ့၏။ 
            အဓိပ္ပါယ်မှာ
“အတာစားသောသူတို့သည် အတာတက်သောကာလ၌ ဤသို့ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြင့် ကြီးစွာသော
ဥစ္စာစီးပွားကို ရရှိခြင်း၊ ကြီးစွာသောချမ်းသာကို ရရှိခြင်း၊ အရပ်လေးမျက်နှာမှ ကြီးစွာသော
ကောင်းကျိုးတရားများ ရရှိခြင်း၊ ရန်သူကို အောင်မြင်ခြင်း၊ ကောင်းမြတ်သော မင်္ဂလာနှင့်
ပြည့်စုံခြင်း စသော အကျိုးတရားများကို ရရှိစေသည်” ဟူ၍ ဖြစ်ပါသည်။
၂၀၀၉ ခုနှစ်ထုတ် ဖျာပုံတိုက်သစ်ဆရာတော်၏ သုတေသနသရုပ်ပြအဘိဓါန်
စာမျက်နှာ ၄၃၆ တွင် သင်္ကြန် (၁၂) မျိုးကို အောက်ပါအတိုင်း
ဖော်ပြထားပါသည်။
သက္ကရာဇ်မှ ၂ နှုတ်ပြီး ၁၂ ဖြင့်စားပါ။
စားကြွင်းကိုလိုက်၍ အောက်ပါအတိုင်း သင်္ကြန် (၁၂) မျိုး အမည်ပေးပါသည်။ 
ဆရာတော် ဘဒ္ဒန္တကောသလ္လ၏ ကန်ဦးမူ
သန္ဒိဋ္ဌသင်္ကြန်စကားပြေကျမ်း တွင်မူ အောက်ပါအတိုင်း ဖော်ပြထား၏။
အတာစက္ခုအလိုအရ နှစ် (၁၂) ပါးတွက်နည်းမှာ
နှစ်သစ်သက္ကရာဇ်မှ ၂ နှုတ်ပြီး ၁၂ ဖြင့်စားပါ။ စားကြွင်းကိုလိုက်၍ အောက်ပါအတိုင်း နှစ်
(၁၂) မျိုး အမည်ပေးပါသည်။ 
| 
စားကြွင်း | 
နှစ်အမည် | 
သင်္ကြအမည် | 
| 
၁ | 
ဇေယျနှစ် | 
ဇေယျသင်္ကြန် | 
| 
၂ | 
ဝိသာခါနှစ် | 
ဝိသာခါသင်္ကြန် | 
| 
၃ | 
ဇေဋ္ဌနှစ် | 
ဇေဋ္ဌသင်္ကြန် | 
| 
၎ | 
အာသဠနှစ် | 
အာသဠှီသင်္ကြန် | 
| 
၅ | 
သရ၀ဏ္ဏနှစ် | 
သရ၀ဏ်သင်္ကြန် | 
| 
၆ | 
အဒြနှစ် | 
အဒြသင်္ကြန် | 
| 
၇ | 
ဒဿယုဇ္ဇနှစ် | 
အဿယုတ္တ (အဿယုဇ္ဇ) သင်္ကြန် | 
| 
၈ | 
ကြတ္တိကာနှစ် | 
ကြတ္တိကာသင်္ကြန် | 
| 
၉ | 
မိဂသီနှစ် | 
မိဂသီသင်္ကြန် | 
| 
၁၀ | 
ဖုသျှနှစ် | 
ဖုသျှသင်္ကြန် | 
| 
၁၁ | 
မာဃနှစ် | 
မာဃသင်္ကြန် | 
| 
ဝ | 
ဘဂ္ဂုဏနှစ် | 
ဖဂ္ဂုဏ (ဘရဂုဏီ) သင်္ကြန် | 
            ဇောတိသဝေဒမဂ္ဂဇင်း အမှတ် (၄၄) ပါ ဆရာကြီး ဆန်းထွန်း
(မန်းတက္ကသိုလ်) ၏ မွန်းတည့်နက္ခတ် ဆောင်းပါး၌ သင်္ကြန် (၁၂) မျိုးကို အောက်ပါအတိုင်း
ဖော်ပြထားပါသေးသည်။
            သင်္ကြန်မင်းဟူသည်
တနင်္ဂနွေဂြိုဟ်ပင်ဖြစ်သည်။ တနင်္ဂနွေဂြိုဟ်သည် ကမ္ဘာကိုပြုတတ်၊ ဆောင်တတ်၊ ဖျက်တတ် ၏။ သင်္ကြန်ဟူသည်
သက္ကဋဘာသာ သင်္ကြန္တမှ ဆင်းသက်လာသည်။ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်သဖြင့် ကူးပြောင်း ၀င်ရောက်ခြင်းကို
သင်္ကြန်ဟု ခေါ်သည်။ အဘယ်အရာကူးပြောင်း ၀င်ရောက်သနည်း။ တနင်္ဂနွေဂြိုဟ်မင်း ကူးပြောင်းဝင်
ရောက်သည်။ ကူးပြောင်းဝင်ရောက်သော တနင်္ဂနွေဂြိုဟ်မင်းသည် သင်္ကြန်မင်း (သင်္ကြန္တရာဇာ) ပင်
ဖြစ်၏။ တနင်္ဂနွေဂြိုဟ်ကို မင်း ဟူ၍ အဘယ်ကြောင့်ခေါ်သနည်း။ “ဥဒေတယံ၊ စက္ခုမာ၊ ဧကရာဇာ” ဟူသော
မောရသုတ် ပရိတ်တော်ကို ထောက်၍ ခေါ်ပါသည်။  
            သင်္ကြန်
(၁၂) မျိုးကို လွယ်လွယ်ကူကူ မှတ်နိုင်သောနည်းဖြင့် ပြအံ့။ 
၁) မိန်ရာသီမှ မိဿရာသီသို့ မတ်လ (၂၀) ရက်နေ့တွင် ပြောင်း၏။
    မဟာဝိသုဝသင်္ကြန်
ဟုလည်းခေါ်၏။ မိဿသင်္ကြန်ဟုလည်း ခေါ်၏။
၂) မိဿရာသီမှ ပြိဿရာသီသို့ ဧပြီလ (၂၀) ရက်နေ့တွင် ပြောင်း၏။
ပြိဿသင်္ကြန်ဟုလည်း ခေါ်၏။
၃) ပြိဿရာသီမှ မေထုန်ရာသီသို့ မေလ (၂၁) ရက်နေ့တွင် ပြောင်း၏။
    ဆဠသီတိသင်္ကြန်
ဟုလည်းခေါ်၏။ မေထုန်သင်္ကြန်ဟုလည်း ခေါ်၏။
၎) မေထုန်ရာသီမှ ကြဋ်ရာသီသို့ ဇွန်လ (၂၂) ရက်နေ့တွင် ပြောင်း၏။
    ဒက္ခိဏာယနသင်္ကြန်
ဟုလည်းခေါ်၏။ ကြဋ်သင်္ကြန်ဟုလည်း ခေါ်၏။
၅) ကြဋ်ရာသီမှ သိဟ်ရာသီသို့ ဇူလိုင်လ (၂၃) ရက်နေ့တွင် ပြောင်း၏။
ဟုလည်းခေါ်၏။ သိဟ်သင်္ကြန်ဟုလည်း ခေါ်၏။
၆) သိဟ်ရာသီမှ ကန်ရာသီသို့ သြဂုတ်လ (၂၃) ရက်နေ့တွင် ပြောင်း၏။
    ဆဠသီတိသင်္ကြန်
ဟုလည်းခေါ်၏။ ကန်သင်္ကြန်ဟုလည်း ခေါ်၏။
၇) ကန်ရာသီမှ တူရာသီသို့ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပြောင်း၏။
    ဇလ၀ိသုဝသင်္ကြန်
ဟုလည်းခေါ်၏။ တူသင်္ကြန်ဟုလည်း ခေါ်၏။
၈) တူရာသီမှ ဗြိစ္ဆာရာသီသို့ အောက်တိုဘာလ (၂၄) ရက်နေ့တွင်
ပြောင်း၏။ 
ဟုလည်းခေါ်၏။ ဗြိစ္ဆာသင်္ကြန်ဟုလည်း ခေါ်၏။
၉) ဗြိစ္ဆာရာသီမှ ဓနုရာသီသို့ နိုဝင်ဘာလ (၂၂) ရက်နေ့တွင်
ပြောင်း၏။ 
    ဆဠသီတိသင်္ကြန်
ဟုလည်းခေါ်၏။ ဓနုသင်္ကြန်ဟုလည်း ခေါ်၏။
၁၀) ဓနုရာသီမှ မကာရရာသီသို့ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ပြောင်း၏။
      ဥတ္တရာယနသင်္ကြန်
ဟုလည်းခေါ်၏။ မကာရသင်္ကြန်ဟုလည်း ခေါ်၏။
၁၁) မကာရရာသီမှ ကုမ်ရာသီသို့ ဇန္န၀ါရီလ (၂၀) ရက်နေ့တွင် ပြောင်း၏။
ဟုလည်းခေါ်၏။ ကုမ်သင်္ကြန်ဟုလည်း ခေါ်၏။
၁၂) ကုမ်ရာသီမှ မိန်ရာသီသို့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင်
ပြောင်း၏။ 
      ဆဠသီတိသင်္ကြန်
ဟုလည်းခေါ်၏။ မိန်သင်္ကြန်ဟုလည်း ခေါ်၏။
            အဆိုပါသင်္ကြန်
(၁၂) မျိုးအမည်သညာများကို ဇောတိတတွကျမ်း စာမျက်နှာ (၄၀) ၌ သက္ကတဂါထာများ၊ သသီပဘာ၊ သက္ကတဋီကာ၊
ဗံဂလာနိဿယများနှင့်တကွ အစင်အကြယ် အသေအချာတွေ့ရသည်။ အဆိုပါသင်္ကြန်များမှာ ဝေါဟာရသင်္ကြန်၊
ရာသီသင်္ကြန် နှစ်မျိုးအနက် ရာသီသင်္ကြန်အမည်များ ဖြစ်သည်။ တနင်္ဂနွေသင်္ကြန်မင်း ရာသီမပြောင်းသေး
ဘဲ ဝေါဟာရလပြောင်းသည်ကို ဝေါဟာရသင်္ကြန်ဟု ခေါ်သည်။ 
            လက်ရှိသက္ကရာဇ်ကို
၅၅၂ ပေါင်းပြီး ၃ ဖြင့်မြှောက်ပါ။ ထို့နောက် ၅၊ ၇၊ ၈၊ ၉၊ ၁၁ တို့ဖြင့် အသီးသီးစားပါ။
အကြွင်း ကို လိုက်၍ အောက်ပါအတိုင်း မိုးတင်း သတ်မှတ်သည်။  
| 
သက္ကရာဇ် | 
(က) | 
÷ | 
၅ | 
→ | 
(စားကြွင်း) | 
= | 
လူ့ပြည်၌ရွာသောမိုးတင်း | |
| 
၅၅၂ | 
(ပေါင်း) | 
(က) | 
÷ | 
၇ | 
→ | 
(စားကြွင်း) | 
= | 
သတ္တရဘဏ်၌ရွာသောမိုးတင်း | 
| 
x x x x | 
(က) | 
÷ | 
၈ | 
→ | 
(စားကြွင်း) | 
= | 
ဟိမ၀န္တာ၌ရွာသောမိုးတင်း | |
| 
၃ | 
(မြှောက်) | 
(က) | 
÷ | 
၉ | 
→ | 
(စားကြွင်း) | 
= | 
ကောင်းကင်၌ရွာသောမိုးတင်း | 
| 
(က) | 
(က) | 
÷ | 
၁၁ | 
→ | 
(စားကြွင်း) | 
= | 
သမုဒ္ဒရာ၌ရွာသောမိုးတင်း | |
| 
စားကြွင်းမရှိလျှင် မိုးတင်းမရှိ။ | ||||||||
            အဟောကား
လူ့ပြည်၌မိုးတင်းများမူ မိုးကောင်းအံ့။ ၀ပြောသာယာအံ့။ သတ္တရဘဏ်၌မိုးတင်းများမူ နဂါး၊
ဂဠုန်တို့ မြူးထူးခြင်း လွန်ကုန်အံ့။ နေရှိန်ညံ့အံ့။ မြောက်လေပြန်အံ့။ အချမ်းလွန်အံ့။
အနောက်မြောက်ထောင့်မှ မုန်တိုင်းလေပြင်း ထဖန် များအံ့။ မိုးသုံးပါးရွာအံ့။ ဟိမ၀န္တာ၌
မိုးတင်းများမူ ဆီးနှင်းထန်အံ့။ သစ်ရွက်မျိုးပေါအံ့။ ကောင်းကင်၌ မိုးတင်းများမူ နေရှိန်၊
လရှိန်ညံ့အံ့။ မိုးကြိုးထစ်ချုန်းဘန် များအံ့။ သမုဒ္ဒရာ၌ မိုးတင်းများမူ တိမ်တောင်နဂါးပွက်များအံ့။
နဂါးတို့ မြူးထူးခြင်း လွန်ကုန် အံ့။ သားကြီး၊ ငါးကြီးအသေများအံ့။ 
မိုးတင်း၏ ပမာဏကား -
အဓေါတိံသ ယောဇနံ၊ ဥဒံ္ဓပညာသ ယောဇနံ၊
ဥဗ္ဗေဓေါတိံသ ယောဇနံ၊ မဏ္ဍလံသ တပညာသံ၊
ပဏ္ဍိတေဟိ၊ ၀ိဇာနေယျုံ။                ။ 
အောက်တင်းဝသည်ကား ယူဇနာ ၃၀ ရှိ၏။
အထက်တင်းဝသည်ကား ယူဇနာ ၅၀ ရှိ၏။ အစောက်ကား ယူဇနာ ၃၀ ရှိ၏။ အ၀န်းကား ယူဇနာ ၁၅၀ ရှိ၏။
၎၊ ၅၊ ၁၆၊ ၂။  ဂန္ထန္တရ မိုးကိန်းတွက်နည်း
            သက္ကရာဇ်တွင်
၈ ပေါင်းပြီး ၅ ဖြင့်စားပါ။ စားကြွင်းအလိုက် အောက်ပါ မိုးကိန်းအဟောများ ထုတ်ပါသည်။
| 
သက္ကရာဇ် | 
စားကြွင်း | 
= | 
၁ | 
→ | 
မိုးဦး မိုးလယ် ကောင်းအံ့၊ မိုးနှောင်း တံ့အံ့။ | ||
| 
+ | 
၈ | 
စားကြွင်း | 
= | 
၂ | 
→ | 
မိုးဦး မိုးနှောင်း ကောင်းအံ့၊ မိုးလယ် တံ့အံ့။ | |
| 
၅ | 
x x x x | 
စားကြွင်း | 
= | 
၃ | 
→ | 
မိုးဦး ကောင်းအံ့၊ မိုးလယ်၊ မိုးနှောင်း တံ့အံ့။ | |
| 
x x x x | 
စားကြွင်း | 
= | 
၎ | 
→ | 
မိုးသုံးပါးမရှိ။ | ||
| 
စားကြွင်း | 
စားကြွင်း | 
= | 
၅ | 
→ | 
မိုးဦး တံ့အံ့၊ မိုးလယ်၊ မိုးနှောင်း ကောင်းအံ့။ | 
| 
သက္ကရာဇ် | 
စားကြွင်း | 
= | 
ပါပ | 
→ | 
ရေဦးကြီးအံ့။ | ||
| 
+ | 
၃ | 
(ပေါင်း) | 
စားကြွင်း | 
= | 
သောမ | 
→ | 
ရေဦးနည်းအံ့။ | 
| 
၇ | 
x x x x | ||||||
| 
x x x x | |||||||
| 
စားကြွင်း | |||||||
| 
သက္ကရာဇ် | 
စားကြွင်း | 
= | 
ပါပ | 
→ | 
ရေလယ်ကြီးအံ့။ | ||
| 
+ | 
၅ | 
(ပေါင်း) | 
စားကြွင်း | 
= | 
သောမ | 
→ | 
ရေလယ်နည်းအံ့။ | 
| 
၈ | 
x x x x | ||||||
| 
x x x x | |||||||
| 
စားကြွင်း | |||||||
| 
သက္ကရာဇ် | 
စားကြွင်း | 
= | 
ပါပ | 
→ | 
ရေနှောင်းကြီးအံ့။ | ||
| 
+ | 
၂ | 
(ပေါင်း) | 
စားကြွင်း | 
= | 
သောမ | 
→ | 
ရေနှောင်းနည်းအံ့။ | 
| 
၉ | 
x x x x | ||||||
| 
x x x x | |||||||
| 
စားကြွင်း | 
| 
သက္ကရာဇ် | 
စားကြွင်း | 
မင်းမူသော သစ်ပင် | 
ပုဗ္ဗကြယ်ဝပ်သော သစ်ပင် | |||
| 
x | 
၃ | 
(မြှောက်) | 
၁ | 
ဝါပင်၊ လက်ထုတ်ပင် | 
ကြခတ်ပင် | |
| 
x x x x | 
၂ | 
သီးပင်၊ ကုက္ကိုပင်၊ သဖန်းပင် | 
ရေသဖန်းပင် | |||
| 
- | 
၎ | 
(နှုတ်) | 
၃ | 
ထိန်ပင် | 
အလိုကျူပင် | |
| 
၇ | 
x x x x | 
၎ | 
ခံတက်ပင်၊ အင်ကြင်းပင် | 
ဥန္နဲပင် | ||
| 
x x x x | 
၅ | 
တမာပင် | 
ဆူးစောင်း၊ ဆူးလေပင် | |||
| 
(စားကြွင်း) | 
၆ | 
မရိုးပင် | 
လက်ပံပင် | |||
| 
ဝ | 
သပြေပင် | 
သီးပင် | 
၎၊ ၅၊ ၁၈။ သက္ကရာဇ်ဦးခေါင်းပြုတွက်နည်း
| 
၁၂ | 
သက္ကရာဇ် | 
စားကြွင်း | 
သက္ကရာဇ်ဦးခေါင်းပြုရာအရပ် | |
| 
x x x x | 
ဝ၊ ၁၊ ၉ | 
အရှေ့သို့ | ||
| 
(စားကြွင်း) | 
၎၊ ၅၊ ၆ | 
တောင်သို့ | ||
| 
၃၊ ၇၊ ၁၀ | 
အနောက်သို့ | |||
| 
၂၊ ၈၊ ၁၁ | 
မြောက်သို့ | 
| 
သက္ကရာဇ် | |||||
| 
+ | 
၈၀ | 
(ပေါင်း) | 
စားကြွင်း | 
သက္ကရာဇ်ဦးခေါင်းပြုရာအရပ် | |
| 
၁၂ | 
x x x x | 
၃၊ ၇၊ ၁၁ | 
အရှေ့သို့ | ||
| 
x x x x | 
ဝ၊ ၄၊ ၈ | 
တောင်သို့ | |||
| 
(စားကြွင်း) | 
၁၊ ၅၊ ၉ | 
အနောက်သို့ | |||
| 
၂၊ ၆၊ ၁၀ | 
မြောက်သို့ | 
            တနင်္ဂနွေဂြိုဟ်စင်၏
ရာသီ၊ အံသာတို့အလိုက် ဖျောက်ဆိပ်ကြယ်ပေါ် စသည်တို့ကို အောက်ပါအတိုင်း ကောက်ယူ နိုင်ပါသည်။
| 
တနင်္ဂနွေဂြိုဟ်စင်၏ | ||||
| 
စဉ် | 
ရာသီ | 
အံသာ | 
ခန့်မှန်းအင်္ဂလိပ်ရက် | |
| 
၁ | 
၁ | 
၁၅ | 
ဖျောက်ဆိပ်ကြယ်ပေါ်၏။ | 
၃၀၊ မေလ | 
| 
၂ | 
၃ | 
ဝ | 
ကောက်ကြီးပျိုးကြဲရာ၏။ | 
၁၅၊ ဇူလိုင်လ | 
| 
၃ | 
၎ | 
၁၅ | 
ဖျောက်ဆိပ်မွန်းတည့်၏။ | 
၁၊ စက်တင်ဘာလ | 
| 
၎ | 
၅ | 
ဝ | 
တနင်္ဂနွေကန်ဆင်း၏။ | 
၁၆၊ စက်တင်ဘာ | 
| 
၅ | 
၆ | 
ဝ | 
သရ၀ဏ်မွန်းတည့်၏။ | 
၁၆၊ အောက်တိုဘာ | 
| 
၆ | 
၆ | 
၁၅ | 
ကောက်ကြီးကောက်သားဝင်၏။ | 
၁၊ နိုဝင်ဘာလ | 
| 
၇ | 
၇ | 
ဝ | 
မုရင်းပျိုးကြဲရာ၏။ | 
၁၅၊ နိုဝင်ဘာလ | 
| 
၈ | 
၇ | 
၁၅ | 
ဖျောက်ဆိပ်မြေလူး၏။ | 
၁၊ ဒီဇင်ဘာလ | 
| 
၉ | 
၉ | 
ဝ | 
နဂါးနေရောင်မှ လွတ်၏။ | 
၁၅၊ ဇန္န၀ါရီလ | 
| 
၁၀ | 
၉ | 
၁၅ | 
မုရင်းကောက်သားဝင်၏။ | 
၂၉၊ ဇန္န၀ါရီလ | 
| 
၁၀ | 
၁၀ | 
၁၅ | 
မုရင်းကောက်သားဝင်၏။ (နောက်ဆရာတို့ပြင်ဆင်ချက်။) | 
၂၈၊ ဖေဖော်ဝါရီ | 
| 
ထိုနေ့တွင် ပုဗ္ဗကြယ်တိုင်ကို လယ်၌စိုက်ရာ၏။  | ||||
| 
ကောက်ကြီးကောက်သားဝင်သောနေ့၌လည်း စိုက်ကြသေးသည်။ | ||||
            ဤတွင်ဖော်ပြထားသော
ဖျောက်ဆိပ်ကြယ်ဟူသည် ကြတ္တိကာနက္ခတ်ကို ခေါ်ခြင်းဖြစ်ပါသည်။ ဖျောက်ဆိပ်ကြယ် ပေါ်သည်၊ ဖျောက်ဆိပ်မွန်းတည့်သည်၊
ဖျောက်ဆိပ်မြေလူးသည် စသည်တို့မှာ နံနက်အရုဏ်တက်ချိန်တွင် အနောက်ဘက် ကောင်းကင်၌ မြင်တွေ့ကြရမည့်
ကြတ္တိကာနက္ခတ်၏ အနေအထားများဖြစ်ပါသည်။ 
တနင်္ဂနွေ ကန်ဆင်း၏ ဆိုသည်မှာ ကန်ရာသီသို့
တနင်္ဂနွေဝင်ရောက်ခြင်းကို ခေါ်ပါသည်။ ထိုအချိန်တွင် မိုးအကြီး အကျယ်ရွာတတ်ပြီး ထိုမိုးကို
ကန်ဆင်းမိုးဟု ခေါ်သည်။ ကန်အတွင်းသို့ မိုးရေများစီးဆင်းခြင်းကို ခေါ်တာမဟုတ်ပါ။ တနင်္ဂနွေ
ဂြိုဟ်၊ ကန်ရာသီသို့ ပြောင်းရွှေ့ဝင်ရောက်စဉ် ရွာသောမိုးဖြစ်သဖြင့် ကန်ဆင်းမိုးဟု ခေါ်ခြင်း
ဖြစ်ပါသည်။ 
နဂါးနေရောင်မှလွတ်၏ ဆိုသည်မှာ
မြန်မာတို့က ကြယ်နဂါးဟုခေါ်သည့် ဗြိစ္ဆာရာသီ ကင်းမြီးကောက် ကြယ်စုကြီး သည် ညဘက်သို့ လွတ်လွတ်ကျွတ်ကျွတ်ဝင်ရောက်လာခြင်းကို
ခေါ်သည်။ 
            ကြတ္တိကာနက္ခတ်ခေါ်
ဖျောက်ဆိပ်ကြယ်သည် အမြင်ရှင်း၍ မှတ်သားရလည်း လွယ်ကူ၏။ နံနက်အရုဏ်တက်ချိန် လယ်ဆင်းကြသောအခါ
ဖျောက်ဆိပ်ကြယ်ကို လွယ်လွယ်ကူကူ တွေ့မြင်နိုင်ကြသည်ဖြစ်၍ ၎င်းကိုကြည့်ပြီး အမှတ်အသား ပြုကာ
စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း စသည်တို့ ပြုလုပ်ကြသည်။ 
            နှစ်ကောဇာတွင်၊ အတာပြောင်းတက်၊ နောက်တစ်ရက်က၊ စ၍တွက်ချိန်၊
ပြက္ခဒိန်ဝယ်၊ သုဒ္ဓဒိန်ပွားကြွယ်၊ ရာ့လေးဆယ်တွင်၊ ပြည့်ကယ်သောခါ၊ နံကာခေါ်ထ၊ ၀ါခေါင်လနှင့်၊
လင်းစရောင်ဝါ၊ အရုဏ်လာဝယ်၊ ကြတ္တိကာဗွေထိပ်၊ တည့်လာရိပ်၍၊ ဖျောက်ဆိပ်မွန်းမတ်၊ မည်သတတ်ရှင့်၊
- - - - 
            ရာ့ငါးဆယ့်လေး၊ မဝေးသင်္ချာ၊
ပဒုံကြာနှင့်၊ ယင်းမာထုံသင်း၊ တော်သလင်း၌၊ ကန်ဆင်းခေါ်မြဲ၊ ဖျောက်ဆိပ်လွဲဟု၊ နှမ်းကြဲကာလ၊
ယူကုန်ကြ၏၊ - - - 
            လူ၌စဉ်ထုံး၊ မိုးဆုံးချိန်လွန်၊
ဟေမန်ခါရောက်၊ နှင်းဖြောက်ဖြောက်နှင့်၊ ဖျောက်ဆိပ်မြေလူး၊ မကျူးစေပဲ၊ မုရင်းကြဲ -
- 
            - စသည့်
ရှေးခေတ်လင်္ကာများအရ နှစ်ဆန်း ၁ ရက်နေ့မှစတင်ရေတွက်ပြီး ရက်ပေါင်း ၁၄၀ တွင် အရုဏ်ဦး၌
ကောင်းကင်သို့ကြည့်သောအခါ ဖျောက်ဆိပ်ကြယ်သည် ခေါင်းပေါ်တည့်တည့်ရောက်၍ မွန်းတည့်နေသည်ကို
တွေ့ကြရမည်။ ၁၅၄  ရက်မြောက်နေ့၊ အရုဏ်တက်တွင်
ဖျောက်ဆိပ်ကြယ်သည် ဦးခေါင်းတည့်တည့်မှ အနောက်ဘက် ယွန်းယွန်းသို့ ရောက် နေပြီး ဖျောက်ဆိပ်မွန်းလွဲသည်ဟု
ခေါ်သည်။ ထိုကာလ၌ နှမ်းကြဲကြသည် ဆို၏။ ၂၂၅ ရက်မြောက်၊ နှင်းများကျသော ဆောင်းတွင်းကာလအခါ၊
အရုဏ်ဦးတွင် ဖျောက်ဆိပ်ကြယ်သည် အနောက်ဘက်ကောင်းကင်၊ မိုးကုတ်စက်ဝိုင်းအနီး၌ ၀င်လု
ဆဲဆဲဖြစ်နေသည်ကို မြင်ရမည်။ ၎င်းကို ဖျောက်ဆိပ်မြေလူး၏ ဟု ခေါ်သည်။ ထိုအခါကာလတွင် မုရင်းပျိုးကြဲကြသည်
ဟု ဆိုလိုသည်။၃၆ 
            နောက်
သင်္ကြန်စာ၌ဖော်ပြထားသည်မှာ ပုဗ္ဗကြယ်တိုင်စိုက်ခြင်း ဖြစ်၏။ မုရင်း ကောက်သားဝင်သော နေ့တွင်
ပုဗ္ဗကြယ်တိုင်ကို လယ်၌ စိုက်အပ်၏ ဟု ဆိုသည်။ အထက်စာပိုဒ် ၄၊ ၅၊ ၁၈ တွင် ပုဗ္ဗကြယ်မင်းမူသော၊
ဝပ်သော သစ်ပင်တို့ကို ဖော်ပြထားသည်။ 
ပုဗ္ဗကြယ်တိုင်ပြုလုပ်ပုံမှာ ပုဗ္ဗကြယ်မင်းမူသော
သစ်ပင်၊ သစ်ကိုင်းတို့ကို တိုင်ပြု၍၊ ပုဗ္ဗကြယ်ဝပ်သော သစ်ပင်၊ သစ်ညွန့်တို့ကို တိုင်၏အဖျား၌
ချည်ရသည်။ ထမင်း၊ မုန့်ဖြူ၊ မုန့်နီ၊ ပန်းဖြူတို့ဖြင့် ပုဗ္ဗကြယ်တိုင်ကို ပူဇော်၍လယ်၌
စိုက်ရသည်။ ကန်၊ ချောင်း၊ ဆည်၊ မြောင်း၊ တာတမံနှင့် လယ်ယာတို့၌ စတင်ထွန်ယက် လုပ်ကိုင်သောအခါတွင်
ဗုဒ္ဓဟူးနေ့နှင့် နဂါးပေါ်ရက် တို့ကို ချန်လှပ်၍ နဂါးလှည့်ကို သတိပြုပြီးလျှင် “စလုတ်ကိုထောက်၊
လယ်ကိုဖောက်၊ ကျောက်ကိုနင်းကာ၊ ထွန်ချရာ၏” ဟု ဆိုသည်။
သို့ဖြစ်၍ နဂါးလှည့်နှင့် “စလုတ်ကိုထောက်၊
လယ်ကိုဖောက်၊ ကျောက်ကိုနင်း” ဆိုသော စကားရပ်တို့ကို သိရန် လိုလာသည်။ ဤအကြောင်း မြန်မာပြက္ခဒိန်
အင်္ဂါရပ်များတွင် ပြည့်ပြည့်စုံစုံ ဖော်ပြပါမည်။ 
သင်္ကြန်စာတွင် “တနင်္ဂနွေနံထွန်း၏။
အင်္ဂါနံပုပ်၏။ အထွန်းကိုဆောင်၊ အပုပ်ကိုရှောင်ကုန်ရာသည်။” ဟု ဖော်ပြထား သည်ကိုလည်း ဖတ်ရပါလိမ့်မည်။
သို့ဆိုလျှင် အထွန်းနံ၊ အပုပ်နံများကို မည်သို့သိနိုင်ပါသနည်း။         
            သိကြားမင်း၏
ဆိုစကားအရတွက်သော် ခုနှစ်သက္ကရာဇ်ကို ၇ နှင့်စားသော် စားကြွင်းသည် မင်္ဂလာအခါ မပြုကောင်း
သောရက် ဖြစ်၏။ မဟာဘုတ်တွက်တတ်သူများ မဟာဘုတ်တိုင်ထူ၍လည်းတွက်နိုင်ပါသည်။ ဥပမာ - ၁၃၄၈
ခုနှစ်အတွက် -
၁၃၄၈ ÷ ၇ = ၄ ကြွင်းသည်။ အကြွင်းကို တစ်ခုတိုးလျှင် ‘ပုတိ’
‘အပုပ်’ ဖြစ်သည်။ အကြွင်းကို တစ်ခုနှုတ်လျှင် ‘အထွန်း’ ဖြစ်သည်။ အပုပ်ကိုရှောင်၊ အထွန်းကိုဆောင်ရမည်
ဆိုသောကြောင့် ၁၃၄၈ ခုနှစ်တွင် ကြာသပတေးနံပစ္စည်းများပေါများမည်။ ထိုပစ္စည်းများကို အဆောင်အဖြစ်
ပြုလုပ်ရမည်။ အင်္ဂါနံပစ္စည်းများ ရှားပါးမည်။ ထို့ကြောင့် အင်္ဂါနံပစ္စည်းများကို အဆောင်
ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။ 
            အကြွင်းသည်
မင်္ဂလာအခါ မပြုလုပ်ကောင်းနေ့ ဟု ဆိုသဖြင့် ဗုဒ္ဓဟူးနေ့တွင် လယ်ကိုင်းစသည်တို့၌ ထွန်စချခြင်း
စသည့်အမှုများကို ရှောင်ရမည်။
            သက္ကရာဇ်ကိုတည်၊
ဓါတ်ဆန်း၌ ၃၅ ပေါင်းပါ။ စုက်ဆန်း၌ ၇၅ ပေါင်းပါ။ ပေါင်းလဒ်ကို ၈၀ ဖြင့်စားပါ။ စားကြွင်းနှစ်ကို
တည်ပြီး အောက်ပါဇယားအလိုက် ပါပဓါတ်သက် ၂၂၊ သူရဇ္ဇဓါတ်သက် ၁၂ စသဖြင့် အစဉ်အတိုင်း နှုတ်သွားပါ။
မနှုတ် လောက်သည့် နှစ်သည် ဓါတ်ဆန်း၊ စုက်ဆန်း ဖြစ်၏။ 
            နှုတ်ကြွင်းသည်
အတိတ်ကိန်းဝင်နှစ် ဖြစ်သည်။ ဆန်းသောဓါတ်သက်ရင်းကိုတည်ပြီး ၄ ဖြင့်စားပါ။ စားလဒ်သည်
ကိန်းစိတ်နှစ်ဖြစ်၏။ အကြွင်းရှိလျှင် ၁၂ ဖြင့်မြှောက်ပြီး ၄ ဖြင့်ဆက်စားပါ။ စားလဒ်ကား
လ ဖြစ်၏။ 
            အတိတ်ကိန်းဝင်နှစ်ကိုတည်။
ကိန်းစိတ် နှစ်၊ လ တို့ဖြင့်နှုတ်ပါ။ နောက်ဆုံး မနှုတ်နိုင်တော့သည်ထိ အကြိမ်ကြိမ် နှုတ်ပါ။
ပထမနှုတ်ကြွင်းသည် ဆန်းရာဓါတ်၊ စုက်အတွက်ဖြစ်ပြီး နှုတ်သည့်အတိုင်း ဓါတ်စဉ်အလိုက်ယူသွားပါ။
မနှုတ်လောက် သည့် ဓါတ်သည်ကား ဓါတ်ပျက်၊ စုက်ပျက် ဖြစ်တော့၏။ 
| 
ဓါတ်သက် | |
| 
ပါပဓါတ် | 
၂၂ | 
| 
သူရဇ္ဇဓါတ် | 
၁၂ | 
| 
အမြိတ္တဓါတ် | 
၁၆ | 
| 
ကောလီဓါတ် | 
၃၀ | 
| 
သက္ကရာဇ် = | 
၁၃၇၄ | |
| 
၃၅ | ||
| 
၈၀ | 
၁၄၀၉ | 
၁၇ | 
| 
၁၃၆၀ | ||
| 
၄၉ | ||
| 
ပါပဓါတ်= | 
၂၂ | |
| 
၂၇ | ||
| 
သူရဇ္ဇဓါတ်= | 
၁၂ | |
| 
၁၅ | 
= အတိတ်ကိန်းဝင်နှစ် | |
| 
အမြိတ္တဓါတ်= | 
၁၆ | 
(မချေလောက်သဖြင့် အမြိတ္တဓါတ်ဆန်း၏။) | 
| 
အမြိတ္တဓါတ်သက်ရင်း= | 
၁၆ | |
| 
၎ | 
၁၆ | 
၎ = ကိန်းစိတ်နှစ် | 
| 
၁၆ | ||
| 
ဝ | ||
| 
အတိတ်ကိန်းဝင်နှစ်= | 
၁၅ | |
| 
၎ | ||
| 
အမြိတ္တဓါတ် | 
၁၁ | |
| 
၎ | ||
| 
ကောလီဓါတ် | 
၇ | |
| 
၎ | ||
| 
ပါပဓါတ် | 
၃ | |
| 
၎ | 
(မချေလောက်သဖြင့် သူရဇ္ဇဓါတ်ပျက်၏။) | 
| 
သက္ကရာဇ် =  | 
၁၃၇၄ | |
| 
၇၅ | ||
| 
၈၀ | 
၁၄၄၉ | 
၁၈ | 
| 
၁၄၄၀ | ||
| 
၉ | 
= အတိတ်ကိန်းဝင်နှစ် | |
| 
ပါပစုက် = | 
၂၂ | 
(မချေလောက်သဖြင့် ပါပစုတ်ဆန်း၏။) | 
| 
ပါပစုက်သက်ရင်း = | 
၂၂ | |
| 
၎ | 
၂၂ | 
၅ = ကိန်းစိတ်နှစ် | 
| 
၂၀ | ||
| 
၂ | ||
| 
၁၂ | ||
| 
၎ | 
၂၄ | 
၆ = လ | 
| 
အတိတ်ကိန်းဝင်နှစ်= | 
၉ | |
| 
၅ | 
    ၆ | |
| 
ပါပစုက် | 
၃ | 
    ၆ | 
| 
၅ | 
    ၆ (မချေလောက်သဖြင့်
  သူရဇ္ဇစုတ်ပျက်၏။) | 
ထို့ကြောင့် ၁၃၇၄ ခုနှစ်သည် အမြိတ္တဓါတ်ဆန်း ၁၅၊ သူရဇ္ဖဓါတ်ပျက် ၃။
ပါပစုက်ဆန်း ၉။ သူရဇ္ဖစုက်ပျက် ၃ နှစ် ၆ လ ဖြစ်၏။
            ပါပဓါတ်ကား၊
သတ္ထန္တရကပ်။ သူရဇ္ဇဓါတ်ကား၊ ဒုဗ္ဘိက္ခန္တရကပ်။ အမြိတ္တဓါတ်ကား၊ ရောဂန္တရကပ်။ ကောလီဓါတ်
ကား၊ ၀ိလုပ္ပန္တရကပ် ဖြစ်သည်။ ပါပနံကား၊ စရေ - ၃ - ၈။ သူရဇ္ဖနံကား၊ အန္တော - ၁ - ၀။ အမြိတ္တနံကား၊
ဝံသေ - ၄ - ၆။ ကောလီနံကား၊ ဂဗ္ဘေ - ၂ - ၅ ဖြစ်၏။ 
            ပါပဓါတ်ဆန်းမူ
ပါပနံ ပြည်ရွာတို့၌ စစ်မက်များအံ့။ အချင်းချင်း ခုတ်ထစ်သတ်ဖြတ်ကြအံ့။ တစ်ရွာနှင့်တစ်ရွာ
ညှဉ်းဆဲ ကြအံ့။ သူရဇ္ဇဓါတ်ဆန်းမူ သူရဇ္ဇနံ ပြည်ရွာတို့၌ မီးလောင်အံ့။ ရွှေကျောင်း၊ ရွှေအိမ်စသည်တို့ကို
မီးလောင်အံ့။ ငတ်မွတ်အံ့။ အမြိတ္တဓါတ်ဆန်းမူ အမြိတ္တနံ ပြည်ရွာတို့၌ အသေအပျောက်များအံ့။
မိုးမပြတ်ရွာအံ့။ ရေကြီးအံ့။ အနာရောဂါများအံ့။ ကောလီဓါတ်ဆန်းမူ ကောလီနံပြည်ရွာတို့၌
မင်းရိုးမင်းစဉ်ပြတ်အံ့။ မီးဘေးသင့်အံ့။ ခိုးသူလုယက်အံ့။ လူတို့လုယက်ကြအံ့။ ငတ်မွတ်အံ့။
ဤကား ဓါတ်လေးပါးဆန်းသော အဟောတည်း။
            ဓါတ်ပျက်အဟောကား
ပါပဓါတ်ဆန်း၍ ပါပ၊ သူရဇ္ဇ၊ အမြိတ္တ၊ ကောလီဓါတ်ပျက်ကိုလည်းကောင်း။ သူရဇ္ဇဓါတ်ဆန်း၍ သူရဇ္ဇ၊
အမြိတ္တ၊ ကောလီ၊ ပါပဓါတ်ပျက်ကိုလည်းကောင်း။ အမြိတ္တဓါတ်ဆန်း၍ အမြိတ္တ၊ ကောလီ၊ ပါပ၊ သူရဇ္ဖဓါတ်ပျက်ကို
လည်းကောင်း။ ကောလီဓါတ်ဆန်း၍ ကောလီ၊ ပါပ၊ သူရဇ္ဇ၊ အမြိတ္တဓါတ်ပျက်ကိုလည်းကောင်း ရှေးဓါတ်ဆန်းဟောနည်း
အတိုင်း ဟောလေ။
            ပါပစုက်ဆန်းမူ
ပါပနံပြည်ရွာတို့၌ တရားစောင့်သောမင်းဖြစ်အံ့။ ကောင်းသောမြို့ပြပြည်ရွာဖြစ်အံ့။ အချင်းချင်း
ချစ်ခင်ခြင်းဖြစ်အံ့။ သူရဇ္ဇစုက်ဆန်းမူ သူရဇ္ဇနံပြည်ရွာတို့၌ သမီးကညာရောက်အံ့။ အရပ်လေးမျက်နှာမှ
ရတနာ ခုနစ်ပါး ရောက်အံ့။ ၀ပြောသာယာအံ့။ အမြိတ္တစုက်ဆန်းမူ အမြိတ္တနံပြည်ရွာတို့၌ သင်္ဘောရောက်အံ့။
အရပ်လေးမျက်နှာမှ ရတနာ ခုနစ်ပါး ရောက်အံ့။ မင်းဘုန်းတန်ခိုးအာနုဘော် ထက်အံ့။ အနာရောဂါ
ကင်းအံ့။ ကောလီစုက်ဆန်းမူ ကောလီနံပြည်ရွာတို့၌ သုခမိန်ရောက်အံ့။ မင်းမျိုးမဟုတ်သောသူတို့သည်
ထီးဖြူဆောင်းရအံ့။ ဤကား စုက်လေးပါး ဆန်းသော အဟောတည်း။
            စုက်ပျက်အဟောကား၊
ပါပစုက်ဆန်း၍ ပါပ၊ သူရဇ္ဖ၊ အမြိတ္တကောလီ စုက်ပျက်ကိုလည်းကောင်း။ သူရဇ္ဇစုက်ဆန်း၍ သူရဇ္ဖ၊
အမြိတ္တ၊ ကောလီ၊ ပါပ စုက်ပျက်ကိုလည်းကောင်း။ အမြိတ္တစုက်ဆန်း၍ အမြိတ္တ၊ ကောလီ၊ ပါပ၊ သူရဇ္ဖ
စုက်ပျက်ကို လည်းကောင်း။ ကောလီစုက်ဆန်း၍ ကောလီ၊ ပါပ၊ သူရဇ္ဖ၊ အမြိတ္တ စုက်ပျက်ကိုလည်းကောင်း။
စုက်ဆန်းဟောနည်းအတိုင်း ဟောလေ။
No comments:
Post a Comment