Sunday, June 2, 2024

မစ္စတာတောင်အာဖရိကထောင်တန် နှင့် အင်တာဗျဲ

22။        ။ ဟုတ်၊ အန်ကယ်နိုးဆင့်၊ မီးတို့က တွမ်တီတူး ချွန်တွန်းဂျာနယ်ကပါ။

မစ္စတာ အန်ကယ်နိုး။          ။ ၆ကျိုးနဲ၊ နားသယ်မွေးကဖြင့် ဖြူနေပြီ။ ခုထိ ‘မီး’ တုံး။ အဟက်။ အဲလေ ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ။ ချွန်တွန်းဂျာနယ်ဆိုတော့ အချွန်နဲ့တွန်းမှာပေါ့နော်။

 

22။        ။ ဟုတ်၊ ဟွာလေ၊ အခု အန်ကန်နိုးရဲ့ ‘မူလနှစ်ဖြာ’ တေးက အတော့်ကို ပေါက်သွားတယ်ကြားရတာ မီးတို့တော့ အရမ်း ဝမ်းသာတာပဲဆင့်။

အန်ကယ်နိုး။          ။ ပေါက်ဆို အဲဒီ ‘မူလနှစ်ဖြာ’ က ရတဲ့အုတ်ခဲတွေနဲ့ တိုက်ဆောက်လိုက်တာ လှိုင်သာယာမှာ တိုက် (၃) လုံးပြီးသွားပြီကွဲ့။

 

22။        ။ အယ်တော့၊ အဲဒါဆို နောက်ထပ် ကွန်ဒိုဆောက်နိုင်အောင် ဘယ်လိုတွေများ ထပ် စီစဉ်ထားပါ သေးသလဲဆင့်။

နိုး။          ။ ဒီလိုလေကွယ်၊ အခု ‘မူလနှစ်ဖြာ’ ကျတော့ နည်းပဲရှိသေးတာ။ ကျင့်နည်းကို ပြောပြတာ။ မကျင့်တဲ့လူတွေ ဘာမှ မရဘူး။ 

 

22။        ။ ဦး ဆိုလိုတာက . . . 

နိုး။          ။ ‘မူလနှစ်ဖြာ’ က မကျင့်တဲ့သူတွေ ဘာမှ မရဘူး။ အခုတစ်ခါ ဦးစီစဉ်ထားတာက “ဒဲ့” ပေးမှာ။ တစ်ခါတည်း နိဗ္ဗာန်ကို တန်းရောက်အောင် “ဒဲ့” ပေးမှာ။

 

22။        ။ အို၊ ဟန်ကျလိုက်လေ ဦးရယ်။ မီးလည်း နိဗ္ဗာန်သွားချင်နေတာနဲ့ အတော်ပဲ။

နိုး။          ။ နိဗ္ဗာန်ရောက်ဖို့လား၊ လွယ်ပါတယ်ကွယ်။ ဟင်္သာကနေ ကားစီးသွားရင် နာရီဝက်တောင် မကြာပါဘူး။

 

22။        ။ အို၊ အူးကလဲ၊ ဒါ နောက်စရာမှတ်လို့။ ဒါနဲ့ ဦးစီစဉ်ထားတာလေး သိရမလားဆင့်။

နိုး။          ။ ဒီလိုလေကွယ်။ လင်းနို့သား ၅၀၀ တောင်မှ ပဌာန်းတရားတော်နာပြီး နတ်ပြည်ရောက်သေးတဲ့ဟာ။ လူတွေသာဆို ပဌာန်းတရားတော်ကြီးကိုသာ ကျကျနန နာလိုက်ရရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရက်တိုတိုနဲ့ တန်းမရောက်ပေဘူးလား။

 

22။        ။ မြတ်ချွာဖျား။ ဦးဆိုလိုတာက ဒီတစ်ခါ ပဌာန်းဒေသနာတော်ကြီးကို သီချင်းလုပ်ဆိုမယ်ပေါ့။

နိုး။          ။ ဒက်ဖနိတ်လီးပေါ့ကွယ်။ ပဌာန်းက ၂၄ ပစ္စည်းဆိုတော့ စတီရီယိုတိတ်ခွေ စီ၆၀ ၂၄ ခွေ ထွက်မယ့် သဘောပေါ့။ 

 

22။        ။ အောင်မငီး။ အဲဒါ ဘယ်တော့စမလဲငင်။

နိုး။          ။ အခု ဟေတုပစ္စယောကို စပြီး အသံသွင်းနေပါပြီကွယ်။

 

22။        ။ ဟိုက် သေပြီဆြာ၊ နောက် . . . နောက် . . . ပြီး . . . ပြီး တော့ရော . . . 

နိုး။          ။ တစ်ခွေပြီးသွားရင်တစ်ခါ ၂၂၇ သွယ်သော သိက္ခာပုဒ်နဲ့ အညီ လော် ၂၂၇ လုံးတပ်ပြီး အရှေ့ ၇ မြို့၊ အနောက် ၇ မြို့၊ တောင် ၇ မြို့၊ မြောက် ၇ မြို့ ကြားရအောင် . . .

 

22။        ။ အောင်မငီး၊ သေပါပြီတော့စ်။ အွန်လိုင်းကနေရော လွှင့်ဦးမလားဆင့်။

နိုး။          ။ အာ၊ ဒီခေတ်ကြီးမှာ အွန်လိုင်းကနေ မလွှင့်လို့ ဘယ်ဖြစ်မတုံးကွဲ့။ လော်နဲ့အော်တာက ဒီအနီးအနားက ၇ ရက် သားသမီးပဲ နားကန်းမှာ။ အွန်လိုင်းသာ အော်လိုက်ရင် တကမ္ဘာလုံးရှိသမျှ ဗမာတွေ အကုန်မသာပေါ် ပေါ် အဲလေ၊ အကုန် နိဗ္ဗာန်ရောက်မှာပေါ့ကွဲ့။ အဲဒါကြောင့် အဖေ့ဘုတ်၊ အမေ့ဘုတ်၊ ကြီးဒေါ်ဘုတ်၊ ယောက္ခမဘုတ်။ တယ်လီဂရမ်၊ တယ်လီပေါင်၊ တယ်လီပိတ်သာ၊ ယူကျူ့၊​ အိုင်ကျူ့၊ နှင့်နှမကျူ့၊ အကုန်လိုက်လွှင့်မှာ။

 

22။        ။ နည်းနည်းလောက်တော့ လျှော့ဦးမှထင်တယ် အန်ခယ်။ မဟုတ်ရင် လူ့ပြည်မှာ လူမကျန်တော့လို့ ဟို ခွေးသဒေါင်းဇားတွေ အကုန်ကြီးစိုးကုန်မှဖြင့် ဒိုးခ။

နိုး။          ။ ထူးပါဘူးကွယ်။ အခုလဲ အဲဒီ မေဘေးတွေ ကြီးစိုးနေတာမဟုတ်လား။ 

 

22။        ။ အင်း၊ အဲသဟာလည်း ဟုတ်သာဖဲ။ အခုလို မဟုတ်ကမဟတ်ကတွေ ဖြေပေးတာ ကျေးဇူးတင်ပါတယ် အန်ခယ်။

နိုး။          ။ အန်ခယ်ကတော့ နိုးပါကွယ်။

 

အဲဒီ မေဘေးတွေ အကုန်မသာပေါ်ပါစေ။

 

တော်သေပြီ။

 

အေးငြိမ်း

၂ ဇွန်လ၊ ၂၀၂၄

No comments: