Wednesday, December 13, 2023

ISO 45001 ရှင်းလင်းချက်စာအုပ်

ကျွန်တော်၏ ၁၅ အုပ်မြောက်ဖြစ်သည့် ISO 45001 ရှင်းလင်းချက်စာအုပ် ထွက်ပါပြီ။



မြန်မာပြည်မှ မှာထားသူများထံ အမြန်ဆုံး ပို့ပေးပါလိမ့်မည်။

ဈေးမှာ တစ်အုပ်လျှင် ၁၂၀၀၀ ဖြစ်ပါသည်။

စင်ကာပူသို့လည်း များမကြာမီ ရောက်လာပါလိမ့်မည်။ ရောက်လာလျင် မှာထားသူများထံ ပို့ပေးပါမည်။

(ပို့ခမသိသေးသဖြင့် ဈေးတော့ ခဏနေပါအုံးခင်ဗျား။)

 

ထုတ်ဝေခဲ့ပြီးသော ကျွန်ုပ်၏ စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

၁။ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း (516 pages) ၂၀၀၈ ခုနှစ်  


၂။ ဘဝခါးခါး (260 pages) ၂၀၀၉ ခုနှစ်


၃။ ပိုက်ပြင်ပိုက်ဆက်လက်စွဲ (410 pages) ဇွန်လ၊ ၂၀၁၁ ခုနှစ်



၄။ တာယာအန္တရာယ်ကင်းဝေးရေး (250 pages) ဩဂုတ်လ၊ ၂၀၁၁ ခုနှစ်


၅။ မြန်မာပြက္ခဒိန် (307 pages) ဒီဇင်ဘာလ၊ ၂၀၁၄ ခုနှစ်


၆။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (313 pages) ​အောက်တိုဘာလ၊ ၂၀၁၄ ခုနှစ်




၈။ စင်ကာပူ ဥယျာဉ်နိုင်ငံ၊ ပထမအကြိမ် (172 pages) - အောက်တိုဘာလ၊ ၂၀၁၅ ခုနှစ်


၇။ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး မှတ်စု - မတ်လ၊ ၂၀၁၆

၉။ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုစနစ် (144 pages) မတ်လ၊ ၂၀၁၉ ခုနှစ်

၁၀။​ တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ (179 pages) - နိုဝင်ဘာလ၊ ၂၀၁၉


၁၁။ ဝန်ချီစက်အကြောင်း သိကောင်းစရာ (52 pages)  - ဇူလိုင်လ၊ ၂၀၂၀           



၁၂။ မြေတူးစက်အကြောင်း သိကောင်းစရာ (42 pages)  - ဇူလိုင်လ၊ ၂၀၂၀


၁၃။ ဖောက်ကလစ်အကြောင်း သိကောင်းစရာ (38 pages)  - ဇူလိုင်လ၊ ၂၀၂၀

၁၄။ ငြမ်း အကြောင်း သိကောင်းစရာ (166 pages) - ဇွန်လ၊ ၂၀၂၂



၁၅။ ISO 45001 - လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် - ဒီဇင်ဘာလ၊ ၂၀၂၃



ထို့ပြင်ရေးသားပြီး မထုတ်ဝေသည့် စာအုပ်များလည်း ရှိပါသေးသည်။


§  OSHA 3990-03: 2020_Guidance on Preparing Workplaces for Covid 19 (ကိုဗစ် ၁၉ အတွက် လုပ်ငန်းခွင်များ၌ ပြင်ဆင်ခြင်း လမ်းညွှန်)



Working Safely During Covid 19 in Offices and Contact Centres – 2021 (ကိုဗစ်၁၉ ကပ်ရောဂါကာလ အတွင်း ထိတွေ့နိုင်သော ဌာနများနှင့် ရုံးခန်းများ၌ အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း)



ထုတ်ဝေစရိတ်ပြန်ရရန် မသေချာသေးသဖြင့် မထုတ်နိုင်ဘဲ ဆိုင်းထားရသည့် စာအုပ်များ

 

၁၆။ ဂွန်ဒိုလာနှင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း (၂၀၂၀ ကတည်းက ရေးထား၊ ခုထိစာအုပ်ဖြစ်မလာသေး )



၁၇။ ဓာတ်ငွေ့ဖြင့် ဖြတ်ခြင်း၊ ဂဟေဆော်ခြင်း (၂၀၂၁ ကတည်းက ရေးထား။ ခုထိစာအုပ်ဖြစ်မလာသေး )

 

နောက်ပြီး Safety ဆောင်းပါးများချည်းစုပြီး စာအုပ်တစ်အုပ် ထုတ်နိုင်ပါသေးသည်။ စာမျက်နှာ ၅၀၀ လောက်ရှိပါသည်။

စာအုပ်ကြီး သိပ်ထူ၍ စာအုပ်ဈေးကြီးမည်ဆိုလျှင် သက်ဆိုင်ရာ ကဏ္ဍများခွဲလျက် ၂ အုပ်၊ ၃ အုပ်စာလောက် ထုတ်နိုင်ပါသည်။

 

ထို့ပြင် ကျွန်ုပ်ရေးထားသည့် အင်ဂျင်နီယာဆိုင်ရာ ဆောင်းပါးပေါင်း ၂၀ လောက်ရှိပါသည်။ ၎င်းတို့ကို စုပြီးတော့လည်း စာအုပ် လုပ်လို့ရပါသည်။

 

အရေးကြီးသည်မှာ ဝယ်လိုအားဖြစ်၏။

 

စာအုပ်ထုတ်တာ ဘာမှ မခဲယဉ်းပါ။ ပိုက်ဆံရှိလျှင် စာအုပ်ထုတ်လို့ရပါသည်။

သို့သော် စာအုပ်ထုတ်ပြီး ဝယ်မည့်သူမရှိ၍ စာအုပ်များ ပုံနေလျှင် တွက်ခြေမကိုက်ပါ။ ပိုက်ဆံများ အိပ်နေပါမည်။

 

အားပေးသူအားလုံးကို ကျေးဇူးတင်ပါသည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၃ ဒီဇင်ဘာလ၊ ၂၀၂၃

No comments: