အခန်း (၃)
မြန်မာပြက္ခဒိန်တွက်ရာတွင် အရေးကြီးဆုံးမှာ
ဝါထပ်ခြင်း နှင့် ရက်ငင်ခြင်းကို မှန်မှန်ကန်ကန် နေရာချတတ်ရေးပင် ဖြစ်၏။ ၀ါထပ်ခြင်း
နှင့် ရက်ငင်ခြင်းကိုလည်း မူရင်း သူရိယသိဒ္ဓန္တကျမ်းအတိုင်း ၀ါထပ်သင့်သည့်နေရာတွင်ထပ်၊
ရက်ငင်သင့် သည့်နေရာတွင် ငင်လိုက်လျှင် ကိစ္စပြီးပါသည်။ သို့သော် မြန်မာနိုင်ငံတွင်
ပြက္ခဒိန်တော်ဆက်အဖွဲ့မှ စည်းကမ်းချက်များ ထုတ်ပြန်ထားသည်ဖြစ်ရာ ၀ါထပ်ချင်တိုင်း ထပ်လို့မရ၊
ရက်ငင်ချင်တိုင်းလည်း ငင်လို့မရပါ။ သို့အတွက် ဤနေရာတွင် ဖော်ပြ မည့် တွက်ကိန်းများမှာ
ဝါထပ်သင့်သည့်အချိန် နှင့် ရက်ငင်သင့်သည့်အချိန်တို့ကို သိသာစေရန်မျှသာ ဖြစ်ပြီး တကယ်
ဝါထပ်ခြင်း၊ ရက်ငင်ခြင်းတို့ကိုမူ ပြက္ခဒိန်တော်ဆက်အဖွဲ့မှ ဆုံးဖြတ်သည့်အတိုင်း လိုက်နာရမည်ကို
ကြိုတင် သတိပေးအပ် ပါသည်။
မြန်မာပြက္ခဒိန်တွက်နည်း၏ အခြေခံမှာ
သူရိယသိဒ္ဓန္တကျမ်း ဖြစ်ပါသည်။ ထို့ကြောင့် သူရိယသိဒ္ဓန္တကျမ်းလာ အောက်ပါ အခြေခံကိန်းများအကြောင်း
သေသေချာချာ သိထားရန်လိုပါသည်။
စတုယုဂ်နှစ်ပေါင်း
|
=
|
၄၃၂၀၀၀၀
|
ကတယုဂ်နှစ်ပေါင်း
|
=
|
၁၇၂၈၀၀၀
|
တေတြယုဂ်နှစ်ပေါင်း
|
=
|
၁၂၉၆၀၀၀
|
ဒွါပရာယုဂ်နှစ်ပေါင်း
|
=
|
၈၆၄၀၀၀
|
ကလိယုဂ်နှစ်ပေါင်း
|
=
|
၄၃၂၀၀၀
|
စတုယုဂ်တစ်ခုအတွင်းရှိ
|
||
နက္ခတ်ရက်ပေါင်း
|
=
|
၁၅၈၂၂၃၇၈၂၈
|
သာဝနရက်ပေါင်း
|
=
|
၁၅၇၇၉၁၇၈၂၈
|
တိထီရက်ပေါင်း
|
=
|
၁၆၀၃၀၀၀၀၈၀
|
ဒိန္နက်သဲရက်ခေါ် ခယရက်ပေါင်း
|
=
|
၂၅၀၈၂၂၅၂
|
စန္ဒရမာသပေါင်း
|
=
|
၅၃၄၃၃၃၃၆
|
သူရိယမာသပေါင်း
|
=
|
၅၁၈၄၀၀၀၀
|
လလွန် အဓိမာသ်ပေါင်း
|
=
|
၁၅၉၃၃၃၆
|
ရက်လွန် အဓျာဟပေါင်း
|
=
|
၈၃၇၇၄၈
|
စန္ဒြမာသနှစ်ပေါင်း
|
=
|
၄၄၅၂၇၇၈
|
ရက်ပိုပေါင်း
|
=
|
၄၈၆၃၇၈၂၈
|
သူရိယသိဒ္ဓန
္တကျမ်းတွင် ကမ္ဘာကြီး၏သက်တမ်းကို စတုယုဂ်နှစ်များဖြင့် ပိုင်းခြားထားသည်။ စတုယုဂ်ကပ်တစ်ခု
ကုန်ဆုံးလျှင် နောက်စတုယုဂ်ကပ်တစ်ခုပြန်စသည်။ စတုယုဂ်ကပ်တစ်ခုတွင် နှစ်ပေါင်း ၄,၃၂၀,၀၀၀
ပါရှိပြီး ထိုနှစ်များကို ကတယုဂ်၊ တေတြယုဂ်၊ ဒွါပရာယုဂ်၊ ကလိယုဂ် ဟု ခေါ်သည်။ ယုဂ်သက်တမ်းများခွဲဝေပုံမှာ
၎း ၃း ၂း ၁ အချိုးအတိုင်း ဖြစ်၏။
ကတယုဂ်သည်
ရွှေခေတ် (Golden Age) ဖြစ်၏။ သက်တမ်းအားဖြင့် စတုယုဂ်သက်တမ်း၏ ၄၀% ဖြစ်သော ၁,၇၂၈,၀၀၀
နှစ်ဖြစ်သည်။ တေတြယုဂ်သည် ငွေခေတ် (Silver Age) ဖြစ်၏။ သက်တမ်းအားဖြင့် စတုယုဂ်သက်တမ်း၏
၃၀% ဖြစ်သော ၁,၂၉၆,၀၀၀ နှစ်ဖြစ်သည်။ ဒွါပရာယုဂ်သည် ကြေးခေတ် (Bronze Age) ဖြစ်၏။ သက်တမ်းအားဖြင့်
စတုယုဂ် သက်တမ်း၏ ၂၀% ဖြစ်သော ၈၆၄,၀၀၀ နှစ်ဖြစ်သည်။ ကလိယုဂ်သည် သံခေတ် (Iron Age) ဖြစ်၏။
သက်တမ်းအားဖြင့် စတုယုဂ် သက်တမ်း၏ ၁၀% ဖြစ်သော ၄၃၂,၀၀၀ နှစ်ဖြစ်သည်။
ပြက္ခဒိန်တွက်ရာ၌
လွယ်ကူရှင်းလင်းမြင်သာစေရန် အထက်ပါကိန်းများမှ ပွားယူကာ အောက်ပါကိန်းများကို တွက်ထုတ်လိုက်ပါသည်။
သူရိယမာသတစ်နှစ်ရှိ သာဝနရက်ပေါင်း
|
=
|
၃၆၅.၂၅၈၇၅၆၄၈၁၄၈၁
|
စန္ဒရမာသ တစ်လရှိ သာဝနရက်ပေါင်း
|
=
|
၂၉.၅၃၀၅၈၇၉၄၆၀၇၁၇
|
သူရိယမာသတစ်နှစ်ရှိ နက္ခတ်ရက်ပေါင်း
|
=
|
၃၆၆.၂၅၈၇၅၆၄၈၁၄၈၁
|
သူရိယမာသတစ်နှစ်ရှိ ဒိန္နက်သဲရက်ပေါင်း
|
=
|
၅.၈၀၆၀၇၆၈၅၁၈၅၁၈၅
|
သူရိယမာသတစ်နှစ်ရှိ တိထီရက်ပေါင်း
|
=
|
၃၇၁.၀၆၄၈၃၃၃၃၃၃၃၃
|
သူရိယမာသတစ်နှစ်ရှိ သူရိယမာသပေါင်း
|
=
|
၁၂.၀၀၀
|
သူရိယမာသတစ်နှစ်ရှိ စန္ဒြမာသပေါင်း
|
=
|
၁၂.၃၆၈၈၂၇၇၇၇၇၇၇၈
|
ရက်ငင်တစ်ကြိမ်သင့်ရက်ပေါင်း
|
=
|
၁၈၈၃.၅၂၃၂၄၀၈၇၉၁၂
|
သူရိယမာသတစ်နှစ်ရှိ အဓိမာသ်ပေါင်း
|
=
|
ဝ.၃၆၈၈၂၇၇၇၇၇၇၇၇၈
|
အဓိမာသ်တစ်ကြိမ်ပြိုရက်ပေါင်း
|
=
|
၉၉၀.၃၂၃၃၃၉၂၀၇၈၀
|
စန္ဒြမာသတစ်နှစ်ရှိ သူရိယမာသနှစ်ပေါင်း
|
=
|
ဝ.၉၇၀၁၈၀၈၆၂၃၇၄၀၁
|
သူရိယမာသတစ်နှစ်ရှိ စန္ဒြမာသနှစ်ပေါင်း
|
=
|
၁.၀၃၀၇၃၅၆၄၈၁၄၈၁၅
|
စန္ဒြမာသတစ်နှစ်ရှိ သာဝနရက်ပေါင်း
|
=
|
၃၅၄.၃၆၇၀၅၅၃၅၂၈၆၁
|
သာဝနတစ်ရက်နှင့်ညီမျှသောတိထီရက်
|
=
|
၁.၀၁၅၈၉၅၇၉၀၉၉၄၂၆
|
ဝေါဟာရတစ်နှစ်ရှိတိထီပေါင်း
|
=
|
၃၅၉.၆၂၇၁၁၀၀၁၁၉၆၇
|
ဝေါဟာရမာသတစ်နှစ်ရှိသာဝနရက်ပေါင်း
|
=
|
၃၅၄.၀၀၀
|
စန္ဒြမာသတစ်နှစ်ရှိ တိထီပေါင်း
|
=
|
၃၆၀.၀၀၀
|
သူရိယတစ်နှစ်၏ ဝေါဟာရရက်လွန်
|
=
|
၁၁.၂၅၈၇၅၆၄၈၁၄၈၁၅
|
သူရိယတစ်နှစ်ရှိ လငင်ရန်လိုသော တိထီ
|
=
|
၁၁.၀၆၄၈၃၃၃၃၃၃၃၃၄
|
တစ်နှစ်၏ဝေါဟာရ နှင့် တိထီအကွာ
|
=
|
ဝ.၃၇၂၈၈၉၉၈၈၀၃၃၀၂
|
သာဝနတစ်ရက်၌ တက်သောနက္ခတ်
|
=
|
၁.၀၀၂၇၃၇၇၈၅၁၅၁၆၄
|
တိထီတစ်ရက်၌ တက်သောနက္ခတ်
|
=
|
ဝ.၉၈၇၀၄၇၈၇၈၃၇၅၆၅
|
သူရိယမာသတစ်လရှိ သာဝနရက်ပေါင်း
|
=
|
၃၀.၄၃၈၂၂၉၇၀၆၇၉၀
|
တိထီတစ်ရက်ရှိ သာဝနရက်
|
=
|
ဝ.၉၈၄၃၅၂၉၃၁၅၃၅၇၂
|
တိထီတစ်လုံး၏ သာဝနရက်
|
=
|
၃၃.၀၁၀၇၈
|
အ၀မာန်တစ်လုံး၏ သာဝနရက်
|
=
|
၂.၇၂၁၈၅
|
မြန်မာပြက္ခဒိန်ကိုတွက်ချက်ရာတွင်
ပြက္ခဒိန်မှ လပြည့်လကွယ်ရက်များသည် သဘာဝလပြည့်လကွယ်ရက်များနှင့် ကိုက်ညီခြင်း၊ နေကြတ်လကြတ်ရက်များ
မှန်ကန်ခြင်း၊ မြန်မာပြက္ခဒိန်မှ ကဆုန်လပြည့်နေ့သည် အခြားနိုင်ငံများမှ ကဆုန် လပြည့်ရက်များနှင့်
ကိုက်ညီခြင်း စသည်တို့ကို သတိထားချိန်ကိုက် စီစဉ်ရမည် ဖြစ်ပါသည်။ ဤသို့ချိန်ကိုက်စီစဉ်နိုင်ရန်
ပြက္ခဒိန်ကို တစ်နှစ်စာတည်းသာမဟုတ်ပဲ လေးနှစ်တန်သည်၊ ငါးနှစ်တန်သည် ကြိုတင်စီစဉ်ထားရပါမည်။
မြန်မာပြက္ခဒိန်မှ
တန်ခူး၊ ကဆုန် စသောလများမှာ ကောင်းကင်မှ လ သွားနှုံးကို အခြေခံကာ စီစဉ်ထားသည်။ လ သည်ကမ္ဘာကို
တစ်ပတ်ပတ်ရန်ကြာချိန် တစ်နည်းဆိုသော် စန္ဒြမာသ တစ်လသည် ၂၉.၅၃၀၅၈၇၉၄၆၀၇၁၇ ရက်
ရှိ၏။ တစ်နည်းအားဖြင့် ၂၉ ရက်၊ ၁၂ နာရီ၊ ၄၄ မိနစ်၊ ၃ စက္ကန့်ရှိ၏။ ထို့ကြောင့် စန္ဒြမာသအားဖြင့်
တစ်နှစ်တွင် ရက်ပေါင်း ၃၅၄.၃၆၇၀၅၅၃၅၂၈၆၁ (၃၅၄ ရက်၊ ၈ နာရီ၊ ၄၈ မိနစ်၊ ၃၄ စက္ကန့်)
ရှိ၏။
သို့ရာတွင်
မြန်မာပြက္ခဒိန်၏ တစ်နှစ်တာကာလ (ပထမသင်္ကြန်တက်ချိန်မှ နောက်တစ်ကြိမ်
သင်္ကြန်တက်ချိန်ထိ) မှာမူ ကမ္ဘာကြီးက နေကိုတစ်ပတ်ပတ်ရန် ကြာချိန်ဖြစ်သည့် ၃၆၅.၂၅၈၇၅၆၄၈၁၄၈၁
ရက် (၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆.၅၅၉၉ စက္ကန့်) ဖြစ်၏။ ဤသည်မှာ သဘာဝကျ၏။
နေသွားနှုံးကို အခြေခံကာ တစ်နှစ်တာကာလကို သတ်မှတ်ပါမှ နေသွားခြင်းကိုအကြောင်းပြု၍
ဖြစ်ပေါ်လာသည့် ရာသီဥတုနှင့် ပြက္ခဒိန်တို့ ကိုက်ညီပေမည်။
ထိုအခါတွင်
နေသွားနှုံးကို အခြေခံထားသည့် တစ်နှစ်တာကာလနှင့် လသွားနှုံးကိုအခြေခံထားသည့် လ
များအကြား အောက်ပါအတိုင်း ကွာခြားမှု ရှိလာသည်။
ရက်
|
နာရီ
|
မိနစ်
|
စက္ကန့်
|
|
သူရိယမာသ တစ်နှစ်
|
၃၆၅
|
၆
|
၁၂
|
၃၇
|
စန္ဒြမာသ ၁၂ လ
|
၃၅၄
|
၈
|
၄၈
|
၃၄
|
စန္ဒြမာသ၏ လိုသောရက်ပေါင်း
|
၁၀
|
၂၁
|
၂၄
|
၃
|
ထို့ကြောင့် သူရိယမာသ
တစ်နှစ်ပြည့်မီရန် စန္ဒြမာသက တစ်နှစ်လျှင် ၁၀ ရက်ကျော်လိုနေသည်။ ၂ နှစ်တွင် ၂၁ ရက်
၁၉ နာရီ။ ၃ နှစ်တွင် ၃၂ ရက်နှင့် ၁၆ နာရီကျော် လိုနေလေသည်။ ဤကဲ့သို့လိုနေသော
ရက်များကို ပြန်လည်ချိန်ညှိရန် သုံးနှစ်ကြာသောအချိန်တစ်ခုတွင် ဝေါဟာရလ၌
တစ်လထပ်ဆောင်းကာ ၁၃ လ ရှိသော လထပ်နှစ် ပြုရပေသည်။
အတိအကျဆိုရပါမူ
လတစ်ခါထပ်ရန် ကြာသောအချိန်မှာ ၉၉၀.၃၂၃၃၃၉၂၀၇၈၀ ရက် (၉၉၀ ရက်၊ ၇ နာရီ၊ ၄၅ မိနစ်၊ ၃၇
စက္ကန့်) ဖြစ်၏။ (အခန်း ၃၊ ၁။ အခြေခံကိန်းများတွင် ကြည့်ပါ။) ထိုအချိန်ကို
အဓိမာသ်ပြိုချိန်ဟု ခေါ်သည်။ ရက်ပေါင်း ၉၉၀ သည် စန္ဒြမာသ လပေါင်း ၃၃ လခွဲ ဖြစ်သည်။
ထို့ကြောင့် ဝေါဟာရပြက္ခဒိန်၏ ရက်မစုံ ၁၇ လ နှင့် ရက်စုံ ၁၇ လပြည့်တိုင်း တစ်ခါ လ
ထပ်ခြင်းပြုရမည် ဖြစ်ပါသည်။ (ရက်မစုံ ၁၇ လ = ၄၉၃ ရက် + ရက်စုံ ၁၇ လ = ၅၁၀ ရက် =
၁၀၀၃ ရက်)
သို့သော်
မြန်မာပြက္ခဒိန်တွင် ဝေါဟာရလများဖြင့် လ ထပ်ခြင်းပြုသည်ဖြစ်၍ ပြက္ခဒိန်တွင်
မည်သည့်အချိန်၌ လတစ်ခါ ထပ်ရမည်ကို ပြန်လည်တွက်ယူရန် လိုပါသည်။
ရက်
|
နာရီ
|
မိနစ်
|
စက္ကန့်
|
|
သူရိယမာသ တစ်နှစ်
|
၃၆၅
|
၆
|
၁၂
|
၃၇
|
ပြက္ခဒိန် ၁၂ လ
|
၃၅၄
|
ဝ
|
ဝ
|
ဝ
|
စန္ဒြမာသ၏ လိုသောရက်ပေါင်း
|
၁၁
|
၆
|
၁၂
|
၃၇
|
ထို့ကြောင့်
တစ်နှစ်ပြည့်တိုင်း ပြက္ခဒိန်ရက်များက ၁၁.၂၅၈၇၆၁၅၇၄ ရက် လိုနေသည်။ တစ်လ (ရက် ၃၀)
ပြည့်ရန် ကြာသောအချိန်မှာ ၉၇၃.၂၆၅၃၆၅၁ ရက် ဖြစ်၏။ ရက်စွန်းကို တစ်ရက်တိုးယူလျှင်
၉၇၄ ရက် ရပါမည်။ ၎င်းသည် ရက်မစုံ ၁၆ လ + ရက်စုံ ၁၇ လ = ၃၃ လ နှင့် ညီ၏။ (ရက်မစုံ ၁၆ လ
= ၄၆၄ ရက် + ရက်စုံ ၁၇ လ = ၅၁၀ ရက် = ၉၇၄ ရက်)
အမှန်တကယ်ဆိုလျှင်
လလွန်ပြိုချိန်၌ ရက် ၃၀ ရှိသောတစ်လ ထပ်ဖြည့်ပေးလိုက်လျှင် သဘာဝနှင့်ပြက္ခဒိန်
ကိုက်ညီ ပေမည်။ ဥပမာ - လလွန်ပြိုသည့်အချိန်သည် ပြာသိုလတွင်ဖြစ်နေလျှင်
ပြာသိုနှစ်လထပ်လျှက် ဒုတိယပြာသို ပြုလုပ်ပေးခြင်း ဖြင့်လည်းကောင်း၊ အကယ်၍
လလွန်ပြိုသည့်အချိန်သည် သီတင်းကျွတ်လတွင် ဖြစ်ခဲ့လျှင်လည်း ဒုတိယသီတင်းကျွတ်တစ်လ
ထပ်တိုးပေးလိုက်လျှင် အလွန်မှန်ကန်သော ပြက္ခဒိန်ဖြစ်ပေမည်။
အိန္ဒိယမှ
ပြည်နယ်အချို့မှာ ဤလထပ်နည်းကို ကျင့်သုံးကြ၏။ ထို့ကြောင့် သူတို့၏
ဘာသာရေးပွဲတော်များမှာ အလွန် မှန်ကန်လှ၏။ သို့သော် လထပ်သည့် လများမှာ
အမျိုးမျိုးဖြစ်နေ၍ မှတ်ရမလွယ်ကူ။ ယခင်က ရခိုင်ပြက္ခဒိန်တွင် တန်ခူးလကို
လထပ်ပြုခဲ့ကြသည်။ အိန္ဒိယတွင် ဒွေဝိသာခါဟု (ကဆုန်လ) ကို လထပ်ပြုသည်။ ၃၂
မြန်မာပြက္ခဒိန်သည် ဘာသာရေးအတွက် အဓိကထားသဖြင့်
ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအားဖြင့် ၀ါတွင်း၌ ရဟန်း တော်များ ၀ါဆိုချိန်နှင့်
မိုးရာသီကိုက်ညီစေရန်အတွက် လည်းကောင်း၊ ပြက္ခဒိန်ကို အများပြည်သူတို့ သိမှတ်လွယ်ကူစေရန် အတွက်လည်းကောင်း
ဒုတိယ၀ါဆိုဖြင့်သာ လထပ်ခြင်း ပြုရမည်ဟု ရာဇမတ္တဏ်ကျမ်းတွင်ဖော်ပြထားသည်။
အဓိမာသ်ပြိုချိန် သို့မဟုတ် လလွန်ပြိုချိန်တွင် လမထပ်ဘဲ ၀ါဆိုလတွင်သာ
လထပ်ရမည်ဟု စည်းမျဉ်းထုတ်လိုက် ခြင်းကြောင့် မည်သည့်နှစ်တွင် လထပ်မည်နည်းဟူသော
ပြဿနာပေါ်လာသည်။ ထိုအခါ နက္ခတ်ပညာရှင်၊ ပြက္ခဒိန်ပညာရှင် တို့ ရာစုနှစ်နှင့်ချီ၍
အငြင်းအခုံဖြစ်ခဲ့ကြသည်။
လထပ်ရာတွင် -
၁။ လလွန်ပြိုသောနှစ်၌ လထပ်ခြင်း နှင့်
၂။ လလွန်ပြိုပြီး နောက်တစ်နှစ်မှ လထပ်ခြင်းဟု နှစ်မျိုးပေါ်လာခဲ့သည်။
မြန်မာ့ပြက္ခဒိန်သမိုင်းတလျှောက်
ပုပ္ပါးစောရဟန်းမင်းကြီး သက္ကရာဇ်ဖြိုပြီးသည်၏ နောက်မှ ယနေ့တိုင် လထပ် စည်းကမ်းများ
ခေတ်သုံးခေတ် ပြောင်းခဲ့၏။ ၁
သက္ကရာဇ် ၁ မှ ၁၂၁၆ ခုအတွင်း သက္ကရာဇ်ကို ၁၉ ဖြင့်စားပြီး စားကြွင်းကို
ပုံသေထားကာ လထပ်ခဲ့သည်။
အဓိမာသ၀ိဝါဒကထာကျမ်းတွင် အောက်ပါအတိုင်း ဖော်ပြထား၏။
ခဆပဉ္စဖြိုပြီးနောက် သက္ကရာဇ် ၂ ခုတွင် ရက်လွန် ၂၃ ရှိသောနှစ်၊
ဓမ္မာဓိမာသ်ကြိုက်၍ လဖျောက်သည်။ သက္ကရာဇ် ၅ ခုတွင် ရက်လွန် ၂၅ ရှိသောနှစ်၊
ပဉ္စာဓိမာသ်ကြိုက်၍ လဖျောက်သည်။ သက္ကရာဇ် ၈ ခုတွင် ရက်လွန်ဆုံးသောနှစ်၊ ဗသျှဓိမာသ်ကြိုက်၍
လဖျောက်သည်။ သက္ကရာဇ် ၁၀ ခုတွင် ရက်လွန် ၂၃ ရှိသောနှစ်၊ ဒသာဓိမာသ်ကြိုက်၍
လဖျောက်သည်။ သက္ကရာဇ် ၁၃ ခုတွင် ရက်လွန် ၂၅ ရှိသောနှစ်၊ တေရသဓိမာသ်ကြိုက်၍
လဖျောက်သည်။ သက္ကရာဇ် ၁၆ ခုတွင် ရက်လွန် ၂၈ ရှိသောနှစ်၊ သောဠသာဓိမာသ်ကြိုက်၍
လဖျောက်သည်။ သက္ကရာဇ် ၁၈ ခုတွင် ရက်လွန် ၂၁ ရှိသောနှစ်၊ အဌာရသာဓိမာသ် ကြိုက်၍
လဖျောက်သည်။
သက္ကရာဇ်
|
ရက်လွန်
|
သုဒ္ဓဒိန်
|
ရာသီ
|
အဓိမာသအမည်
|
၂
|
၂၃.၅၄
|
၂၁၄
|
ၿဗိစ ၦာ
|
ဓမ္မာဓိမာသ်
|
၅
|
၂၆.၇၃၅
|
၁၀၈
|
ကြဋ်
|
ပဉ္စာဓိမာသ
|
၈
|
၂၉.၉၂၉
|
၃
|
မိဿ
|
ဗသျှဓိမာသ်
|
၁၀
|
၂၂.၀၅၉
|
၂၆၃
|
မကာရ
|
ဒသာဓိမာသ်
|
၁၃
|
၂၅.၂၅၃
|
၁၅၇
|
ကန်
|
တေရသဓိမာသ
|
၁၆
|
၂၈.၄၄၈
|
၅၁
|
ပြိဿ
|
သောဠသာဓိမာသ်
|
၁၈
|
၂၀.၅၇၈
|
၃၁၂
|
ကုံ
|
အဋ္ဌာရသာဓိမာသ်
|
ဤသည်ကိုကြည့်လျှင် ရှေးပညာရှိတို့သည် အဓိမာသ်ပြိုသောနှစ်မှာသာ
လဖျောက်ကြောင်းတွေ့ရသည်။
(မှတ်ချက်။ ။ ပိုလွန်လာသော
လကို လထပ်ပြုလိုက်ခြင်းဖြင့် ဖျောက်လိုက်သဖြင့် လဖျောက်သည်ဟု သုံးနှုံးခြင်း
ဖြစ်ပါသည်။ လဖျောက်ခြင်းနှင့် လထပ်ခြင်း အဓိပ္ပါယ်အတူတူပင်ဖြစ်၏။)
ဗေဒ၀ိဇ္ဇာ ကိုးစောင်တွဲကျမ်းတွင် ရတနာပူရ၊ အင်းဝခေတ် လထပ်စည်းကမ်းကို
အောက်ပါအတိုင်း ဖော်ပြထား ပါသည်။
ကောဇာသက္ကရာဇ်ကိုတည်။ ၁၉ နှင့်စား။ ၂ ခုကြွင်းသော် ဓမ္မာဓိမာသ်၊ ၅
ခုကြွင်းသော် ပဉ္စာဓိမာသ်၊ ၈ ခုကြွင်းသော် ဗသျှဓိမာသ်၊ ၁၀ ခုကြွင်းသော် ဒသာဓိမာသ်၊ ၁၃
ခုကြွင်းသော် တေရသဓိမာသ်၊ ၁၆ ခုကြွင်းသော် သောဠသာဓိမာသ်၊ ၁၈ ခုကြွင်းသော်
အဋ္ဌာရသာဓိမာသ် မည်၏။ ထို ခုနစ်ပါးတို့တွင် ဗသျှဓိမာသ်၊ သောဠသဓိမာသ် နှစ်ပါးတို့သည်
ချင်းတို့ကိန်း မရောက်မီ တစ်နှစ်ကပင် တင်ကြို၍ လထပ်ခြင်း၊ နက္ခတ်တိထီမှီသည်ကိုရှု၍
ရက်ငင်ခြင်း၊ မငင်ခြင်းတို့ကို ပြုရာသောကြောင့် အပတ္တာဓိမာသ်မည်၏။ ယာစာဓိမာသ်လည်း
ဆိုကုန်၏။
ထိုမှကြွင်းသော ငါးပါးသော အဓိမာသ်တို့ကား ချင်းတို့ကိန်းရောက်မှ လထပ်ခြင်း၊
နက္ခတ်၊ တိထီ အရင့်အနုကို မျှော်ရှု၍ ရက်ငင်ခြင်း၊ မငင်ခြင်းတို့ကို ပြုရာသောကြောင့်
ပတ္တာဓိမာသ်မည်ကုန်၏။
ဤလထပ်စည်းကမ်း၏ သဘောမှာ စားကြွင်း ၂၊ ၅၊ ၇၊ ၁၀၊ ၁၃၊ ၁၅၊ ၁၈
ရှိသောနှစ်များမှာ အဓိမာသ်ပြိုသည့်နှစ် ဖြစ်သည့်ပြင် လထပ်သောနှစ်လည်း ဖြစ်လေသည်။
(အခန်း ၂၊ ၇။ ရှေးခေတ် ပြက္ခဒိန်များ တွင်လည်းရှု။) ဤကိန်းကို ရတနာပူရ၊
ဒုတိယအင်းဝခေတ်မှ စတင်အသုံးပြုခဲ့သည်။
အဓိမာသ်ပြိုချိန်သည်
ရှေ့လေးရာသီအတွင်းဖြစ်ခဲ့သော် ထိုပြိုသောနှစ်၌ပင် လထပ်ရမည်။ နောက် ရှစ် ရာသီအတွင်း
ပြိုခဲ့သော် လာလတံ္တ့သောနှစ်၌ လထပ်ရမည် ဟု သတ်မှတ်ခဲ့သည်။ ဤနည်းမှာ ညောင်ကန်
ဆရာတော်ဘုရားကြီးက ၁၂၁၇ ခုနှစ်၊ လထပ်အဆုံးအဖြတ်ပေးရာတွင် နှလုံးသွင်းခဲ့သော မူ
ဖြစ်၏။ (သက္ကရာဇ် ၁၂၁၇ မှ ၁၃၁၆ ခုနှစ်ထိ)
အဓိမာသ်ပြိုချိန်သည် ရှေ့ရှစ်ရာသီအတွင်းဖြစ်ခဲ့သော် ထိုပြိုသောနှစ်၌ပင်
လထပ်ရမည်။ နောက် လေး ရာသီအတွင်း ပြိုခဲ့သော် လာလတံ္တ့သောနှစ်၌ လထပ်ရမည် ဟု
မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့က ၁၃၁၇ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ သည်။
လထပ်စည်းကမ်းများ
မည်သို့ပင်ပြောင်းစေကာမူ အရေးကြီးသည်မှာ ပြက္ခဒိန်မှ လပြည့်လကွယ်ရက်များသည်
သဘာဝလပြည့်လကွယ်နှင့် ညီညွတ်ရန် အရေးကြီးပေသည်။
ပြက္ခဒိန်၌ အဓိမာသ်ပြိုသော
လ၊ ရက်၊ နာရီ တို့ကိုရှာရန် သုဒ္ဓဒိန်ရက်တွက်နည်းကို သိရပါမည်။ သုဒ္ဓဒိန်ရက်
တွက်နည်းကို အခန်း (၁) တွင် အကျဉ်းမျှသိရုံဖော်ပြခဲ့ပါသည်။ ပိုမိုရှင်းလင်းစေရန်
ယခုအသေးစိတ် ထပ်မံရှင်းပြပါမည်။
သုဒ္ဓဒိန်ရက်ဟူသည်မှာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်ရေတွက်သော
ရက်များဖြစ်၏။ ဥပမာ - တန်ခူးလဆန်း ၁၀ ရက်နေ့သည် နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါက
တန်ခူးလဆန်း ၁၁ ရက်၏ သုဒ္ဓဒိန်ရက်မှာ ၂ ဖြစ်ပြီး ကဆုန်လဆုတ် ၈ ရက်နေ့၏ သုဒ္ဓဒိန်ရက်မှာ
၄၃ ဖြစ်သည်။
သုဒ္ဓဒိန်ရက်တွက်ရန်
နှစ်ဆန်းတစ်ရက်နေ့ကို သိရမည်။ ထိုနှစ်သည် သာမန်နှစ်လား၊ ၀ါငယ်ထပ်နှစ်လား၊
ဝါကြီးထပ် နှစ်လား ဆိုတာ သိရပါမည်။
မြန်မာပြက္ခဒိန်နှင့်တွက်နည်း
၁၃၇၄ ခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့မှာ ဦးတန်ခူးလပြည့်ကျော် ၁၁ ရက်၊ အင်္ဂါနေ့
ဖြစ်၏။ ၁၃၇၄ ခုနှစ်သည် ၀ါငယ်ထပ်နှစ် ဖြစ်၏။ သုဒ္ဓဒိန်ရက် ဆိုသည်မှာ
ဦးတန်ခူးလပြည့်ကျော် ၁၁ ရက် မှ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့ထိ ရက်ပေါင်းကို
ဆိုလိုသည်။
တန်ခူးလပြည့်ကျော် ၁၁
ရက်မှ လကွယ်နေ့ (လပြည့်ကျော် ၁၄ ရက်နေ့) ထိ ရက်ပေါင်းမှာ ၄ ရက်ဖြစ်၏။ ကဆုန်
ရက်မစုံ ၂၉၊ နယုန် ရက်စုံ ၃၀၊ ၀ါငယ်ထပ်သဖြင့် ပထမ၀ါဆိုရက်စုံ ၃၀၊ ဒုတိယ၀ါဆိုရက်စုံ
၃၀၊ ၀ါခေါင်ရက်မစုံ ၂၉၊ တော်သလင်းရက်စုံ ၃၀။
ထို့နောက် သီတင်းကျွတ်လတွင် လဆန်း ၁ ရက်မှ လပြည့်ထိ ၁၅ ရက် + လဆုတ် ၆ =
စုစုပေါင်း ၂၁ ရက်
ဤရက်တို့ကို ပေါင်းလိုက်သော် စုစုပေါင်း ၂၀၃ ရက်ရသည်။
အောက်ပါဇယားကိုကြည့်ပါ။
ထို့ကြောင့် ၁၃၇၄ ခုနှစ်
သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့ ၏ သုဒ္ဓဒိန်ရက်သည် ၂၀၃ ရက်ဖြစ်၏။ ထို့အတူပင် ၁၃၇၄
ခုနှစ်၏ သုဒ္ဓဒိန် ၂၀၃ ရက်သည် မည်သည့်နေ့တွင်ကျကြောင်း တွက်တတ်ရပါမည်။
လ
|
ရက်ပေါင်း
|
မှတ်ချက်
|
|
တန်ခူး
|
|
၎
|
တန်ခူးလဆုတ် ၁၁ ရက်မှ တန်ခူးလကွယ်ထိ
|
ကဆုန်
|
|
၃၀
|
|
နယုန်
|
|
၂၉
|
|
ပထမ၀ါဆို
|
|
၃၀
|
|
ဒုတိယ၀ါဆို
|
|
၃၀
|
|
ဝါခေါင်
|
|
၂၉
|
|
တော်သလင်း
|
၃၀
|
||
သီတင်းကျွတ်
|
၂၁
|
သီတင်းကျွတ်လဆန်း ၁ ရက်မှ လဆုတ် ၆ ရက်ထိ
|
|
၂၀၃
|
၁၃၇၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့ မှာ ၂၀၁၂ နိုဝင်ဘာလ၊ ၅ ရက်နေ့
ဖြစ်သည်။ ထို့ကြောင့် -
လ
|
ရက်ပေါင်း
|
မှတ်ချက်
|
|
ဧပြီ
|
|
၁၄
|
ဧပြီလ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ
|
မေ
|
|
၃၁
|
|
ဇွန်
|
|
၃၀
|
|
ဇူလိုင်
|
|
၃၁
|
|
သြဂုတ်
|
|
၃၁
|
|
စက်တင်ဘာ
|
|
၃၀
|
|
အောက်တိုဘာ
|
၃၁
|
||
နိုဝင်ဘာ
|
၅
|
နိုဝင်ဘာလ ၁ ရက်မှ ၅ ရက်နေ့ထိ
|
|
၂၀၃
|
ပိုသောလကို
အဓိမာသ်ခေါ်ကြောင်း၊ ပိုသောလကို လထပ်ခြင်းဖြင့်ဖျောက်ပစ်ခြင်းကို အဓိမာသ်ပြိုသည်ဟု
ခေါ်ကြောင်း ပြောခဲ့ပြီ။ သို့ဆိုလျှင် မည်သည့်နှစ်၊ မည်သည့်လ၊ မည်သည့်ရက်၌
အဓိမာသ်ပြိုသည်ကို တွက်ယူရပေမည်။ အဓိမာသ်ပြိုချိန်သည်
သူရိယမာသနှင့် စန္ဒြမာသတို့ ညီညွတ်သောအချိန်ကာလဖြစ်၏။ ဤအချိန်တွင် ဝေါဟာရ ပြက္ခဒိန်၌
လထပ်ပေးရမည်ဖြစ်သည်။
ဤပထမနည်းမှာ ဆရာကြီးဦးကျော်ငြိမ်း၏ ၀ါထပ်ရက်ငင် ၀ိဝါဒ
ငြိမ်းချမ်းရေးကျမ်းမှ ဖြစ်၏။
မြန်မာသက္ကရာဇ်တွင်
၃၇၃၉ ပေါင်းလျှင် ကလိယုဂ်နှစ်ကိုရမည်။ ဤသည်မှာ ကလိယုဂ်နှစ်ဆန်းမှစတင်ကာ ဖြိုခဲ့သော
သက္ကရာဇ်များကို ပြန်လည်ပေါင်းထည့်ပေးခြင်းဖြစ်၏။ အခန်း ၂၊ ၆။ သက္ကရာဇ်ဖြိုခြင်း၌ ပြန်ကြည့်ပါ။
v (၁) ကလိယုဂ်နှစ်ကို
အဓိမာသ်ပေါင်းနှင့် မြှောက်ပြီး စတုယုဂ်နှစ်ပေါင်းနှင့်စားပါ။ စားလဒ်သည်
ကလိယုဂ်နှစ်ဆန်း မှသည် တွက်လိုသောနှစ်၏ အတာနေ့တိုင် ပြိုခဲ့ပြီးသော အဓိမာသ်ပေါင်း
ဖြစ်၏။
v (၂) စားကြွင်းကို
အဓိမာသ်တစ်ကြိမ်ပြို သာဝနရက်ပေါင်းနှင့် မြှောက်ပြီး စတုယုဂ်နှစ်ပေါင်းနှင့်စားပါ။
စားလဒ်သည် အတိတ် အဓိမာသ်ပြိုခဲ့သည်မှ တွက်လိုသောနှစ်၏ အတာနေ့အထိရှိသော
သုဒ္ဓဒိန်ရက်၊နာရီ၊မိနစ် စသည် ဖြစ်၏။
v (၃)
အဓိမာသ်တစ်ကြိမ်ပြို သာဝနရက်ပေါင်းတွင် ထိုအတိတ် ရက်၊ နာရီ၊ မိနစ် စသည်တို့ကို
နှုတ်လျှင် ယခုတွက်နေ သောနှစ်၏ အတာနေ့မှစ၍ အဓိမာသ်ပြိုသည့်နေ့တိုင်အောင်ရှိသော
သုဒ္ဓဒိန် ရက်၊ နာရီ၊ မိနစ်တို့ကို ရပါသည်။
ကလိယုဂ်နှစ် = ၁၃၀၉ + ၃၇၃၉ = ၅၀၄၈
အဓိမာသ်ပေါင်း = ၁၅၉၃၃၃၆
စတုယုဂ်နှစ်ပေါင်း = ၄၃၂၀၀၀
အဓိမာသ်တစ်ကြိမ်ပြိုရက်ပေါင်း= ၉၉၀.၃၂၃၃၃၉၂၀၇၈၀
မြန်မာသက္ကရာဇ်
|
၁၃၀၉
|
||||
၃၇၃၉
|
|||||
ကလိယုဂ်နှစ်
|
|
||||
အဓိမာသ်ပေါင်း
|
၁၅၉၃၃၃၆
|
||||
၄၃၂၀၀၀၀
|
၈၀၄၃၁၆၀၁၂၈
|
၁၈၆၁ (ပြိုပြီး အဓိမာသ်အကြိမ်ပေါင်း)
|
|||
၈၀၃၉၅၂၀၀၀၀
|
|||||
|
၃၆၄၀၁၂၈
|
(စားကြွင်း)
|
|||
အဓိမာသ်တစ်ကြိမ်ပြိုရက်ပေါင်း =
|
၉၉၀.၃၂၃၃၃၉၂၀၇၈
|
||||
၄၃၂၀၀၀၀
|
၃၆၀၄၉၀၃၇၁၆.၁၀၃၈၁
|
၈၃၄.၄၆၈၄၅၂၈
|
(အတိတ် သုဒ္ဓဒိန်ရက်)
|
||
အဓိမာသ်တစ်ကြိမ်ပြိုရက်ပေါင်း =
|
၉၉၀.၃၂၃၃၃၉၂၀၇၈
|
||||
အတိတ် သုဒ္ဓဒိန်ရက်ပေါင်း =
|
၈၃၄.၄၆၈၄၅၂၈၀၁၈
|
||||
အနာဂတ် သုဒ္ဓဒိန်ရက်ပေါင်း =
|
၁၅၅.၈၅၄၈၈၆၄
|
အထက်တွင် ၁၃၀၉
ခုနှစ်အတွက် အဓိမာသ်ပြိုသောရက်မှာ ၁၅၅ ရက်၊ ၂၀ နာရီ၊ ၃၁ မိနစ်၊ ၂.၁၈၅၅ စက္ကန့်
ဖြစ်ကြောင်း သိခဲ့ရပြီ။ ဤရက်သည် ပြက္ခဒိန်တွင် မည်သည့် လ၊ နေ့၊ ရက်တွင်ကျကြောင်း
ရှာရပါမည်။ မည်ကဲ့သို့ ရှာမည် နည်းဆိုသော် အထက် ၃၊ ၂၊ ၂
တွင်ပြခဲ့သည့်တွက်နည်းအတိုင်း ပြောင်းပြန်တွက်ယူရမည် ဖြစ်ပါသည်။
၁၃၀၉ ခုနှစ်၏
နှစ်ဆန်းတစ်ရက်နေ့မှာ ဦးတန်ခူးလပြည့်ကျော် ၁၂ ရက်၊ ကြာသပတေးနေ့ ဖြစ်၏။ ၁၃၇၄
ခုနှစ်သည် သာမန်နှစ် ဖြစ်၏။ ထို့ကြောင့် တန်ခူးလပြည့်ကျော် ၁၂ ရက်မှစရေလျှင် ၁၅၆
ရက် (၂၀နာရီစွန်းသဖြင့် တစ်ရက်တိုးယူပါ သည်။) သည် မည်သည့်နေ့ကျမည်နည်းဆိုသည်ကို
အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။
ထိုအခါ ၁၃၀၉ ခုနှစ်
သီတင်းကျွတ်လဆန်း ၅ ရက်နေ့တွင် အဓိမာသ်ပြိုကြောင်း သိရပါပြီ။
အကယ်၍ အနာဂတ်သုဒ္ဓဒိန်သည် တစ်နှစ်စာ ၃၆၅ ရက်ထက်ကျော်လွန်သွားလျှင်
မာတုလဲနှစ်အတွက် ၃၆၅ ရက်၊ တော်တုလဲနှစ်အတွက် ၃၆၆ ရက်ကို ထပ်နှုတ်ပါ။
ထိုသို့နှုတ်ရသည့်အတွက် အဓိမာသ်ပြိုသောလမှာ နောက်တစ်နှစ်သို့
ကူးပြောင်းသွားပြီဖြစ်ပါသည်။ အကယ်၍ ၂ ခါနှုတ်ရပါမူ နောက်ထပ် ၂ နှစ်အကြာမှ
အဓိမာသ်ပြိုကြောင်း သိနိုင်ပါသည်။ အောက်တွင် နမူနာပုံစံများဖြင့်
တွက်ပြထားပါသည်။
လ
|
ရက်ပေါင်း
|
မှတ်ချက်
|
|
တန်ခူး
|
|
၃
|
တန်ခူးလဆုတ် ၁၂ ရက်မှ တန်ခူးလကွယ်ထိ
|
ကဆုန်
|
|
၃၀
|
|
နယုန်
|
|
၂၉
|
|
ဝါဆို
|
|
၃၀
|
|
ဝါခေါင်
|
|
၂၉
|
|
တော်သလင်း
|
၃၀
|
||
သီတင်းကျွတ်
|
၅
|
သီတင်းကျွတ်လဆန်း ၁ ရက်မှ ၅ ရက်ထိ
|
|
၁၅၆
|
မြန်မာသက္ကရာဇ်
|
၁၃၆၂
|
||||
၃၇၃၉
|
|||||
ကလိယုဂ်နှစ်
|
|
||||
အဓိမာသ်ပေါင်း
|
၁၅၉၃၃၃၆
|
||||
၄၃၂၀၀၀၀
|
၈၁၂၇၆၀၆၉၃၆
|
၁၈၈၁ (ပြိုပြီး အဓိမာသ်အကြိမ်ပေါင်း)
|
|||
၈၁၂၅၉၂၀၀၀၀
|
|||||
၁၆၈၆၉၃၆
|
(စားကြွင်း)
|
||||
အဓိမာသ်တစ်ကြိမ်ပြိုရက်ပေါင်း =
|
၉၉၀.၃၂၃၃၃၉၂၀၇၈
|
||||
၄၃၂၀၀၀၀
|
၁၆၇၀၆၁၂၀၉၂.၅၄၉၈၅
|
၃၈၆.၇၁၅၇၆၂ (အတိတ်သုဒ္ဓဒိန်ရက်)
|
|||
အဓိမာသ်တစ်ကြိမ်ပြိုရက်ပေါင်း =
|
၉၉၀.၃၂၃၃၃၉၂၀၇၈
|
||||
အတိတ် သုဒ္ဓဒိန်ရက်ပေါင်း =
|
၃၈၆.၇၁၅၇၆၂၁၆၄၃
|
||||
အနာဂတ် သုဒ္ဓဒိန်ရက်ပေါင်း =
|
၆၀၃.၆၀၇၅၇၇၀
|
၆၀၃.၆၀၇၅၇၇၀၄၃
|
|
၁၃၆၂ ခုနှစ်တစ်နှစ်လုံးအတွက် =
|
၃၆၆
|
အနာဂတ် သုဒ္ဓဒိန်ရက်ပေါင်း =
|
၂၃၈
|
ထိုကဲ့သို့ တစ်နှစ်နှုတ်ပေးလိုက်ရသဖြင့် အဓိမာသ်ပြိုသည့်ရက်မှာ ၁၃၆၃
ခုနှစ်သို့ ပြောင်းသွားသည်။
အဓိမာသ်ပြိုသည့်ရက်ကို အောက်ပါအတိုင်း
ခရစ်နှစ်နှင့်လည်း တွက်ယူနိုင်ပါသည်။
ရက်များကို ၆၀၄ ရက် (ဒသမစွန်းအတွက် တစ်ရက်တိုး) နှင့် ဆက်တိုက်တွက်ယူပါမည်။
၁၃၆၂ ခုနှစ်၏ နှစ်ဆန်း ၁ ရက်နေ့မှာ ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ ၁၆
ရက်နေ့ဖြစ်၏။
လ
|
ရက်ပေါင်း
|
မှတ်ချက်
|
|
ဧပြီ၊ ၂၀၀၀
|
|
၁၅
|
ဧပြီလ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ
|
မေ
|
|
၃၁
|
|
ဇွန်
|
|
၃၀
|
|
ဇူလိုင်
|
|
၃၁
|
|
သြဂုတ်
|
|
၃၁
|
|
စက်တင်ဘာ
|
|
၃၀
|
|
အောက်တိုဘာ
|
၃၁
|
||
နိုဝင်ဘာ
|
၃၀
|
||
ဒီဇင်ဘာ၊ ၂၀၀၀
|
၃၁
|
||
ဇန္န၀ါရီ၊ ၂၀၀၁
|
၃၁
|
||
ဖေဖော်ဝါရီ
|
၂၈
|
||
မတ်
|
၃၁
|
||
ဧပြီ
|
၃၀
|
||
မေ
|
၃၁
|
||
ဇွန်
|
၃၀
|
||
ဇူလိုင်
|
၃၁
|
||
သြဂုတ်
|
၃၁
|
||
စက်တင်ဘာ
|
၃၀
|
||
အောက်တိုဘာ
|
၃၁
|
||
နိုဝင်ဘာ
|
၃၀
|
||
ဒီဇင်ဘာ၊ ၂၀၀၁
|
၁၀
|
ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်နေ့ထိ
|
|
၆၀၄
|
ထို့ကြောင့် အဓိမာသ်ပြိုရက်မှာ
၂၀၀၁ ခု၊ ဒီဇင်ဘာလ ၁၀ ရက်ဖြစ်သည်။
လထပ်ရန်အတွက် အဓိမာသ်ပြိုချိန်ကိုကြည့်ရာတွင် ရာသီနှင့်ကြည့်သည်ဖြစ်၍
အဓိမာသ်ပြိုသုဒ္ဓဒိန်ရက်သည် မည်သည့်ရာသီတွင်ရှိသည်ကိုသိရန် လိုပါသည်။ ဤသည်ကို
အောက်ပါဇယားဖြင့် သိနိုင်ပါသည်။ ၁
ဤဇယားမှာ သက်ဆိုင်ရာ
ရာသီအစရှိ သုဒ္ဓဒိန်ရက်များ ဖြစ်ပါသည်။ ဥပမာ ကြဋ်ရာသီအစပထမနေ့၏ သုဒ္ဓဒိန်မှာ ၉၂ ရက်
ဖြစ်သည်။ ဤရက်များမှာ ပုံသေမဟုတ်။ တစ်ရက်ခန့် အပြောင်းအလဲရှိနိုင်ပါသည်။ သို့သော်
အဓိမာသ်ပြိုချိန်ကို ကြည့်ရန်အတွက်မူ ဤဇယားဖြင့် လုံလောက်ပါသည်။
ရာသီအမည်
|
နိရာယနအံသာ
|
သုဒ္ဓဒိန်
|
ခရစ်နှစ်လ-ရက်
|
မြန်မာလ
|
မိဿ
|
ဝ - ၃၀
|
၃၆၃ - ၂၈
|
ဧပြီ ၁၃ - မေ ၁၂
|
တန်ခူး
|
ပြိဿ
|
၃၀ - ၆၀
|
၂၉ - ၆၀
|
မေ ၁၃ - ဇွန် ၁၄
|
ကဆုန်
|
မေထုန်
|
၆၀ - ၉၀
|
၆၁ - ၉၁
|
ဇွန် ၁၅ - ဇူလိုင် ၁၅
|
နယုန်
|
ကြဋ်
|
၉၀ - ၁၂၀
|
၉၂ - ၁၂၃
|
ဇူလိုင် ၁၆ - သြဂုတ် ၁၆
|
ဝါဆို
|
သိဟ်
|
၁၂၀ - ၁၅၀
|
၁၂၄ - ၁၅၄
|
သြဂုတ် ၁၇ - စက်တင်ဘာ ၁၆
|
ဝါခေါင်
|
ကန်
|
၁၅၀ - ၁၈၀
|
၁၅၅ - ၁၈၄
|
စက်တင်ဘာ ၁၇ - အောက်တိုဘာ ၁၆
|
တော်သလင်း
|
တူ
|
၁၈၀ - ၂၁၀
|
၁၈၅ - ၂၁၄
|
အောက်တိုဘာ ၁၇ - နိုဝင်ဘာ ၁၅
|
သီတင်းကျွတ်
|
ၿဗိစ ၦာ
|
၂၁၀ - ၂၄၀
|
၂၁၅ - ၂၄၃
|
နိုဝင်ဘာ ၁၆ - ဒီဇင်ဘာ ၁၅
|
တန်ဆောင်မုန်း
|
ဓနု
|
၂၄၀ - ၂၇၀
|
၂၄၄ - ၂၇၃
|
ဒီဇင်ဘာ ၁၆ - ဇန္န၀ါရီ ၁၃
|
နတ်တော်
|
မကာရ
|
၂၇၀ - ၃၀၀
|
၂၇၄ - ၃၀၂
|
ဇန္န၀ါရီ ၁၄ - ဖေဖော်ဝါရီ ၁၁
|
ပြာသို
|
ကုမ်
|
၃၀၀ - ၃၃၀
|
၃၀၃ - ၃၃၂
|
ဖေဖော်ဝါရီ ၁၂ - မတ် ၁၃
|
တပို့တွဲ
|
မိန်
|
၃၃၀ - ဝ
|
၃၃၃ - ၃၆၂
|
မတ် ၁၄ - ဧပြီ ၁၂
|
တပေါင်း
|
နမူနာ (၂) တွက်ကိန်းအရ
အဓိမာသ်ပြိုသည့်ရက်မှာ ၁၃၆၃ ခုနှစ်အတွင်း ၂၃၈ ရက်ဖြစ်သဖြင့် ဗြိစ္ဆာရာသီတွင်
အဓိမာသ်ပြိုကြောင်း သိနိုင်ပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၃၁ သြဂုတ်၊ ၂၀၁၂ ည ၁၀း၄၅ နာရီ