Thursday, January 4, 2018

လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးအရာရိွ (၂)



(၃) Safety Officer တစ္ဦး၏ လုပ္ငန္းတာ၀န္မ်ား

            စင္ကာပူတြင္ လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးအရာရိွမ်ား ခန္႔ထားေဆာင္ရြက္ျခင္းကို ဥပေဒျဖင့္ ျပ႒ာန္းထားပါသည္။ ဥပေဒမွာ Workplace Safety and Health Act (Workplace Safety and Health Officers) Regulations ျဖစ္ၿပီး ထိုဥပေဒတြင္ Safety Officer တစ္ဦး၏ လုပ္ငန္းတာ၀န္မ်ားကို ေဖာ္ျပထား၏။
            ထိုဥပေဒအရ Safety Officer တစ္ဦးျဖစ္ရန္ သတ္မွတ္ထားေသာ သင္တန္း (WSH level C) တက္ေရာက္ေအာင္ျမင္ၿပီး သက္ဆိုင္ရာလုပ္ငန္းမ်ား၌ လုပ္ငန္းအေတြ႔အႀကံဳ အနည္းဆံုး (၂) ႏွစ္ရိွရမည္။ ဤတြင္ေဖာ္ျပထားသည့္ လုပ္ငန္းအေတြ႔အႀကံဳ ဆိုသည္မွာ ေဆာက္လုပ္ေရးလုပ္ငန္း၌ Safety Officer လုပ္လိုပါက ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၌ လုပ္ငန္းအေတြ႔အႀကံဳ (၂) ႏွစ္ရိွရမည္ဟု ဆိုလိုျခင္းျဖစ္သည္။ ေဖာ္ျပပါထိုအခ်က္မ်ားႏွင့္ မကိုက္ညီေစကာမူ သူတစ္ဦးတစ္ေယာက္သည္ Safety Officer ျဖစ္ရန္ လံုေလာက္ေသာ အရည္အခ်င္းရိွသည္ဟု ေကာ္မရွင္နာမင္းႀကီးက သတ္မွတ္လွ်င္ Safety Officer ျဖစ္ခြင့္ရိွပါသည္။
            ထိုဥပေဒ၌ပင္ Safety Officer မ်ားသည္ သူတို႔ႏွင့္သက္ဆိုင္ေသာ သင္တန္းမ်ားကို တက္ရမည္။ မတက္လွ်င္ ကိုင္ေဆာင္ထားသည့္ Safety Officer လိုင္စင္ကို ရုပ္သိမ္းႏိုင္သည္ ဟု ေဖာ္ျပထားရာ ဤသည္မွာ Safety Officer မ်ား၏ အရည္ အေသြးကို ျမွင့္တင္ရန္ တြန္းအားေပးထားသည့္ အခ်က္တစ္ခုျဖစ္ပါသည္။
            ဥပေဒ၌ ေဖာ္ျပထားေသာ လုပ္ငန္းခြင္အႏၱရာယ္ကင္းေရး အရာရိွတစ္ဦး၏ အဓိကတာ၀န္မ်ားမွာ ေအာက္ပါတို႔ျဖစ္၏။

၁။ မိမိလုပ္ငန္းခြင္အတြင္းရိွ ထင္သာျမင္သာရိွေသာ အႏၱရာယ္မ်ားကို ေဖာ္ထုတ္ရမည္။ အကဲျဖတ္ရမည္။ ထို႔ေနာက္ အလုပ္ရွင္သို႔ သတင္းပို႔ရမည္။
၂။ ထို႔ေနာက္ ထုိအႏၱရာယ္မ်ားကို ျဖစ္ႏိုင္သမွ်ေသာ လက္ေတြ႔က်သည့္နည္းအားလံုးသံုးလ်က္ ဖယ္ရွားပစ္ရမည္။
၃။ အကယ္၍ ထိုအႏၱရာယ္မ်ားကို မဖယ္ရွားႏိုင္ဆိုလွ်င္ အျခားေသာ နည္းလမ္းမ်ားသံုး၍ အႏၱရာယ္အနည္းဆံုးျဖစ္ေအာင္ ေလွ်ာ့ခ်ရမည္။ ထိုနည္းမ်ားတြင္ အင္ဂ်င္နီယာနည္းျဖင့္ ထိန္းခ်ဳပ္ျခင္း၊ အုပ္ခ်ဳပ္ေရးပုိင္းဆိုင္ရာ ထိန္းခ်ဳပ္ျခင္း ႏွင့္ တစ္ကုိယ္ေရကာကြယ္ေရးပစၥည္းမ်ား သံုးစဲြေစျခင္းတို႔ပါသည္။
၄။ အလုပ္မွန္သမွ် မည္သည့္အလုပ္မဆို အႏၱရာယ္ကင္းစြာလုပ္ကုိင္ရမည့္ အစီအစဥ္ေရးဆဲြထားရမည္။ ထိုနည္းစဥ္မ်ားအတိုင္း အလုပ္သမားမ်ား လုိက္နာလုပ္ေဆာင္ေၾကာင္း ေသခ်ာေစရမည္။

            အျခား တာ၀န္၀တၱရားမ်ားမွာ အထက္ေဖာ္ျပပါ အဓိကတာ၀န္မ်ားကို ကူညီပံ့ပိုးေပးျခင္းမွ်ျဖစ္၏။

            ပထမဦးဆံုးအေနႏွင့္ Safety Officer တစ္ဦးသည္ ျပ႒ာန္းထားေသာ ဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္း စည္းကမ္း၊ စံႏႈန္းမ်ားကို ေသေသခ်ာခ်ာ နားလည္သေဘာေပါက္ေနရန္ အေရးႀကီး၏။ သို႔မွသာ မိမိလုပ္ငန္းခြင္ကို ဥပေဒႏွင့္အညီ ထိန္းထားႏုိင္မည္ျဖစ္ပါသည္။
            ေဖာ္ေဆာင္ေနသည့္ အႏၱရာယ္ကင္းေရးအစီအမံမ်ား၊ တပ္ဆင္ထားသည့္ အႏၱရာယ္ကာကြယ္ေရး အကာအရံမ်ားသည္ ခ်မွတ္ထားသည့္ ဥပေဒစည္းမ်ဥ္း၊ စံမ်ားႏွင့္ ကုိက္ညီမညီ သိႏုိင္ရန္ Safety Officer သည္ ဥပေဒ၊ နည္းဥပေဒ၊ စံႏႈန္းမ်ားက သတ္မွတ္ေပးထားသည့္ အတိုင္းအတာ၊ စံမ်ားကို သိေနမွ ျဖစ္ေပမည္။
            စင္ကာပူမွ လုပ္ငန္းခြင္အႏၱရာယ္ကင္းေရးႏွင့္ ပတ္သက္သည့္ နည္းဥပေဒအခ်ိဳ႔မွာ ေအာက္ပါတို႔ ျဖစ္၏။

1.     ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္             - WSH (Construction) Regulations
2.     ကတုတ္က်င္း၊ လိုဏ္မ်ားအတြင္း အလုပ္လုပ္ျခင္းအတြက္            - WSH (Confined Spaces) Regulations
3.     ေရွးဦးသူနာျပဳစုျခင္းအတြက္                        - WSH (First-Aid) Regulations
4.     အေထြေထြပံ့ပုိးမႈမ်ားအတြက္                        - WSH (General Provisions) Regulations
5.     မေတာ္တဆမႈ သတင္းပို႔ျခင္းအတြက္             - WSH (Incident Reporting) Regulations
6.     ဆူညံသံသည့္ အလုပ္မ်ားအတြက္                  - WSH (Noise) Regulations
7.     ဝန္ခ်ီစက္ေမာင္းျခင္းအတြက္                        - WSH (Operation of Cranes) Regulations
8.     အႏၱရာယ္မ်ားစီမံခန္႔ခဲြမႈအတြက္                     - WSH (Risk Management) Regulations
9.     အႏၱရာယ္ကင္းေရးစီမံခ်က္အတြက္                - WSH (Safety and Health Management System and Auditing) Regulations
10.  ျငမ္းစင္မ်ားအတြက္                                   - WSH (Scaffolds) Regulations
11.  အျမင့္တြင္အလုပ္လုပ္ျခင္းအတြက္                 - WSH (Work at Heights) Regulations
12.  အႏၱရာယ္ကင္းေရးေကာ္မတီအတြက္ - WSH (Workplace Safety and Health Committees) Regulations 
13.  အႏၱရာယ္ကင္းေရးအရာရိွမ်ားအတြက္            - WSH (Workplace Safety and Health Officers) Regulations
14.  ဥပေဒႏွင့္ အက်ံဳး၀င္သည့္လုပ္ငန္းမ်ားအတြက္ - WSH (Workplaces Subject to Act) Order

            စံႏႈန္းမ်ား (Singapore Standards and Code of Practices) မ်ားမွာ အေတာ္မ်ားပါသည္။ အေရးႀကီးေသာ စံႏႈန္းမ်ားကို ေဖာ္ျပရလွ်င္ ေအာက္ပါအတိုင္း ျဖစ္၏။
1.     Code of Practice for Working Safely at Heights
2.     Code of Practice on WSH Risk Management
3.     Code of Practice on Safe Lifting Operations in the Workplaces
4.     SS 280: Specification for Metal scaffoldings
5.     SS 506: Occupational safety and health (OSH) management 2009 system
6.     SS 510: Code of Practice for Safety in welding and cutting
7.     SS 536: Code of Practice for The safe use of mobile cranes
8.     SS 537: Code of Practice for Safe use of machinery
9.     SS 557: Code of Practice for Demolition
10.  SS 559: Code of Practice for Safe use of tower cranes
11.  SS 568: Code of Practice for Confined spaces
12.  SS 580: Code of Practice for Formwork
13.  SS 598: Code of Practice for Suspended scaffolds
14.  CP 14: Code of Practice for Scaffolds
15.  CP 5: Code of Practice for Electrical installations
16.  CP 79: Code of Practice for Safety management system for construction worksites
17.  CP 88: Code of Practice for Temporary electrical installations
            ထိုဥပေဒႏွင့္စံႏႈန္းမ်ားတြင္ Safety Officer တစ္ဦးအေနႏွင့္ မသိမျဖစ္သိရမည့္ အခ်က္အလက္မ်ား ပါသည္။ ဥပမာ - လက္ရမ္းတပ္ဆင္ရမည့္ စံႏႈန္း၊ ျငမ္းဆင္ရာတြင္ လိုအပ္ခ်က္၊ ေဖာင္ဝပ္ဆင္ရာ၌ ရိွရမည့္ စံႏႈန္းမ်ား၊ လုပ္ငန္းစစ္လုပ္ရန္ လိုအပ္ခ်က္၊ ဓာတ္ႀကိဳးမ်ား တပ္ဆင္ျခင္းအတြက္ လုိအပ္ခ်က္၊ ေျမက်င္းတူးျခင္းလုပ္ငန္းအတြက္ လိုအပ္ခ်က္ စသည္။
            Safety Officer တစ္ဦးလုပ္ရမည့္လုပ္ငန္းမ်ားကို တစ္ခ်က္ခ်င္း အေသးစိတ္ရွင္းျပရန္ မလြယ္ကူပါ။ သို႔တိုင္ ေယဘူယ် လုပ္ေဆာင္ရမည့္တာဝန္မ်ားကိုမူ ေအာက္ပါအတိုင္း ေဖာ္ျပႏုိင္ပါသည္။

၃၊ ၁။ ဥပေဒအရ သိမ္းဆည္းထားရမည့္ စာရြက္စာတမ္းအားလံုးကို စနစ္တက် သိမ္းဆည္းျခင္း
            ထိုစာရြက္စာတမ္းမ်ားတြင္ ေအာက္ပါတို႔ပါ၀င္ပါသည္။
§  လုပ္ငန္းလိုင္စင္မ်ား (Factory license၊ BCA မွ ထုတ္ေပးသည့္ ေဆာက္လုပ္ခြင့္လိုင္စင္၊ မီးအသံုးျပဳမႈလုိင္စင္ စသည္)
§  အႏၱရာယ္ကင္းေရးမူဝါဒ ႏွင့္  ထိုမူဝါဒကို ရွင္းလင္းေျပာျပသည့္၊ ျဖန္႔ေဝထားသည့္ မွတ္တမ္းမ်ား
§  အႏၱရာယ္ကင္းစြာ လုပ္ကိုင္ေရးအစီအစဥ္ (Safe Work Procedure) မွတ္တမ္းမ်ား
§  အႏၱရာယ္စီမံခန္႔ခဲြမႈ (Risk Assessment) မွတ္တမ္းမ်ား
§  အႏၱရာယ္မ်ားသည့္ပစၥည္းမ်ား၏ သတင္းအခ်က္အလက္ (Material Safety Data Sheet) ႏွင့္ ထုိစာရြက္စာတမ္းအား အသံုးျပဳသူအလုပ္သမားသို႔ ရွင္းျပသည့္ မွတ္တမ္းမ်ား
§  ဝန္ထမ္းမ်ား၏ သင္တန္းမွတ္တမ္းမ်ား (Training Records)(ဥပမာ - ပေရာဂ်က္မန္ေနဂ်ာအတြက္ Safety Course for Project Managers, Risk Management Course စသည္)
§  အလုပ္ခန္႔စာမ်ား (Appointment letters)
§  ေန႔စဥ္ Toolbox Meeting မွတ္တမ္းမ်ား၊ အပတ္စဥ္၊ လစဥ္ စည္းေဝးပဲြ မွတ္တမ္းမ်ား
§  လုပ္ငန္းခြင္အတြင္း ဝင္ေရာက္လာသူအားလံုးကို သင္တန္းေပးရသည့္ Safety Induction Course မွတ္တမ္းမ်ား
§  စက္ကိရိယာျပဳျပင္ထိန္းသိမ္းမႈ မွတ္တမ္းမ်ား (Maintenance Record)
§  မေတာ္တဆထိခိုက္မႈ မွတ္တမ္းမ်ား (Incident Reports)
§  လုပ္ငန္းကြ်မ္းက်င္သူႏွင့္ ၎တို႔၏ လက္မွတ္/လိုင္စင္မွတ္တမ္းမ်ား (ဥပမာ - ေရွးဦးသူနာျပဳသူ၊ ကရိန္းေမာင္းသူ၊ ဝန္ခ်ီလုပ္ငန္း ႀကီးၾကပ္သူ၊အခ်က္ျပသူ၊ ႀကိဳးခ်ည္သူ၊ ျငမ္းဆင္သူ၊ ျငမ္းဆင္လုပ္ငန္းႀကီးၾကပ္သူ၊ ေဖာက္ကလစ္ေမာင္းသူ၊ ေလာ္ရီကားေမာင္းသူ၊ ေဖာင္ဝပ္လုပ္ငန္း ႀကီးၾကပ္သူ၊ လွ်ပ္စစ္သြယ္တန္းသူ၊ စက္ကိရိယာမ်ား ျပင္ဆင္သူ၊ ေျမတူးစက္ေမာင္းသူ၊ ပိုင္ရိုက္စက္ေမာင္းသူ စသည္)
§  အႏၱရာယ္ကင္းေရးဆိုင္ရာ သင္တန္းဆင္းလက္မွတ္မ်ား (ဥပမာ - Safety Supervisor လက္မွတ္၊ Safety Officer လက္မွတ္ႏွင့္ လိုင္စင္၊ အလုပ္သမားမ်ားအတြက္ CSOC လက္မွတ္၊ ႀကီးၾကပ္ေရမႉးမ်ားအတြက္ BCSS လက္မွတ္၊ အျမင့္တြင္လုပ္သည့္ လုပ္ငန္း ႀကီးၾကပ္သူလက္မွတ္၊ ကြန္ဖိုင္းစေပ့စ္အတြင္း လုပ္ရသည့္လုပ္ငန္းမ်ား ႀကီးၾကပ္သူလက္မွတ္ စသည္)
§  ပစၥည္းမ်ား စစ္ေဆးမႈမွတ္တမ္းမ်ား (ဥပမာ - ဝန္ခ်ီစက္မ်ား စစ္ေဆးမႈမွတ္တမ္း၊ ဝန္ခ်ီကိရိယာမ်ား စစ္ေဆးမႈမွတ္တမ္း၊ ေလအိုးမ်ား စစ္ေဆးမႈမွတ္တမ္း၊ Scissor lift, boom lift, gondola, mast climber စသည္တို႔၏ စစ္ေဆးမႈမွတ္တမ္း စသည္)
§  စစ္ေဆးမႈမွတ္တမ္းမ်ား (ဥပမာ - ျငမ္းစင္စစ္ေဆးမႈမွတ္တမ္း၊ ေဖာင္ဝပ္စစ္ေဆးမႈမွတ္တမ္း၊ တစ္ကိုယ္ရည္ ကာကြယ္ေရး ပစၥည္းမ်ား စစ္ေဆးမႈမွတ္တမ္း၊ ေလွခါးစစ္ေဆးမႈမွတ္တမ္း၊ မီးသတ္ဘူးစစ္ေဆးမႈမွတ္တမ္း၊ လွ်ပ္စစ္သံုးစက္ကိရိယာမ်ား စစ္ေဆးမႈမွတ္တမ္း စသည္)
§  အလုပ္သမားအားလံုး၏ Workpermit, S Pass, Employment Pass စသည္
§  လုပ္ငန္းခြင္အႏၱရာယ္ကင္းေရး စစ္ေဆးမႈမွတ္တမ္းမ်ား (ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္ စသည္)
§  အေရးေပၚစီမံခ်က္မွတ္တမ္းမ်ား (အေရးေပၚစီမံခ်က္၊ ဇာတ္တိုက္ေလ့က်င့္ျခင္း စသည္)
§  လုပ္ငန္းခြင္အတြင္း ေပးသည့္သင္တန္း မွတ္တမ္းမ်ား (ဥပမာ - ဂြန္ဒိုလာ အသံုးျပဳနည္း၊ ေလွခါးအသံုးျပဳနည္း၊ မီးသတ္ဘူး အသံုးျပဳနည္း စသည္)
§  လုပ္ငန္းစစ္မွတ္တမ္းႏွင့္ အေရးယူေဆာင္ရြက္မႈ မွတ္တမ္းမ်ား (Safety Audit and Follow Up Action Records)
§  လုပ္ငန္းခြင္အႏၱရာယ္ကင္းေရး ျမွင့္တင္သည့္ လႈပ္ရွားမႈမွတ္တမ္းမ်ား (Safety Promotion activities)
§  စည္းကမ္းေဖာက္ဖ်က္သျဖင့္ အေရးယူသည့္ မွတ္တမ္းမ်ား
§  အာဏာပိုင္အဖဲြ႔အစည္းမ်ားႏွင့္ စာေပးစာယူ မွတ္တမ္းမ်ား


၃၊ ၂။ Safety Induction course သင္တန္းေပးျခင္း

            Safety Officer တစ္ဦးအေနႏွင့္ မိမိလုပ္ငန္းခြင္အတြင္းသုိ႔ အသစ္ေရာက္ရိွလာသည့္ ဝန္ထမ္းအားလံုး (မန္ေနဂ်ာ၊ အင္ဂ်င္နီယာ၊ အလုပ္သမား စသည္) ကို အလုပ္မစမီ သိသင့္သိထိုက္သည့္ အႏၱရာယ္ကင္းေရးဆုိင္ရာ စည္းမ်ဥ္းမ်ားကို ရွင္းျပရပါမည္။
            ဤအထဲတြင္ မိမိတို႔ ကုမၸဏီက ခ်မွတ္က်င့္သံုးေနသည့္ အႏၱရာယ္ကင္းေရးဆိုင္ရာ မူဝါဒ၊ မိမိတို႔ ကုမၸဏီ၏ ဤလုပ္ငန္းႏွင့္ပတ္သက္၍ ခ်မွတ္ထားေသာ ေယဘူယ် အႏၱရာယ္ကင္းေရးဆိုင္ရာ စည္းမ်ဥ္းမ်ား၊ အႏၱရာယ္ကင္းေအာင္ လုပ္ကိုင္ရမည့္ အစီအစဥ္၊ ျဖစ္ႏုိင္သည့္အႏၱရာယ္မ်ားႏွင့္ ကာကြယ္ရမည့္ နည္းလမ္းမ်ား၊ အေရးအေပၚအေျခအေနတြင္ တံု႔ျပန္နည္း၊ အႏၱရာယ္မကင္းသည့္လႈပ္ရွားမႈ (သုိ႔) အေျခအေနေတြ႔ပါက သတင္းပုိ႔ပံုပို႔နည္း၊ အေရးေပၚဆက္သြယ္ရမည့္ ဖံုးနံပါတ္ မ်ား၊ အေရးေပၚထြက္ေပါက္၊ ထမင္းစားရန္ေနရာ၊ နားေနရန္ေနရာ၊ အိမ္သာ၊ ေျခလက္မ်က္ႏွာ ေဆးေၾကာရန္ ေနရာ၊ ေသာက္ေရ ရႏိုင္သည့္ေနရာ၊ အနီးဆံုးေဆးခန္း၊ ေဆးရံုလိပ္စာႏွင့္ ဖံုးနံပါတ္ စသည္တို႔ ပါဝင္ပါသည္။
            SIC သင္တန္းေပးသည္ႏွင့္တၿပိဳင္နက္ ၎တုိ႔၏ workpass မ်ား (Workpermit, S Pass, Employment Pass စသည္) ကို မိတၱဴကူးထားရမည္။ ထို႔ျပင္ သင္တန္းေပးသည္ကို နားလည္သေဘာေပါက္ေၾကာင္းလည္း လက္မွတ္ထိုးကာ မွတ္တမ္းတင္ ထားရမည္။ SIC လာသည့္အခါ တစ္ကုိယ္ေရကာကြယ္ေရးပစၥည္းမ်ားပါ တစ္ပါတည္း ယူေဆာင္လာခိုင္းရမည္။ ထိုပစၥည္းမ်ား ရိွေၾကာင္းလည္း မွတ္တမ္းတင္ထားရသည္။
            SIC သင္တန္းေပးျခင္းသည္ အေရးႀကီး၏။ အျပင္မွလာသည့္ လူစိမ္းမ်ားသည္ မိမိလုပ္ငန္းခြင္အေၾကာင္း ဘာမွ မသိေသးသူမ်ားျဖစ္သည္။ ထို႔ေၾကာင့္ ဤလုပ္ငန္းခြင္၏ အေနအထား၊ လုပ္ငန္း သေဘာသဘာဝ၊ ျဖစ္ႏုိင္သည့္ အႏၱရာယ္မ်ား စသည္တို႔ကို ေသခ်ာက်နစြာ ရွင္းျပရသည္။ အကယ္၍ အလုပ္သမားမ်ားသည္ မိမိေျပာဆိုသည့္ ဘာသာစကားကို နားမလည္ႏိုင္သည္ ျဖစ္အံ့။ ၎တို႔ဘာသာစကားကို ေျပာတတ္သူ တစ္ဦးဦးအား ဘာသာျပန္ခိုင္းကာ ေျပာဆိုျပရမည္။ သို႔မဟုတ္ပါက အလုပ္သမားမ်ားအတြက္ အလြန္ အႏၱရာယ္ မ်ားေလသည္။
            SIC သင္တန္းေပးရာတြင္ အၿမဲအလုပ္လုပ္ေနသူမ်ားသာမက တစ္ခါတစ္ရံမွလာသူ ဧည့္သည္မ်ား၊ စက္ျပင္သူမ်ား အားလည္း ရွင္းလင္းျပသရန္လိုသည္။ အာဏာပိုင္အဖဲြ႔မွ လာသည္ဆုိလွ်င္ပင္ ၎တို႔အား မိမိက SIC သင္တန္းေပးျခင္းမွာ မွားယြင္းသည့္လုပ္ရပ္မဟုတ္ပါ။ မိမိ၏တာဝန္တစ္ရပ္အေနႏွင့္ လုပ္ပိုင္ခြင့္ ရိွပါသည္။

ဆက္ပါဦးမည္။

================++++++++++================

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိ ()

(နေရီချို)

() Safety Officer တစ်ဦး၏ လုပ်ငန်းတာဝန်များ

                စင်ကာပူတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိများ ခန့်ထားဆောင်ရွက်ခြင်းကို ဥပဒေဖြင့် ပြဋ္ဌာန်းထားပါသည်။ ဥပဒေမှာ Workplace Safety and Health Act (Workplace Safety and Health Officers) Regulations ဖြစ်ပြီး ထိုဥပဒေတွင် Safety Officer တစ်ဦး၏ လုပ်ငန်းတာဝန်များကို ဖော်ပြထား၏။
                ထိုဥပဒေအရ Safety Officer တစ်ဦးဖြစ်ရန် သတ်မှတ်ထားသော သင်တန်း (WSH level C) တက်ရောက်အောင်မြင်ပြီး သက်ဆိုင်ရာလုပ်ငန်းများ၌ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး () နှစ်ရှိရမည်။ ဤတွင်ဖော်ပြထားသည့် လုပ်ငန်းအတွေ့အကြံု ဆိုသည်မှာ ဆောက်လုပ်ရေးလုပ်ငန်း၌ Safety Officer လုပ်လိုပါက ဆောက်လုပ်ရေးလုပ်ငန်းများ၌ လုပ်ငန်းအတွေ့အကြံု () နှစ်ရှိရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဖော်ပြပါထိုအချက်များနှင့် မကိုက်ညီစေကာမူ သူတစ်ဦးတစ်ယောက်သည် Safety Officer ဖြစ်ရန် လုံလောက်သော အရည်အချင်းရှိသည်ဟု ကော်မရှင်နာမင်းကြီးက သတ်မှတ်လျှင် Safety Officer ဖြစ်ခွင့်ရှိပါသည်။
                ထိုဥပဒေ၌ပင် Safety Officer များသည် သူတို့နှင့်သက်ဆိုင်သော သင်တန်းများကို တက်ရမည်။ မတက်လျှင် ကိုင်ဆောင်ထားသည့် Safety Officer လိုင်စင်ကို ရုပ်သိမ်းနိုင်သည် ဟု ဖော်ပြထားရာ ဤသည်မှာ Safety Officer များ၏ အရည် အသွေးကို မြှင့်တင်ရန် တွန်းအားပေးထားသည့် အချက်တစ်ခုဖြစ်ပါသည်။
                ဥပဒေ၌ ဖော်ပြထားသော လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အရာရှိတစ်ဦး၏ အဓိကတာဝန်များမှာ အောက်ပါတို့ဖြစ်၏။

၁။ မိမိလုပ်ငန်းခွင်အတွင်းရှိ ထင်သာမြင်သာရှိသော အန္တရာယ်များကို ဖော်ထုတ်ရမည်။ အကဲဖြတ်ရမည်။ ထို့နောက် အလုပ်ရှင်သို့ သတင်းပို့ရမည်။
၂။ ထို့နောက် ထိုအန္တရာယ်များကို ဖြစ်နိုင်သမျှသော လက်တွေ့ကျသည့်နည်းအားလုံးသုံးလျက် ဖယ်ရှားပစ်ရမည်။
၃။ အကယ်၍ ထိုအန္တရာယ်များကို မဖယ်ရှားနိုင်ဆိုလျှင် အခြားသော နည်းလမ်းများသုံး၍ အန္တရာယ်အနည်းဆုံးဖြစ်အောင် လျှော့ချရမည်။ ထိုနည်းများတွင် အင်ဂျင်နီယာနည်းဖြင့် ထိန်းချုပ်ခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထိန်းချုပ်ခြင်း နှင့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ သုံးစွဲစေခြင်းတို့ပါသည်။
၄။ အလုပ်မှန်သမျှ မည်သည့်အလုပ်မဆို အန္တရာယ်ကင်းစွာလုပ်ကိုင်ရမည့် အစီအစဉ်ရေးဆွဲထားရမည်။ ထိုနည်းစဉ်များအတိုင်း အလုပ်သမားများ လိုက်နာလုပ်ဆောင်ကြောင်း သေချာစေရမည်။

                အခြား တာဝန်ဝတ္တရားများမှာ အထက်ဖော်ပြပါ အဓိကတာဝန်များကို ကူညီပံ့ပိုးပေးခြင်းမျှဖြစ်၏။

                ပထမဦးဆုံးအနေနှင့် Safety Officer တစ်ဦးသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ စံနှုန်းများကို သေသေချာချာ နားလည်သဘောပေါက်နေရန် အရေးကြီး၏။ သို့မှသာ မိမိလုပ်ငန်းခွင်ကို ဥပဒေနှင့်အညီ ထိန်းထားနိုင်မည်ဖြစ်ပါသည်။
                ဖော်ဆောင်နေသည့် အန္တရာယ်ကင်းရေးအစီအမံများ၊ တပ်ဆင်ထားသည့် အန္တရာယ်ကာကွယ်ရေး အကာအရံများသည် ချမှတ်ထားသည့် ဥပဒေစည်းမျဉ်း၊ စံများနှင့် ကိုက်ညီမညီ သိနိုင်ရန် Safety Officer သည် ဥပဒေ၊ နည်းဥပဒေ၊ စံနှုန်းများက သတ်မှတ်ပေးထားသည့် အတိုင်းအတာ၊ စံများကို သိနေမှ ဖြစ်ပေမည်။
                စင်ကာပူမှ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ပတ်သက်သည့် နည်းဥပဒေအချို့မှာ အောက်ပါတို့ ဖြစ်၏။

1.            ဆောက်လုပ်ရေးလုပ်ငန်းများအတွက်   - WSH (Construction) Regulations
2.            ကတုတ်ကျင်း၊ လိုဏ်များအတွင်း အလုပ်လုပ်ခြင်းအတွက်           - WSH (Confined Spaces) Regulations
3.            ရှေးဦးသူနာပြုစုခြင်းအတွက်                     - WSH (First-Aid) Regulations
4.            အထွေထွေပံ့ပိုးမှုများအတွက်                    - WSH (General Provisions) Regulations
5.            မတော်တဆမှု သတင်းပို့ခြင်းအတွက်    - WSH (Incident Reporting) Regulations
6.            ဆူညံသံသည့် အလုပ်များအတွက်                           - WSH (Noise) Regulations
7.            ဝန်ချီစက်မောင်းခြင်းအတွက်                    - WSH (Operation of Cranes) Regulations
8.            အန္တရာယ်များစီမံခန့်ခွဲမှုအတွက်                              - WSH (Risk Management) Regulations
9.            အန္တရာယ်ကင်းရေးစီမံချက်အတွက်                       - WSH (Safety and Health Management System and Auditing) Regulations
10.          ငြမ်းစင်များအတွက်                                       - WSH (Scaffolds) Regulations
11.          အမြင့်တွင်အလုပ်လုပ်ခြင်းအတွက်                         - WSH (Work at Heights) Regulations
12.          အန္တရာယ်ကင်းရေးကော်မတီအတွက်    - WSH (Workplace Safety and Health Committees) Regulations 
13.          အန္တရာယ်ကင်းရေးအရာရှိများအတွက်                 - WSH (Workplace Safety and Health Officers) Regulations
14.          ဥပဒေနှင့် အကျံုးဝင်သည့်လုပ်ငန်းများအတွက် - WSH (Workplaces Subject to Act) Order

                စံနှုန်းများ (Singapore Standards and Code of Practices) များမှာ အတော်များပါသည်။ အရေးကြီးသော စံနှုန်းများကို ဖော်ပြရလျှင် အောက်ပါအတိုင်း ဖြစ်၏။
1.            Code of Practice for Working Safely at Heights
2.            Code of Practice on WSH Risk Management
3.            Code of Practice on Safe Lifting Operations in the Workplaces
4.            SS 280: Specification for Metal scaffoldings
5.            SS 506: Occupational safety and health (OSH) management 2009 system
6.            SS 510: Code of Practice for Safety in welding and cutting
7.            SS 536: Code of Practice for The safe use of mobile cranes
8.            SS 537: Code of Practice for Safe use of machinery
9.            SS 557: Code of Practice for Demolition
10.          SS 559: Code of Practice for Safe use of tower cranes
11.          SS 568: Code of Practice for Confined spaces
12.          SS 580: Code of Practice for Formwork
13.          SS 598: Code of Practice for Suspended scaffolds
14.          CP 14: Code of Practice for Scaffolds
15.          CP 5: Code of Practice for Electrical installations
16.          CP 79: Code of Practice for Safety management system for construction worksites
17.          CP 88: Code of Practice for Temporary electrical installations
                ထိုဥပဒေနှင့်စံနှုန်းများတွင် Safety Officer တစ်ဦးအနေနှင့် မသိမဖြစ်သိရမည့် အချက်အလက်များ ပါသည်။ ဥပမာ - လက်ရမ်းတပ်ဆင်ရမည့် စံနှုန်း၊ ငြမ်းဆင်ရာတွင် လိုအပ်ချက်၊ ဖောင်ဝပ်ဆင်ရာ၌ ရှိရမည့် စံနှုန်းများ၊ လုပ်ငန်းစစ်လုပ်ရန် လိုအပ်ချက်၊ ဓာတ်ကြိုးများ တပ်ဆင်ခြင်းအတွက် လိုအပ်ချက်၊ မြေကျင်းတူးခြင်းလုပ်ငန်းအတွက် လိုအပ်ချက် စသည်။
                Safety Officer တစ်ဦးလုပ်ရမည့်လုပ်ငန်းများကို တစ်ချက်ချင်း အသေးစိတ်ရှင်းပြရန် မလွယ်ကူပါ။ သို့တိုင် ယေဘူယျ လုပ်ဆောင်ရမည့်တာဝန်များကိုမူ အောက်ပါအတိုင်း ဖော်ပြနိုင်ပါသည်။

၃၊ ၁။ ဥပဒေအရ သိမ်းဆည်းထားရမည့် စာရွက်စာတမ်းအားလုံးကို စနစ်တကျ သိမ်းဆည်းခြင်း
                ထိုစာရွက်စာတမ်းများတွင် အောက်ပါတို့ပါ၀င်ပါသည်။
             လုပ်ငန်းလိုင်စင်များ (Factory license BCA မှ ထုတ်ပေးသည့် ဆောက်လုပ်ခွင့်လိုင်စင်၊ မီးအသုံးပြုမှုလိုင်စင် စသည်)
             အန္တရာယ်ကင်းရေးမူဝါဒ နှင့်  ထိုမူဝါဒကို ရှင်းလင်းပြောပြသည့်၊ ဖြန့်ဝေထားသည့် မှတ်တမ်းများ
             အန္တရာယ်ကင်းစွာ လုပ်ကိုင်ရေးအစီအစဉ် (Safe Work Procedure) မှတ်တမ်းများ
             အန္တရာယ်စီမံခန့်ခွဲမှု (Risk Assessment) မှတ်တမ်းများ
             အန္တရာယ်များသည့်ပစ္စည်းများ၏ သတင်းအချက်အလက် (Material Safety Data Sheet) နှင့် ထိုစာရွက်စာတမ်းအား အသုံးပြုသူအလုပ်သမားသို့ ရှင်းပြသည့် မှတ်တမ်းများ
             ဝန်ထမ်းများ၏ သင်တန်းမှတ်တမ်းများ (Training Records)(ဥပမာ - ပရောဂျက်မန်နေဂျာအတွက် Safety Course for Project Managers, Risk Management Course စသည်)
             အလုပ်ခန့်စာများ (Appointment letters)
             နေ့စဉ် Toolbox Meeting မှတ်တမ်းများ၊ အပတ်စဉ်၊ လစဉ် စည်းဝေးပွဲ မှတ်တမ်းများ
             လုပ်ငန်းခွင်အတွင်း ဝင်ရောက်လာသူအားလုံးကို သင်တန်းပေးရသည့် Safety Induction Course မှတ်တမ်းများ
             စက်ကိရိယာပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းများ (Maintenance Record)
             မတော်တဆထိခိုက်မှု မှတ်တမ်းများ (Incident Reports)
             လုပ်ငန်းကျွမ်းကျင်သူနှင့် ၎င်းတို့၏ လက်မှတ်/လိုင်စင်မှတ်တမ်းများ (ဥပမာ - ရှေးဦးသူနာပြုသူ၊ ကရိန်းမောင်းသူ၊ ဝန်ချီလုပ်ငန်း ကြီးကြပ်သူ၊အချက်ပြသူ၊ ကြိုးချည်သူ၊ ငြမ်းဆင်သူ၊ ငြမ်းဆင်လုပ်ငန်းကြီးကြပ်သူ၊ ဖောက်ကလစ်မောင်းသူ၊ လော်ရီကားမောင်းသူ၊ ဖောင်ဝပ်လုပ်ငန်း ကြီးကြပ်သူ၊ လျှပ်စစ်သွယ်တန်းသူ၊ စက်ကိရိယာများ ပြင်ဆင်သူ၊ မြေတူးစက်မောင်းသူ၊ ပိုင်ရိုက်စက်မောင်းသူ စသည်)
             အန္တရာယ်ကင်းရေးဆိုင်ရာ သင်တန်းဆင်းလက်မှတ်များ (ဥပမာ - Safety Supervisor လက်မှတ်၊ Safety Officer လက်မှတ်နှင့် လိုင်စင်၊ အလုပ်သမားများအတွက် CSOC လက်မှတ်၊ ကြီးကြပ်ရေမှူးများအတွက် BCSS လက်မှတ်၊ အမြင့်တွင်လုပ်သည့် လုပ်ငန်း ကြီးကြပ်သူလက်မှတ်၊ ကွန်ဖိုင်းစပေ့စ်အတွင်း လုပ်ရသည့်လုပ်ငန်းများ ကြီးကြပ်သူလက်မှတ် စသည်)
             ပစ္စည်းများ စစ်ဆေးမှုမှတ်တမ်းများ (ဥပမာ - ဝန်ချီစက်များ စစ်ဆေးမှုမှတ်တမ်း၊ ဝန်ချီကိရိယာများ စစ်ဆေးမှုမှတ်တမ်း၊ လေအိုးများ စစ်ဆေးမှုမှတ်တမ်း၊ Scissor lift, boom lift, gondola, mast climber စသည်တို့၏ စစ်ဆေးမှုမှတ်တမ်း စသည်)
             စစ်ဆေးမှုမှတ်တမ်းများ (ဥပမာ - ငြမ်းစင်စစ်ဆေးမှုမှတ်တမ်း၊ ဖောင်ဝပ်စစ်ဆေးမှုမှတ်တမ်း၊ တစ်ကိုယ်ရည် ကာကွယ်ရေး ပစ္စည်းများ စစ်ဆေးမှုမှတ်တမ်း၊ လှေခါးစစ်ဆေးမှုမှတ်တမ်း၊ မီးသတ်ဘူးစစ်ဆေးမှုမှတ်တမ်း၊ လျှပ်စစ်သုံးစက်ကိရိယာများ စစ်ဆေးမှုမှတ်တမ်း စသည်)
             အလုပ်သမားအားလုံး၏ Workpermit, S Pass, Employment Pass စသည်
             လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စစ်ဆေးမှုမှတ်တမ်းများ (နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စသည်)
             အရေးပေါ်စီမံချက်မှတ်တမ်းများ (အရေးပေါ်စီမံချက်၊ ဇာတ်တိုက်လေ့ကျင့်ခြင်း စသည်)
             လုပ်ငန်းခွင်အတွင်း ပေးသည့်သင်တန်း မှတ်တမ်းများ (ဥပမာ - ဂွန်ဒိုလာ အသုံးပြုနည်း၊ လှေခါးအသုံးပြုနည်း၊ မီးသတ်ဘူး အသုံးပြုနည်း စသည်)
             လုပ်ငန်းစစ်မှတ်တမ်းနှင့် အရေးယူဆောင်ရွက်မှု မှတ်တမ်းများ (Safety Audit and Follow Up Action Records)
             လုပ်ငန်းခွင်အန္တရာယ်ကင်းရေး မြှင့်တင်သည့် လှုပ်ရှားမှုမှတ်တမ်းများ (Safety Promotion activities)
             စည်းကမ်းဖောက်ဖျက်သဖြင့် အရေးယူသည့် မှတ်တမ်းများ
             အာဏာပိုင်အဖွဲ့အစည်းများနှင့် စာပေးစာယူ မှတ်တမ်းများ


၃၊ ၂။ Safety Induction course သင်တန်းပေးခြင်း

                Safety Officer တစ်ဦးအနေနှင့် မိမိလုပ်ငန်းခွင်အတွင်းသို့ အသစ်ရောက်ရှိလာသည့် ဝန်ထမ်းအားလုံး (မန်နေဂျာ၊ အင်ဂျင်နီယာ၊ အလုပ်သမား စသည်) ကို အလုပ်မစမီ သိသင့်သိထိုက်သည့် အန္တရာယ်ကင်းရေးဆိုင်ရာ စည်းမျဉ်းများကို ရှင်းပြရပါမည်။
                ဤအထဲတွင် မိမိတို့ ကုမ္ပဏီက ချမှတ်ကျင့်သုံးနေသည့် အန္တရာယ်ကင်းရေးဆိုင်ရာ မူဝါဒ၊ မိမိတို့ ကုမ္ပဏီ၏ ဤလုပ်ငန်းနှင့်ပတ်သက်၍ ချမှတ်ထားသော ယေဘူယျ အန္တရာယ်ကင်းရေးဆိုင်ရာ စည်းမျဉ်းများ၊ အန္တရာယ်ကင်းအောင် လုပ်ကိုင်ရမည့် အစီအစဉ်၊ ဖြစ်နိုင်သည့်အန္တရာယ်များနှင့် ကာကွယ်ရမည့် နည်းလမ်းများ၊ အရေးအပေါ်အခြေအနေတွင် တုံ့ပြန်နည်း၊ အန္တရာယ်မကင်းသည့်လှုပ်ရှားမှု (သို့) အခြေအနေတွေ့ပါက သတင်းပို့ပုံပို့နည်း၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုံးနံပါတ် များ၊ အရေးပေါ်ထွက်ပေါက်၊ ထမင်းစားရန်နေရာ၊ နားနေရန်နေရာ၊ အိမ်သာ၊ ခြေလက်မျက်နှာ ဆေးကြောရန် နေရာ၊ သောက်ရေ ရနိုင်သည့်နေရာ၊ အနီးဆုံးဆေးခန်း၊ ဆေးရုံလိပ်စာနှင့် ဖုံးနံပါတ် စသည်တို့ ပါဝင်ပါသည်။
                SIC သင်တန်းပေးသည်နှင့်တပြိုင်နက် ၎င်းတို့၏ workpass များ (Workpermit, S Pass, Employment Pass စသည်) ကို မိတ္တူကူးထားရမည်။ ထို့ပြင် သင်တန်းပေးသည်ကို နားလည်သဘောပေါက်ကြောင်းလည်း လက်မှတ်ထိုးကာ မှတ်တမ်းတင် ထားရမည်။ SIC လာသည့်အခါ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများပါ တစ်ပါတည်း ယူဆောင်လာခိုင်းရမည်။ ထိုပစ္စည်းများ ရှိကြောင်းလည်း မှတ်တမ်းတင်ထားရသည်။
                SIC သင်တန်းပေးခြင်းသည် အရေးကြီး၏။ အပြင်မှလာသည့် လူစိမ်းများသည် မိမိလုပ်ငန်းခွင်အကြောင်း ဘာမှ မသိသေးသူများဖြစ်သည်။ ထို့ကြောင့် ဤလုပ်ငန်းခွင်၏ အနေအထား၊ လုပ်ငန်း သဘောသဘာဝ၊ ဖြစ်နိုင်သည့် အန္တရာယ်များ စသည်တို့ကို သေချာကျနစွာ ရှင်းပြရသည်။ အကယ်၍ အလုပ်သမားများသည် မိမိပြောဆိုသည့် ဘာသာစကားကို နားမလည်နိုင်သည် ဖြစ်အံ့။ ၎င်းတို့ဘာသာစကားကို ပြောတတ်သူ တစ်ဦးဦးအား ဘာသာပြန်ခိုင်းကာ ပြောဆိုပြရမည်။ သို့မဟုတ်ပါက အလုပ်သမားများအတွက် အလွန် အန္တရာယ် များလေသည်။
                SIC သင်တန်းပေးရာတွင် အမြဲအလုပ်လုပ်နေသူများသာမက တစ်ခါတစ်ရံမှလာသူ ဧည့်သည်များ၊ စက်ပြင်သူများ အားလည်း ရှင်းလင်းပြသရန်လိုသည်။ အာဏာပိုင်အဖွဲ့မှ လာသည်ဆိုလျှင်ပင် ၎င်းတို့အား မိမိက SIC သင်တန်းပေးခြင်းမှာ မှားယွင်းသည့်လုပ်ရပ်မဟုတ်ပါ။ မိမိ၏တာဝန်တစ်ရပ်အနေနှင့် လုပ်ပိုင်ခွင့် ရှိပါသည်။


ဆက်ပါဦးမည်။

No comments: