Friday, June 21, 2024

ဝင်ငွေခွန်အကြောင်း သိကောင်းစရာ

ကျွန်ုပ်က သင်တန်း၌ ‘ကိုင်း - ကိုယ့်လူတို့ မေးစရာရှိရင် မေးလို့ရတယ်’ ဟု ပြောလိုက်သောအခါ လူလည်ဟု ထင်ရသူတစ်ယောက် ထလာ၏။

 

လည်။        ။ ကျွန်တော် တစ်ခုလောက် မေးလို့ရမလားဗျ။

န်ုပ်။           ။ ဟုတ်၊ မေးပါဗျာ။

လည်။        ။ စင်ကာပူမှာ ၁၈၃ ရက် အလုပ်လုပ်ပြီးရင် အခွန်ဆောင်ရမယ်ဆိုတာ ဟုတ်သလားဗျာ။

န်ုပ်။           ။ ဟုတ်ပါတယ် ခည။

လည်။        ။ အလုပ်ဖြုတ်ပြီး ပြန်ပို့ခံရရင်လည်းဘဲ ဆောင်ရမှာပဲလား။

န်ုပ်။           ။ ဟုတ်၊ ဆောင်ရပါမယ် ခည။

လည်။        ။ အဲဒီဆောင်ထားတဲ့ ပိုက်ဆံကို ဘယ်တော့ ပြန် claim လို့ရမလဲဗျာ။

န်ုပ်။           ။ ဒီလိုရှိသလေဆရာရဲ့၊ အခွန်ဆိုတာ ပြည်သူပြည်သားတွေက အစိုးရကို ပေးရတဲ့ပိုက်ဆံဖြစ်လို့မို့ ပြန် claim လို့မရပါခညာ။ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တယျလို့ ဘုရား ၅ ဆူပွင့်တဲ့ ဟောဒီ ဘဒ္ဒကမ္ဘာပေါ်က ဘယ်နိုင်ငံမှ အစိုးရကနေ တိုင်းသူပြည်သားတွေကို အခွန်ပြန်ပေးတယ်ဆိုတဲ့ ထုံးစံ မရှိပါခညာ။

လည်။        ။ အာ၊ အဲဒါတော့ ဘယ်တရားမလဲဗျ။ (အခန်းထဲ၌ ထိုင်နေသူ သကောင့်သားအပေါင်းကို လက်ညှိုးထိုးပြ လျက်) ဟောဒီလူတွေ အကုန်လုံးဟာ အင်မတန်ဈေးကြီးတဲ့ အေးဂျင့်ဖီးနဲ့ လာကြရတဲ့သူတွေချည်းပဲ။ တချို့ဆို ၄ - ၅ ထောင်လောက် ပေးပြီးတောင် လာကြရတာ။ ဘယ့်နှယ်ဗျာ။ အလုပ်လည်း အဖြုတ်ခံရသေးတယ်။ အခွန်လည်း ပေးရသေးတယ်။ နောက်ပြီး ပိုက်ဆံလည်း ပြန်မရဘူး။ အဲဒါ တရားသလားဗျ။

န်ုပ်။           ။ ဒါကတော့ကိုယ့်လူရယ် ကိုယ်တစ်ယောက်တည်းမှ မဟုတ်ပဲကလား။ စင်ကာပူမှာ အလုပ်လုပ်တဲ့သူ မှန်သမျှ အဲသလို ပေးကြရတာချည်းပဲ။ အနို့ ဥပဒေကိုးခည။

(သူက အကျောက်အကန် ငြင်းပါသည်။)

လည်။        ။ %$#&^*(@#!)*^%$#

(ကျွန်ုပ်လည်း စိတ်မရှည်တော့သည်ဖြစ်၍) 

န်ုပ်။           ။ ဒီမယ်ကိုယ့်လူ၊ ကိုယ့်လူအခွန်မဆောင်ချင်ဘူးဆိုလဲ ဒီအတိုင်းပြန်၊ မဆောင်နဲ့ ဟုတ်ပြီလား။ အခု ဘာတစ်ခွန်းမှ ဆက်မပြောနဲ့တော့။ ကိုယ့်နေရာမှာကိုယ်ထိုင်၊ ဒီမှာပြောတာ နားထောင် - ဟု အတင်း ဖြတ်ရလေ၏။

 

ဘယ့်နဲ့၊ စလုံးအစိုးရက အခွန်ကောက်တာ ကိုယ့်လာ ရစ်နေရတယ်လို့။ ယခွမ်း

ကျွန်ုပ်က သူ့ကို IRAS website က individual income tax page ကို ဖွင့်ပြလိုက်၏။

Ref: https://www.iras.gov.sg/taxes/individual-income-tax/basics-of-individual-income-tax/tax-residency-and-tax-rates/individual-income-tax-rates

 

အကယ်၍ သင်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ရှိနေပါက အခွန်ဆောင်ရမည်။

၁။ စင်ကာပူနိုင်ငံသား (သို့) အမြဲနေထိုင်ခွင့်ရသူ (PR) ဖြစ်ပါက (ယာယီပြည်ပရောက်နေသည်ကလွဲ၍)

၂။ စင်ကာပူတွင် နေသူ/အလုပ်လုပ်သူ နိုင်ငံခြားသား

က) လွန်ခဲ့သည့် ပြက္ခဒိန်နှစ်က အနည်းဆုံး ၁၈၃ ရက် နေထိုင်ခဲ့သူ (သို့) 

ခ) စင်ကာပူတွင် သုံးနှစ်ဆက်တိုက် နေထိုင်ခဲ့သူ (ပထမဆုံးနှစ် (သို့) တတိယနှစ်တွင် ၁၈၃ ရက်အောက်နည်းပြီး နေထိုင်ခဲ့သူများ အပါအဝင်)

၃။ ပြက္ခဒိန်နှစ် ၂ နှစ်ဆက်တိုက်နေခဲ့ပြီး အနည်းဆုံး ၁၈၃ ရက် ရှိသူ

 

ထိပ်ပိုင်းစီမံခန့်ခွဲသူများ၏ တစ်ကိုယ်ရည်ဝင်ငွေခွန်ကို ၂၀၂၄ ခုနှစ်မှစကာ တိုးမြှင့်လိုက်၏။ ဝင်ငွေ ၅ သိန်းမှ ၁ သန်းထိ ဆောင်ရမည့်အခွန်မှာ ၂၃% ဖြစ်ပြီး ၁ သန်းကျော်သွားလျှင် ၂၄% အခွန်ဆောင်ရမည်။

 

ဝင်ငွေခွန်ကို အောက်ပါဇယားအတိုင်း ပေးရမည်။ (၂၀၂၄ ခုနှစ်မှစတင် အကျိုး သက်ရောက်မည်။)

 

ဝင်ငွေခွန်ပေးရမည့် ဝင်ငွေ ($)

ပေးရမည့် အခွန် ရာခိုင်နှုန်း (%)

စုစုပေါင်းပေးရမည့်အခွန် ($)

ပထမ ၂ သောင်း ($20,000)

နောက်ထပ် တစ်သောင်း ($10,000)

၂၀၀

ပထမ ၃ သောင်း ($30,000)

နောက်ထပ် တစ်သောင်း ($10,000)

-

၃.၅၀

၂၀၀

၃၅၀

ပထမ ၄ သောင်း ($40,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၅၅၀

၂၈၀၀

ပထမ ၈ သောင်း ($80,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၁.၅

၃၃၅၀

၄၆၀၀

ပထမ ၁ သိန်း ၂ သောင်း ($120,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၅

၇၉၅၀

၆၀၀၀

ပထမ ၁ သိန်း ၆ သောင်း ($160,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၈

၁၃၉၅၀

၇၂၀၀

ပထမ ၂ သိန်း ($200,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၉

၂၁၁၅၀

၇၆၀၀

ပထမ ၂ သိန်း ၄ သောင်း ($240,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၉.၅

၂၈၇၅၀

၇၈၀၀

ပထမ ၂ သိန်း ၈ သောင်း ($280,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၂၀

၃၆၅၅၀

၈၀၀၀

ပထမ ၃ သိန်း ၂ သောင်း ($320,000)

နောက်ထပ် ၁ သိန်း ၈ သောင်း ($180,000)

-

၂၂

၄၄၅၅၀

၃၉၆၀၀

ပထမ ၅ သိန်း ($500,000)

နောက်ထပ် ၅ သိန်း ($500,000)

-

၂၃

၈၄၁၅၀

၁၁၅၀၀၀

ပထမ ၁ သန်း ($1,000,000)

၁ သန်းအပြင် နောက်ထပ် ပိုသမျှ

-

၂၄

၁၉၉၁၅၀

 

မည်သူတို့ Tax Clearance မလိုသနည်း။

-----------------------------------------------

 

Tax clearance ဆိုသည်မှာ အကယ်၍ နိုင်ငံခြားသားအလုပ်သမားသည် အလုပ်ဖြုတ်ခံရ/အလုပ်ထွက်သွားပြီ ဆိုပါက ကုမ္ပဏီအနေနှင့် ထိုအလုပ်သမားသည် ပေးစရာရှိသည့် အခွန်အခများအားလုံးကို ပေးဆောင်ပြီးဖြစ်ကြောင်း သေချာ စေရမည်။ ဤသည်ကို Tax clearance ခေါ်၏။

 

မည်သူတို့ Tax clearance လုပ်ရန် မလိုသနည်း။

၁။ တစ်နှစ်အတွင်း အလုပ်လုပ်ရက်ပေါင်း ရက် (၆၀) နှင့် ထို့ထက်နည်းသူ

၁၅ ဇန္နဝါရီမှ ၁၄ ဖေဖော်ဝါရီလထိ (စုစုပေါင်း ၃၁ ရက်) 

 

၂။ အလုပ်လုပ်ရက် ၁၈၃ ရက်ထက်ပိုသော်လည်း တစ်နှစ်ဝင်ငွေ $21,000 အောက်နည်းသူ

(ထိုနှစ်အတွင်းမှာပင်) ဇွန် ၁ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့ထိ (၁၈၆ ရက်) နှင့် ဝင်ငွေ $18,000 ရှိသူ

 

၃။ ဆက်တိုက် ၂ နှစ်အတွင်း အလုပ်လုပ်ရက် ၁၈၃ ရက်ထက်ပိုသော်လည်း တစ်နှစ်ဝင်ငွေ $21,000 အောက်နည်းသူ

 

ပထမနှစ် - ဩဂုတ် ၁ မှ ဒီဇင်ဘာ ၃၁ ထိ (၁၅၃ ရက်) - ဝင်ငွေ $15,000

ဒုတိယနှစ် - ဇန္နဝါရီ ၁ မှ ဇန္နဝါရီ ၃၁ ထိ (၃၁ ရက်) - ဝင်ငွေ $3,000

စုစုပေါင်း ၁၈၄ ရက် - ဝင်ငွေ $18,000

 

၄။ ၃ နှစ်ဆက်တိုက်၊ ပထမနှစ်နှင့် တတိယနှစ်တွင် ၁၈၃ ရက်ထက်နည်း။ နှစ်တိုင်း တစ်နှစ်ချင်းစီ ဝင်ငွေ $21,000 အောက်နည်း

 

ပထမနှစ် - နိုဝင်ဘာ ၅ မှ ဒီဇင်ဘာ ၃၁ ထိ (၅၇ ရက်) - ဝင်ငွေ $6,000

ဒုတိယနှစ် - ဇန္နဝါရီ ၁ မှ ဒီဇင်ဘာ ၃၁ ထိ (၃၆၆ ရက်) - ဝင်ငွေ $19,000

တတိယနှစ် - ဇန္နဝါရီ ၁ မှ မတ်လ ၃၁ ထိ (၉၀ ရက်) - ဝင်ငွေ $8,000

 

အထက်ဖော်ပြပါသူတို့ IR21 ဖြည့်ရန် (ဝင်ငွေခွန်တင်ရန်) မလိုပါ။ မသေချာပါက myTax Portal ၌ IR21 ဖြည့်လိုက်ပါ။ ထိုအခါ သင် Tax clearance လုပ်ရန် လို/မလို စာပြန်လာပါလိမ့်မည်။

 

ဟို မမလေးတစ်ယောက်ကတော့ - ကျမတော့ အခု part time လုပ်ထားတာတွေ တစ်ပြားမှ ထည့်မပြဘူး ဟု ဆို၏။

ဘာကြောင့်တုံး ဆိုတော့ သူက အဲဒါတွေက CPF မှ မထည့်ရတာ ဟု ဆို၏။

ငမ် - အဲသဟာဆို CPF ထည့်စရာမလိုတဲ့ ဝပ်ပါစ်မစ်သမားတွေဆို ပိုက်ဆံဘယ်လောက်ရရ အခွန် မဆောင်ရဘူး ဆိုတဲ့ သဘောလားဟု ကျွန်ုပ်က ပြန်မေးလေသော် -

ငင့် - ဒါဆို အခု part time လုပ်ထားတဲ့ပိုက်ဆံတွေ အခွန်ဆောင်ရာမှာ ထည့်မပြဘူးဆိုရင်ကော။

ဟုတ်၊ အဖမ်းမခံရချိန်ထိတော့ ဘာမှ မဖြစ်ပါဘူး။ 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၁ ဇွန်လ၊ ၂၀၂၄

No comments: