၎၊ ၆။ ၂ဝ၁၇၊
ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သင်္ချာ အတွဲ (၂) စာအုပ် 
| 
စာမျက်နှာ | 
ခေါင်းစဉ် | 
ပြဋ္ဌာန်းစာအုပ်ပါ
  အမှား | 
ဖြစ်သင့်သည့် အမှန် | 
မှတ်ချက် | 
| 
၎ | 
ပုံ (2.2) | 
ပုံနှင့်စာများ
  လွဲနေ။ 
ကတော့ချွန်
  ဟူသည့်စာသည် ကတော့ချွန်ပုံ၌မရှိဘဲ ကုဗတုံး အောက်ရောက်နေပြီး ဒုချွန် ဟူသည့်
  စာသည် ဒုချွန်၌မရှိဘဲ စက်လုံး အောက်ရောက်နေ။ | 
ပုံနှင့်စာ
  ပြန်တည့်ပေးရန်လို။ |  | 
| 
၆ | 
လေ့ကျင့်ခန်း (2.2),
  နံပါတ် 4 | 
ထောင့်မှတ်စတုဂံ | 
ထောင့်မှန်စတုဂံ | 
စာလုံးပေါင်းမှား | 
| 
၇ | 
လေ့ကျင့်ခန်း (2.3),
  နံပါတ် 8 | 
နံပါတ် ၁ မှ ၇ ထိ
  လုံးရှည်ဟု သုံးလာခဲ့ပြီးမှ နံပါတ် ၈ တွင် ဆလင်ဒါ ဟု ပြောင်းသုံးခြင်းမှာ
  မသင့်တော်။ Consistent မဖြစ်။ | 
လုံးရှည်ဆို အားလုံး
  လုံးရှည်ဟုသာ သုံးပါ။  
ဆလင်ဒါဆို အားလုံး
  ဆလင်ဒါချည်း သုံးပါ။ ရောမသုံးရ။ |  | 
| 
၇ | 
လေ့ကျင့်ခန်း (2.4),
  နံပါတ် 7 | 
ကတာ့ချွန် | 
ကတော့ချွန် | 
စာလုံးပေါင်းမှား | 
| 
၈ | 
ဒုချွန် | 
ဒုချွန်၏အခြေတွင်ရှိသော
  စောင်း 4 ခု ရှိပြီး | 
ဒုချွန်၏အခြေတွင်
  စောင်း 4 ခု ရှိပြီး | 
စာလုံးပိုနေ | 
| 
၁၅ | 
2.14
  သင်ခန်းစာအကျဉ်းချုပ် | 
နံပါတ်ထည့်ရန်ကျန်ခဲ့ | 
7. , 8. ဟု
  နံပါတ်ထည့်ပါ။ |  | 
| 
၁၇ | 
မျဉ်းဖြောင့်၊ ပုံ
  (3.6) |  |  | 
ပုံမှားနေ | 
| 
၁၈ | 
လေ့ကျင့်ခန်း (3.1),
  နံပါတ် 1 | 
နံပါတ်ထည့်ရန်ကျန်ခဲ့ | 
1. ဟု နံပါတ်ထည့်ပါ။ |  | 
| 
၁၉ | 
လေ့ကျင့်ခန်း (3.1) | 
ဤလုပ်ဆောင်ချက်မှရရှိသည့်
  သိနားလည်မှု ရလဒ်သည် မျဉ်းဖြောင့်၏ ဂုဏ်သတ္တိတစ်ခုကို ဖော်ထုတ်ပေးသည်။ |  | 
စာရေးထားပုံမှာ
  မြန်မာမဆန်။ ကလေးငယ်များ နားမလည်နိုင်။ တိုက်ရိုက်ဘာသာပြန် ထည့်ထား သည်။
  မြန်မာဆန်ဆန်ရေးပါ။ | 
| 
၁၉ | 
မျဉ်းဖြောင့်ဆိုင်ရာ
  ဂုဏ်သတ္တိ | 
ပေးထားသော
  အမှတ်လေးခုမှ မည်သည့်အမှတ် သုံးခုကိုမဆို ယူလိုက်တိုင်း မျဉ်းတစ်ကြောင်းထဲပေါ်၌ မကျရောက်လျှင်
  အမှတ်နှစ်ခုစီကို ဖြတ်၍ဆွဲသော မျဉ်းဖြောင့်မည်မျှ ရရှိနိုင်သနည်း။ | 
အလွန်ချာတူးလန်လှသော
  အရေးအသား ဖြစ်၏။ ကလေးများနားလည်အောင် ရှင်းရှင်းလင်းလင်း ရေးသင့်သည်။ | 
စာရေးထားပုံမှာ
  မြန်မာမဆန်။ ကလေးငယ်များ နားမလည်နိုင်။ တိုက်ရိုက်ဘာသာပြန် ထည့်ထား သည်။ | 
| 
၁၉ | 
မျဉ်းဖြောင့်ဆိုင်ရာ
  ဂုဏ်သတ္တိ | 
နံပါတ် 6 နှင့် 10
  တွင် လေ့ကျင့်ခန်း ပုစ္ဆာများနှင့် သီအိုရီကို ပေါင်းရေးထားသည်။  | 
သီအိုရီသည် သီအိုရီ
  သီးသန့်ဖြစ်ရမည်။ လေ့ကျင့် ခန်းသည် လေ့ကျင့်ခန်းသီးသန့် ဖြစ်ရမည်။ |  | 
| 
၂၅ | 
ပုံ (3.23) |  |  | 
ပုံမှာမှောင်မဲနေပြီး
  လုံးဝ ကြည့်မရပါ။ | 
| 
၂၆ | 
ပုံ (3.24) | 
a နှင့် b တို့မှာ
  အလွန်သေးငယ်နေသည်။ | 
စာလုံးအရွယ်ကို
  ပိုကြီးပေးရန်။ |  | 
| 
၂၇ | 
မျဉ်းပိုင်းများ၏
  အလျား တိုင်းခြင်း | 
သင်ခန်းစာများလေ့လာရာ၌
  စင်တီမီတာနှင့် လက်မ အမှတ်အသားများ ၎င်းတို့၏ ဆယ်လီစိတ်ဖြစ်သော မီလီမီတာနှင့်
  တစ်လက်မ၏ ဆယ်ပုံတစ်ပုံ အမှတ် အသားများဖြင့်ပြီးသော ဖြောင့်တန်းသော မီလီမီတာ
  နှင့် တစ်လက်မ၏ ဆယ်ပုံတစ်ပုံ အမှတ်အသားများ ဖြင့်ပြီးသော ဖြောင့်တန်းသော အနားစောင်းနှစ်ဘက်
  ရှိသည့် မျဉ်းတံရှိလျှင် လုံလောက်ပေသည်။ | 
အလွန်ချာတူးလန်လှသော
  အရေးအသား ဖြစ်၏။ | 
ဤစာကိုရေးသူသည် ၎င်း ရေးနေသည်မှာ
  ပိဋကဋ်သုံးပုံကို ဘာသာပြန်နေခြင်းမဟုတ်။ ၅ တန်းကျောင်းသားအတွက် ရေးနေခြင်းဖြစ်သည်
  ဆိုတာကို မေ့နေဟန်တူသည်။ | 
| 
၂၇  | 
မျဉ်းပိုင်းများ၏
  အလျား တိုင်းခြင်း | 
ထို့နောက် အမှတ် (B)
  နှင့် သက်ဆိုင်သော (ကပ်လျက်ရှိသော) မျဉ်းတံပေါ်ရှိအမှတ်ကိုဖတ်ပါ။ ပုံ(3.25) တွင်
  အမှတ် (B) နှင့် သက်ဆိုင်သော အမှတ်သည် အမှတ် 3 ၏အလွန် သတ္တမမြောက် အမှတ်သေးပေါ်တွင်
  ကျရောက်နေသည်။ တစ်နည်းအားဖြင့်ဆိုသော် မျဉ်းပြတ် AB တွင် စင်တီ မီတာအပြည့် 3
  ခုအပြင် စင်တီမီတာ၏ ဆယ်ပုံ ခုနစ်ပုံပါဝင်သည်။ | 
စာနှင့်ရေးသည်ထက်
  ပုံနှင့်ရှင်းလိုက်လျှင် တစ်ပုံ တည်းနှင့်ပြီးသည်။ | 
ရှင်းလိုက်ခါမှ
  ပိုရှုပ်သွားလေ၏။ 
ဤအခန်းတွင်
  ရှင်းထားသည့် ရှင်းလင်းချက် မှန်သမျှ အကုန် နားရှုပ်ဘို့သာ ဖြစ်၏။ ကလေး များအတွက်
  ဘာအကျိုးမှမရှိပါ။ 
ဤအရေးအသားမျိုးကို
  လူကြီး များသာ နားလည်နိုင်ပါသည်။ | 
| 
၂၇ | 
ပုံ (3.25) | 
မျဉ်းတံပေါ်ရှိ
  မီလီမီတာအမှတ် အသားများမှာ ဖတ်လို့မရ။ | 
ပုံကို
  ပိုကြီးသင့်သည်။ | 
ဖတ်မရသောပုံကို
  ထည့်ခြင်းအား ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ | 
| 
၂၇ | 
ပုံ (3.26) | 
ပုံများမှာ မပြတ်သား။ | 
ပုံကို
  ပိုကြီးသင့်သည်။ | 
ဖတ်မရသောပုံကို ထည့်ခြင်းအား
  ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ | 
| 
၂၉ | 
ပုံ (3.28) | 
ပုံမှ A,B,C,D, l
  စာများမှာ သေးလွန်းသည်။ | 
ပုံနှင့်
  စာလုံးများကို ပိုကြီးသင့်သည်။ | 
စာအုပ်တစ်အုပ်လုံးမှ
  ပုံနှင့်စာများ မှာ အရွယ်အစား တသမတ် တည်း ဖြစ်သင့်သည်။ | 
| 
၃ဝ | 
ပုံ (3.31) | 
နောက်ဆုံးပုံမှားနေသည်။ 
E နှင့် F နေရာလွဲနေသည်။ | 
E သည် F နေရာတွင်
  ရှိရမည်။ 
F သည် E နေရာတွင်
  ရှိရမည်။ |  | 
| 
၃၂ | 
ပုံ (4.2) | 
ပုံမှ A,B,O
  စာများမှာ သေးလွန်း၍ ဖတ်မရ။ | 
စာလုံးများကို
  ပိုကြီးသင့်သည်။ |  | 
| 
၃၃ | 
ထောင့် | 
OB အား မူလအနေအထား OA
  မှ နောက်ဆုံး အနေအထားသို့ ရောက်အောင်လှည့်ရသော အတိုင်းအဆသည် ထိုထောင့်၏ပမာဏဖြစ်သည်။ |  | 
ဘာကိုဆိုလိုမှန်းမသိ။
  အဓိပ္ပာယ် မရှင်း။ ပို၍ရှင်းအောင် ရေးသင့် သည်။ | 
| 
၃၇ | 
ထောင့်များကို
  ဒီဂရီများဖြင့် တိုင်းတာခြင်း | 
OA နေရာမှစ၍ O ကို
  ပတ်ပြီး လှည့်ပါ။  | 
OA နေရာမှစ၍ O ကို
  ပတ်ပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း လှည့်ပါ။  | 
ဘယ်ဘက်ကိုလှည့်ရမှန်းမသိ၍
  ရှုပ်ထွေးနိုင်သည်။ မည်သည့် ဘက်ကိုလှည့်ရမည်ကို အတိအကျပြောပြရမည်။ | 
| 
၃၇ | 
ပုံ (4.14) | 
မြားခေါင်းမှားနေသည်။  |  |  | 
| 
၃၈ | 
ပုံ (4.15) | 
မည်းနေ၍
  ဘာမှမမြင်ရပါ။ |  | 
ပုံအရည်အသွေး သည့်ထက်
  ပိုကောင်း အောင်လုပ်သင့်သည်။ | 
| 
၎ဝ | 
ပုံ (4.18) | 
ပုံမှ A,B,C,O
  တို့ကို ပြတ်ပြတ် သားသား မမြင်ရ။ | 
စာလုံးများကို
  ကြီးသင့်သည်။ | 
ပုံအရည်အသွေး သည့်ထက်
  ပိုကောင်း အောင်လုပ်သင့်သည်။ | 
| 
၄၁ | 
လေ့ကျင့်ခန်း (4.2) | 
လေ့ကျင့်ခန်း နှင့်
  သီအိုရီကို ရောထားသည်။ | 
လေ့ကျင့်ခန်းနှင့်
  သီအိုရီမှာ သပ်သပ်စီ ဖြစ်သင့်၏။  | 
ဤစာအုပ်တွင် ဤကဲ့သို့
  လေ့ကျင့်ခန်းနှင့် သီအိုရီကို ရောထားတာ နေရာတော်တော် များများတွင် တွေ့ရသည်။ | 
| 
၄၂ | 
လေ့ကျင့်ခန်း (4.2) | 
နံပါတ် (2) တွင်
  နံပါတ်မှားနေသည်။  | 
နံပါတ် h သည် j
  ဖြစ်ရမည်။ | 
စာအုပ်ကို
  ပရုဖတ်သူများအနေ နှင့် ကျကျနန စစ်ဆေးသင့်သည်။ | 
| 
၄၉ | 
ပုံ (4.29) | 
ပုံများတွင် ပုံနံပါတ်
  (i) နှင့် (ii) ကျန်ခဲ့သည်။  |  |  | 
| 
၅ဝ | 
ထောင့်တစ်ထောင့်၏
  အတွင်း နှင့် အပြင် | 
မျဉ်းတန်း OA နှင့်
  OB သည် ပြင်ညီရှိ အမှတ်များကို သုံးပိုင်းပိုင်းသည်။ | 
ရေးပုံမရှင်း။
  အဓိပ္ပာယ် ဘာကိုဆိုလိုမှန်း နားလည်ရန် ခက်လှသည်။ | 
ရှင်းရှင်းလင်းလင်း
  ရေးသင့်သည်။ | 
| 
၆ဝ | 
6.1 စက်ဝိုင်း | 
စင်စစ်အားဖြင့် CA
  ကို အချဉ်းဝက် မျဉ်းပိုင်းဟု ခေါ်ခြင်းက ပိုမိုသင့်လျော်သည်။ သို့သော် CA ကို
  အချဉ်းဝက်ဟု လွယ်လွယ်ကူကူ ခေါ်ကြသည်က များ သည်။ ထို့ကြောင့် အချင်းဝက်ဟူသော စကားလုံး
  သည် အဓိပ္ပာယ်နှစ်မျိုး ဆောင်နိုင်သည်။ တစ်မျိုးသည် အကွာအဝေးကို ရည်ညွှန်းပြီး
  ကျန်တစ်မျိုးသည် မျဉ်းပိုင်းတစ်ခုကို ရည်ညွှန်းသည်။ အချင်းဝက် r ဟု ဆိုခဲ့လျင် စက်ဝိုင်း၏
  ဗဟိုနှင့် စက်ဝိုင်းပေါ်ရှိ အမှတ် တစ်ခု၏ အကွာအဝေးကို ဆိုလိုသည်။ အချင်းဝက် CA ဟု
  ဆိုခဲ့လျင် ဗဟို C နှင့် အမှတ် A ကို ဆက်၍ ရရှိသော မျဉ်းပိုင်း CA ကို ဆိုလိုသည်။ |  | 
ဤအရေးအသားမျိုးကို
  အသက် ၁၁ နှစ် ၁၂ နှစ် အရွယ် ကလေး များ နားလည်နိုင် ပါမည်လားဟု ပြန်လည်
  ဆန်းစစ်သင့်ပါသည်။ 
ကလေးများအတွက်
  ပြုစုသည့် စာအုပ်ကို ကလေးများဖတ်၍ နားလည်အောင် ရေးသင့်သည်။ | 
| 
၆၃ | 
ပုံ (6.8) | 
စက်ဝိုင်းမှ ဗဟိုမှတ်
  C သည် ဗဟို တည့်တည့်တွင် မကျဘဲ လွဲနေသည်။ | 
ဗဟိုမှတ် C သည် ဗဟို
  တည့်တည့်တွင် ရှိရမည်။ | 
ပုံအားလုံး၏ အရည်အသွေးမှာ
  ညံ့ဖျင်းလွန်းလှသည်။ ပိုမို ကောင်းမွန်အောင်လုပ်သင့်၏။ | 
| 
၆၆ | 
လေ့ကျင့်ခန်း (6.2) | 
နံပတ် 4. | 
မေးခွန်းမရှင်း။
  ဘာကိုဆိုလိုမှန်းမသိ။ | 
မေးခွန်းမှာ
  ဘာကိုမေးထားမှန်း မသိ။ | 
| 
၆၆ | 
လေ့ကျင့်ခန်း (6.2) | 
နံပတ် 5,6,7. | 
မေးခွန်းကို
  သည့်ထက်ပိုပြီး ရှင်းရှင်းလင်းလင်း ပြင်ဆင်သင့်သည်။ | 
မေးခွန်းမရှင်း၍
  ကလေးငယ် များကို ရှုပ်ထွေးစေသည်။ | 
| 
၇၁ | 
7.3
  မျဉ်းဖြောင့်နှစ်ကြောင်း . .  | 
Alterhate Angle | 
Alternate Angle | 
စာလုံးပေါင်းမှား | 
| 
၇၃ | 
ပုံ (7.9) | 
AB//CD ဖြစ်နေသည်။ | 
စာမျက်နှာ ၇၂ တွင်
  ပြိုင်မနေသော မျဉ်းဖြောင့်  AB, CD
  တို့နှင့် ဟု ဖော်ပြထား၍ AB နှင့် CD သည် ပြိုင်မနေရပါ။ |  | 
| 
၇၄ | 
ပုံ (7.12) | 
p,q,y တို့မှာ
  အလွန်သေးလှ၏။ | 
ပုံနှင့်စာ
  အချိုးအစားညီညီ ဖော်ပြသင့်သည်။ |  | 
| 
၇၅ | 
ပုံ (7.13.i)
  (7.13.ii) | 
ပုံပေါ်မှ A,B,C,D
  အမှတ်များမှာ လုံးဝ ဖတ်လို့မရပါ။ | 
ပုံနှင့်စာ
  အချိုးအစားညီညီ ဖော်ပြသင့်သည်။ | 
ပုံအားလုံး၏ အရည်အသွေးမှာ
  ညံ့ဖျင်းလွန်းလှသည်။ ပိုမို ကောင်းမွန်အောင်လုပ်သင့်၏။ | 
| 
၇၆ | 
ပုံ (7.14.i) | 
ပုံပေါ်မှ A,B,C,D
  အမှတ်များမှာ လုံးဝ ဖတ်လို့မရပါ။ | 
ပုံနှင့်စာ
  အချိုးအစားညီညီ ဖော်ပြသင့်သည်။ | 
ပုံအားလုံး၏
  အရည်အသွေးမှာ ညံ့ဖျင်းလွန်းလှသည်။ ပိုမို ကောင်းမွန်အောင်လုပ်သင့်၏။ | 
| 
၇၇ | 
ပုံ (7.14.ii) | 
ပုံပေါ်မှ A,B,C,D
  အမှတ်များမှာ လုံးဝ ဖတ်လို့မရပါ။ | 
ပုံနှင့်စာ
  အချိုးအစားညီညီ ဖော်ပြသင့်သည်။ | 
ပုံအားလုံး၏
  အရည်အသွေးမှာ ညံ့ဖျင်းလွန်းလှသည်။ ပိုမို ကောင်းမွန်အောင်လုပ်သင့်၏။ | 
| 
၇၈ | 
ပုံ (7.15.i)
  (7.15.ii) | 
ပုံပေါ်မှ A,B,C,D
  အမှတ်များမှာ လုံးဝ ဖတ်လို့မရပါ။ | 
ပုံနှင့်စာ
  အချိုးအစားညီညီ ဖော်ပြသင့်သည်။ | 
ပုံအားလုံး၏ အရည်အသွေးမှာ
  ညံ့ဖျင်းလွန်းလှသည်။ ပိုမို ကောင်းမွန်အောင်လုပ်သင့်၏။ | 
| 
၁၁၅ | 
ဥပမာ (3)(ii) | 
ကျောင်းသားတစ်ယောက်အတွက်    6 ကုဗမီတာရှိသော နေရာလိုလျှင် . .  | 
မေးခွန်းမှားနေပါသည်။ 
ကျောင်းသားတစ်ဦးအတွက်
  နေရာတွက်ရာတွင် စတုရန်းမီတာဖြင့်သာ တွက်ရမည်။ အမြင့်ကိုထည့်တွက်လို့ မရပါ။ | 
မေးခွန်းထုတ်သူသည်
  ဘာသာ ရပ်၌ ကျွမ်းကျင်သူဖြစ်ရန် လိုပါ သည်။ | 
| 
၁၁၆ | 
လေ့ကျင့်ခန်း (9.4) | 
3. ရေကန်တစ်ကန်သည် 10
  cm ရှည်၍ 7 m ကျယ်ကာ 25 cm နက် သော် . . . .  |  | 
အလွန်ရီစရာကောင်းသည့်
  ရေကန် အရွယ်အစား ဖြစ်ပေ သည်။ လက်တွေ့နှင့် အလွန် ကင်းကွာလှ၏။ | 
၎၊ ၇။ ၂ဝ၁၇၊
စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ မြန်မာကဗျာလက်ရွေးစင် 
| 
စာမျက်နှာ | 
ခေါင်းစဉ် | 
ပြဋ္ဌာန်းစာအုပ်ပါ
  အမှား | 
ဖြစ်သင့်သည့် အမှန် | 
မှတ်ချက် | 
|  | 
အမှာစာ၊ စာကြောင်းရေ
  ၁၃ | 
အဌမတန်းတွင် | 
အဋ္ဌမတန်းတွင် | 
စာလုံးပေါင်းမှား | 
| 
၁ | 
ရှင်မဟာရဋ္ဌသာရဆုံးမစာ | 
ဦးတင်လက်ထား | 
ဦးတင်သက်ထား ? | 
၂ဝဝ၃ ဇူလိုင်လထုတ်
  ဦးမောင်မောင် (ဟံသာဝတီ) - ဗုဒ္ဓဘာသာ အခြေခံလက်စွဲ၊ ဆယ်စောင်တွဲ တွင်
  "ဦးတင်သက်ထား" ဟု ဖော်ပြထားရာ မည်သည်က အမှန်ဖြစ်သည် ကို
  ဆန်းစစ်လေ့လာသင့်ပါသည်။  | 
| 
၁ | 
ရှင်မဟာရဋ္ဌသာရဆုံးမစာ | 
ဂုဏဝုဍ္ဎ | 
ဂုဏဝုဍ္ဎာ ? | 
ဦးမောင်မောင်
  (ဟံသာဝတီ) - မှ | 
| 
၂ | 
ရှင်မဟာရဋ္ဌသာရဆုံးမစာ | 
ရှောင်ကြဉ်ပါလေ | 
ရှောင်ကြပါလေ ? | 
ဦးမောင်မောင်
  (ဟံသာဝတီ) - မှ | 
| 
၃ | 
ခက်ဆစ်အဖွင့် | 
ဗြက်ပမာက | 
ဗြက်ပမာဏ | 
စာလုံးပေါင်းမှား | 
| 
၎ | 
လောကသာရ | 
ယုတ်သည်စရိုက် | 
ယုတ်သည့်စရိုက် ? | 
၁၉၉၁ ဒီဇင်ဘာလထုတ်
  မြန်မာစာ ညွန့်ပေါင်း ကျမ်း၊ ပထမတွဲ စာမျက်နှာ ၁၄၁ တွင်
  "ယုတ်သည့်စရိုက်" ဟု ဖော်ပြထားရာ မည်သည်က အမှန်ဖြစ်သည်ကို ဆန်းစစ်
  လေ့လာသင့်ပါသည်။ | 
| 
၆ | 
စိတ်နေမြင့်သူ | 
ပန်းများသခင် | 
ပန်းမျာ့သခင် ? | 
၁၉၉၂ ဇွန်လထုတ်
  မြန်မာစာညွန့်ပေါင်းကျမ်း၊ ပဉ္စမတွဲတွင် "ပန်းမျာ့သခင်" ဟု ဖော်ပြထားရာ
  မည်သည်က အမှန်ဖြစ်သည်ကို ဆန်းစစ် လေ့လာသင့်ပါသည်။ | 
| 
၇ | 
သားရွှေဥ | 
ညီစွာအမှန် | 
ညီစွာအကြံ ? | 
ဦးမောင်မောင်
  (ဟံသာဝတီ) - မှ | 
| 
၇ | 
သားရွှေဥ | 
ဆက်လေဖူး၏။ | 
ဆက်သဖူး၏။ ? | 
ဦးမောင်မောင်
  (ဟံသာဝတီ) - မှ | 
| 
၇ | 
သားရွှေဥ | 
စာပေးလျက်လျှင် | 
စာပေးလိုက်လျှင် ? | 
ဦးမောင်မောင်
  (ဟံသာဝတီ) - မှ | 
| 
၇ | 
သားရွှေဥ | 
တပ်တပ်မရှု | 
တတ်တတ်မရှု ? | 
ဦးမောင်မောင်
  (ဟံသာဝတီ) - မှ | 
| 
၈ | 
သားရွှေဥ | 
ကဝိပီအောင် | 
ကဝိပြီအောင် ? | 
ဦးမောင်မောင်
  (ဟံသာဝတီ) - မှ | 
| 
၁ဝ | 
လက်ဆောင် | 
ပါးလိုက်တဲ့လေး။ | 
ပါးလိုက်ကဲ့လေး ? | 
၁၉၆၂ မေလထုတ်
  ပါမောက္ခဦးဧမောင် ၏ ကဗျာ့ပန်းကုံးစာအုပ် နှင့် ၁၉၆၆ ခုနှစ်ထုတ်
  လတ်ဗီးယားသာသနာပိုင် အရှင်အာနန္ဒာ ရွေးချယ်သည့် ရှေးခေတ်မြန်မာကဗျာများ
  စာအုပ်တို့တွင် "ပါးလိုက်ကဲ့လေး" ဟု 
   
ဖော်ပြထားရာ မည်သည်က
  အမှန်ဖြစ်သည် ကို ဆန်းစစ် လေ့လာသင့်ပါသည်။ | 
| 
၁၃ | 
ရွှေညာမှာ ညိုတဲ့မိုး | 
ရွှေညာမှာညိုတဲ့မိုး
  (ခေါင်းစဉ်) | 
စိုးလှပါတယ်
  (ခေါင်းစဉ်) | 
ပါမောက္ခဦးဧမောင် ၏
  ကဗျာ့ပန်းကုံးစာအုပ်  | 
| 
၁၃ | 
ရွှေညာမှာ ညိုတဲ့မိုး | 
ရွှေညာမှာညိုသည့်မိုးငယ်မို့ | 
ရွှေညာမှာညိုတဲ့မိုးငယ်မို့
  ? | 
ပါမောက္ခဦးဧမောင် ၏
  ကဗျာ့ပန်းကုံးစာအုပ်  | 
| 
၁၃ | 
ရွှေညာမှာ ညိုတဲ့မိုး | 
ပျိုစိုးတယ်လေး။ | 
ပျိုစိုးတယ်မောင်ငဲ့လေး။ | 
ပါမောက္ခဦးဧမောင် ၏
  ကဗျာ့ပန်းကုံးစာအုပ်  | 
| 
၁၃ | 
ရွှေညာမှာ ညိုတဲ့မိုး | 
ဗျာပါသည်းနင် | 
ဗျာပါသဲနင် | 
ပါမောက္ခဦးဧမောင် ၏
  ကဗျာ့ပန်းကုံးစာအုပ်  | 
| 
၁၃ | 
ရွှေညာမှာ ညိုတဲ့မိုး | 
ကိုယ်တာကွယ်
  မစုံမက်သာဘု | 
ကိုယ်တာတွယ်
  မစုံမက်သာဘူ့ | 
ပါမောက္ခဦးဧမောင် ၏
  ကဗျာ့ပန်းကုံးစာအုပ်  | 
| 
၁၆ | 
ခက်ဆစ်အဖွင့် | 
ကုန်းဘောင်မုဆိုးဘို | 
ကုန်းဘောင်၊
  မုဆိုးဘို | 
ပုဒ်ဖြတ်ကျန် | 
| 
၂၂ | 
ဝံသာနုအထည် | 
ဝံသာနုအထည်
  (ခေါင်းစဉ်) | 
ဗိုင်းဝါအလုပ်
  ကြိုးအားထုတ် (ခေါင်းစဉ်) | 
၁၉၈၄ မေလထုတ်
  နန်းညွန့်ဆွေ ပြုစုတည်း ဖြတ်သည့် မောင်းထောင်ဦးကျော်လှ ၏
  သံချိုကဗျာပေါင်းချုပ်-စာမျက်နှာ ၆၂ | 
| 
၂၂ | 
ဝံသာနုအထည် | 
ဓမ္မတာအမျိုးအမည်
  ဖျင်ပင်နီနှင့် | 
ဓမ္မတာအရိုးအစဉ်
  ဖျင်ပင်နီနှင့် | 
နန်းညွန့်ဆွေ-သံချိုကဗျာပေါင်းချုပ် | 
| 
၂၂ | 
ဝံသာနုအထည် | 
ပိတ်အုပ်တွေချည်တွေဆိုက်ပြန်တော့ | 
ပိတ်အုပ်တွေဆိုက်ပြန်တော့ | 
နန်းညွန့်ဆွေ-သံချိုကဗျာပေါင်းချုပ် | 
| 
၂၂ | 
ဝံသာနုအထည် | 
တာရဲတွေ
  ဆွေတလုပ်တို့က | 
တာရဲတွေ
  ဆွေတရုပ်တို့က | 
နန်းညွန့်ဆွေ-သံချိုကဗျာပေါင်းချုပ် | 
| 
၂၂ | 
ဝံသာနုအထည် | 
၎င်းဝါအထည်ဖြစ်တော့ကမှ | 
၎င်းဝါအထည်ဖြစ်တော့မှ | 
နန်းညွန့်ဆွေ-သံချိုကဗျာပေါင်းချုပ် | 
| 
၂၂ | 
ဝံသာနုအထည် | 
အရင်လိုမဝယ်နိုင်၍ | 
အရင်လိုမဝယ်ဝတ်နိုင်၍ | 
နန်းညွန့်ဆွေ-သံချိုကဗျာပေါင်းချုပ် | 
| 
၂၂ | 
ဝံသာနုအထည် | 
ပိတ္အက်ႌ
  လွ်ိဳမစြတ္ရေပဘု | 
ပိတ္အက်ႌ
  လွ်ိဳမစြပ္ရေပဘု | 
နန်းညွန့်ဆွေ-သံချိုကဗျာပေါင်းချုပ် | 
| 
၂၂ | 
ဝံသာနုအထည် | 
မိန်းမတွေ
  အငြိမ်မနေကြစမ်းပါနှင့် | 
မိန်းမတွေ အငြိမ်းမနေစမ်းပါနှင့် | 
နန်းညွန့်ဆွေ-သံချိုကဗျာပေါင်းချုပ် | 
| 
၂၄ | 
ခက်ဆစ်အဖွင့် | 
သဘောင်္ချည် | 
သင်္ဘောချည် | 
စာလုံးပေါင်းမှား | 
| 
၂၇ | 
ခက်ဆစ်အဖွင့် | 
၇။ သတ်ပါလေ =
  ဆင်းပါလေ | 
ပိတောက်ပင်မှာလောင်နေသောမီးကို
  သတ်ခိုင်းတာဖြစ်ပါသည်။ ဆင်းခိုင်းတာ မဟုတ်ပါ။ | 
အဓိပ္ပာယ်ကောက်ယူမှု
  လွဲမှား။ | 
၎၊ ၈။ ၂ဝ၁၇၊
စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ မဟော်သဓာဇာတ်တော်ကြီး ပထမတွဲ
| 
စာမျက်နှာ | 
ခေါင်းစဉ် | 
ပြဋ္ဌာန်းစာအုပ်ပါ
  အမှား | 
ဖြစ်သင့်သည့် အမှန် | 
မှတ်ချက် | 
|  | 
စကားချီး၊
  စာကြောင်းရေ ၃ | 
ဖွားသန့်စင်သည်
  ဟုထင်မှတ်ရ | 
ဖွားသန့်စင်သည်ဟု
  ထင်မှတ်ရ | 
အဖြတ်အတောက်မှား | 
|  | 
စကားချီး၊
  စာကြောင်းရေ ၁၅ | 
ကျက်မှန်
  လိုက်စားနေဆဲ | 
ကျက်မှတ်
  လိုက်စားနေဆဲ | 
စာလုံးပေါင်းမှား | 
|  | 
စကားချီး၊
  စာကြောင်းရေ ၁၈ | 
ဇာတ်ကြောင်းရှည်
  လျားသည့်အတွက် | 
ဇာတ်ကြောင်းရှည်လျားသည့်
  အတွက် | 
အဖြတ်အတောက်မှား | 
| 
၁ | 
ဖွားတော်မူခန်း | 
အိမ်ဈေးတို့ဖြင့်နေ၍
  ပျော်ဖွယ်ဖြစ်သော | 
အိမ်ဈေးတို့ဖြင့်
  နေ၍ပျော်ဖွယ်ဖြစ်သော | 
အဖြတ်အတောက်မှား | 
| 
၂ | 
ဖွားတော်မူခန်း | 
မီးပုံကြီးလေး ပုံကို | 
မီးပုံကြီးလေးပုံကို | 
အဖြတ်အတောက်မှား | 
| 
၅ | 
ခက်ဆစ်အဖွင့် | 
၉။ . . . . .
  သူမနဒေဝီမည်သော | 
သုမနဒေဝီမည်သော | 
စာလုံးပေါင်းမှား | 
| 
၅ | 
ခက်ဆစ်အဖွင့် | 
၁၆။ . . . ရုပ်
  နာမ်တွဲလျက်သော် | 
ရုပ်နာမ်တွဲလျက်သော် | 
အဖြတ်အတောက်မှား | 
| 
၇ | 
ခက်ဆစ်အဖွင့် | 
၄၆။ . . . ပြောင်း
  ပြန် ဖြစ်လျက်။ | 
ပြောင်းပြန်
  ဖြစ်လျက်။ | 
အဖြတ်အတောက်မှား | 
| 
၉ | 
ဇရပ်ဆောက်ခန်း | 
ပြင်သို့တံခါးဝထား၍သာလျှပ် | 
ပြင်သို့တံခါးဝထား၍သာလျှင် | 
စာလုံးပေါင်းမှား | 
| 
၁၁ | 
ပညာရှိကိုရှာခန်း | 
နှစ်လညီကြသည်ဖြစ်၍ | 
နှစ်၊ လ ညီကြသည်ဖြစ်၍ | 
အဖြတ်အတောက်မရှိ | 
| 
၁၃ | 
ခက်ဆစ်အဖွင့် | 
၈။ လည်ရွှဲ | 
လည်ရွဲ | 
စာလုံးပေါင်းမှား | 
| 
၁၅ | 
ခက်ဆစ်အဖွင့် | 
၈။ . . . မဝင့်ဆံ့
  ဖြစ်သည်။ | 
မဝင်ဆံ့ ဖြစ်သည်။ | 
စာလုံးပေါင်းမှား | 
| 
၂၆ | 
သားတရားစီရင်ခန်း | 
မျက်ထောင့် လည်းနီ၏။ | 
မျက်ထောင့်လည်း နီ၏။ | 
အဖြတ်အတောက်မှား | 
| 
၃ဝ | 
ခက်ဆစ်အဖွင့် | 
တစဉ်တစိုက် | 
အစဉ်တစိုက် | 
စာလုံးပေါင်းမှား | 
| 
၃၁ | 
ရှားလှံတံပြဿနာ | 
ချည်ကြိုး ဖြင့်ချည်၍ | 
ချည်ကြိုးဖြင့် ချည်၍ | 
အဖြတ်အတောက်မှား | 
| 
၃၁ | 
ရှားလှံတံပြဿနာ | 
ပရိသတ်အပေါင်းတို့
  ထိုသို့တပြီးကား | 
ပရိသတ်အပေါင်းတို့၊
  ထိုသို့တပြီးကား | 
ပုဒ်ဖြတ်ကျန် | 
| 
၃၄ | 
မြွေပြဿနာ | 
အဖို၊ အမပြဆို
  နိုင်သူကား | 
အဖို၊ အမ
  ပြဆိုနိုင်သူကား | 
အဖြတ်အတောက်မှား | 
| 
*မှတ်ချက်။    ။ အဆုံးထိ မဖတ်ပါ။ စာမျက်နှာ ၃၄ ထိသာ
  ဖတ်ပါသည်။ | ||||
၎၊ ၉။ ၂ဝ၁၇၊
စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ မြန်မာသဒ္ဒါ၊ အတွဲ (၁) အခန်း
(၄) 
| 
စာမျက်နှာ | 
ခေါင်းစဉ် | 
ပြဋ္ဌာန်းစာအုပ်ပါ
  အမှား | 
ဖြစ်သင့်သည့် အမှန် | 
မှတ်ချက် | |
| 
၁ | 
ဗျည်းအက္ခရာ (၄) မျိုး | 
၁။ ဗျည်းအက္ခရာတို့ကို | 
၁။ ဗျည်းအက္ခရာတို့၏ | 
အသုံးမှား။
  မူရင်းစာအုပ်နှင့်တိုက်ကြည့်ပါ။ | |
| 
၁ | 
၂။ (က) ဃောသအက္ခရာ | 
ဃောသအက္ခရာ (၂ဝ) လုံး
  ဟုပြသည်။ | 
ဃောသအက္ခရာ (၂၁)
  လုံးဟု ပြသည်။ | 
အရေအတွက်မှား | |
| 
၂ | 
၂။ (ခ) အဃောသအက္ခရာ | 
အဃောသအက္ခရာ (၁ဝ)
  လုံးဟုပြသည်။ | 
အဃောသအက္ခရာ (၁၁) လုံး
  ဟုပြသည်။ | 
အရေအတွက်မှား | |
| 
၂ | 
၂။ (ဃ) သိထိလအက္ခရာ | 
(၃) စတုတ္ထအက္ခရာ (၅)
  လုံး (ဃ၊ ဈ၊ ဎ၊ ဓ၊ ဘ) | 
(၃) စတုတ္ထအက္ခရာ (၅)
  လုံး (ဃ၊ ဈ၊ ဎ၊ ဓ၊ ဘ) - တို့ဖြစ်ကြသည်။ | 
စာကျန်ခဲ့ | |
| 
၂ | 
၂။ (ဃ) သိထိလအက္ခရာ | 
အက္ခရာများ
  အဖြစ်ခွဲပြသည်။ | 
အက္ခရာများအဖြစ်
  ခွဲပြသည်။ | 
အဖြတ်အတောက်မှား | |
| 
၃ | 
ဝဂ်ဗျည်းများ၏ . . . ပုံပြဇယား | 
ဒုတိယတန်း၊
  နောက်ဆုံးကော်လံတွင် စာကျန်ခဲ့သည်။ | 
သိထိလ 
(သံလျော့) . . . ဟု
  ထည့်ပေးရမည်။ | 
စာကျန်ခဲ့သည်။ | |
| 
၎ | 
နာမ် | 
၎။ နာမ်ကို - - 
. . . အခန်း (၃)၌
  ဖော်ပြခဲ့ပြီး။  | 
အခန်း (၃)၌
  ဖော်ပြခဲ့ပြီ။ | 
စာလုံးပေါင်းမှား။ | |
| 
၈ | 
(ခ) နာမ်+နာမဝိသေသန | 
မီး     ပူ 
  =  မီးပူ | 
မီး  +   ပူ 
  =  မီးပူ | 
+ လက္ခဏာကျန်ခဲ့သည်။ | |
| 
၈ | 
(ခ) နာမ်+နာမဝိသေသန | 
တိုက်     သစ် 
  =  တိုက်သစ် | 
တိုက်  + 
  သစ်  =  တိုက်သစ် | 
+ လက္ခဏာကျန်ခဲ့သည်။ | |
| 
၉ | 
(ဆ) နာမ်+ကြိယာ+နာမ် | 
ခြေ+သုတ်+ပုဆိုး=ခြေသုတ်ပုဆိုး |  | 
'ပုဆိုး' မှာ
  အပေါ်စာလုံးများနှင့်မညီဘဲ ရှေ့ရောက်နေသည်။ | |
| 
၉ | 
(ဇ) ကြိယာ+ကြိယာ | 
အုပ်+ဆောင်း=အုပ်ဆောင်း |  | 
'ဆောင်း မှာ
  အပေါ်စာလုံးများနှင့်မညီဘဲ ရှေ့ရောက်နေသည်။ | |
| 
၁ဝ | 
လေ့ကျင့်ခန်း | 
၁။ . .
  မျဉ်းသားထားသောနာမ်တို့ကို | 
မျဉ်းသားထားသောနာမ်တို့သည် | 
စာမှား။
  မူရင်းစာအုပ်နှင့်တိုက်ကြည့်ပါ။ | |
| 
၁ဝ | 
လေ့ကျင့်ခန်း | 
၃။ မျဉ်းသားထားသော
  နာမ်များသည်  
(ပုစ္ဆာများတွင် မျဉ်းသားမထားပါ။) | 
(မေးသည့်နာမ်များကို
  မျဉ်းသားပေးရမည်။) |  | |
| 
၁ဝ | 
လေ့ကျင့်ခန်း | 
၃။ (ဃ) ရေအသက်တစ်မနက်
  ဟုဆိုရိုး ရှိသည်။ | 
(ဃ) ရေအသက်တစ်မနက်ဟု
  ဆိုရိုးရှိ သည်။ | 
အဖြတ်အတောက်မှား | |
| 
၁၁ | 
လေ့ကျင့်ခန်း | 
၎။ မျဉ်းသားထားသော
  နာမ်များသည်  
(ပုစ္ဆာများတွင်
  မျဉ်းသားမထားပါ။) | 
(မေးသည့်နာမ်များကို
  မျဉ်းသားပေးရမည်။) |  | |
| 
၁၁ | 
လေ့ကျင့်ခန်း | 
၅။ နံပါတ်ငယ်များတွင်
  အစီအစဉ်လိုက် မသွားဘဲ ဦးဇောက် ပြောင်းပြန်ဖြစ်နေ သည်။ (က). . . (ဆ)(ဇ)(ည)(ဈ)(ဋ)
  (ဌ)(ဍ)(ဃ)(ဏ). . .  |  | 
နံပါတ်ငယ်များကိုလည်း
  ဂရုစိုက် ရေးသင့် သည်။ | |
| 
၁၂ | 
လေ့ကျင့်ခန်း | 
နမူနာ။  
မီးရထား    မီး(နာမ်)+ ရထား(နာမ်) | 
မီးရထား = မီး(နာမ်)+
  ရထား(နာမ်) | 
=  ကျန်ခဲ့သည်။ | |
| 
၁၄ | 
၁၂။ အမေးနာမ်စား | 
(ခ)(ဂ) . . . (ဈ)
  မေးခွန်းများတွင် အဘယ်၊ ဘာ၊ မည်သူ၊ ဘယ်သူ စသည်တို့ကို Bold လုပ်မထားပါ။ | 
အဘယ်၊ ဘာ၊ မည်သူ၊
  ဘယ်သူ စသည် တို့ကို Bold လုပ်ထားရမည်။ |  | |
| 
၁၅ |  | 
'လေ့ကျင့်ခန်း'
  ဟူသောခေါင်းစဉ် ကျန်ခဲ့ သည်။ | 
'လေ့ကျင့်ခန်း'
  ဟူသောခေါင်းစဉ် ထည့်ပေး ရမည်။ |  | |
| 
၂ဝ | 
လေ့ကျင့်ခန်း | 
၃(ခ) . . .
  အကြောင်းတရားလည်း | 
အကြောင်းတရားသည် | 
အသုံးမှား | |
| 
၂၃ | 
၂၅။ ပမာဏပြဝိသေသန | 
(ခ) . . .
  အလုပ်များကို များများလုပ်ပါ။ | 
အလုပ်ကို
  များများလုပ်ပါ။ | 
စာလုံးပို | |
| 
* အားလုံးမဖတ်တော့ဘဲ
  စာမျက်နှာ ၂၄ ထိသာ ဖတ်ပါသည်။ | |||||
၎၊ ၁ဝ။ ၂ဝ၁၇၊
စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ ပထဝီဝင်စာအုပ် 
| 
စာမျက်နှာ | 
ခေါင်းစဉ် | 
ပြဋ္ဌာန်းစာအုပ်ပါ
  အမှား | 
ဖြစ်သင့်သည့် အမှန် | 
မှတ်ချက် | 
| 
၁၇ | 
ကမ္ဘာ့မြေပုံ | 
မြောက်အာဖရိက | 
မြောက်အမေရိက | 
ဖော်ပြချက်မှား။
  သေသေချာချာ စိစစ်သင့်၏။ | 
| 
၅၃ | 
စင်ကာပူနိုင်ငံ | 
မြောက်လတ္တီ ၁ံ ၂ဝ
  မိနစ် | 
မြောက်လတ္တီ ၁ံ ၁၇
  မိနစ် |  | 
| 
၅၃ | 
စင်ကာပူနိုင်ငံ | 
စတုရန်းကီလိုမီတာ
  ၇ဝဝ.၂ | 
စတုရန်းကီလိုမီတာ
  ၇၂၁.၅ |  | 
| 
၅၃ | 
စင်ကာပူနိုင်ငံ | 
ဂျိုဟိုး (Jiho) | 
ဂျိုဟိုး (Johor) | 
စာလုံးပေါင်းမှား။ | 
| 
၅၃ | 
စင်ကာပူနိုင်ငံ | 
၂ဝဝ၉ ခုနှစ်တွင် လူဦးရေ
  ၄ သန်း ရှိ သည်။ | 
၂ဝ၁၇ တွင် လူဦးရေ
  ၅.၆ သန်းရှိသည်။ | 
Update မလုပ်။ | 
| 
၅၄ | 
စင်ကာပူနိုင်ငံ | 
ကျန်မြို့ငယ်များမှာ
  အရံမျှဖြစ်သည်။ | 
စင်ကာပူတွင်
  စင်ကာပူတစ်မြို့မှလွဲ၍ အခြားမည်သည့်မြို့မှ မရှိပါ။ ဖော်ပြချက်မှားနေပါသည်။
  "အနောက်ဘက်တွင် ဂျူရောင်းစက်မှုမြို့ရှိသည်" ဆိုသည်မှာလည်း မမှန်ပါ။
  ဂျူရောင်းသည် စက်မှုဇုံသာဖြစ်ပြီး မြို့တစ်မြို့မဟုတ်ပါ။ | |
(၅) စာအုပ်အပြင်အဆင်
၅၊
၁။ ကန်ထရိုက်တာများမှာ တွက်ခြေကိုက်အောင် လုပ်ထားသည့်အတွက် စာအုပ်မာဂျင်များကို အလွန်သေးထားသည်။      
ဥပမာ-
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက်
ပဉ္စမတန်း၊ မြန်မာစာဖတ်စာအုပ်
စာမျက်နှာ (၁ဝ) တွင်
မာဂျင်မှာ (၄) မီလီမီတာမျှသာ ရှိသည်။
စာမျက်နှာ (၂၁ နှင့်
၂၂) တွင် မာဂျင်မှာ (၃) မီလီမီတာမျှသာ ရှိသည်။
၅၊ ၂။ ရုပ်ပုံများမှာ
အလွန်ညံ့ဖျင်းလှသည်။ အချို့ပုံများမှာ တစ်ခုလုံးမည်းနေပြီး ဘာပုံမှန်းပင် မသိရပါ။
ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ မြန်မာစာဖတ်စာအုပ်
စာမျက်နှာ ၃၆ - မီးချိတ်၊
မီးကပ်ပုံ
စာမျက်နှာ ၄၃ - ပုသိမ်ထီးပုံ
စာမျက်နှာ ၄၈ - သစ်လုံးများ
ကားပေါ်တင်နေပုံ
၂ဝ၁၇၊ စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက်
အဋ္ဌမတန်း၊ ပထဝီဝင် စာအုပ်
ပုံ (၂-၂)၊ ပုံ (၂-၃)၊
ပုံ (၂-၄)၊ ပုံ (၂-၅)၊ ပုံ (၂-၆)၊ ပုံ (၂-၇)၊ ပုံ (၂-၈)၊ ပုံ (၂-၉)၊ ပုံ (၂-၁ဝ)၊ ပုံ
(၂-၁၁)၊ ပုံ (၂-၁၂)၊ ပုံ (၂-၁၃)၊ ပုံ (၂-၁၄)၊ ပုံ (၂-၁၅)၊ ပုံ (၂-၁၆)၊ ပုံ (၂-၁၇)၊
ပုံ 
၅၊ ၃။ စာမျက်နှာချုံ့လို၍
အချို့ပုံများကို အရွယ်အစားသေးထားသဖြင့် မည်ကဲ့သို့မှ ဖတ်မရ၊ ကြည့်မရ။
ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်အတွက်
ပဉ္စမတန်း၊ ပထဝီဝင်ဖတ်စာအုပ်
၁။ စာမျက်နှာ ၂ - ပုံ
(၁-၂) လတ္တီကျုများပြပုံ
၂။ စာမျက်နှာ ၃ - ပုံ
(၁-၃) လောင်ဂျီကျုများပြပုံ
၃။ စာမျက်နှာ ၁၃ -
ပုံ (၂-၂) မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများပြပုံ
၎။ စာမျက်နှာ ၂၁ -
ပုံ (၂-၈) ဧရာဝတီမြစ်ဝှမ်းပုံ
၅။ စာမျက်နှာ ၂၃ -
ပုံ (၂-၁ဝ) စစ်တောင်းမြစ်ဝှမ်းပုံ
၆။ စာမျက်နှာ ၂၃ -
ပုံ (၂-၁၁) သံလွင်မြစ်ဝှမ်းပုံ
၇။ စာမျက်နှာ ၂၄ -
ပုံ (၂-၁၂) တနင်္သာရီတိုင်းဒေသကြီးရှိ မြစ်ချောင်းများပြပုံ
၈။ စာမျက်နှာ ၂၄ -
ပုံ (၂-၁၃) ရခိုင်ပြည်နယ်ရှိ မြစ်ချောင်းများပြပုံ
၅၊ ၄။ ပုံတော်တော်များများမှာ
resolution အလွန်နည်းလှသည်။ ပုံသေးကို zoom ချဲ့ယူထား၏။
ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ ပထဝီဝင်ဖတ်စာအုပ်
၁။ စာမျက်နှာ ၁၃ -
ပုံ (၂-၁) မြန်မာနိုင်ငံတည်နေရာကို လတ္တီကျု၊ လောင်ဂျီကျုဖြင့်ပြပုံ
၂။ စာမျက်နှာ ၁၈ -
ပုံ (၂-၆) အလယ်ပိုင်းချိုင့်ဝှမ်းဒေသပုံ
၃။ စာမျက်နှာ ၁၉ -
ပုံ (၂-၇) ရခိုင်ကမ်းမြှောင်ဒေသပုံ
၎။ စာမျက်နှာ ၂၂ -
ပုံ (၂-၉) ချင်းတွင်းမြစ်ဝှမ်းပုံ
၅။ စာမျက်နှာ ၂၄ -
ပုံ (၂-၁၂) တနင်္သာရီတိုင်းဒေသကြီးရှိ မြစ်ချောင်းများပြပုံ
၆။ စာမျက်နှာ ၂၄ -
ပုံ (၂-၁၃) ရခိုင်ပြည်နယ်ရှိ မြစ်ချောင်းများပြပုံ
၇။ စာမျက်နှာ ၂၇ -
ပုံ (၂-၁၄) တွင်းထွက်ပစ္စည်းများပြပုံ
၈။ စာမျက်နှာ ၃၅ -
မြန်မာပြည်မြေပုံ
၅၊ ၅။ အချို့ပုံများမှာ
သေးငယ်ပြီး မထင်မရှားဖြစ်နေသောကြောင့် လုံးဝကြည့်လို့မရ။
ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ ပထဝီဝင်ဖတ်စာအုပ်
၁။ စာမျက်နှာ ၁၇ -
ပုံ (၂-၄) အရှေ့ဘက်ကုန်းမြင့်ဒေသပုံ
၁။ စာမျက်နှာ ၁၇ -
ပုံ (၂-၅) အနောက်ဘက်တောင်တန်းဒေသပုံ
၅၊ ၆။ အချို့နေရာများတွင်
စာသားများ ဟိုဘက်သည်ဘက်ပေါက်နေ၍ စာသားများထပ်နေကာ ဖတ်လို့မရ။
ဥပမာ -
၂ဝ၁၅၊ စက်တင်ဘာလထုတ်၊ ၂ဝ၁၅ - ၂ဝ၁၆
ပညာသင်နှစ်အတွက် တတိယတန်း၊ ပထဝီဝင်နှင့်သမိုင်းဖတ်စာအုပ်
စာမျက်နှာ ၂ဝ - အခန်း
(၈)
စာမျက်နှာ ၂၁ - အခန်း
(၉)
၅၊ ၇။ အချို့ပုံများမှာ
အလွန်မည်းနေ၍ ရည်ညွန်းရန် ခက်ခဲလှ၏။
ဥပမာ -
၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သင်္ချာ အတွဲ(၁) စာအုပ်
စာမျက်နှာ ၁ဝ၉ - ပုံ
i, ii, iii
စာမျက်နှာ ၁၆၂ - ဥပမာ
(2)
၅၊ ၈။ မြေပုံများမှာ
အလွန်သေးငယ်ပြီး မှုံဝါးနေသဖြင့် စာလုံးများမှာ ဖတ်လို့မရ။
ဥပမာ - 
၂ဝ၁၇၊ စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ ပထဝီဝင် စာအုပ်
စာမျက်နှာ ၄ဝ - ပုံ
(၂-၁၈) - မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများပုံ
စာမျက်နှာ ၄ဝ - ပုံ
(၂-၁၉) - မြန်မာနိုင်ငံ အားဖြည့်လောင်စာတွင်းထွက်များပြပုံ
စာမျက်နှာ ၄၃ - ပုံ
(၂-၂ဝ) - မြန်မာနိုင်ငံ ရထားလမ်းများပြပံ
စာမျက်နှာ ၄ဝ - ပုံ
(၂-၂၁) - မြန်မာနိုင်ငံ ရေကြောင်းခရီးလမ်းများပြပုံ
စာမျက်နှာ ၄၇ - ပုံ
(၂-၂၂) - မြန်မာနိုင်ငံ လေကြောင်းဆက်သွယ်ရေးပြပုံ
၅၊ ၉။ အချက်အလက်များကို
update လုပ်မထားခြင်း
ဥပမာ -
၁။ ၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ မြန်မာဖတ်စာ
ခေါင်းစဉ် - မြန်မာ့ဆိုင်းဝိုင်း 
"မြန်မာ့တူရိယာများသည်
ပင်လယ်ရပ်ခြားတိုင်းတစ်ပါးသို့ လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်လောက်မှစ၍
ရောက်ပေါက်ခဲ့သည်။"
အမှန်တွင် ထိုနှစ်များကို ယခုတွက်ကြည့်ပါက အနှစ်
(၆ဝ) မကတော့ဘဲ အနှစ် (၁ဝဝ) ကျော်နေပြီ ဖြစ်ပါသည်။ ဆယ်နှစ်လောက် ကွာလျှင်ပင်
အလွန်များလှပါပြီ။ ဤစာအုပ်များမှာ နှစ်စဉ်ရိုက်ထုတ်နေတာဖြစ်သဖြင့် နှစ်တိုင်းမဟုတ်တောင်
သုံးနှစ်တစ်ကြိမ်လောက် update လုပ်သင့်လှ၏။
၂။ ၂ဝ၁၇၊ စက်တင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ ပထဝီဝင် စာအုပ်
ခေါင်းစဉ် - ကမ္ဘောဒီးယားနိုင်ငံ
လူဦးရေနှင့်လူမျိုးများ
ကိန်းဂဏန်းများမှာ ၂ဝဝ၉ ခုနှစ်က ကိန်းဂဏန်းများဖြစ်၍ ယခု ဆယ်နှစ်ခန့်အတွင်း အတော်ကွာသွားပါပြီ။
၂ဝ၁၆ ခုနှစ်တွင် လူဦးရေမှာ ၁၅.၇၆ သန်းဖြစ်၍ ၂ဝဝ၉ ခုနှစ်က လူဦးရေနှင့် တစ်သန်းကျော်ကွာသွားပြီဖြစ်၏။
၅၊ ၁ဝ။ ခေါင်းစဉ်နှင့်
စာသား မကွဲပြားခြင်း
စာမျက်နှာချွေတာသောအားဖြင့်
စာသားနှင့် ခေါင်းစဉ်များကို တစ်ဆက်တည်း ရေးထားရာ ခေါင်းစဉ်နှင့်စာသားများမှာ အရောရော
အထွေးထွေးဖြစ်နေပါသည်။ ခေါင်းစဉ်ကို စာသားနှင့် တစ်ကြောင်းတန်သည်၊ နှစ်ကြောင်းတန်သည်
ချဲပေးထားသင့်သော်လည်း ချဲပေးမထားချေ။ 
ဥပမာ -
၁။ ၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ အထွေထွေသိပ္ပံ
စာမျက်နှာ - ၅၈
ပုံ (၅-၃) မှ စာများနှင့်
"သစ်တောများ" ခေါင်းစဉ်မှာ ထပ်နေသည်။
၅၊
၁၁။ ပုံများ၏ အရည်အသွေး ညံ့ဖျင်းလွန်းခြင်း
သင်္ချာစာအုပ်မှ
ပုံများကို လက်နှင့်ဆွဲထား၍ မျဉ်းများအထူအပါးမညီခြင်း၊ မြားခေါင်းများမှာ မျဉ်းနှင့်အလယ်တည့်တည့်မကျခြင်း၊
စက်ဝိုင်း ဗဟိုများမှာ ဗဟိုတည့်တည့်မကျခြင်း၊ ပုံ၌ ညွှန်ပြထားသည့် အက္ခရာများမှာ အကြီးအသေးမညီခြင်း
စသည့် ချွတ်ယွင်းချက်များစွာ တွေ့ရ ပါသည်။ သည်မျှ ကွန်ပြူတာထွန်းကားနေသည့်ခေတ်ကြီးတွင်
software သုံးကာဆွဲပါက အလွန် လှပ၊ သေသပ်၊ ကောင်းမွန်သည့်ပုံများ ရနိုင်ပါသည်။ အနည်းဆုံးတော့
AutoCAD သုံးကာ ဆွဲနိုင်ပါသည်။ အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။
ဥပမာ -
၁။ ၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သင်္ချာအတွဲ (၂) မှ ပုံများ
၅၊
၁၂။ အချို့ စာအရေးအသားများမှာ ကလေးများအတွက် မသင့်တော်ခြင်း 
            ကျောင်းသုံးစာအုပ်များပြုစုရာတွင် ကျောင်းသားများ၏
အသက်အရွယ်ကိုလိုက်၍ ဝါကျများကို ဖွဲ့သင့်၏။ ဝါကျတိုများသုံး၍ စကားလုံးရှင်းရှင်းနှင့်
ရေးရမည်။ မလိုအပ်ဘဲ ဝါကျရှည်များသုံးခြင်းသည် နားရှုပ်ထွေးခြင်းကို ဖြစ်စေ၏။ ဖတ်၍နားမလည်သည့်စာများကို
မည်သည့်ကလေးကမှ စိတ်ဝင်စားလိမ့်မည် မဟုတ်ပါ။
ဥပမာ -
၁။ ၂ဝ၁၇၊ ဒီဇင်ဘာလထုတ်၊ ၂ဝ၁၈ - ၂ဝ၁၉
ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သင်္ချာအတွဲ (၂)၊ စာမျက်နှာ - ၂၇
သင်ခန်းစာများလေ့လာရာ၌
စင်တီမီတာနှင့် လက်မ အမှတ်အသားများ ၎င်းတို့၏ ဆယ်လီစိတ်ဖြစ်သော မီလီမီတာနှင့်
တစ်လက်မ၏ ဆယ်ပုံတစ်ပုံ အမှတ်အသားများဖြင့်ပြီးသော ဖြောင့်တန်းသော မီလီမီတာ နှင့်
တစ်လက်မ၏ ဆယ်ပုံတစ်ပုံ အမှတ်အသားများ ဖြင့် ပြီးသော ဖြောင့်တန်းသော
အနားစောင်းနှစ်ဘက်ရှိသည့် မျဉ်းတံရှိလျှင် လုံလောက်ပေသည်။
၅၊
၁၃။ မျက်နှာဖုံး အပြင်အဆင်
မျက်နှာဖုံးရှိစာများမှာ
စာမျက်နှာအလယ်တည့်တည့်တွင် ရှိနေသင့်သည့်တိုင် အလယ်တွင်ရှိမနေဘဲ တစ်ဖက်သို့ ကပ်နေပါသည်။
ဥပမာ-
၂ဝ၁၇ ဒီဇင်ဘာလထုတ်၊
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သမိုင်းစာအုပ်
၂ဝ၁၇ ဒီဇင်ဘာလထုတ်၊
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပဉ္စမတန်း၊ သင်္ချာအတွဲ (၁) စာအုပ်
(၆)
တာဝန်ယူမှု၊ တာဝန်ခံမှု
            အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟူသော စကားသည်ရှိ၏။
သို့ဆိုလျှင် မည်သည့်အလုပ်သည် ဂုဏ်ရှိသနည်း။
            ဂုဏ်ရှိသောအလုပ်ဆိုသည်မှာ ရာထူးကြီးတာ၊
ငယ်တာ။ လခများတာ၊ နည်းတာနှင့်မဆိုင်။ 
မည်သူဖြစ်စေ၊
မည်သည့်အလုပ်ကိုဖြစ်စေ မိမိအလုပ်ကိုမိမိ တန်ဘိုးထားကာ ကောင်းကောင်းမွန်မွန်၊ လှလှပပ၊
သေသေသပ်သပ်၊ အမှားအယွင်းကင်းစွာနှင့် လုပ်ကိုင်နိုင်သည်ဖြစ်ပါက မိမိအလုပ်ကိုမိမိ ဂုဏ်ယူနိုင်လေသည်။
အိမ်သာဆေးနေသူပင်ဖြစ်စေ (ဟောဒါ ငါတာဝန်ယူထားတဲ့ အိမ်သာကွ၊ အချိန်မရွေးလာကြည့်လှည့်၊
ဘာအနံ့အသက်မှမရှိစေရဘူး၊ သန့်ရှင်းတောက်ပြောင် နေစေရမယ် ဟု) လက်မထောင်နိုင်၏။ မည်သည့်
စီနီယာအင်ဂျင်နီယာကြီး ဖြစ်နေပါစေ။ တော်ကြာ ဟိုနားမှားပြန်ပြီ။ တော်ကြာ ဒီဟာမှားလို့
ပြန်ပြင်ရပြန်ပြီ၊ တော်ကြာဟိုဟာလွဲလို့ အဆဲခံရပြန်ပြီဆိုလျှင် ထိုသူသည် သူ့အလုပ်သူ
ဂုဏ်ယူနိုင်ပါမည်လော။
ဤသည်မှာ
တာဝန်ယူမှုဖြစ်၏။ မိမိအလုပ်ကိုမိမိ တာဝန်ယူရမည်။ မိမိယူထားသောတာဝန်ကို ကျေပွန်အောင်
ဆောင်ရွက်ရမည်။ ထိုတာဝန်ကို မထမ်းဆောင်နိုင်ဆိုအံ့။ တာဝန်မယူပါနှင့်။ လုပ်တတ်သူများကို
တာဝန်ပေးလိုက်ရန်သာ ဖြစ်၏။
အခြေခံပညာကျောင်းစာအုပ်များ
ထုတ်ဝေရေးအတွက် တာဝန်ရှိသူမှာ မည်သူများဖြစ်သည်ကို ကျွန်တော်မသိပါ။ ကျောင်းစာအုပ် များတွင်
အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီ၏ မူပိုင်ဖြစ်သည်ဟု
ဖော်ပြထားသည့် အတွက် ထိုစာအုပ်များမှ စာသားများ မှန်ကန်ကောင်းမွန်ရေးမှာ ထိုကော်မတီ၏
တာဝန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုစာအုပ်မှ စာအားလုံးကို ၎င်းတို့ပိုင်သည့်အတွက် ဖြစ်သည်။
မိမိပိုင်သည့်ပစ္စည်းကို မိမိ ဂရုတစိုက်လုပ်ရမည်မှာ အလွန်သေချာလှပါသည်။
စာအုပ်များကို
ကန်ထရိုက်ပေးပြီး ရိုက်တာဖြစ်ပါလိမ့်မည်။ သို့သော် ကန်ထရိုက်တာများက စီထားသည့်စာများ
မှန်မမှန်၊ ပုံနှိပ် စာသားများ အရည်အသွေးကောင်းမကောင်းကိုမူ ကော်မတီက တာဝန်ယူ စစ်ဆေးရပါမည်။
စာအုပ်မှ စာလုံးပေါင်းများမှားခြင်း၊
စာလုံးများ ကျကျန်ခဲ့ခြင်း၊ စာကြောင်းကျော်ခြင်း စသည်တို့ မဖြစ်စေရန် ကော်မတီက အထပ်ထပ်
စစ်ရပါမည်။ ပထမ - အောက်ဆုံးအဆင့်က စစ်ရမည်။ ဒုတိယ - ကြီးကြပ်သူများက စစ်ရမည်။ စက်ပေါ်မတင်မီ
နောက်ဆုံးအဆင့်တွင် တာဝန်အရှိဆုံးသူများက ဖတ်ရှုကာ အတည်ပြုပေးရမည်။
နောက်တစ်ခုအရေးကြီးသည်မှာ ထိုကျောင်းသုံးစာအုပ်ကို
စစ်ဆေးသူများသည့် သက်ဆိုင်ရာ ဘာသာရပ်ကို အလွန်ကျွမ်းကျင်သည့် ပညာရှင်များဖြစ်ရန် အရေးကြီးလှ၏။
မိမိစစ်နေသည့် ဘာသာရပ်အကြောင်း နားမလည်သူသည် သည်စာအုပ်ပါစာများ မှန်၊ မမှန်၊ မည်ကဲ့သို့
သိနိုင်ပါမည်နည်း။ ထိုသူသည် သက်ဆိုင်ရာ ဘာသာရပ်အကြောင်း ကျွမ်းကျင်ပိုင်နိုင်ရုံမျှမက
မြန်မာစာအရေးအသားနှင့် ပတ်သက်၍လည်း ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ရပါမည်။
သည်စာအုပ်မှ အမှားများအတွက် စာစီသူများနှင့် ပုံနှိပ်သူများအပေါ်
အပြစ်ပုံချခြင်းသည် လျော်ကန်သင့်မြတ်လှသော လုပ်ရပ်မဟုတ်။ သည်စာအုပ်များရိုက်ရန်အတွက်
ကန်ထရိုက်စာချုပ်များချုပ်ရမည် မချွတ်။ ထိုအထဲတွင် စာသားများ မှန်ကန်ကောင်းမွန်မှု၊
စာအုပ် အရည်အသွေး စသည်တို့ပါမည် မချွတ်။ ထို့အတွက် ထို ကန်ထရိုက်စာချုပ်ပါ အချက်အလက်များနှင့်
ကိုက်ညီမှု ရှိမရှိ စစ်ဆေးရန်မှာ အလုပ်အပ်သူ၏ တာဝန်မဟုတ်ပါလော။ သူတို့ဟာသူတို့ စီချင်သလိုစီ၊
ရိုက်ချင်သလိုရိုက်လာတာကို မစစ်မဆေးဘဲ မည်သည့်နည်းနှင့်မှ လက်ခံစရာ အကြောင်းမရှိ။ 
နိဂုံး
ပညာရေးဟူသည်
အနာဂတ်မျိုးဆက်သစ်ကို ထူထောင်ရေး၌ အလွန်အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်၏။ ကျောင်းသင်
ပြဋ္ဌာန်း စာအုပ်မှ စာများမှားလျှင် ကျောင်းသားများကို အမှားကြီး သင်ပေးနေမိပေမည်။
ထိုအမှားမှာ တစ်ယောက်ထဲမှားတာ မဟုတ်။ တစ်နိုင်ငံလုံးမှားတာ ဖြစ်၏။
အမှားလုပ်မိတာ
အပြစ်မဟုတ်။ အမှားမှန်းသိလျက်နှင့် အမှန်မပြင်တာသာ အပြစ်ဖြစ်ချေ၏။
ဤကဲ့သို့အမှန်ပြင်ရန်မှာ မိမိ အမှားကို မိမိ ဝန်ခံတတ်ရန် အရေးကြီးသည်။
မှားနေတာကြီး သိပါလျက်နှင့် ဝန်မခံ၊ ဟိုလူ့ကို လက်ညှိုးထိုး၊ သည်လူ့ကို လက်ညှိုးထိုး
အပြစ်ဖို့နေပါက အမှန်တရားနှင့် ဝေးနေဦးမှာ သေချာလှပါသည်။
အရေးကြီးသည်မှာ
အမှားတစ်ခု ဖြစ်လာပြီဆိုလျှင် ဘာကြောင့်မှားရသလဲ ဆိုသည့် ဇစ်မြစ်ကို စုံစမ်းကာ
နောက်ထပ် ထိုကဲ့သို့ မမှားအောင် လုပ်ဆောင်ရေးဖြစ်၏။ လူတကာကို လက်ညှိုးထိုး၊
အပြစ်ဖို့နေရုံဖြင့် အမှန်ဖြစ်မလာနိုင်။ 
ဤနေရာတွင် ကျောင်းဆရာ၊
ဆရာမများ၏ အခန်းကဏ္ဍလည်း အရေးကြီး၏။ ဤစာအုပ်များကို ကိုင်တွယ်သင်ကြားနေရသော
ဆရာ/ဆရာမများလည်း သည်အမှားများကို မြင်မိမည် မုချဖြစ်၏။ သို့သော် အပြစ်ပေး
အရေးယူခံရမှာ စိုးသည့်အတွက်သာ ငြိမ်နေကြတာ ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ကလည်း
သူတို့ချပေးတာ သင်ရတာပဲဗျ ဟု မိတ်ဆွေ ဆရာတစ်ဦးက ပြောဖူးပါသည်။
အမှားကို ထောက်ပြရန်
ကြောက်ရွံ့နေရခြင်းသည်လည်း အလွန်လွဲမှားလှသော မူဝါဒတစ်ရပ် ဖြစ်ပေ၏။
အမှန်ကိုဆိုရပါမူ အမှား ထောက်ပြသူအား တလေးတစားနှင့် ကျေးဇူးပင် တင်ရဦးမည်ဖြစ်၏။
အမှားကိုသိမှ အမှန်ပြင်နိုင်မည် မဟုတ်ပါလော။ သို့ဆိုလျှင် ဆရာ/ဆရာမများသည်
အမှားကို ထောက်ပြရန် အဘယ်ကြောင့် ကြောက်ရွံ့နေကြရပါသနည်း။ ကျွန်တော့်အထင်တော့ အမှားကို
ထောက်ပြလျှင် အလုပ်ဖြုတ်ခံရမှာ၊ အရေးယူခံရမှာစိုး၍ဟု ထင်ပါသည်။ ကျွန်တော်မသိပါ။
မြတ်စွာဘုရား၏ လက်ျာရံ
အဂ္ဂသာဝကဖြစ်သူ ရှင်သာရိပုတ္တရာသည် ကိုရင်ငယ်ကလေးက သင်္ကန်းအောက်စမညီ၍ ထောက်ပြတာကို
လက်ခံကာ ပြင်ရုံခဲ့ဖူးသည့် သာဓကရှိ၏။ ထို့ကြောင့် မိမိမှားနေတာကို မှားနေပါသည်
အပြောမခံနိုင်ဟုဆိုလျှင် အတော့်ကို သဘောထား သေးသိမ်ခြင်းသာ ဖြစ်ပါလိမ့်မည်။
မှားနေတာကို မှားပါသည်ဟု ထောက်ပြသူအား အရေးယူမည်ဆိုလျှင် အတော့်ကို သဘာဝမကျသည့်၊
ယုတ်ညံ့သောလုပ်ရပ် ဖြစ်ပေလိမ့်မည်။ 
ဤသို့ဆိုလိုက်ခြင်းဖြင့်
အမှားကိုထောက်ပြသူများရှိပြီး ထိုထောက်ပြသူများကို အရေးယူခဲ့သည့်သာဓကများရှိသည်ဟု
မဆိုလိုပါ။ အမှားကို ထောက်ပြသူများ ရှိမရှိဆိုသည်ကိုလည်း ကျွန်တော်မသိပါ။ အကယ်၍
အမှားကိုထောက်ပြလာပါက အရေးယူမည်ဆိုလျှင် ထိုလုပ်ရပ်မှာ မလျော်ကန်ကြောင်းကိုသာ
ပြောလိုရင်း ဖြစ်၏။ တစ်နည်းအားဖြင့်လည်း ဆရာ၊ ဆရာမများအား ရဲရဲဝံ့ဝံ့၊
ပွင့်ပွင့်လင်းလင်း အမှားကိုထောက်ပြရန် ခွင့်ပြုရန်နှင့် ထိုသို့
အမှားကိုထောက်ပြသူများအား အရေးယူမည်မဟုတ်ကြောင်း အာမခံပေးရန် ဖြစ်၏။
ကျွန်ုပ်တို့တိုင်းပြည်တွင်
အမှားကို မျက်ကွယ်ပြုကာ ဝိုင်းဝန်းလိမ်ညာကြသော ယဉ်ကျေးမှုတစ်ရပ် ထွန်းကားခဲ့ဖူး၏။
ထိုယဉ်ကျေးမှု၏ ကောင်းမှုကြောင့် မြန်မာနိုင်ငံသည် အနှစ် (၂ဝ) အတွင်း LDC (Least
Developed Country) အဖြစ် ကျဆင်းခဲ့ရဖူးပြီ။ ဤမျှ အကြီးအကျယ် နိုင်ငံနှင့်ချီကာ
ဆုံးရှုံးနစ်နာခဲ့ရဖူးသည့် သာဓကများ ရှိနေလျက်နှင့်ပင် ယခုတိုင် အမှားကို ထောက်ပြတာ
လက်မခံနိုင်ကြ သေးဆိုလျှင်ဖြင့် မြန်မာနိုင်ငံသည် တိုးတက်မှုလမ်းကြောင်းမှ ဝေးကွာနေဦးမည်မှာ
သေချာလှပါသည်။ 
အမှားကိုမြင်ပါလျက်
သည်အတိုင်း မသိယောင်ဆောင်နေခြင်း၊ မျက်စိမှိတ်နေခြင်းသည်လည်း တာဝန်မဲ့ခြင်း ဖြစ်၏။
မိမိအလုပ်ကိုမိမိ တာဝန်ယူတတ်သူများ
ဖြစ်ကြပါကုန်လော။
အေးငြိမ်း
(လေးမျက်နှာ)
 
 
No comments:
Post a Comment