Friday, October 5, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၃၀)

  ၄၊ ၅၊ ၃။ သင်္ကြန်ကျချိန် လဂ်တွက်ခြင်း


            လဂ် ဟူသည် လဂ္ဂန ဟူသော ပါဠိစကားမှလာ၏။ ကပ်ငြိခြင်းဟု အဓိပ္ပါယ်ရသည်။ အဘယ်ကို ကပ်ငြိသနည်း။ အချိန်တစ်ခုတွင် အရှေ့အရပ်နှင့် ကောင်းကင်နှင့် မြေကြီးတို့ ထိစပ်နေသည်ဟု ထင်ရသည့်နေရာ (မိုးကုတ်စက်ဝိုင်း) ၌ ရှိသော ရာသီ၊ အံသာ၊ လိတ္တာ ဖြစ်၏။ အကယ်၍ ထိုအချိန်သည် လူတစ်ယောက်၏ မွေးချိန်ဖြစ်ပါက ထိုသူ၏ဇာတာရှိ လဂ်၊ အကယ်၍ မြို့တစ်မြို့စတင်တည်သည့် အချိန်ဖြစ်ပါက ထိုမြို့၏ လဂ် စသဖြင့် ဖြစ်၏။

            ၄၊ ၅၊ ၂။ သင်္ကြန်အကျ၊ အတက်ဂြိုဟ်ခွင်များကိုကြည့်လျှင် “လ” ဟူသော  အက္ခရာကို တွေ့ရပါလိမ့်မည်။ ထို “လ” သည် လဂ်ကို ကိုယ်စားပြု၏။ သင်္ကြန်အကျသည် ဗြိစ္ဆာလဂ်ဖြစ်ပြီး သင်္ကြန်အတက်မှာ မကာရလဂ်ဖြစ်သည်။

            ယခု လဂ် တွက်နည်းကို ပြပါမည်။ သံဒိဋ္ဌပြက္ခဒိန် မှ လိုသောနေ့ရက်၏ အောက်ဆုံးတွင် မျက်မြင်စက်နေသွား တက္ကာလ ဟု ပါပါသည်။ ဤသည်မှာ မြန်မာ့ နက္ခတ်ချိန်ဖြစ်ပါသည်။ ဤနက္ခတ်ချိန်ကို မူတည်၍ လဂ်တွက်ရပါသည်။

၁။ မြန်မာစံတော်ချိန်မှ ဒေသစံတော်ချိန်ပြန်ရှာယူပါ။ ဒေသစံတော်ချိန်ရှာရန် သက်ဆိုင်ရာဒေသအလိုက် စံတော်ချိန် ကွာခြားချက်များကို အခန်း ၁၊ ၁၀။ တွင်ဖော်ပြထားပါသည်။ ဥပမာ - ရန်ကုန်အတွက် ဒေသစံတော်ချိန်ညှိကိန်းမှာ - ၅ မိနစ်၊ ၁၂ စက္ကန့် ဖြစ်ပါသည်။

            လဂ်ကို နက္ခတ်ချိန်ဖြင့်တွက်ယူသည်ဖြစ်ရာ ထိုဒေသစံတော်ချိန်တွင် နက္ခတ်ချိန်အတွက် အချိန်ညှိကိန်းဖြင့် ပေါင်း ပေးရပါသည်။ သူရိယမာသတစ်နှစ်တွင် သာဝနရက်များနှင့်နက္ခတ်ရက်များမှာ တစ်ရက်တိတိကွာခြားကြောင်း အခန်း (၁) တွင် ပြဆိုခဲ့ပါသည်။ တစ်နှစ်လျှင် တစ်ရက်ဖြစ်သောကြောင့် တစ်နာရီတွင် ၉.၈၆ စက္ကန့်ခန့်ကွာခြားပါသည်။ လက်ရှိ စက်နာရီ ကို နက္ခတ်ချိန်နာရီ၊ မိနစ်ပြန်ပြောင်းရာတွင် ထိုအချိန်ကိုပါ ညှိပေးရန်လိုပါသည်။ အောက်ပါအချိန်ညှိကိန်းဇယားကို သုံးပါ။


နာရီ
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
၁၂
မိနစ်၊ စက္ကန့်
ဝ၊ ၁၀
ဝ၊ ၂၀
ဝ၊ ၃၀
ဝ၊ ၃၉
ဝ၊ ၄၉
ဝ၊ ၅၉
၁၊ ၉
၁၊ ၁၉
၁၊ ၂၈
၁၊ ၃၈
၁၊ ၄၈
၁၊ ၅၈
နာရီ
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
မိနစ်၊ စက္ကန့်
၂၊ ၈
၂၊ ၁၈
၂၊ ၂၈
၂၊ ၃၈
၂၊ ၄၈
၂၊ ၅၇
၃၊ ၇
၃၊ ၁၇
၃၊ ၂၇
၃၊ ၃၇
၃၊ ၄၇
၃၊ ၅၇
မိနစ်
၆
၁၂
၁၈
၂၄
၃၀
၃၆
၄၂
၄၈
၅၄
၆၀
စက္ကန့်
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀


၂။ ဤသို့အချိန်အားလုံးညှိပြီးသွားသောအခါ လဂ်သွားနာရီ ရပါသည်။ ဤလဂ်သွားနာရီအရ ရန်ကုန်လဂ်ကောက်ကိန်းတွင် ဖတ်ယူပါ။ ဤလဂ်ကောက်ကိန်းဇယားတွင် ပေးထားသော နာရီ၊ မိနစ်များမှာ ၄ မိနစ် ခြားတန်ဘိုးများဖြစ်သဖြင့် အလိုရှိရာ အချိန်ရရန် လိုနေသော မိနစ်၊ စက္ကန့်အလိုက် ထပ်မံပေါင်းပေးရပါမည်။ ထိုအခါ အသုဒ္ဓလဂ် (သာယနလဂ်) ကိုရပါသည်။

၃။ ၎င်းမှ အာယနအံသာ၊ လိတ္တာကို နှုတ်လျှင် အလိုရှိသော အချိန်၏ သုဒ္ဓလဂ်ကိုရပါပြီ။

            လဂ်တွက်ရန် အဓိကလိုသော ဇယားမှာ လဂ်ကောက်ကိန်းဖြစ်၏။ လဂ်ကောက်ကိန်းမှာ မြို့ရွာများ၏တည်နေရာကို လိုက်၍ ပြောင်းလဲနေပါသည်။ ထို့ကြောင့် အနီးစပ်ဆုံးအားဖြင့် မိမိတို့မြို့ရွာတည်ရှိရာ မြို့ကြီးများ၏ လဂ်ကောက်ကိန်းကိုယူကာ တွက်ယူနိုင်ပါသည်။ ဥပမာ - ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မကွေး စသည်။

            ယခု ရန်ကုန်လဂ်ကောက်ကိန်းဖြင့်တွက်ပြပါမည်။ အထက်တွင် ရည်ညွှန်းခဲ့သည့် ဆရာကာလာစန်၏ သံဒိဋ္ဌပြက္ခဒိန် တွင် ရန်ကုန်လဂ်ကောက်ကိန်း ပါပါသည်။

 
နမူနာ တွက်ပုံ

 
သက္ကရာဇ် ၁၃၇၃၊ နှောင်းတန်ခူးလဆုတ်၇ ရက် (၁၃-၄-၂၀၁၂) နေ့ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့် (သင်္ကြန်ကျချိန်) လဂ် ကို ရှာပါ။

နာရီ
မိနစ်
စက္ကန့်
မြန်မာစံတော်ချိန် =
၂၁
၅၃
၂၆
ဒေသစံတော်ချိန်ညှိကိန်း =
 -
၅
၁၂
ရန်ကုန်ဒေသစံတော်ချိန် =
၂၁
၄၈
၁၄
အချိန်ညှိကိန်း ၂၁ နာရီ =
+
၃
၂၇
(အချိန်ညှိကိန်း ဇယားမှ)
အချိန်ညှိကိန်း ၅၃ မိနစ်=
 +
 
၉
(အချိန်ညှိကိန်း ဇယားမှ)
၂၁
၅၁
၅၀
နေသွားတက္ကာလနာရီ =
၁၉
၂၄
၃၉
လဂ်သွားနာရီ =
၁၇
၁၅
၂၉
၁၇ နာရီ၊ ၁၂ မိနစ် =
၁၇
၁၂
ဝ
(လဂ်ကောက်ကိန်းဇယားရှိ နာရီ၊ မိနစ်)
လိုနေချိန် =
၃
၂၉

 
            ရန်ကုန် လဂ်ကောက်ကိန်းဇယားမှ ဖတ်ယူကာ အောက်ပါအတိုင်း သုဒ္ဓလဂ်ကို တွက်ယူနိုင်ပါသည်။

ရာသီ
အံသာ
လိတ္တာ
ဝိလိတ္တာ
၁၇ နာရီ၊ ၁၂ မိနစ် =
၈
၁၂
၁၆
၃ မိနစ် =
၅၈
၁၅
၂၉ စက္ကန့် =
 
 
၁၃
၅၇
အသုဒ္ဓလဂ် =
၈
၁၃
၂၈
၁၂
၂၀၁၂၊ ဧပြီလ အာယနအံသာ =
 
၂၄
ဝ
၅၄
သုဒ္ဓလဂ် =
၇
၁၉
၂၇
၁၈


            ထို့ကြောင့် ၁၃-၄-၂၀၁၂ နေ့ ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့် (သင်္ကြန်ကျချိန်) လဂ် မှာ ၇ ရာသီ၊ ၁၉ အံသာ၊ ၂၇ လိတ္တာ၊ ၁၈ ၀ိလိတ္တာ ဖြစ်ပါသည်။

မှတ်ချက်။            ။ (၁) နေသွားစက်တက္ကာလနာရီကို ၄၊ ၅၊ ၂။ တွင်ပြထားသော သံဒိဋ္ဌပြက္ခဒိန်၏ ၁၃ - ၄ - ၂၀၁၂ ကော်လံ အောက်ဆုံးတွင် ဖတ်ပါ။

                          (၂) လူတစ်ဦး၏ ဇာတာတွက်ရာတွင်လည်း ဤနည်းအတိုင်းပင် ဖြစ်ပါသည်။ အချိန်ကို မွေးဖွားချိန်အား ယူပါ။ ဒေသစံတော်ချိန်ညှိကိန်းကို မွေးဖွားရာဒေသ၏ စံတော်ချိန်ညှိကိန်းအား ယူပါ။

            ယခုတွက်၍ရသော လဂ် ရာသီ၊ အံသာ၊ လိတ္တာ စသည်တို့ကိုမူတည်ကာ ဟောရာ၊ တြင်း စသည်တို့ ဆက်တွက်ပါ သည်။

 
၎၊ ၅၊ ၄။ မွန်းတည့်နက္ခတ်တွက်နည်း


            သင်္ကြန်ကျချိန်၊ တက်ချိန်များ၏ မွန်းတည့်နက္ခတ်ကိုတွက်ရန်မှာ လွယ်ပါသည်။ ပထမဦးစွာ သင်္ကြန်အကျ၊ အတက် နေ့များ၏ မွန်းတည့်ချိန် တနင်္ဂနွေဂြိုဟ်စင် (ရ၀ိဖုဋ) ကို တွက်ပြီး အံသာဖွဲ့ထားရမည်။ ထို့နောက် သင်္ကြန်ကျချိန်နာရီကို အံသာဖွဲ့ရမည်။ ထိုအံသာနှစ်ရပ်ပေါင်းကား မွန်းတည့်နက္ခတ် အံသာစီးပင်ဖြစ်တော့၏။

ရာသီစက်ဝန်းတစ်ပတ်တွင် ၃၆၀ အံသာ ရှိသည်။ ထိုရာသီစက်ဝန်းတစ်ပတ်သည် တစ်နေ့တာ အချိန်အားဖြင့် ၂၄ နာရီနှင့် ညီသည်။ ထို့ကြောင့် ၁ နာရီ = ၁၅ အံသာ ဖြစ်သည်။

၁၃၊ ၄၊ ၁၂ နေ့ သင်္ကြန်ကျချိန်မှာ ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့် ဖြစ်၏။ ၎င်းကို နာရီဖွဲ့လျှင် ၉.၈၉၀၅ နာရီရမည်။ ၎င်းကို အံသာဖွဲ့လျှင် ၉.၈၉၀၅ x ၁၅ = ၁၄၈.၃၅၈၃ အံသာရပါမည်။
 

၉ နာရီ
=
၉
=
၉
နာရီ
၅၃ မိနစ်
=
၅၃ / ၆၀
=
ဝ.၈၈၃၃
နာရီ
၂၆ စက္ကန့်
=
၂၆ / (၆၀ x ၆၀)
=
ဝ.၀၀၇၂
နာရီ
စုစုပေါင်း
=
၉.၈၉၀၅
နာရီ

 
တနင်္ဂနွေ မွန်းတည့်ဂြိုဟ်စင် တွက်ရတာလည်း လွယ်ပါသည်။ တနင်္ဂနွေဂြိုဟ်သည် တစ်ရက်လျှင် ၅၉ လိတ္တာခန့် သွားသဖြင့် နေ့တစ်ဝက်လျှင် ၂၉.၅ လိတ္တာခန့်သွားသည်။ ၎င်းကို အကြိုနေ့ညသန်းခေါင်ဂြိုဟ်တွင် ထည့်ပေါင်းလိုက်လျှင် သင်္ကြန်အကျနေ့ မွန်းတည့် ရ၀ိဖုဋကို အလွယ်တကူရပါသည်။

၂၀၁၂ ခုနှစ်အတွက် (အထက်ဖော်ပြပါ သံဒိဋ္ဌပြက္ခဒိန်တွင်ကြည့်ပါ။) -

အကြိုနေ့ (၁၂၊ ၄၊ ၁၂) ည သန်းခေါင်ဂြိုဟ်စင် ၁၁ ရာသီ၊ ၂၉ အံသာ၊ ၅ လိတ္တာ တွင် ၂၉.၅ လိတ္တာထည့်ပေါင်းလျှင် ၁၁ ရာသီ၊ ၂၉ အံသာ၊ ၃၄.၅ လိတ္တာ ဟု ရပါမည်။ ၎င်းကို အံသာဖွဲ့လျှင် ၃၅၉.၅၇၅ အံသာရပါမည်။

၁၁ ရာသီ
=
၁၁ x ၃၀
=
၃၃၀
အံသာ
၂၉ အံသာ
=
၂၉
=
၂၉
အံသာ
၃၄.၅ လိတ္တာ
=
၃၄.၅ / ၆၀
=
ဝ.၅၇၅
အံသာ
စုစုပေါင်း
=
၃၅၉.၅၇၅
အံသာ

 
ထိုအံသာနှစ်ရပ်ကို ပေါင်းလျှင် (၁၄၈.၃၅၈၃ + ၃၅၉.၅၇၅ = ၅၀၇.၉၃၃၃) ဟု ရပါမည်။ ၃၆၀ အံသာလျှင် ရာသီစက် တစ်ခုဖြစ်သဖြင့် ၃၆၀ ထက်များသမျှအံသာအားလုံးကို ၃၆၀ ပြန်ချေပေးပါ။ ထိုအခါ ၅၀၇.၉၃၃၃ - ၃၆၀ = ၁၄၇.၉၃၃ အံသာ

ရပါသည်။ ဤသည်ပင်လျှင် နက္ခတ်စီးအံသာဖြစ်တော့၏။ (၁၄၇.၉၃၃ အံသာ = ၁၄၇ အံသာ၊ ၅၆ လိတ္တာ)

            ထို့ကြောင့် မွန်းတည့်နက္ခတ် မှာ ၁၄၇ အံသာ၊ ၅၆ လိတ္တာ ဖြစ်၏။ အခန်း ၄၊ ၅၊ ၅။ မှ အံသာစီးဇယားကိုကြည့်ပြီး မွန်းတည့်နက္ခတ် သည် ဥတြဘရဂုဏီနက္ခတ်ဖြစ်ကြောင်း သိရပါပြီ။

 
၎၊ ၅၊ ၅။ ဟောရာ၊ တြင်း၊ န၀င်း၊ ဒွါဒသင်း၊ တိံသင်း စသည်တွက်နည်း

 
            သင်္ကြန်စာတွင် ဗြိစ္ဆာရာသီလဂ်၊ ဓနုရာသီစန်း၊ တနင်္ဂနွေဟောရတ်၊ ကြာသပတေးတြင်း၊ ကြာသပတေးန၀င်း၊ ဗုဒ္ဓဟူး ဒွါဒသင်း၊ ကြာသပတေးတိံသင်း စသဖြင့် ဖော်ပြထားသည်ဖြစ်ရာ ၎င်းတို့ကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။ 

            ပထမဦးစွာ သင်္ကြန်ကျချိန်၊ တက်ချိန် လဂ်ကို တွက်ထားရပါမည်။ ထိုလဂ်အား ၂ ပိုင်း၊ ၃ ပိုင်း၊ ၉ ပိုင်း၊ ၁၂ပိုင်း၊ အပိုင်း ၃၀ စဖြင့် ပြန်လည် အနုစိတ်ထားခြင်း ဖြစ်၏။

နမူနာအားဖြင့် သင်္ကြန်ကျချိန်ကို တွက်ပြပါမည်။ သင်္ကြန်ကျချိန်မှာ သက္ကရာဇ် ၁၃၇၃၊ နှောင်းတန်ခူးလဆုတ်၇ ရက် (၁၃ - ၄ - ၂၀၁၂) နေ့ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့် ဖြစ်၏။

 
၎၊ ၅၊ ၅၊ ၁။ ဟောရတ်တွက်နည်း


            ရာသီ
ဝ
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
အံသာ
ဝ မှ ၁၅
၁
၂
၁
၂
၁
၂
၁
၂
၁
၂
၁
၂
၁၆ မှ ၃၀
၂
၁
၂
၁
၂
၁
၂
၁
၂
၁
၂
၁


ဤဇယားမှ ရာသီ၊ အံသာများမှာ လဂ် (ဂြိုဟ်များ) တည်ရှိရာ ရာသီ၊ အံသာများ ဖြစ်ပါသည်။

ဇယားကွက်မှကောက်ယူသော ဂဏန်း ၁ ဖြစ်လျှင် သိဟ်ရာသီ၌။ ၂ ဖြစ်လျှင် ကြဋ်ရာသီ၌ ချပါ။ ၁ ဟူသည် တနင်္ဂနွေ ဖြစ်ပြီး ၂ ဟူသည်မှာ တနင်္လာ ဖြစ်ပါ သည်။

၂၀၁၂ ခုနှစ် သင်္ကြန်ကျချိန်လဂ်မှာ ၇ ရာသီ၊ ၁၉ အံသာ၊ ၂၇ လိတ္တာ ဖြစ်သဖြင့် ဇယားတွင်ကြည့်လျှင် ၁ ဟု ရပါမည်။ ထို့ကြောင့် တနင်္ဂနွေ ဟောရတ် ဖြစ်၏။

 
၎၊ ၅၊ ၅၊ ၂။ တြင်းတွက်နည်း
 

တြင်းတွက်နည်းမှာလည်း ဟောရတ်မှာကဲ့သို့ပင် ဖြစ်၏။ သင်္ကြန်ကျချိန် လဂ်၏ ရာသီ၊ အံသာကိုကြည့်ပြီး ဇယားမှ ကောက်ယူ ရုံဖြစ်ပါသည်။


ရာသီ
ဝ
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
အံသာ
ဝ မှ ၁၀
ဝ
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
၁၁ မှ ၂၀
၎
၅
၆
၇
၈
၉
၁၀
၁၁
ဝ
၁
၂
၃
၂၁ မှ ၃၀
၈
၉
၁၀
၁၁
ဝ
၁
၂
၃
၎
၅
၆
၇

၂၀၁၂ ခုနှစ် သင်္ကြန်ကျချိန်လဂ်မှာ ၇ ရာသီ၊ ၁၉ အံသာ၊ ၂၇ လိတ္တာ ဖြစ်သဖြင့် ဇယားတွင်ကြည့်လျှင် ၁၁ ဟု ရပါမည်။ တြင်းဟူသည် ထိုရာသီ၏ အိမ်ရှင်ဂြိုဟ် (ကသစ်ဂြိုဟ်) ဖြစ်၏။ ၁၁ ရာသီ (မိန်ရာသီ) ၏ အိမ်ရှင်ကသစ်ဂြိုဟ်မှာ ကြာသပတေး ဖြစ်၏။ ထို့ကြောင့် သင်္ကြန်ကျချိန်တွင် ကြာသပတေးတြင်း ဖြစ်သည်။

            အိမ်ရှင် ကသစ်ဂြိုဟ်များကို အခန်း ၁၊ ၅ တွင် ဖော်ပြခဲ့၏။ ယခု ရှင်းရှင်းလင်းလင်း သိစေရန် ထပ်မံဖော်ပြပါမည်။ အိမ်ရှင်ကသစ်ဂြိုဟ်များကို အလွယ်တကူသိနိုင်ရန် “စ၊ သာ၊ ရွှေ၊ ကူ၊ အင်း၊ ၀၊ သူ၊ ဆန်၊ ဖြူ၊ တစ်၊ တင်း၊ ပေး” ဟူသော လင်္ကာကလေးကို ကျက်ထားပါ။ ၎င်းတို့မှာ မိဿရာသီမှစ၍ လက်ဝဲရစ်ရေသွားလျှင် ရမည့် သက်ဆိုင်ရာ ရာသီများ၏ အိမ်ရှင်ဂြိုဟ်များ ဖြစ်ပါသည်။ ထို့ကြောင့် မိဿရာသီ၏ အိမ်ရှင်ဂြိုဟ်မှာ အင်္ဂါ၊ ပြိဿရာသီ၏ အိမ်ရှင်ဂြိုဟ်မှာ သောကြာ စသဖြင့် သိနိုင်ပါသည်။


၎၊ ၅၊ ၅၊ ၃။ န၀င်းတွက်နည်း


            န၀င်းတွက်နည်းမှာလည်း ဟောရတ်၊ တြင်း စသည်တို့တွက်ပုံနှင့် အလားတူပင် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဂြိုဟ်၊ လဂ်တို့၏ ရာသီ၊ အံသာ၊ လိတ္တာကို ကြည့်ပြီး အောက်ပါဇယားမှ ကောက်ယူပါ။
 

စဉ်
ရာသီ
ဝ၊ ၄၊ ၈
၁၊ ၅၊ ၉
၂၊ ၆၊ ၁၀
၃၊ ၇၊ ၁၁
အံသာ၊ လိတ္တာ
၁
၃ - ၂၀
ဝ
၉
၆
၃
၂
၆ - ၄၀
၁
၁၀
၇
၎
၃
၁၀ - ဝ
၂
၁၁
၈
၅
၎
၁၃ - ၂၀
၃
ဝ
၉
၆
၅
၁၆ - ၄၀
၎
၁
၁၀
၇
၆
၂၀ - ဝ
၅
၂
၁၁
၈
၇
၂၃ - ၂၀
၆
၃
ဝ
၉
၈
၂၆ - ၄၀
၇
၎
၁
၁၀
၉
၃၀ - ဝ
၈
၅
၂
၁၁

 
ဥပမာ - သင်္ကြန်ကျချိန်လဂ်မှာ ၇ ရာသီ၊ ၁၉ အံသာ၊ ၂၇ လိတ္တာ ဖြစ်၏။ ၎င်းကို ဇယားတွင်ကြည့်လျှင် ၈ ဟု ရပါသည်။ ထို့ကြောင့် န၀င်းစက်ချလျှင် ဓနုရာသီ၌ လဂ်ကိုချရမည်။ ဓနုရာသီ၏ အိမ်ရှင်ဂြိုဟ်မှာ ကြာသပတေးဖြစ်သဖြင့် သင်္ကြန်စာတွင် ကြာသပတေးန၀င်းဟု ရေးထားခြင်း ဖြစ်ပါသည်။

 
၎၊ ၅၊ ၅၊ ၄။ ဒွါဒသင်းတွက်နည်း

ဒွါဒသင်းတွက်နည်းမှာလည်း ဟောရတ်၊ တြင်း စသည်တို့တွက်ပုံနှင့် အလားတူပင် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဂြိုဟ်၊ လဂ်တို့၏ ရာသီ၊ အံသာ၊ လိတ္တာကို ကြည့်ပြီး အောက်ပါဇယားမှ ကောက်ယူပါ။
 

စဉ်
ရာသီ
ဝ
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
အံသာ၊ လိတ္တာ
၁
၂ - ၃၀
ဝ
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
၂
၅ - ဝ
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
ဝ
၃
၇ - ၃၀
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
ဝ
၁
၎
၁၀ - ဝ
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
ဝ
၁
၂
၅
၁၂ - ၃၀
၎
၅
၆
၇
၈
၉
၁၀
၁၁
ဝ
၁
၂
၃
၆
၁၅ - ဝ
၅
၆
၇
၈
၉
၁၀
၁၁
ဝ
၁
၂
၃
၎
၇
၁၇ - ၃၀
၆
၇
၈
၉
၁၀
၁၁
ဝ
၁
၂
၃
၎
၅
၈
၂၀ - ဝ
၇
၈
၉
၁၀
၁၁
ဝ
၁
၂
၃
၎
၅
၆
၉
၂၂ - ၃၀
၈
၉
၁၀
၁၁
ဝ
၁
၂
၃
၎
၅
၆
၇
၁၀
၂၅ - ဝ
၉
၁၀
၁၁
ဝ
၁
၂
၃
၎
၅
၆
၇
၈
၁၁
၂၇ - ၃၀
၁၀
၁၁
ဝ
၁
၂
၃
၎
၅
၆
၇
၈
၉
၁၂
၃၀ - ဝ
၁၁
ဝ
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀

 
ဥပမာ - သင်္ကြန်ကျချိန်လဂ်မှာ ၇ ရာသီ၊ ၁၉ အံသာ၊ ၂၇ လိတ္တာ ဖြစ်၏။ ၎င်းကို ဇယားတွင်ကြည့်လျှင် ၂ ဟု ရပါသည်။ ၂ ဟူသည် မေထုန်ရာသီ ဖြစ်၏။ မေထုန်ရာသီ၏ အိမ်ရှင်ဂြိုဟ်မှာ ဗုဒ္ဓဟူးဖြစ်လေရာ သင်္ကြန်စာတွင် ဗုဒ္ဓဟူးဒွါဒသင်း ဟု ရေးထားခြင်း ဖြစ်ပါသည်။

 
၎၊ ၅၊ ၅၊ ၅။ တိံသင်းတွက်နည်း

တိံသင်းတွက်နည်းမှာလည်း အထက်ပါတွက်ပုံတို့နှင့် အလားတူပင် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဂြိုဟ်၊ လဂ်တို့၏ ရာသီ၊ အံသာ၊ လိတ္တာကို ကြည့်ပြီး အောက်ပါဇယားမှ ကောက်ယူပါ။


ရာသီ
ဝ၊ ၂၊ ၄၊ ၆၊ ၈၊ ၁၀
 
၁၊ ၃၊ ၅ ၊ ၇၊ ၉၊ ၁၁
ရာသီ
အံသာ
ဝိသမ
 
သမ
အံသာ
၅
ဝ
 
၁
၅
၁၀
၁၀
 
၅
၁၂
၁၈
၈
 
၁၁
၂၀
၂၅
၂
 
၉
၂၅
၃၀
၆
 
၇
၃၀

 
ဥပမာ - သင်္ကြန်ကျချိန်လဂ်မှာ ၇ ရာသီ၊ ၁၉ အံသာ၊ ၂၇ လိတ္တာ ဖြစ်၏။ ၎င်းကို ဇယားတွင်ကြည့်လျှင် ၁၁ ဟု ရပါသည်။ ၁၁ ဟူသည် မိန်ရာသီ ဖြစ်၏။ မိန်ရာသီ၏ အိမ်ရှင်ဂြိုဟ်မှာ ကြာသပတေး ဖြစ်သဖြင့် သင်္ကြန်စာတွင် ကြာသပတေးတိံသင်း ဟု ရေးထားခြင်း ဖြစ်ပါသည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၅၊ ၁၀၊ ၁၂

No comments: