Sunday, May 2, 2021

Residual Risk နှင့် နွေဦးတော်လှန်ရေး

(၁) အန္တရာယ်လက်ကျန် (Residual Risk) 

 

Code of Practice on WSH Risk Management တွင် Residual Risk ကို အောက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ဆို၏။

Residual risks are the remaining risks after implementation of risk controls.

အကာအကွယ် အတားအဆီးတို့ ပြုလုပ်ပြီးသည့်တိုင် ကျန်ရှိနေသေးသော risk ကို residual risk ဟု ခေါ်၏။

 

ဥပမာ (၁)

လူများပြုတ်မကျစေရန် ပွင့်နေသည့် ကြမ်းခင်းအစွန်းများကို အကာအရံတန်းများဖြင့် ကာရံပေးထားရန် လို၏။ ဤသည်မှာ ဥပဒေအရ လိုအပ်ချက်ဖြစ်၏။ ဥပဒေအရသာ အကာအရံတန်းများ တပ်ဆင်ပေးလိုက်ရသော်လည်း သေချာ ကျနစွာ မဆင်ဘဲ ဖြစ်ကတတ်ဆန်း ဆင်လျှင် ထိုအကာအရံတန်းများသည် လူများပြုတ်ကျခြင်းကို အကာအကွယ် မပေးနိုင်။ 

 

ဤကဲ့သို့ လူများပြုတ်ကျခြင်းကို အကာအကွယ် မပေးနိုင်သည့် အကာအရံတန်းများသည် residual risk ဖြစ်၏။

 

ဥပမာ (၂)

အမြင့်တွင် အလုပ်လုပ်ရသည့်အခါ ပြုတ်ကျသေနိုင်၏။ ထို့ကြောင့် အန္တရာယ်ကင်းကိုယ်သိုင်းကြိုးဝတ်ကာ ချိတ် ချိတ်ထားရ၏။ သို့သော် ချိတ်ထားသည့် ချိတ်သည် လူပြုတ်ကျသည့်အခါ သက်ရောက်သည့်ဒဏ်အားကို ခံနိုင်ရည် မရှိ။ ထိုအခါ ကိုယ်သိုင်းကြိုးဝတ်ထားသည့်တိုင်၊ ချိတ်ထားသည့်တိုင် အန္တရာယ်မကင်း။ ပြုတ်ကျသေနိုင်သေးသည်သာ ဖြစ်၏။

 

ဤကဲ့သို့ ခိုင်ခံ့ခြင်းမရှိသော ချိတ်တွင်ချိတ်ထားခြင်းသည် residual risk ဖြစ်၏။

 

(၂) ကြူပင်ကိုခုတ်လျင် ကြူငုတ်ပါမကျန်စေနှင့်

 

မြန်မာ့ထုံးတမ်းတွင်လည်း residual risk ကို အလေးထား ပြောကြ၏။

“ကြူပင်ခုတ် ကြူငုတ်ပါမကျန်” ဟူသည့်စကားမှာ residual risk ကို အပြတ်ရှင်းဘို့အကြောင်း သတိပေးထားတာ ဖြစ်၏။

နန်းစံနေသည့် ဘုရင်တစ်ယောက်ကို အခြားသူတစ်ယောက်က လုပ်ကြံကာ နန်းလုရန်ကြံသည် ဆိုပါစို့။

ထိုအခါ ဘုရင်သည် နန်းလုရန်ကြံသူ၏ အဆက်အနွယ်မှန်သမျှကို သုတ်သင်ပစ်ရမည် ဟု ဆိုလိုရင်း ဖြစ်၏။

ဤကဲ့သို့ မသုတ်သင်ဘဲ ချန်ထားသည်ဖြစ်အံ့။ ထိုနန်းလုရန်ကြံ၏ သွေးသည် ကြီးပြင်းလာသည့်အခါ ဘုရင်ကို ပုန်ကန်ကာ ထီးနန်းကိုလုယူရန် ပြန်လည် ကြံစည်လိမ့်ဦးမည် ဖြစ်၏။

ထို့ကြောင့်ပင်လျှင် ဘုရင်များသည် မိမိထီးနန်းကို တိုက်ခိုက်ခံလာရသည့်အခါ နန်းလုရန်ကြံသူ၏ အဆက်အနွယ်မှန်သမျှ တစ်ယောက်မကျန် သုတ်သင်ပစ်ရ၏။

 

(၃) မြန်မာပြည်မှ ကျူငုတ်များ (Residual Risks of Myanmar)

 

ကျွန်ုပ်တို့ မြန်မာပြည်ကြီးတွင် ကျူငုတ်များကို မရှင်းနိုင်သောကြောင့် ပြဿနာများစွာ ပေါ်ရလေ၏။

မြန်မာပြည်သား လူအများတို့သည် ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ဘဲ နေ့ရှိသရွေ့ ခွေးမောင်းခြင်းအလုပ်ဖြင့်သာ အချိန်ကုန်ကြရလေ၏။

 

အသင်တို့သည် ယခုအဖြစ်အပျက်မှ သင်ခန်းစာယူကြကုန်လော့။

ခွေးရူးမှန်သမျှ အကုန်သုတ်သင်ပစ်ကြကုန်လော့။

သနားညှာတာခြင်းဟူသည့်စကားရပ်သည် ၎င်းတို့အတွက်မဟုတ်။

အသင်တို့သည် ခွေးရူးများကို သနားပါသည်ဆိုကာ မသတ်ဘဲ လွှတ်လိုက်သည်ဖြစ်အံ့။

ထိုခွေးရူးတို့သည် အသင်တို့ကို သနားနေမည်မဟုတ်။ ခွေးရူးဟူသည် ခေါင်းထဲမှာ ချေးဘဲရှိသည်ဖြစ်၍ မဲမဲမြင်ရာ အကုန်ကိုက်မည်သာ ဖြစ်၏။

ထို့ကြောင့် ခွေးရူးမှန်သမျှ အကုန်သုတ်သင်ပစ်ရမည်။

Wipe out all the RESIDUAL RISKS from Myanmar.”

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၂ မေလ၊ ၂၀၂၁





No comments: