ေအးၿငိမ္း (ေလးမ်က္ႏွာ)
(၃) သင္တန္းေက်ာင္းတစ္ခုဖြင့္ရန္
လိုအပ္ခ်က္
လိပ္စာတစ္ခုထဲ၌ (သုိ႔မဟုတ္) အေဆာက္အဦတစ္ခုတည္း၌ နာမည္တူသင္တန္းႏွစ္ခု
(သင္တန္းေက်ာင္းတစ္ခုတည္းမွ ျဖစ္ေစ၊ အျခား သင္တန္းေက်ာင္းတစ္ခုခုမွျဖစ္ေစ)
ဖြင့္ခြင့္မျပဳ။ သင္တန္းမ်ားတြင္သင္မည့္ သင္ရိုးမ်ားကို MOM သို႔ တင္ျပ
အတည္ျပဳခ်က္ ရယူရသည္။ တစ္ခါတင္လွ်င္ သင္တန္းတစ္ခုအတြက္ ဘာသာတစ္မ်ိဳး (ဥပမာ -
အဂၤလိပ္) ကိုသာ စဥ္းစားေပး သည္။ အျခား ဘာသာျဖင့္ (ဥပမာ - ျမန္မာဘာသာ) သင္လိုပါက
သီးသန္႔ထပ္တင္ရသည္။ ထိုဘာသာျပန္မ်ားမွာ အတည္ျပဳ ထားေသာ အဂၤလိပ္ဘာသာသင္ရိုးႏွင့္ အနီးစပ္ဆံုး
ကုိက္ညီရသည္။
သင္တန္းေက်ာင္းတြင္ အခိ်န္ျပည့္ေက်ာင္းအုပ္ (သို႔မဟုတ္) မန္ေနဂ်ာ တစ္ဦး၊
အခ်ိန္ျပည့္ သင္တန္းဆရာ တစ္ဦး အခ်ိန္ပိုင္းသင္တန္းဆရာတစ္ဦး ခန္႔ထားရပါမည္။
ေအာက္ပါသင္တန္း ေလးမ်ိဳးသင္လိုပါက အစိုးရသုိ႔ ရင္းႏွီးမ,တည္ေငြ ေဒၚလာ ငါးေသာင္း
တင္ရသည္။ ထိုသင္တန္း ေလးမ်ိဳးမွာ စင္ကာပူသို႔ အလုပ္လုပ္ရန္လာသူ အလုပ္သမားမ်ား
မျဖစ္မေနတက္ရေသာ သင္တန္းျဖစ္၏။ ထိုသင္တန္းေအာင္ၿပီးမွ အလုပ္လုပ္ခြင့္ Work Permit
Card ထုတ္ေပးသည္။ ထိုသင္တန္းကို မေအာင္ျမင္ပါက စင္ကာပူတြင္ အလုပ္လုပ္ခြင့္မျပဳ။
i.
Construction Safety Orientation Course for Workers; (ေဆာက္လုပ္ေရးလုပ္သားမ်ားအတြက္)
ii. Safety Orientation Course for Workers (Metalworking); (သတၱဳထည္ပစၥည္း လုပ္သားမ်ားအတြက္)
iii. Oil/Petrochemical Industries Safety Orientation Course for Workers; (ေရနံဓာတုလုပ္ငန္း လုပ္သားမ်ားအတြက္)
iv. Shipyard Safety Instruction Courses for Workers (General Trade, Hot-work Trade or Painter Trade) (သေဘၤာက်င္းလုပ္သားမ်ားအတြက္)
ii. Safety Orientation Course for Workers (Metalworking); (သတၱဳထည္ပစၥည္း လုပ္သားမ်ားအတြက္)
iii. Oil/Petrochemical Industries Safety Orientation Course for Workers; (ေရနံဓာတုလုပ္ငန္း လုပ္သားမ်ားအတြက္)
iv. Shipyard Safety Instruction Courses for Workers (General Trade, Hot-work Trade or Painter Trade) (သေဘၤာက်င္းလုပ္သားမ်ားအတြက္)
ထို သင္တန္းေလးမ်ိဳးမွအပ အျခားသင္တန္းမ်ားဆိုပါကမူ paid-up capital
ေဒၚလာ ငါးေထာင္သာ တင္ရပါသည္။
သင္တန္းေက်ာင္းတစ္ခုထူေထာင္ရန္ လုိအပ္ခ်က္မ်ားကို MOM website တြင္ေဖာ္ျပထားရာ
စုစုေပါင္း ၃၂ ခ်က္ရိွ၏။ ၃၂ ခ်က္ဟု ဆုိရာတြင္ပင္ တစ္ခ်က္ခ်င္းကို
အေသးစိတ္ျဖန္႔လိုက္ပါက အခ်က္ ၅၀ ေလာက္ ရိွပါသည္။ ဤလိုအပ္ခ်က္မ်ားကို အၾကမ္းဖ်ဥ္း
ရွင္းျပပါမည္။
သင္တန္းေက်ာင္းဖြင့္မည့္ကုမၸဏီကို ကုမၸဏီမ်ားမွတ္ပံုတင္ေရး အာဏာပိုင္အဖဲြ႔ - ACRA
(Accounting and Corporate Regulatory Authority) တြင္ မွတ္ပံုတင္ရသည္။ စင္ကာပူတြင္ရိွေသာ မည္သည့္ကုမၸဏီမဆို ႀကီးသည္ျဖစ္ေစ၊
ငယ္သည္ျဖစ္ေစ ACRA တြင္ မွတ္ပံုတင္ရ၏။ MOM တြင္ လိုင္စင္ေလွ်ာက္သည့္အခါ ACRA တြင္
မွတ္ပံုတင္ထားသည့္ business profile ကိုပါ တဲြတင္ရသည္။ ထို႔ျပင္
သင္တန္းေက်ာင္းဖြင့္မည့္ေနရာအား သတ္မွတ္ထားေသာ စံႏႈန္းမ်ားျဖင့္ တည္ေဆာက္ၿပီး ၿမိဳ႔ျပ
ျပန္လည္ဖံြ႔ၿဖိဳးေရး အာဏာပုိင္အဖဲြ႔ - URA (Urban Redevelopment Authority) မွ ခြင့္ျပဳခ်က္
ယူရသည္။ ထုိစာကိုပါ ပူးတဲြ တင္ျပရသည္။
ကြ်န္ေတာ္တို႔ငွားထားေသာအခန္းက ၆ မီတာ ျမင့္သည္။ ထုိ႔ေၾကာင့္ ထပ္ခိုးထည့္ၿပီး
အေပၚေအာက္ သင္တန္းခန္း ေလးခန္း လုပ္ရန္ ႀကံေသး၏။ သို႔ေသာ္ မွတ္ပံုတင္အင္ဂ်င္နီယာ
(PE - Professional Engineer) က မင္းတို႔ ထပ္ခိုးထည့္ရင္ URA က လက္ခံမွာမဟုတ္ဘူး
ဆုိသျဖင့္ မထည့္ေတာ့။ သူက Total Floor Area မ်ားသြားမွာ တစ္နည္းအားျဖင့္ ေဆာက္လုပ္ရန္
ခြင့္ျပဳထားေသာ ဒီဇုိင္း၀န္အားထက္ပိုမ်ားသြားမည္ ျဖစ္ေသာေၾကာင့္ URA က လက္မခံျခင္းျဖစ္သည္
ဆို၏။
သင္တန္း၌ လက္ေတြ႔သင္ၾကားမည့္ သင္ေထာက္ကူ ျငမ္းစင္ စသည္တို႔ကို PE (Professional
Engineer) ၏ တြက္ခ်က္၊ လက္မွတ္ထိုးထားသည့္ ဒီဇိုင္းအတိုင္း ေဆာက္ရသည္။ ဤသည္မွာလည္း
အေထြအထူးေခါင္းစားစရာ မလိုေအာင္ CDA ထဲတြင္ပင္ စံဒီဇိုင္းကို ေဖာ္ျပထားပါသည္။ CDA
ဆိုသည္မွာ Curriculum Development Advisory ျဖစ္၏။ သင္တန္း တစ္ခုအတြက္ CDA
တစ္ခုရိွၿပီး ထိုအထဲတြင္ သင္ရမည့္သင္ရိုးညႊန္းတမ္း အျပည့္အစံုကို ေဖာ္ျပထားပါသည္။
MOM
သို႔ လုိင္စင္တင္သည့္အခါ သင္တန္းေက်ာင္းတစ္ခုပံုစံ အၿပီးအစီးျပင္ဆင္ၿပီးမွ တင္ရ၏။
လိုင္စင္က်ေတာ့မွ စျပင္္ရတာမဟုတ္။ သည္ေတာ့ လုိင္စင္တင္ဘို႔ သင္တန္းခန္းကို
အားလံုးျပင္ဆင္ရသည္။ အဲယားကြန္း၊ မီးေပးမႈ၊ စားပဲြ၊ ထိုင္ခံု၊ Projector,
Whiteboard, Flipchart စသည္။ ဤစာရင္းမွာလည္း ကိုယ့္ဟာကိုယ္
ဟုိဟာေလးထည့္ရင္ေကာင္းမယ္ စသျဖင့္ တစ္ခုခ်င္း လိုက္စဥ္းစားေနစရာမလို။
သင္တန္းခန္းတစ္ခုတြင္ မည္သည့္ပစၥည္းမ်ားပါရမည္ကို တစ္ပါတည္း စာရင္းလုပ္ေပး
ၿပီးသားျဖစ္၏။ ထုိစာရင္းတြင္ပါသည့္ပစၥည္းအားလံုး ထည့္သြင္း တပ္ဆင္ရသည္။
တပ္ဆင္ၿပီးေၾကာင္း Checklist တြင္ လက္မွတ္ထိုး၊ သင္တန္းခန္းကို ဓာတ္ပံုရိုက္၊
လက္ေတြ႔လုပ္မည့္ ေနရာကို ဓာတ္ပံုရိုက္ကာ ဓာတ္ပံုမ်ားႏွင့္တကြ လိုင္စင္
ေလွ်ာက္လႊာႏွင့္ တစ္ပါတည္း ပူးတဲြတင္ျပရ၏။
ဓာတ္ပံုမွ်သာ မကေသး။ မည္မွ်ေသခ်ာသနည္းဆိုလွ်င္ သင္တန္းခန္းအတြက္ ၀ယ္ထည့္ထားသည့္
ပစၥည္း၀ယ္ ေဘာက္ခ်ာမ်ားပါ ပူးတဲြတင္ျပရေသးသည္။ ကြန္ျပဴတာ၊ ပေရာ္ဂ်က္တာ၊ ပရင္တာ၊ စားပဲြ၊
ကုလားထိုင္ေတြ၀ယ္တာ၊ အဲယားကြန္းဆင္တာ အကုန္တင္ျပရသည္။ ထိုအထဲတြင္ အမွတ္စစ္စက္ႏွင့္
ေဆာ့ဖ္၀ဲ ၀ယ္ရတာလည္း ပါ၏။ အမွတ္စစ္စက္ ဆိုသည္မွာ အေျဖလႊာမ်ားကို
လူျဖင့္စစ္တာမဟုတ္ဘဲ စက္ထဲထည့္စစ္တာ ျဖစ္ပါသည္။ ၎ကုိ Optical Marking System ဟု
ေခၚ၏။ ဤအေၾကာင္း ေနာက္တြင္ အေသးစိတ္ ရွင္းျပပါမည္။
အထက္ေဖာ္ျပပါ သင္တန္းေလးခုအတြက္
အမွတ္စစ္ရာတြင္ ထုိပရိုဂရမ္ႏွင့္စစ္ရၿပီး ရလဒ္ကို MOM database ႏွင့္
တိုက္ရိုက္ခ်ိတ္ဆက္ထား၏။ ထို႔ေၾကာင့္ အလုပ္သမားတစ္ဦး သင္တန္းတက္ၿပီးမၿပီး၊
ေအာင္မေအာင္ကို MOM website တြင္ အခ်ိန္မေရြးစစ္ၾကည့္လို႔ ရသည္။
ေနာက္တစ္ခုမွာ သင္တန္းဆရာမ်ား ခန္႔ထားေရး ျဖစ္၏။
ခန္႔ထားမည့္သင္တန္းဆရာစာရင္း၊ ထိုသင္တန္းဆရာမ်ား၏ ကုိယ္ေရးအတၳဳပၸတိၱ၊ လက္မွတ္မ်ား၊
လုပ္ငန္းအေတြ႔အႀကံဳမွတ္တမ္း စသည္တို႔တင္ျပရသည္။ သင္တန္းဆရာမ်ားတြင္ ရိွရမည့္
အရည္အခ်င္းကို CDA တြင္ ေဖာ္ျပထားသည္။ သင္တန္းဆရာမ်ားသည္ မိမိသင္ၾကားမည့္
ဘာသာရပ္ႏွင့္သက္ဆိုင္ေသာ အလုပ္၌ လုပ္သက္ အနည္းဆံုး (၅) ႏွစ္ ရိွရမည္ ျဖစ္ပါသည္။
လုပ္သက္မျပည့္လွ်င္ သင္တန္းဆရာလိုင္စင္ ခ်မေပးပါ။
သင္တန္းေက်ာင္းမွ ဆင္းလာသူမ်ားအား
အားလံုးတေျပးညီ အရည္အေသြးမ်ား ရရိွေစႏိုင္ရန္ သင္တန္းေက်ာင္းမ်ားတြင္
သင္မည့္သင္ရိုး၊ သင္တန္းဆရာမ်ား၏ လုိအပ္ခ်က္မ်ားကို အစိုးရမွ ခ်မွတ္ေပးထားသည္။
မည္သည့္သင္တန္းအတြက္ မည္သည့္ သင္ရိုးအတိုင္းသင္ရမည္။ ထိုသင္တန္းကိုသင္မည့္ဆရာတြင္
မည္ကဲ့သို႔ေသာ အရည္အခ်င္းမ်ား ရိွရမည္ဟု သတ္မွတ္ထား၏။ ဤသည္ကို CDA (Curriculum
Development Advisory) ဟု ေခၚသည္။ CDA ကို အစိုးရ website (https://www.wshc.sg) တြင္ အခမဲ့ download လုပ္ယူ၍ ရပါသည္။ CDA
အေၾကာင္း ေနာက္ပိုင္းတြင္ အျပည့္အစံု ေဖာ္ျပပါမည္။
(၄) ACTA (အက္တာ)
သင္တန္းတစ္ခုကို သင္ႏုိင္ရန္ ထိုသင္တန္းႏွင့္ပတ္သက္ေသာ လုပ္ငန္းအေတြ႔အႀကံဳ
အနည္းဆံုး ၅ ႏွစ္ရိွရမည္။ ဥပမာ - ေဆာက္လုပ္ေရးႏွင့္ပတ္သက္သည့္ သင္တန္းမ်ား
သင္မည့္သူသည္ ေဆာက္လုပ္ေရးလုပ္ငန္းတြင္ (စူပါဗုိက္ဆာ၊ အင္ဂ်င္နီယာ၊ မန္ေနဂ်ာ စသည္)
လုပ္ငန္းအေတြ႔အႀကံဳ အနည္းဆံုး ၅ ႏွစ္ရိွရမည္။ အကယ္၍ သေဘၤာက်င္းႏွင့္ပတ္သက္သည့္
သင္တန္းမ်ား သင္မည္ဆိုပါက marine အေတြ႔အႀကံဳ အနည္းဆံုး ၅ ႏွစ္ရိွရမည္ စသည္။
(ကြ်န္ေတာ္က သေဘၤာက်င္းတြင္ ၁၉၉၈ မွ ၂၀၀၀။ ၂၀၀၅ မွ ၂၀၀၇ - ေလးႏွစ္လုပ္ဖူးသည္။
သတ္မွတ္ထားေသာ ၅ ႏွစ္ မျပည့္သျဖင့္ marine သင္တန္းဆရာလိုင္စင္ေလွ်ာက္ေတာ့
ခ်မေပးပါ။)
တတ္ကြ်မ္းသူကို competent person ဟု ေခၚ၏။ တကယ္တတ္ေျမာက္ ကြ်မ္းက်င္သူမ်ားကိုသာ
သင္တန္းဆရာ လုိင္စင္ ခ်ေပး၏။ Competent person ျဖစ္ရန္ အနည္းဆံုး ႏွစ္ခ်က္
လက္ဆုပ္လက္ကိုင္ျပရန္ လို၏။ ဤသည္မွာ Skill + Knowledge ျဖစ္၏။ တစ္နည္းအားျဖင့္
သင္တန္းဆင္းလက္မွတ္ + လုပ္ငန္းအေတြ႔အႀကံဳတို႔ကို သက္ေသျပရသည္။
သင္တန္းဆရာမ်ားအတြက္ သတ္မွတ္ထားေသာ သင္တန္းမ်ားရိွ၏။
ထိုသင္တန္းမ်ားထဲမွ သင္တန္းဆရာျဖစ္ရန္ အေျခခံ အက်ဆံုးသင္တန္းမွာ ACTA (Advanced
Certificae in Training and Assessment) ျဖစ္၏။ ထိုသင္တန္းတြင္ CU1 မွ CU6 ထိ
module (၆) ခု ပါသည္။ အခ်ိန္ျပည့္သင္တန္း ဆရာျဖစ္ရန္ ထိုသင္တန္း (၆) ခုစလံုး
တက္ေရာက္ေအာင္ျမင္ လက္မွတ္ရၿပီး ျဖစ္ရမည္။ အခ်ိန္ပိုင္းဆရာဆိုလွ်င္ေတာ့ CU1, CU2,
CU4, CU6 သင္တန္းဆင္းလက္မွတ္ ေလးခု ရိွရမည္။ အျပည့္အစံုသိႏိုင္ရန္ ေအာက္တြင္
မူရင္းကို ေဖာ္ျပထားပါသည္။
ACTA (Advanced
Certificae in Training and Assessment)
SPECIALISATION TRACKS
There are two
specialisation tracks in ACTA:
· Facilitated Learning – suitable for trainers
and developers practising classroom-based facilitated training and courseware
development.
· On-the-Job Training – suitable for trainers
and developers practising the OJT training approach and use of blueprint in
courseware development.
Course
participants can opt for any of the two specialisation tracks:
Facilitated Learning
A specialisation that
will certify your ability in developing competency-based training programmes;
delivering them in a classroom-training environment; and assessing a trainee’s
competency levels.
On-the-Job Training
(OJT)
A specialisation that
will certify your competence in developing and conducting OJT programmes; as
well as assessing the competency level of workers in performing a specific job
function.
Under the Facilitated
Learning track, you are required to complete CU1, CU2, CU3A, CU4A, CU5, and CU6.
Under the On-the-Job
(OJT) track, you are required to complete CU1, CU2, CU3B, CU4B, CU5, and CU6.
If you have completed
your ACTA in either track, you could top up on the two modules (CU3A / B and
CU4 / B) from the other track and obtain 2 ACTA certification – one from each
track.
အထက္ေဖာ္ျပပါ အခ်က္အလက္မ်ားအရ ထိုသင္တန္းကို ႏွစ္မ်ိဳးေလ့လာ သင္ယူႏုိင္၏။
တစ္မ်ိဳးမွာ သင္တန္းခန္းမ အတြင္း၌ ထိုင္လွ်က္ သင္တန္းဆရာပို႔ခ်သည္ကို နားေထာင္၊
ေလ့က်င့္သည့္သင္တန္း (စာေတြ႔) (Facilitated Learning) ျဖစ္ၿပီး ေနာက္တစ္မ်ိဳးမွာ
သင္ၾကားပို႔မည့္ ေနရာသို႔ သင္တန္းဆရာက သြားေရာက္ကာ ေဟာသလို လုပ္ရသကြ ဟု
လက္ေတြ႔ျပသျခင္း (လက္ေတြ႔) (On-the-Job Training) ျဖစ္၏။
အထက္ပါဇယားကုိၾကည့္လွ်င္ CU (၆) ခုအနက္ CU1, CU2, CU5, CU6 မ်ားမွာ စာေတြ႔ေရာ၊ လက္ေတြ႔သင္တန္း အတြက္ပါ
အတူတူပင္ျဖစ္ၿပီး စာေတြ႔သင္တန္းအတြက္ CU3A ႏွင့္ CU4A၊ လက္ေတြ႔သင္တန္းအတြက္ CU3B,
CU4B ဟု ကြာသြားသည္။ အထက္ပါဇယားတြင္ ေဖာ္ျပထားေသာ သင္တန္း (၆) ခုကို
ျမန္မာလိုျပန္ျပရလွ်င္ ေအာက္ပါအတိုင္း ျဖစ္ပါသည္။
CU1: စင္ကာပူအစိုးရမွ
ခ်မွတ္ထားေသာ လုပ္ငန္းဆိုင္ရာ ကြ်မ္းက်င္မႈအရည္အေသြး စည္းမ်ဥ္းေဘာင္ကို
နားလည္ျခင္း
CU2:
သက္ႀကီးသင္တန္းအေျခသေဘာတရားမ်ားႏွင့္ ကိုယ္က်င့္တရားစံႏႈန္းမ်ားကို သင္တန္း၌
အသံုးခ်ျခင္း
CU3: သင္တန္းအစီအမံ
(ပရိုဂရမ္) ဒီဇိုင္း ေရးဆဲြျခင္း
CU4: သင္တန္းပို႔ခ်ရန္
ျပင္ဆင္ျခင္း ႏွင့္ သင္တန္းပို႔ခ်ျခင္း
CU5: စာေမးပဲြ/အကဲျဖတ္
ဇယား ျပင္ဆင္ျခင္း
CU6:
ကြ်မ္းက်င္မႈအေျခခံ (competency based) အကဲျဖတ္ျခင္း
CU ဆိုသည္မွာ Competency Unit ျဖစ္၏။ ဤတြင္ ကြ်မ္းက်င္မႈအေျခခံ (competency based)
ဆိုေသာ စကားလံုးကို သတိထားမိပါလိမ့္မည္။ ဤသည္မွာ သင္တန္းသားတကယ္တတ္မတတ္ကို
စာေတြ႔လက္ေတြ႔ စမ္းသပ္ျခင္း ျဖစ္၏။ ဥပမာ - safety harness အေၾကာင္း သင္ရာတြင္
safety harness ကို မည္ကဲ့သို႔ ေရြးခ်ယ္ရသည္၊ စစ္ေဆးရသည္ စသည့္ စာေတြ႔ ဗဟုသုတသာမက
လက္ေတြ႔လည္း ၀တ္ျပခိုင္းျခင္းမ်ိဳး ျဖစ္၏။
(ျမန္မာျပည္တြင္လည္း ဤစနစ္မ်ိဳး လုပ္လုိက္ပါေသးသည္။ ဘာတဲ့၊ စဥ္ဆက္မျပတ္ အကဲခတ္
ဆိုလား။ အစိုးရ မူလတန္း၊ အလယ္တန္း၊ အထက္တန္းေက်ာင္းမ်ားတြင္ က်င့္သံုးသည္။
စာေမးပဲြစစ္စရာမလို။ ေက်ာင္းသား၏ အရည္အေသြးကို ဆရာ ဆရာမက အကဲျဖတ္ကာ
တကယ္တတ္ေျမာက္သည့္ ေက်ာင္းသားကုိ အတန္းတင္ေပးျခင္းျဖစ္၏။
သုိ႔ေသာ္ သိေတာ္မူၾကသည့္အတိုင္း ျမန္မာျပည္ဆိုသည္မွာ လုပ္လုိက္လွ်င္ ေသာက္တလဲြက
မ်ားသည္။ သည္စနစ္က ငါတို႔နဲ႔ ကုိက္ညီသလားဆိုတာ မသံုးသပ္။ အမ်ားေယာင္လို႔ေယာင္၊
အေမာင္ေတာင္မွန္း ေျမာက္မွန္းမသိ။ သည္စနစ္ေကာင္းသည္ဆိုကာ
အေတြးအေခၚအေျမာ္အျမင္ ႀကီးမားလွသည့္ ႏုိင္ငံ့ေခါင္းေဆာင္ႀကီးမ်ားက ခ်မွတ္
က်င့္သံုးေလေတာ့ရာ ေက်ာင္းသားကေလးမ်ားခမ်ာ ဆယ္တန္းေရာက္လာသည့္တိုင္
ကိုယ့္နာမည္ကိုယ္ မွန္ေအာင္ စာလံုးမေပါင္း တတ္ေသာ အေျခအေနထိ ဆိုက္ေလ၏။ ဤစနစ္
စတင္က်င့္သံုးလိုက္သည္မွစကာ ျမန္မာႏိုင္ငံတြင္ ငဒူကေလးေပါင္း သိန္းႏွင့္ခ်ီ၍
ေပၚထြက္လာေလေတာ့ သတည္း။ ဤကား စကားခ်ပ္)
အၾကမ္းဖ်ဥ္းေျပာရလွ်င္ ACTA က
သင္ၾကားနည္းဆိုင္ရာ သေဘာတရားမ်ား၊ အေျခခံစည္းမ်ဥ္းမ်ား၊ သင္တန္းမွတ္စု
ျပင္ပံုျပင္နည္း၊ သင္ၾကားပံု သင္ၾကားနည္း၊ သင္တန္းသား တကယ္တတ္မတတ္ အကဲျဖတ္ပံု
ျဖတ္နည္း၊ စာစစ္နည္း စသည္တို႔ကုိ သင္ေပးျခင္း ျဖစ္ပါသည္။
ျမန္မာႏိုင္ငံတြင္ အစိုးရေက်ာင္းမ်ား၌
ဆရာလုပ္ေတာ့မည္ဆိုပါက ဆရာျဖစ္သင္တန္းေက်ာင္း၊ ဆရာအတတ္သင္ ေကာလိပ္၊ သိပၸံ၊
ပညာေရးတကၠသိုလ္ စသည္တို႔၌ သင္တန္းတက္ရသည္။ ထိုသင္တန္းမ်ားက ဆရာတစ္ေယာက္၌ ရိွသင့္
ရိွထိုက္သည့္ အရည္အခ်င္းမ်ားကို ေလ့က်င့္သင္ၾကားေပးသည္။
ACTA သည္လည္း ထိုနည္း၎ ျဖစ္ပါသည္။
သင္တန္းဆရာတစ္ဦး သိသင့္သိထိုက္၊ တတ္သင့္တတ္ထိုက္သည္မ်ားကို စာေတြ႔လက္ေတြ႔
ေလ့က်င့္သင္ၾကားေပးျခင္း ျဖစ္၏။
ယခုအခါ ျမန္မာႏိုင္ငံတြင္
သင္တန္းေက်ာင္းမ်ား မႈိလိုေပါက္ေနေအာင္ ဖြင့္လွစ္ သင္ၾကားေနၾကကုန္၏။ ထိုအခါ ထို
သင္တန္းေက်ာင္းမ်ားမွ သင္ရိုးမ်ားသည္ ၎တို႔ ေပးေနေသာ သင္တန္းေခါင္းစဥ္မ်ားႏွင့္
ကိုက္ညီမညီ၊ သင္တန္းဆရာမ်ားသည္ ၎တို႔ သင္ၾကားေနသည့္ သင္တန္းမ်ားအတြက္ အရည္အခ်င္း
ျပည့္မျပည့္၊ ထိုသင္တန္းမ်ားမွ ဆင္းလာေသာ သင္တန္းသား မ်ားသည္ သင္တန္းမွ
သင္ေပးလိုက္သည္မ်ားကို တကယ္ တတ္၊ မတတ္ စသည္တို႔ကုိ စစ္ေဆးၾကည့္ရန္ မလိုပါသေလာ။
ေလာေလာဆယ္တြင္မူ ျမန္မာႏိုင္ငံ၌
ဤကဲ့သုိ႔ စစ္ေဆးမည့္စနစ္၊ စစ္ေဆးမည့္ စံ (criteria) မ်ားလည္း ခ်မွတ္အေကာင္ အထည္
မေဖာ္ႏိုင္ေသး။ သင္တန္းေက်ာင္းမ်ား၊ သင္တန္းဆရာမ်ား၌ ရိွရမည့္ အရည္အေသြးကိုလည္း
မသတ္မွတ္ႏိုင္ေသး။ သင္တန္းဆရာမ်ားကို ျပဳစုပ်ိဳးေထာင္ေပးရန္ အင္အားလည္း မရိွေသး။
ေနာင္မ်ားမၾကာမီ ကာလတစ္ခုတြင္မူ
လူအရင္းအျမစ္ကို ျပဳစုပ်ိဳးေထာင္ေရး၌ မရိွမျဖစ္လုိအပ္ေသာ သင္တန္းေက်ာင္း မ်ားအား
စနစ္တက်ျဖစ္လာေစရန္ မူေဘာင္မ်ား ခ်မွတ္ အေကာင္အထည္ေဖာ္ႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္မိပါသည္။
============ ++++++++++++ ============
သင်တန်းကျောင်းတစ်ခု တည်ထောင်ခြင်း
(၂)
အေးငြိမ်း (လေးမျက်နှာ)
(၃) သင်တန်းကျောင်းတစ်ခုဖွင့်ရန်
လိုအပ်ချက်
လိပ်စာတစ်ခုထဲ၌ (သို့မဟုတ်)
အဆောက်အဦတစ်ခုတည်း၌ နာမည်တူသင်တန်းနှစ်ခု (သင်တန်းကျောင်းတစ်ခုတည်းမှ ဖြစ်စေ၊ အခြား
သင်တန်းကျောင်းတစ်ခုခုမှဖြစ်စေ) ဖွင့်ခွင့်မပြု။ သင်တန်းများတွင်သင်မည့် သင်ရိုးများကို
MOM သို့ တင်ပြ အတည်ပြုချက် ရယူရသည်။ တစ်ခါတင်လျှင် သင်တန်းတစ်ခုအတွက် ဘာသာတစ်မျိုး
(ဥပမာ - အင်္ဂလိပ်) ကိုသာ စဉ်းစားပေး သည်။ အခြား ဘာသာဖြင့် (ဥပမာ - မြန်မာဘာသာ) သင်လိုပါက
သီးသန့်ထပ်တင်ရသည်။ ထိုဘာသာပြန်များမှာ အတည်ပြု ထားသော အင်္ဂလိပ်ဘာသာသင်ရိုးနှင့် အနီးစပ်ဆုံး
ကိုက်ညီရသည်။
သင်တန်းကျောင်းတွင် အချိန်ပြည့်ကျောင်းအုပ်
(သို့မဟုတ်) မန်နေဂျာ တစ်ဦး၊ အချိန်ပြည့် သင်တန်းဆရာ တစ်ဦး အချိန်ပိုင်းသင်တန်းဆရာတစ်ဦး
ခန့်ထားရပါမည်။
အောက်ပါသင်တန်း လေးမျိုးသင်လိုပါက အစိုးရသို့
ရင်းနှီးမ,တည်ငွေ ဒေါ်လာ ငါးသောင်း တင်ရသည်။ ထိုသင်တန်း လေးမျိုးမှာ စင်ကာပူသို့ အလုပ်လုပ်ရန်လာသူ
အလုပ်သမားများ မဖြစ်မနေတက်ရသော သင်တန်းဖြစ်၏။ ထိုသင်တန်းအောင်ပြီးမှ အလုပ်လုပ်ခွင့်
Work Permit Card ထုတ်ပေးသည်။ ထိုသင်တန်းကို မအောင်မြင်ပါက စင်ကာပူတွင် အလုပ်လုပ်ခွင့်မပြု။
i. Construction Safety
Orientation Course for Workers; (ဆောက်လုပ်ရေးလုပ်သားများအတွက်)
ii. Safety Orientation
Course for Workers (Metalworking); (သတ္တုထည်ပစ္စည်း လုပ်သားများအတွက်)
iii. Oil/Petrochemical
Industries Safety Orientation Course for Workers; (ရေနံဓာတုလုပ်ငန်း လုပ်သားများအတွက်)
iv. Shipyard Safety
Instruction Courses for Workers (General Trade, Hot-work Trade or Painter Trade)
(သင်္ဘောကျင်းလုပ်သားများအတွက်)
ထို သင်တန်းလေးမျိုးမှအပ
အခြားသင်တန်းများဆိုပါကမူ paid-up capital ဒေါ်လာ ငါးထောင်သာ တင်ရပါသည်။
သင်တန်းကျောင်းတစ်ခုထူထောင်ရန် လိုအပ်ချက်များကို
MOM website တွင်ဖော်ပြထားရာ စုစုပေါင်း ၃၂ ချက်ရှိ၏။ ၃၂ ချက်ဟု ဆိုရာတွင်ပင် တစ်ချက်ချင်းကို
အသေးစိတ်ဖြန့်လိုက်ပါက အချက် ၅၀ လောက် ရှိပါသည်။ ဤလိုအပ်ချက်များကို အကြမ်းဖျဉ်း ရှင်းပြပါမည်။
သင်တန်းကျောင်းဖွင့်မည့်ကုမ္ပဏီကို ကုမ္ပဏီများမှတ်ပုံတင်ရေး
အာဏာပိုင်အဖွဲ့ - ACRA (Accounting and Corporate Regulatory Authority) တွင် မှတ်ပုံတင်ရသည်။
စင်ကာပူတွင်ရှိသော မည်သည့်ကုမ္ပဏီမဆို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ACRA တွင် မှတ်ပုံတင်ရ၏။
MOM တွင် လိုင်စင်လျှောက်သည့်အခါ ACRA တွင် မှတ်ပုံတင်ထားသည့် business profile ကိုပါ
တွဲတင်ရသည်။ ထို့ပြင် သင်တန်းကျောင်းဖွင့်မည့်နေရာအား သတ်မှတ်ထားသော စံနှုန်းများဖြင့်
တည်ဆောက်ပြီး မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ - URA (Urban
Redevelopment Authority) မှ ခွင့်ပြုချက် ယူရသည်။ ထိုစာကိုပါ ပူးတွဲ တင်ပြရသည်။
ကျွန်တော်တို့ငှားထားသောအခန်းက ၆ မီတာ
မြင့်သည်။ ထို့ကြောင့် ထပ်ခိုးထည့်ပြီး အပေါ်အောက် သင်တန်းခန်း လေးခန်း လုပ်ရန် ကြံသေး၏။
သို့သော် မှတ်ပုံတင်အင်ဂျင်နီယာ (PE - Professional Engineer) က မင်းတို့ ထပ်ခိုးထည့်ရင်
URA က လက်ခံမှာမဟုတ်ဘူး ဆိုသဖြင့် မထည့်တော့။ သူက Total Floor Area များသွားမှာ တစ်နည်းအားဖြင့်
ဆောက်လုပ်ရန် ခွင့်ပြုထားသော ဒီဇိုင်းဝန်အားထက်ပိုများသွားမည် ဖြစ်သောကြောင့် URA က
လက်မခံခြင်းဖြစ်သည် ဆို၏။
သင်တန်း၌ လက်တွေ့သင်ကြားမည့် သင်ထောက်ကူ
ငြမ်းစင် စသည်တို့ကို PE (Professional Engineer) ၏ တွက်ချက်၊ လက်မှတ်ထိုးထားသည့် ဒီဇိုင်းအတိုင်း
ဆောက်ရသည်။ ဤသည်မှာလည်း အထွေအထူးခေါင်းစားစရာ မလိုအောင် CDA ထဲတွင်ပင် စံဒီဇိုင်းကို
ဖော်ပြထားပါသည်။ CDA ဆိုသည်မှာ Curriculum Development Advisory ဖြစ်၏။ သင်တန်း တစ်ခုအတွက်
CDA တစ်ခုရှိပြီး ထိုအထဲတွင် သင်ရမည့်သင်ရိုးညွှန်းတမ်း အပြည့်အစုံကို ဖော်ပြထားပါသည်။
MOM သို့ လိုင်စင်တင်သည့်အခါ သင်တန်းကျောင်းတစ်ခုပုံစံ
အပြီးအစီးပြင်ဆင်ပြီးမှ တင်ရ၏။ လိုင်စင်ကျတော့မှ စပြင််ရတာမဟုတ်။ သည်တော့ လိုင်စင်တင်ဘို့
သင်တန်းခန်းကို အားလုံးပြင်ဆင်ရသည်။ အဲယားကွန်း၊ မီးပေးမှု၊ စားပွဲ၊ ထိုင်ခုံ၊
Projector, Whiteboard, Flipchart စသည်။ ဤစာရင်းမှာလည်း ကိုယ့်ဟာကိုယ် ဟိုဟာလေးထည့်ရင်ကောင်းမယ်
စသဖြင့် တစ်ခုချင်း လိုက်စဉ်းစားနေစရာမလို။ သင်တန်းခန်းတစ်ခုတွင် မည်သည့်ပစ္စည်းများပါရမည်ကို
တစ်ပါတည်း စာရင်းလုပ်ပေး ပြီးသားဖြစ်၏။ ထိုစာရင်းတွင်ပါသည့်ပစ္စည်းအားလုံး ထည့်သွင်း
တပ်ဆင်ရသည်။ တပ်ဆင်ပြီးကြောင်း Checklist တွင် လက်မှတ်ထိုး၊ သင်တန်းခန်းကို ဓာတ်ပုံရိုက်၊
လက်တွေ့လုပ်မည့် နေရာကို ဓာတ်ပုံရိုက်ကာ ဓာတ်ပုံများနှင့်တကွ လိုင်စင် လျှောက်လွှာနှင့်
တစ်ပါတည်း ပူးတွဲတင်ပြရ၏။
ဓာတ်ပုံမျှသာ မကသေး။ မည်မျှသေချာသနည်းဆိုလျှင်
သင်တန်းခန်းအတွက် ၀ယ်ထည့်ထားသည့် ပစ္စည်းဝယ် ဘောက်ချာများပါ ပူးတွဲတင်ပြရသေးသည်။ ကွန်ပြူတာ၊
ပရော်ဂျက်တာ၊ ပရင်တာ၊ စားပွဲ၊ ကုလားထိုင်တွေဝယ်တာ၊ အဲယားကွန်းဆင်တာ အကုန်တင်ပြရသည်။
ထိုအထဲတွင် အမှတ်စစ်စက်နှင့် ဆော့ဖ်ဝဲ ၀ယ်ရတာလည်း ပါ၏။ အမှတ်စစ်စက် ဆိုသည်မှာ အဖြေလွှာများကို
လူဖြင့်စစ်တာမဟုတ်ဘဲ စက်ထဲထည့်စစ်တာ ဖြစ်ပါသည်။ ၎င်းကို Optical Marking System ဟု
ခေါ်၏။ ဤအကြောင်း နောက်တွင် အသေးစိတ် ရှင်းပြပါမည်။
အထက်ဖော်ပြပါ သင်တန်းလေးခုအတွက် အမှတ်စစ်ရာတွင်
ထိုပရိုဂရမ်နှင့်စစ်ရပြီး ရလဒ်ကို MOM database နှင့် တိုက်ရိုက်ချိတ်ဆက်ထား၏။ ထို့ကြောင့်
အလုပ်သမားတစ်ဦး သင်တန်းတက်ပြီးမပြီး၊ အောင်မအောင်ကို MOM website တွင် အချိန်မရွေးစစ်ကြည့်လို့
ရသည်။
နောက်တစ်ခုမှာ သင်တန်းဆရာများ
ခန့်ထားရေး ဖြစ်၏။ ခန့်ထားမည့်သင်တန်းဆရာစာရင်း၊ ထိုသင်တန်းဆရာများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၊
လက်မှတ်များ၊ လုပ်ငန်းအတွေ့အကြုံမှတ်တမ်း စသည်တို့တင်ပြရသည်။ သင်တန်းဆရာများတွင် ရှိရမည့်
အရည်အချင်းကို CDA တွင် ဖော်ပြထားသည်။ သင်တန်းဆရာများသည် မိမိသင်ကြားမည့် ဘာသာရပ်နှင့်သက်ဆိုင်သော
အလုပ်၌ လုပ်သက် အနည်းဆုံး (၅) နှစ် ရှိရမည် ဖြစ်ပါသည်။ လုပ်သက်မပြည့်လျှင် သင်တန်းဆရာလိုင်စင်
ချမပေးပါ။
သင်တန်းကျောင်းမှ ဆင်းလာသူများအား အားလုံးတပြေးညီ
အရည်အသွေးများ ရရှိစေနိုင်ရန် သင်တန်းကျောင်းများတွင် သင်မည့်သင်ရိုး၊ သင်တန်းဆရာများ၏
လိုအပ်ချက်များကို အစိုးရမှ ချမှတ်ပေးထားသည်။ မည်သည့်သင်တန်းအတွက် မည်သည့် သင်ရိုးအတိုင်းသင်ရမည်။
ထိုသင်တန်းကိုသင်မည့်ဆရာတွင် မည်ကဲ့သို့သော အရည်အချင်းများ ရှိရမည်ဟု သတ်မှတ်ထား၏။
ဤသည်ကို CDA (Curriculum Development Advisory) ဟု ခေါ်သည်။ CDA ကို အစိုးရ
website (https://www.wshc.sg) တွင် အခမဲ့ download လုပ်ယူ၍ ရပါသည်။ CDA အကြောင်း နောက်ပိုင်းတွင်
အပြည့်အစုံ ဖော်ပြပါမည်။
(၄) ACTA (အက်တာ)
သင်တန်းတစ်ခုကို သင်နိုင်ရန် ထိုသင်တန်းနှင့်ပတ်သက်သော
လုပ်ငန်းအတွေ့အကြံု အနည်းဆုံး ၅ နှစ်ရှိရမည်။ ဥပမာ - ဆောက်လုပ်ရေးနှင့်ပတ်သက်သည့် သင်တန်းများ
သင်မည့်သူသည် ဆောက်လုပ်ရေးလုပ်ငန်းတွင် (စူပါဗိုက်ဆာ၊ အင်ဂျင်နီယာ၊ မန်နေဂျာ စသည်)
လုပ်ငန်းအတွေ့အကြံု အနည်းဆုံး ၅ နှစ်ရှိရမည်။ အကယ်၍ သင်္ဘောကျင်းနှင့်ပတ်သက်သည့် သင်တန်းများ
သင်မည်ဆိုပါက marine အတွေ့အကြံု အနည်းဆုံး ၅ နှစ်ရှိရမည် စသည်။ (ကျွန်တော်က သင်္ဘောကျင်းတွင်
၁၉၉၈ မှ ၂၀၀၀။ ၂၀၀၅ မှ ၂၀၀၇ - လေးနှစ်လုပ်ဖူးသည်။ သတ်မှတ်ထားသော ၅ နှစ် မပြည့်သဖြင့်
marine သင်တန်းဆရာလိုင်စင်လျှောက်တော့ ချမပေးပါ။)
တတ်ကျွမ်းသူကို competent person ဟု ခေါ်၏။
တကယ်တတ်မြောက် ကျွမ်းကျင်သူများကိုသာ သင်တန်းဆရာ လိုင်စင် ချပေး၏။ Competent
person ဖြစ်ရန် အနည်းဆုံး နှစ်ချက် လက်ဆုပ်လက်ကိုင်ပြရန် လို၏။ ဤသည်မှာ Skill +
Knowledge ဖြစ်၏။ တစ်နည်းအားဖြင့် သင်တန်းဆင်းလက်မှတ် + လုပ်ငန်းအတွေ့အကြံုတို့ကို
သက်သေပြရသည်။
သင်တန်းဆရာများအတွက် သတ်မှတ်ထားသော
သင်တန်းများရှိ၏။ ထိုသင်တန်းများထဲမှ သင်တန်းဆရာဖြစ်ရန် အခြေခံ အကျဆုံးသင်တန်းမှာ
ACTA (Advanced Certificae in Training and Assessment) ဖြစ်၏။ ထိုသင်တန်းတွင် CU1
မှ CU6 ထိ module (၆) ခု ပါသည်။ အချိန်ပြည့်သင်တန်း ဆရာဖြစ်ရန် ထိုသင်တန်း (၆) ခုစလုံး
တက်ရောက်အောင်မြင် လက်မှတ်ရပြီး ဖြစ်ရမည်။ အချိန်ပိုင်းဆရာဆိုလျှင်တော့ CU1, CU2,
CU4, CU6 သင်တန်းဆင်းလက်မှတ် လေးခု ရှိရမည်။ အပြည့်အစုံသိနိုင်ရန် အောက်တွင် မူရင်းကို
ဖော်ပြထားပါသည်။
ACTA (Advanced
Certificae in Training and Assessment)
SPECIALISATION TRACKS
There are two
specialisation tracks in ACTA:
• Facilitated Learning – suitable for
trainers and developers practising classroom-based facilitated training and
courseware development.
• On-the-Job Training – suitable for
trainers and developers practising the OJT training approach and use of
blueprint in courseware development.
Course participants can opt for any of the two
specialisation tracks:
Facilitated Learning
A specialisation that
will certify your ability in developing competency-based training programmes;
delivering them in a classroom-training environment; and assessing a trainee’s
competency levels.
On-the-Job Training
(OJT)
A specialisation that
will certify your competence in developing and conducting OJT programmes; as
well as assessing the competency level of workers in performing a specific job
function.
Under the Facilitated
Learning track, you are required to complete CU1, CU2, CU3A, CU4A, CU5, and
CU6.
Under the On-the-Job
(OJT) track, you are required to complete CU1, CU2, CU3B, CU4B, CU5, and CU6.
If you have completed
your ACTA in either track, you could top up on the two modules (CU3A / B and
CU4 / B) from the other track and obtain 2 ACTA certification – one from each
track.
အထက်ဖော်ပြပါ အချက်အလက်များအရ ထိုသင်တန်းကို
နှစ်မျိုးလေ့လာ သင်ယူနိုင်၏။ တစ်မျိုးမှာ သင်တန်းခန်းမ အတွင်း၌ ထိုင်လျှက် သင်တန်းဆရာပို့ချသည်ကို
နားထောင်၊ လေ့ကျင့်သည့်သင်တန်း (စာတွေ့) (Facilitated Learning) ဖြစ်ပြီး နောက်တစ်မျိုးမှာ
သင်ကြားပို့မည့် နေရာသို့ သင်တန်းဆရာက သွားရောက်ကာ ဟောသလို လုပ်ရသကွ ဟု လက်တွေ့ပြသခြင်း (လက်တွေ့)
(On-the-Job Training) ဖြစ်၏။
အထက်ပါဇယားကိုကြည့်လျှင် CU (၆) ခုအနက်
CU1, CU2, CU5, CU6 များမှာ စာတွေ့ရော၊ လက်တွေ့သင်တန်း အတွက်ပါ အတူတူပင်ဖြစ်ပြီး စာတွေ့သင်တန်းအတွက်
CU3A နှင့် CU4A၊ လက်တွေ့သင်တန်းအတွက် CU3B, CU4B ဟု ကွာသွားသည်။ အထက်ပါဇယားတွင် ဖော်ပြထားသော
သင်တန်း (၆) ခုကို မြန်မာလိုပြန်ပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါသည်။
CU1: စင်ကာပူအစိုးရမှ ချမှတ်ထားသော
လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေး စည်းမျဉ်းဘောင်ကို နားလည်ခြင်း
CU2: သက်ကြီးသင်တန်းအခြေသဘောတရားများနှင့်
ကိုယ်ကျင့်တရားစံနှုန်းများကို သင်တန်း၌ အသုံးချခြင်း
CU3: သင်တန်းအစီအမံ (ပရိုဂရမ်)
ဒီဇိုင်း ရေးဆွဲခြင်း
CU4: သင်တန်းပို့ချရန် ပြင်ဆင်ခြင်း
နှင့် သင်တန်းပို့ချခြင်း
CU5: စာမေးပွဲ/အကဲဖြတ် ဇယား
ပြင်ဆင်ခြင်း
CU6: ကျွမ်းကျင်မှုအခြေခံ
(competency based) အကဲဖြတ်ခြင်း
CU ဆိုသည်မှာ Competency Unit ဖြစ်၏။
ဤတွင် ကျွမ်းကျင်မှုအခြေခံ (competency based) ဆိုသော စကားလုံးကို သတိထားမိပါလိမ့်မည်။
ဤသည်မှာ သင်တန်းသားတကယ်တတ်မတတ်ကို စာတွေ့လက်တွေ့ စမ်းသပ်ခြင်း ဖြစ်၏။ ဥပမာ -
safety harness အကြောင်း သင်ရာတွင် safety harness ကို မည်ကဲ့သို့ ရွေးချယ်ရသည်၊ စစ်ဆေးရသည်
စသည့် စာတွေ့ ဗဟုသုတသာမက လက်တွေ့လည်း ၀တ်ပြခိုင်းခြင်းမျိုး ဖြစ်၏။
(မြန်မာပြည်တွင်လည်း ဤစနစ်မျိုး လုပ်လိုက်ပါသေးသည်။
ဘာတဲ့၊ စဉ်ဆက်မပြတ် အကဲခတ် ဆိုလား။ အစိုးရ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင်
ကျင့်သုံးသည်။ စာမေးပွဲစစ်စရာမလို။ ကျောင်းသား၏ အရည်အသွေးကို ဆရာ ဆရာမက အကဲဖြတ်ကာ တကယ်တတ်မြောက်သည့်
ကျောင်းသားကို အတန်းတင်ပေးခြင်းဖြစ်၏။
သို့သော် သိတော်မူကြသည့်အတိုင်း မြန်မာပြည်ဆိုသည်မှာ
လုပ်လိုက်လျှင် သောက်တလွဲက များသည်။ သည်စနစ်က ငါတို့နဲ့ ကိုက်ညီသလားဆိုတာ မသုံးသပ်။
အများယောင်လို့ယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိ။ သည်စနစ်ကောင်းသည်ဆိုကာ အတွေးအခေါ်အမြော်အမြင် ကြီးမားလှသည့် နိုင်ငံ့ခေါင်းဆောင်ကြီးများက
ချမှတ် ကျင့်သုံးလေတော့ရာ ကျောင်းသားကလေးများခမျာ ဆယ်တန်းရောက်လာသည့်တိုင် ကိုယ့်နာမည်ကိုယ်
မှန်အောင် စာလုံးမပေါင်း တတ်သော အခြေအနေထိ ဆိုက်လေ၏။ ဤစနစ် စတင်ကျင့်သုံးလိုက်သည်မှစကာ
မြန်မာနိုင်ငံတွင် ငဒူကလေးပေါင်း သိန်းနှင့်ချီ၍ ပေါ်ထွက်လာလေတော့ သတည်း။ ဤကား စကားချပ်)
အကြမ်းဖျဉ်းပြောရလျှင် ACTA က သင်ကြားနည်းဆိုင်ရာ
သဘောတရားများ၊ အခြေခံစည်းမျဉ်းများ၊ သင်တန်းမှတ်စု ပြင်ပုံပြင်နည်း၊ သင်ကြားပုံ သင်ကြားနည်း၊
သင်တန်းသား တကယ်တတ်မတတ် အကဲဖြတ်ပုံ ဖြတ်နည်း၊ စာစစ်နည်း စသည်တို့ကို သင်ပေးခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အစိုးရကျောင်းများ၌
ဆရာလုပ်တော့မည်ဆိုပါက ဆရာဖြစ်သင်တန်းကျောင်း၊ ဆရာအတတ်သင် ကောလိပ်၊ သိပ္ပံ၊ ပညာရေးတက္ကသိုလ်
စသည်တို့၌ သင်တန်းတက်ရသည်။ ထိုသင်တန်းများက ဆရာတစ်ယောက်၌ ရှိသင့် ရှိထိုက်သည့် အရည်အချင်းများကို
လေ့ကျင့်သင်ကြားပေးသည်။
ACTA သည်လည်း ထိုနည်း၎င်း ဖြစ်ပါသည်။ သင်တန်းဆရာတစ်ဦး
သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်သည်များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်၏။
ယခုအခါ မြန်မာနိုင်ငံတွင် သင်တန်းကျောင်းများ
မှိုလိုပေါက်နေအောင် ဖွင့်လှစ် သင်ကြားနေကြကုန်၏။ ထိုအခါ ထို သင်တန်းကျောင်းများမှ
သင်ရိုးများသည် ၎င်းတို့ ပေးနေသော သင်တန်းခေါင်းစဉ်များနှင့် ကိုက်ညီမညီ၊ သင်တန်းဆရာများသည်
၎င်းတို့ သင်ကြားနေသည့် သင်တန်းများအတွက် အရည်အချင်း ပြည့်မပြည့်၊ ထိုသင်တန်းများမှ
ဆင်းလာသော သင်တန်းသား များသည် သင်တန်းမှ သင်ပေးလိုက်သည်များကို တကယ် တတ်၊ မတတ် စသည်တို့ကို
စစ်ဆေးကြည့်ရန် မလိုပါသလော။
လောလောဆယ်တွင်မူ မြန်မာနိုင်ငံ၌ ဤကဲ့သို့
စစ်ဆေးမည့်စနစ်၊ စစ်ဆေးမည့် စံ (criteria) များလည်း ချမှတ်အကောင် အထည် မဖော်နိုင်သေး။
သင်တန်းကျောင်းများ၊ သင်တန်းဆရာများ၌ ရှိရမည့် အရည်အသွေးကိုလည်း မသတ်မှတ်နိုင်သေး။
သင်တန်းဆရာများကို ပြုစုပျိုးထောင်ပေးရန် အင်အားလည်း မရှိသေး။
နောင်များမကြာမီ ကာလတစ်ခုတွင်မူ လူအရင်းအမြစ်ကို
ပြုစုပျိုးထောင်ရေး၌ မရှိမဖြစ်လိုအပ်သော သင်တန်းကျောင်း များအား စနစ်တကျဖြစ်လာစေရန်
မူဘောင်များ ချမှတ် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
============
++++++++++++ ============
No comments:
Post a Comment