ကျွန်တော်
ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲကာလကစပြီး ဘယ်တုံးကမှ အထင်ကြီးလေးစားခဲ့မိခြင်းမျိုး မရှိခဲ့ပါ။
ထို့အတူ
ကင်ဂျုံအမ်းကိုလည်း (ကိုယ့်ကိုလည်း ဘာမှလုပ်တာမဟုတ်ပါဘဲလျက်) မျက်နှာမြင်တာနှင့် အကုသိုလ်များမိတာချည်း
သာ ဖြစ်လေသည်။
ကင်(မ်)
နျူကလီးယားထိပ်ဖူးတွေ စမ်းသပ်ပစ်ကာ ကမ္ဘာကြီးကို သရော်လှောင်ပြောင်နေတုံးက ကျွန်တော်
မြန်မာပြည်က လောက်စာလုံးနှင့် လောက်လေးခွမှာကာ မြောက်ကိုးရီးယားကို ဒရုန်းစီးသွားပြီး
လောက်လေးနှင့်ပစ်ဘို့တောင် ကြံရွယ်ခဲ့မိသေးသည်။ နောက်တော့မှ အင်း၊ ဘယ်မှမသွားဘဲတောင်
သည်လောက်နှာစေးနေတာ။ ဒရုန်းနဲ့သာ သွားလို့ကတော့ နှာခေါင်းအောက်မှာ ထွေးခံ ခံထားရလိမ့်မယ်ဟု
တွေးမိသည်နှင့် (ကျန်းမာရေးကြောင့်) မချင့်မရဲ လက်လျှော့လိုက်ရတာ ဖြစ်၏။
ထရမ့်နှင့်
ကင်မ်တို့ တွေ့ကြမည်ဆိုတော့ အတော်လဲ ကျယ်လိုက်တဲ့ -င်ခေါင်းပါလားဟု စိတ်ထဲမှာ သရော်ခဲ့မိသေးသည်မှာ
အမှန်။
အရင်တခါ
တွေ့ဆုံပွဲ ပျက်မလိုလိုဖြစ်သွားတုံးက ငါမှန်းရင် လွဲခဲပါတယ်ကွာဟု ကိုယ့်ကိုယ်ကိုယ်တောင်
အသားလွတ် အထင်ကြီးခဲ့မိသေးသည်။
ယခု
၎င်းတို့ တူဝရီး စင်ကာပူမှာ တကယ်တွေ့ကြလေပြီ။
သမိုင်းအစဉ်အဆက်က
မတည့်ခဲ့ကြသည့်နိုင်ငံ နှစ်နိုင်ငံ။ သူတို့လက်ထက်မှာ လက်ဆွဲနှုတ်ဆက်နိုင်တယ်ဆိုတာ နည်းတဲ့စကေးလား
ခင်ဗျာ။
ဤသည်မှာ
ကောင်းသည့်လက္ခဏာဖြစ်၏။
ဂုဏ်ယူပါသည်
ဘကြီးထရမ့်နှင့် ညီလေး ကင်မ်။
ယခု
သင်တို့အပေါ် မကြည်မလင်ဖြစ်နေသော ကျွန်ုပ်အမြင်များ ပြောင်းလဲသွားပါပြီ။ သင်တို့နှစ်ဦးအား
အလွန်လေးစားမိပါ ကြောင်း။
တစ်သက်လုံးက
မတည့်ခဲ့ကြတဲ့ သူတွေတောင် လက်ဆွဲနှုတ်ဆက်၊ လက်မှတ်တွေထိုးကုန်ကြပြီ။ ကျုပ်တို့ဆီက စစ်ဘေးဒုက္ခသည်တွေ
ဘယ်တော့များမှ နေရပ်ပြန်နိုင်ကြမှာပါလိမ့်။ တွေးရင်းတွေးရင်း ဝမ်းနည်းမိသဖြင့် မျက်ရည်နှစ်စက်
ကျသွားသည်။
တောက်၊ တောက်
အေးငြိမ်း
၁၃
ဇွန်၊ ၂၀၁၈
No comments:
Post a Comment