(၁)
ဤဒွန္နယာကြီးတွင် လူ့ဗလချီးနမ်းများကြောင့် လူကောင်း သူကောင်းတို့ အတော် ဒုက္ခများကြရကုန်၏။
အမှန်ဆို ဤလောကကြီးသည် အနှီလူ့ဗလချီးနမ်းများသာ မရှိပါက အတော်နေချင်စရာကောင်းသော လောကကြီးဖြစ်၏။
လယ်သမားများက လယ်စိုက်မည်။
[ယခုဆိုလျှင် (ခြင်းတောင်းတံဆိပ် မြေဩဇာများ ကောင်းလွန်း၍ဆိုလား) တစ်ဧကလျှင် စပါးတင်း တစ်ထောင်ကျော်ထိ ထွက်နေပြီဖြစ်ရာ လယ်တစ်ဧကလောက်လုပ်ပြီး တစ်မိသားစုလုံး တယ်တူနိမ်ခတ်ကာ နေနိုင်မည်။ ထို့ကြောင့် ခြင်းတောင်းတံဆိပ် မြေဩဇာ များများထွက်ဘို့အရေး၊ ဒို့အရေး]
ယာသမားများက ဝါစိုက်မည်။ ငြုပ်ကြက်သွန်စိုက်မည်။
မွေးမြူရေးသမားများက ကျွဲနွားဆိတ်ဝက်တွေမွေးမည်။ ငါးတွေမွေးမည်။
နောက်ပြီး နဂါးသောက်ဖို့ဆိုကာ ရွှံ့အိုင်ထဲ အချီးမဲ့သက်သက် လောင်းချဘို့ နွားနို့တွေ အသားကုန်ညှစ်မည်။ (နဂါးကများ နွားနို့သောက်တယ်ရယ်လို့။ ၆ကျိုးနဲ။ သူ့ပထွေးကများ သင်ထားလေရော့သလားမသိ။ ဖွမ်)
လက်သမားများက အိမ်ဆောက်ပေးမည်။
ဆေးဆရာက ဆေးကုပေးမည်။ ပါရာစီတမော့နှင့် စီဗစ်ကိုရောသမမွှေလျက် ကိုဗစ်ပျောက်ဆေးဆိုကာ ဖော်ရောင်းမည်။
ဆရာတွေက စာသင်မည်။
ဘုန်းကြီးတွေက “ငါးပါးသီလမလုံတဲ့သူတွေကို သတ်တာ ဘာအပြစ်မှ မဖြစ်ဘူး” ဟု ဂျင်းကို ဆီမဆွတ်ဘဲ အတက်လိုက် ထည့်မည်။ မဝင်ရင် ကန်ထည့်ကွာ၊ ရှုပ်တယ်။ (ဟုတ်ပေါင်၊ ဘုန်းမဲလုံးနဲ့ ရောကုန်ပြီ။ ငါ့နှယ်)
ဘုန်းကြီးတွေက ပရဟိတယောင်ယောင် ဘာယောင်ယောင်မလုပ်ဘဲ လောကုတ္တရာတရား အားထုတ်မည်။
အင်ဂျင်၂၀၀ကောင်စီက ဘောစုပ်မည်။ (ဟုတ်ပေါင်၊ ငါ့နှယ် ဘာကိစ္စမဆိုင်တာတွေ ရောရောပါကုန်မှန်းကို မသိပါဘူး။ လခွမ်းဒဲ့မှ)
ကောင်မလေးက လသာသာတွင် ဗိုင်းငင်မည်။
ကောင်လေးက ပုလွေမှုတ်ကာ ဖိုသံပေးမည်။
နောက်တော့ညားမည်။ ကလေးတွေ တလှေကြီးမွေးမည်။
သည်တော့မှ ကောင်လေးက နောင်တတွေ တပြုံကြီးရမည်။ (ဟုတ်ပေါင်)
သည်တော့မှ . . . .
“နှီးဒေါင်းလန်းကြီး၊ ခူးပြီးသော့ခါ
သမီးနှင့်သား၊ များ၍မဝင်သာ
ဒူးတစ်ဘက်ဟာ၊ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ၊ စားတော့မည်စေ
စားပေသာလှ အုန်းခွက်ကယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာ လွေးတော့သည်။
ပြီးလျင်ရေမရှာ၊ ခွေးသာကျွေးတော့သည်။”
(ထိုနှီးဒေါင်းလန်းကို ရေမဆေးဘဲ ခွေးကိုလျက်ခိုင်းသည်ဟု ဆိုလို၏။ ရွံထှာကွာ)
- တွေ ဖြစ်ကုန်မည်။
အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်ကြ
ရိုးရိုးသားသား နေထိုင်လုပ်ကိုင် စားသောက်ကြ
ဖေ့စ်ဘုတ်ဖတ်လျက် ဆရာကြီးလေသံနှင့် ကွန်မင့်တွေရေးကြ
ကိုယ့်ကိုဝေဖန်လာသူများကို ဘလော့လိုက်ကြ
ဘယ့်ကလောက်များ ပျော်စရာ ကောင်းလိုက်ပါမည်လဲ။
ဆံပင်ညှပ်ဆရာမရှိလည်း ကိစ္စမရှိ။ ယောင်ထုံးပစ်မည်။
ရှမ်ပူမရှိလည်း ကိစ္စမရှိ။ တယော်ကင်ပွန်းရှိသည်။
(၂)
ယခုတော့ ကျွန်ုပ်တို့၌ သည်အပျော်များ ပျောက်ဆုံးနေသည်မှာ လေးလကြီးများတောင် ရှိချေပြီ။
ကျွန်ုပ်မှာ မနက်မိုးလင်းလာလျှင် မင်းအောင်လှိုင် မြန်မြန်မသာပေါ်ပါစေ။ သေချင်းဆိုးနဲ့သေပါစေ။ မာလက ဈာန်ကြွ ပါစေ။ ချီးကားတိုက်ပြီး ခေါင်းနဲ့ကိုယ် အိုးစားကွဲပါစေ စသဖြင့် မေတ္တာပို့ရသည်နှင့် မအားလပ်နိုင်အောင် ရှိလေ၏။
အပြစ်မဲ့ပြည်သူ တစ်ထောင်နီးပါးတို့ ခွေးရူးကိုက်ခံရပြီး အသက်ဆုံးရှုံးရသည်ကို တွေးမိတိုင်းလည်း ကျွန်ုပ်မှာ ဝမ်းနည်း ကြေကွဲမိ၏။
ဟိုတစ်နေ့က pdf သင်တန်းဆင်းပွဲဆိုလား ကြည့်လိုက်ရတော့ ကျွန်ုပ်မှာ အားလည်းတက်မိ၏။ ဝမ်းလည်းနည်းမိ၏။
ကျွန်ုပ်တို့၏ သားသမီးအရွယ် ခလေးငယ်များ ကျောင်းတက်ရမည့်အချိန် ကျောင်းမတက်ရဘဲ စစ်သင်တန်းတက်နေကြ ရခြင်း၏ အဓိက လက်သည် တရားခံမှာ သေဂျင်းဇိုး၊ မသာ၊ ကာလနာ မင်းအောင်လှိုင်ပင် မဟုတ်ပါလား။
ထိုအစိမ်းဝတ်၊ အရေမရ အဖတ်မရများ သည်လောကတွင် လူဟူ၍ ဖြစ်လာခြင်းအားဖြင့် လူ့လောက ကောင်းကျိုး တစ်ကွက်ကမှ မရှိ။ (၇) ရက်သားသမီးတို့ စိတ်နှလုံး၊ ညှိုးခြုံးဖွယ်ရာသာ ဖြစ်တော့၏။
ဟိတောပဒေသ၌ “ကန်းနေသည့် မျက်လုံးသည် ဘာတစ်ခုမှ အသုံးမဝင်၊ နာကျင်ကျိန်းစပ်ရုံ သက်သက်မျှသာ ဖြစ်ဘိ၏” ဟု လာရှိလေရာ အနှီအစိမ်းဝတ်များသည်လည်း ကန်းနေသည့်မျက်လုံးများနှင့် အတူတူပင် ဖြစ်တော့၏။
“မြန်မာပြည်အပေါ်မှာ စစ်တပ်ရဲ့ကျေးဇူး၊ မူးလို့တောင် ရှူစရာမရှိဘူး” ဟု ဘဘဦးဝင်းတင်ကလည်း ပြောခဲ့ဖူးလေပြီ။
ကျွန်ုပ်တို့သည် လောကကြီးအတွက် ဘာတစ်ခုမှ အသုံးမတည့်သည့် ထို ဗုံမဟုတ်၊ ပတ်မဟုတ်များကို အပြီးတိုင် တိုက်ထုတ်ကြမည်။
လူကောင်းသူကောင်းတို့ အေးအေးချမ်းချမ်း နေနိုင်ဘို့ရာ ထိုလူ့ဗလချီးနမ်းအားလုံးကို အပြီးတိုင် သုတ်သင်ပစ်ကြမည်။
သေနတ်ရှိလျှင် လုပ်ချင်တိုင်း လုပ်လို့ရသည်ဟူသည့် စောက်တလွဲအယူအဆကြီးကို -
သေနတ်ရှိတိုင်းလည်း လုပ်ချင်တိုင်း လုပ်လို့မရကြောင်း လက်တွေ့ သက်သေပြကြမည်။
အရေးတော်ပုံ အောင်ရမည်။
အေးငြိမ်း
၂၈ မေလ၊ ၂၀၂၁
No comments:
Post a Comment