Sunday, July 18, 2021

ယုတ်မာသည်ထက်ပိုသော

ကျွန်ုပ် ယခု အသက် (၆၀) ရှိပါပြီ။

ကျွန်ုပ်ဘဝတွင် လူတော်၊ လူကောင်း၊ လူမိုက်၊ လူယုတ်မာ စသည်တို့ကို တွေ့ခဲ့ရဖူး၏။

သို့သော် ယခု ခွေးအောင်လှိုင်နှင့် အပေါင်းအပါ လူယုတ်မာတို့လောက် ယုတ်မာသူများကိုမူ တရံတဆစ်မှ မတွေ့ခဲ့မိဖူးပါ။

ခွေးအောင်လှိုင်နှင့် အပေါင်းအပါ လူယုတ်မာတို့သည်ကား ယုတ်မာသည်ဆိုခြင်းထက် ဟိုဘက်ကို သုံးဘူတာလောက်ပင် လွန်နေပါပြီ။

ကျွန်ုပ်ကတော့ ထိုသူများကို လူစင်စစ်ဖြစ်သည်ဟု မထင်တော့ပါ။ 

လူမှန်လျှင် ထိုကဲ့သို့ လူမဆန်သည့် ယုတ်မာမှုများကို ပြုလိမ့်မည်မဟုတ်။ 

၎င်းတို့သည် ပထမအဆင့် ဥစ္စာရူးသည်၊ ဒုတိယအဆင့် အာဏာရူးသည်။ ယခုတော့ ထိုအရူးများကို ကျော်လွန်လျက် သွက်သွက်ခါအောင် ရူးနေပြီဖြစ်၏။

အကယ်၍ စိုးစဉ်းမျှ စဉ်းစားတွေးခေါ်တတ်ပါမူ လူအပေါင်းတို့ ဒုက္ခရောက်အောင် သည်ကဲ့သို့ လုပ်ပါမည်လား။

လူမှန်လျှင် မည်သူမှ လုပ်မည်မဟုတ်ပေ။ 

 

စစ်ခွေးများသည် ပြည်သူလူထုကို အစွမ်းကုန်နှိပ်စက်ဘိ၏။

ယခု ကိုဗစ်လှိုင်းတကြော့ပြန်ဝင်လာချိန်တွင် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို မရကြရှာသော ပြည်သူတို့မှာ တဖြုတ်ဖြုတ် သေကြေပျက်စီးကုန်ကြလေ၏။

ခွေးအောင်လှိုင်နှင့် အပေါင်းအပါတို့သည် ကိုဗစ်ကို ပြည်သူလူထုနှိမ်နှင်းရေး လက်နက်သဖွယ် အသုံးချလျက်ရှိ၏။

မကျန်းမမာဖြစ်နေသည့် ပြည်သူအပေါင်းကို ကောင်းမွန်သည့် ဆေးကုသခြင်းကို မပေးရုံမျှမက ဆေးမကုသနိုင်ရန်လည်း အစွမ်းကုန် ယုတ်မာလျက် ရှိဘိ၏။

 

ထို့ပြင် လူအပေါင်းဒုက္ခရောက်နေသည့်အပေါ် စီးပွားရေးအရလည်းအမြတ်ထုတ်၊ နိုင်ငံရေးအရလည်း အမြတ်ထုတ်ရန် ကြံစီနေပြန်၏။

အောက်ဆီဂျင်စက်ရုံများကို ပိတ်၏။ အောက်ဆီဂျင်ဘူးများကို သိမ်း၏။ အောက်ဆီဂျင်ရအောင် တန်းစီနေသူများကို ဖမ်း၏။

ထို့နောက် အောက်ဆီဂျင်များကို ယိုးဒယားမှ တင်သွင်းလာ၏။ အဓိပ္ပာယ်မှာ မည်သည့်နေရာကမှ အောက်ဆီဂျင်မရနိုင် သည့်အခါ သူတို့ဆီ ဒူးထောက်လာစေရန် ဖြစ်၏။

သည်လောက်ယုတ်မာသူများကို ကျွန်ုပ်တစ်ခါမှ မတွေ့စဖူး။

သည်လောက်ယုတ်မာသူများကို နေရာပေးထားသည့် ဘုရားသခင်ဆိုသူကိုလည်း ကျွန်ုပ်သည် ရန်သွားတွေ့ချင်မိလေ၏။

၎င်းတို့သည် အဘယ်ကြောင့် သည်မျှသက်ဆိုးရှည်နေရဘိသနည်း။

 

ယခုအခါ ကိုဗစ်ကြောင့်သေသူများ တနေ့တခြား ပိုများလာနေ၏။

မီးသင်္ဂြိုဟ်စက်များသည် မီးရှို့၍ မနိုင်နိုင်အောင် ဖြစ်နေ၏။

အလောင်းများသည် မီးသင်္ဂြိုဟ်စက်ရှေ့၌ တန်းစီလျက်ရှိ၏။

အလောင်းများကို အောက်ချထားခွင့်မပြု၍ ကားပေါ်၌ပင် ထားကြရသည် ဆို၏။

ကားများ ရုတ်တရက်ပြန်ထွက်မရသည့်အခါ နောက်ထပ်သေသည့် အလောင်းများကို သွားမသယ်နိုင်။

ကျွန်ုပ်တို့ ပြည်သူများသည် သေတာတောင် လူလိုသူလို မသေရ။

အသုဘရှင်များအနေနှင့် မိမိအိမ်သားသေလို့ ပူရတာကတစ်မျိုး၊ သည်အလောင်းကို မည်ကဲ့သို့ သင်္ဂြိုဟ်ရပါမည်နည်းဟု တွေးပူရတာက တစ်မျိုး။

ကျွန်ုပ်တို့ ပြည်သူများသည် ဘယ်ဘဝက ဝဋ်ကြွေးကြောင့်များ သည်လောက် ဒုက္ခများကြရကုန်သနည်း။

ကျွန်ုပ်ကား မခံစားနိုင်အောင် ဖြစ်တော့၏။



သည်ဒုက္ခ၊ သုက္ခအပေါင်း၏ တရားခံကား အာဏာရူးတစ်စုနှင့် သူ့နောက်လိုက်ခွေးများပင် ဖြစ်သတည်း။

ထိုခွေးသားအပေါင်းတို့ မင်းမူနေသမျှကာလပတ်လုံး ကျွန်ုပ်တို့ပြည်သူများမှာ ဤဒုက္ခအပေါင်းမှ လွတ်ကင်းနိုင်မည် မဟုတ်။

ထို့ကြောင့် ကျွန်ုပ်တို့ အဓိကလုပ်ရမည့်အလုပ်ကား ဤခွေးရူးများကို အပြတ် သုတ်သင်ပစ်ရေးဖြစ်၏။

နိုင်ငံတကာကလည်း မြန်မာနိုင်ငံ၏ အခြေအနေများကို အာရုံစိုက်လာနေပြီဖြစ်ရာ ခွေးရူးတို့ သေတွင်းကား မဝေးတော့ပြီ။

ခွေးရူးများကို အစွမ်းကုန် တိုက်ထုတ်ကြပါစို့။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၁၈ ဇူလိုင်၊ ၂၀၂၁


No comments: