လုပ္ငန္းခြင္အႏၱရာယ္ကင္းေရး၏
အဓိကရည္မွန္းခ်က္မွာ မေတာ္တဆမႈမ်ားကို အနည္းဆံုးေရာက္ေအာင္ ေလွ်ာ့ခ်ေရးျဖစ္၏။
ဥပေဒမ်ားထုတ္ျခင္း၊
ဒဏ္ရုိက္ျခင္း၊ သင္တန္းမ်ားေပးျခင္း၊ အႏၱရာယ္ကင္းေရးဆိုင္ရာ အရာရိွမ်ား ခန္႔ထားေဆာင္ရြက္ေစျခင္း၊
အႏၱရာယ္ကင္းေရးအစီအမံမ်ား ခ်မွတ္ေဆာင္ရြက္ျခင္း၊ လုပ္ငန္းစစ္ျခင္း စသည့္အရာအားလံုးမွာ
လူေၾကာင့္ေသာ္လည္းေကာင္း၊ စက္ကိရိယာေၾကာင့္ေသာ္လည္းေကာင္း၊ အသိပညာမဲ့မႈေၾကာင့္ေသာ္
လည္းေကာင္း၊ ခ်မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားကို မလုိက္နာေသာေၾကာင့္ေသာ္ လည္းေကာင္း၊
အလုပ္ရွင္မ်ား၏ ဂရုမစုိက္မႈေၾကာင့္ေသာ္ လည္းေကာင္း ျဖစ္ရသည့္ လုပ္ငန္းခြင္ မေတာ္တဆမႈမ်ားကို
ကာကြယ္ရန္၊ မျဖစ္တန္သည္တို႔ မျဖစ္ေစရန္၊ အကယ္၍ မေတာ္တဆမႈတစ္ခုခု ျဖစ္ခဲ့လွ်င္ ေနာင္အလားတူ
မေတာ္တဆမႈမ်ား မျဖစ္ေစရန္ ရည္ရြယ္၍ ျပဳလုပ္ထားျခင္း ျဖစ္၏။
၂၀၁၇
ဒီဇင္ဘာလ ၆ ရက္ေန႔ထုတ္ The Voice ေန႔စဥ္သတင္းစာတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၁၇
ဇႏၷ၀ါရီလ ၁ ရက္ေန႔ မွ ေအာက္တိုဘာ ၃၁ ရက္ေန႔အတြင္း ေသမႈေသခင္းေပါင္း ၂၆ မ်ိဳး၌ လူ ၁၀၀၀
ခန္႔ ေသဆံုးခဲ့သည္ ဟု ေဖာ္ျပပါရိွ၏။
ထိုအထဲတြင္
ဓာတ္လိုက္ေသသူ - ၉၇ ဦး၊ ေရနစ္ေသသူ - ၂၆၁ ဦး၊ မုိးႀကိဳးပစ္ေသသူ - ၅ ဦး၊ အျမင့္မွ
ျပဳတ္က်ေသဆံုးသူ - ၅၀ ဦး၊ ကားရထားေပၚမွ ျပဳတ္က်ေသဆံုးသူ - ၁ ဦး၊ ရုတ္တရက္ ထိခိုက္ေသဆံုးသူ
- ၂၅ ဦး ပါသည္ဆို၏။
ဤသည္မွာ
ရန္ကုန္တိုင္းတစ္ခု အတြင္း၌သာ ရိွပါေသးသည္။ အျခား တိုင္းႏွင့္ျပည္နယ္မ်ားပါ ေပါင္းထည့္လိုက္လွ်င္
ေသဆံုးသူ ဦးေရမွာ ေၾကာက္ခမန္းလိလိျဖစ္ပါသည္။ ဤစာရင္းသည္ပင္လွ်င္ မည္မွ်တိက်သည္မသိႏိုင္။
လူမသိသူမသိ ျဖစ္သြားသည့္ ထိခိုက္ဒဏ္ရာရမႈမ်ားႏွင့္ ေသဆံုးမႈမ်ား အမ်ားအျပားရိွေနႏိုင္ပါေသးသည္။
ေရမေဆးေက်ာက္ ရွာသည့္ေနရာ တစ္ခုတည္း တင္ပင္ ရာႏွင့္ခ်ီကာ လူမ်ားေသၾကသည္။ ေသခ်ာလွသည္မွာ
ျမန္မာႏိုင္ငံတြင္ မေတာ္တဆမႈ ေၾကာင့္ ထိခိုက္ဒဏ္ရာရာသူ၊ ေသဆံုးသူဦးေရ အလြန္ျမင့္မားလ်က္ရိွသည္
ဆိုျခင္းပင္ျဖစ္၏။
ဤမွ်
ေသဆံုးမႈႏႈန္း အလြန္ျမင့္မားေနသည့္တိုင္ အစိုးရတာ၀န္ရိွသူမ်ားဘက္မွေရာ၊ အလုပ္ရွင္၊
အဖဲြ႔အစည္းမ်ားဘက္ကပါ မည္သူမွ တင္းတင္းက်ပ္က်ပ္၊ ဖိဖိစီးစီး အေရးယူေဆာင္ရြက္တာ မေတြ႔ရေသးပါ။
အဘယ္ေၾကာင့္နည္း။
လူကုိ လူလိုတန္ဘိုးထားမႈ မရိွေသး၍ ျဖစ္ပါသည္။ လူတစ္ေယာက္ ေသသည္ျဖစ္အံ့။ ပိုက္ဆံ အနည္းငယ္
ေပး၍ ႏွစ္သိမ့္လိုက္ရံုႏွင့္ ၿပီးသြားၾကသည္။ ကြ်န္ေတာ္တို႔ျမန္မာျပည္တြင္ လူ႔အသက္မ်ားကား
အလြန္ ေစ်းေပါလွပါေပသည္။
ဤကဲ့သိ႔ု
လူ႔အသက္တစ္ေခ်ာင္းကို တန္ဘိုးမထားသည္မွာ အစိုးရ၊ အလုပ္ရွင္မ်ားသာမဟုတ္ေသး။ ကာယကံရွင္မ်ားကိုယ္တိုင္
ကုိယ့္အသက္ကို ႏွေျမာတာ စိုးစဥ္းမွ် မေတြ႔ရဖူး ေသးပါ။ မၾကာေသးမီက ကြ်န္ေတာ္ ေနခဲ့ဖူးေသာ
ၿမိဳ႔ကေလး၌ ကားတိုက္ကာ လူေသမႈတစ္ခု ျဖစ္သည္။ လူကေသသြားၿပီဆိုေတာ့ ဘာမွ မတတ္ႏိုင္ေတာ့ဘူး။
ကားကိုသာ ျပန္ျပင္ေပးပါ ဟု ေျပာသည္ ဆို၏။ ကြ်န္ေတာ့္မွာ အံ့ၾသလြန္း၍ ေသလုခမန္း ျဖစ္ေခ်သည္။
လူထက္ ကားကုိ ပိုတန္ဘိုးထားေသာ လူ႔အသိုက္အ၀န္းတစ္ခုတြင္ အဘယ္ကဲ့သို႔ မေတာ္တဆမႈမ်ားကို
ေလွ်ာ့ခ်ႏိုင္ပါမည္နည္း။
အကယ္၍
မိမိအသက္ကို ႏွေျမာၾကသည္ ဆိုျငားအံ့။ အႏၱရာယ္ကင္းေရးစည္းမ်ဥ္းမ်ားကို ကိုယ့္အသိႏွင့္ကိုယ္
လုိက္နာၾကမည္ ျဖစ္၏။
ကြ်န္ေတာ္တု႔ိ
သင္တန္းေက်ာင္းမ်ားသည္ အႏၱရာယ္ကင္းေရးႏွင့္ပတ္သက္သည့္ သင္တန္းေပါင္းစံုကုိ ပို႔ခ်ေနၾကသည္။
ေဟာေျပာပဲြမ်ားလုပ္၍လည္း အသိပညာေပးေနၾကသည္။ အေရးႀကီးသည္မွာ သိထားသည္မ်ားကို လက္ေတြ႔လိုက္နာ
က်င့္သံုးၾကရန္ ျဖစ္ပါသည္။
ျမန္မာႏိုင္ငံသူ
ႏိုင္ငံသားမ်ားသည္ အႏၱရာယ္ကင္းေရးစည္းမ်ဥ္းမ်ားကို ေလ့လာ၊ လိုက္နာ က်င့္သံုးကာ မိမိအသက္ကိုမိမိ
တန္ဘိုးထားတတ္သူမ်ား ျဖစ္လာၾကပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းလုိက္ပါသည္။
အယ္ဒီတာ
==================
အယ်ဒီတာ့စကား (ဇန္နဝါရီ - ၂၀၁၈)
လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၏
အဓိကရည်မှန်းချက်မှာ မတော်တဆမှုများကို အနည်းဆုံးရောက်အောင် လျှော့ချရေးဖြစ်၏။
ဥပဒေများထုတ်ခြင်း၊ ဒဏ်ရိုက်ခြင်း၊
သင်တန်းများပေးခြင်း၊ အန္တရာယ်ကင်းရေးဆိုင်ရာ အရာရှိများ ခန့်ထားဆောင်ရွက်စေခြင်း၊
အန္တရာယ်ကင်းရေးအစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းစစ်ခြင်း စသည့်အရာအားလုံးမှာ
လူကြောင့်သော်လည်းကောင်း၊ စက်ကိရိယာကြောင့်သော်လည်းကောင်း၊ အသိပညာမဲ့မှုကြောင့်သော်
လည်းကောင်း၊ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသောကြောင့်သော် လည်းကောင်း၊
အလုပ်ရှင်များ၏ ဂရုမစိုက်မှုကြောင့်သော် လည်းကောင်း ဖြစ်ရသည့် လုပ်ငန်းခွင် မတော်တဆမှုများကို
ကာကွယ်ရန်၊ မဖြစ်တန်သည်တို့ မဖြစ်စေရန်၊ အကယ်၍ မတော်တဆမှုတစ်ခုခု ဖြစ်ခဲ့လျှင် နောင်အလားတူ
မတော်တဆမှုများ မဖြစ်စေရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်၏။
၂၀၁၇ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ်
The Voice နေ့စဉ်သတင်းစာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ဇန္နဝါရီလ ၁ ရက်နေ့ မှ
အောက်တိုဘာ ၃၁ ရက်နေ့အတွင်း သေမှုသေခင်းပေါင်း ၂၆ မျိုး၌ လူ ၁၀၀၀ ခန့် သေဆုံးခဲ့သည်
ဟု ဖော်ပြပါရှိ၏။
ထိုအထဲတွင် ဓာတ်လိုက်သေသူ -
၉၇ ဦး၊ ရေနစ်သေသူ - ၂၆၁ ဦး၊ မိုးကြိုးပစ်သေသူ - ၅ ဦး၊ အမြင့်မှ ပြုတ်ကျသေဆုံးသူ - ၅၀
ဦး၊ ကားရထားပေါ်မှ ပြုတ်ကျသေဆုံးသူ - ၁ ဦး၊ ရုတ်တရက် ထိခိုက်သေဆုံးသူ - ၂၅ ဦး ပါသည်ဆို၏။
ဤသည်မှာ ရန်ကုန်တိုင်းတစ်ခု
အတွင်း၌သာ ရှိပါသေးသည်။ အခြား တိုင်းနှင့်ပြည်နယ်များပါ ပေါင်းထည့်လိုက်လျှင် သေဆုံးသူ
ဦးရေမှာ ကြောက်ခမန်းလိလိဖြစ်ပါသည်။ ဤစာရင်းသည်ပင်လျှင် မည်မျှတိကျသည်မသိနိုင်။ လူမသိသူမသိ
ဖြစ်သွားသည့် ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများ အများအပြားရှိနေနိုင်ပါသေးသည်။
ရေမဆေးကျောက် ရှာသည့်နေရာ တစ်ခုတည်း တင်ပင် ရာနှင့်ချီကာ လူများသေကြသည်။ သေချာလှသည်မှာ
မြန်မာနိုင်ငံတွင် မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာရာသူ၊ သေဆုံးသူဦးရေ အလွန်မြင့်မားလျက်ရှိသည်
ဆိုခြင်းပင်ဖြစ်၏။
ဤမျှ သေဆုံးမှုနှုန်း အလွန်မြင့်မားနေသည့်တိုင်
အစိုးရတာဝန်ရှိသူများဘက်မှရော၊ အလုပ်ရှင်၊ အဖွဲ့အစည်းများဘက်ကပါ မည်သူမှ တင်းတင်းကျပ်ကျပ်၊
ဖိဖိစီးစီး အရေးယူဆောင်ရွက်တာ မတွေ့ရသေးပါ။
အဘယ်ကြောင့်နည်း။ လူကို လူလိုတန်ဘိုးထားမှု
မရှိသေး၍ ဖြစ်ပါသည်။ လူတစ်ယောက် သေသည်ဖြစ်အံ့။ ပိုက်ဆံ အနည်းငယ် ပေး၍ နှစ်သိမ့်လိုက်ရုံနှင့်
ပြီးသွားကြသည်။ ကျွန်တော်တို့မြန်မာပြည်တွင် လူ့အသက်များကား အလွန် စျေးပေါလှပါပေသည်။
ဤကဲ့သို့ လူ့အသက်တစ်ချောင်းကို
တန်ဘိုးမထားသည်မှာ အစိုးရ၊ အလုပ်ရှင်များသာမဟုတ်သေး။ ကာယကံရှင်များကိုယ်တိုင် ကိုယ့်အသက်ကို
နှမြောတာ စိုးစဉ်းမျှ မတွေ့ရဖူး သေးပါ။ မကြာသေးမီက ကျွန်တော် နေခဲ့ဖူးသော မြို့ကလေး၌
ကားတိုက်ကာ လူသေမှုတစ်ခု ဖြစ်သည်။ လူကသေသွားပြီဆိုတော့ ဘာမှ မတတ်နိုင်တော့ဘူး။ ကားကိုသာ
ပြန်ပြင်ပေးပါ ဟု ပြောသည် ဆို၏။ ကျွန်တော့်မှာ အံ့သြလွန်း၍ သေလုခမန်း ဖြစ်ချေသည်။ လူထက်
ကားကို ပိုတန်ဘိုးထားသော လူ့အသိုက်အဝန်းတစ်ခုတွင် အဘယ်ကဲ့သို့ မတော်တဆမှုများကို လျှော့ချနိုင်ပါမည်နည်း။
အကယ်၍ မိမိအသက်ကို နှမြောကြသည်
ဆိုငြားအံ့။ အန္တရာယ်ကင်းရေးစည်းမျဉ်းများကို ကိုယ့်အသိနှင့်ကိုယ် လိုက်နာကြမည် ဖြစ်၏။
ကျွန်တော်တို့ သင်တန်းကျောင်းများသည်
အန္တရာယ်ကင်းရေးနှင့်ပတ်သက်သည့် သင်တန်းပေါင်းစုံကို ပို့ချနေကြသည်။ ဟောပြောပွဲများလုပ်၍လည်း
အသိပညာပေးနေကြသည်။ အရေးကြီးသည်မှာ သိထားသည်များကို လက်တွေ့လိုက်နာ ကျင့်သုံးကြရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများသည်
အန္တရာယ်ကင်းရေးစည်းမျဉ်းများကို လေ့လာ၊ လိုက်နာ ကျင့်သုံးကာ မိမိအသက်ကိုမိမိ တန်ဘိုးထားတတ်သူများ
ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
အယ်ဒီတာ
No comments:
Post a Comment