Thursday, January 4, 2018

သင္တန္းေက်ာင္းတစ္ခု တည္ေထာင္ျခင္း (1)

နိဒါန္း

ဖြံ႔ၿဖိဳးတိုးတက္ေသာ လူတန္းေစ့ႏိုင္ငံတစ္ႏိုင္ငံထူေထာင္ရာတြင္ ေတာ္တည့္ထက္ျမက္ေသာ လူသားအရင္းအျမစ္၊ ေကာင္းမြန္မွန္ကန္ေသာ စီမံခန္႔ခဲြမႈႏွင့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ား၏ ႏုိင္ငံအေပၚ တကယ္ေစတနာထား လုပ္ေဆာင္မႈတို႔ အေရးႀကီး ေၾကာင္း မည္သည့္သဘာ၀သယံဇာတမွမရိွဘဲ တိုင္းျပည္ကို ဆယ္စုႏွစ္အနည္းငယ္အတြင္း ပထမႏိုင္ငံ (First World) ျဖစ္ေအာင္ လုပ္ျပခဲ့ေသာ စင္ကာပူႏုိင္ငံကို ၾကည့္ျခင္းျဖင့္ သိႏိုင္ပါသည္။
ထိုအခ်က္မ်ားထဲမွ လူအရင္းအျမစ္ ျပဳစုပ်ိဳးေထာင္ေရးမွာ အလြန္အေရးပါေသာ အခ်က္တစ္ခုျဖစ္၏။ ႏုိင္ငံသားမ်ားကို ထူးခြ်န္ထက္ျမက္ေသာ လူေတာ္လူေကာင္းမ်ားအျဖစ္ ဖန္တီးယူေရးမွာ လြယ္ကူလွေသာ အလုပ္မဟုတ္ပါ။ ေငြေၾကးႏွင့္ အခ်ိန္ မ်ားစြာလုိ၏။
အမွန္တကယ္တတ္ကြ်မ္းနားလည္သူမ်ားအား ေမြးထုတ္ေရးတြင္ ပညာေရးသည္ အဓိကအက်ဆံုးျဖစ္၏။ ပညာေရး ဟုဆိုရာတြင္ ပံုမွန္ေက်ာင္းသင္ပညာေရးႏွင့္ ေက်ာင္းျပင္ပပညာေရးဟု ႏွစ္မ်ိဳးရိွရာ ႏွစ္မ်ိဳးလံုး အေရးႀကီး၏။ ေက်ာင္းသင္ ပညာေရးတြင္ အကန္႔အသတ္မ်ားစြာရိွ၏။ ထိုအထဲမွ အဓိကအတားအဆီးမွာ ဆင္းရဲမဲြေတမႈ ျဖစ္ပါသည္။ မိဘကခ်ိဳ႔တဲ့သျဖင့္ သားသမီးကို ေက်ာင္းမထားႏိုင္ေသာျဖစ္ရပ္မ်ား ျမန္မာတြင္မက ကမၻာတစ္၀ွမ္းတြင္ပါ အေျမာက္အျမားရိွသည္။
ထိုအခါ ငယ္စဥ္က အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေက်ာင္းမေနလိုက္ရေသာ သူမ်ားအတြက္ ေက်ာင္းျပင္ပပညာေရးျဖင့္ ၎တို႔၏ အရည္အေသြးကို ေျမေတာင္ေျမွာက္ေပးရန္ အေရးႀကီးလာပါသည္။ ပံုမွန္ပညာေရးကို ၿပီးဆံုးေအာင္ သင္ၾကားခဲ့ရ သူမ်ားအေနႏွင့္ပင္ လက္ေတြ႔ပညာရပ္မ်ားကို သင္ၾကားေပးသည့္ ေက်ာင္းျပင္ပပညာေရး မရိွမျဖစ္ လိုအပ္ေနပါေသးသည္။
ထိုလိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ အေကာင္းဆံုး အေထာက္အကူမွာ သက္ေမြး၀မ္းေက်ာင္း သင္တန္းေက်ာင္းမ်ား ဖြင့္လွစ္သင္ၾကားေပးျခင္း ျဖစ္၏။
သက္ေမြး၀မ္းေက်ာင္း သင္တန္းေက်ာင္းမ်ားတြင္ အစိုးရကဖြင့္လွစ္ေသာ သင္တန္းေက်ာင္းႏွင့္ အစိုးရမဟုတ္ေသာ ပုဂၢလိကႏွင့္ အဖဲြ႔အစည္းမ်ားကဖြင့္ေသာ သင္တန္းေက်ာင္းဟု ႏွစ္မ်ိဳးရိွ၏။
အစိုးရကဖြင့့္လွစ္ေသာ သင္တန္းေက်ာင္းမ်ားတြင္မူ စနစ္တက်ေရးဆဲြထားေသာ သင္ရိုးညႊန္းတမ္းမ်ား၊ ေလ့က်င့္ သင္ၾကားေပးထားေသာ သင္တန္းဆရာမ်ား၊ သင္တန္းအေထာက္အကူျပဳပစၥည္းမ်ား စသည္တို႔ ရိွပါလိမ့္မည္။
သို႔ဆိုလွ်င္ ျပင္ပသင္တန္းေက်ာင္းမ်ားအတြက္ စနစ္တက် ေရးဆြဲထားေသာ သင္ရိုးညႊန္းတမ္းမ်ား၊ ေလ့က်င့္သင္ၾကား ေပးထားေသာ သင္တန္းဆရာမ်ား၊ သင္တန္းအေထာက္အကူျပဳ ပစၥည္းမ်ား ရိွရန္ လိုအပ္ပါသလား။
ျမန္မာႏိုင္ငံတြင္ ေက်ာင္းျပင္ပပညာေရး (သို႔မဟုတ္) သက္ႀကီးပညာေရး (adult education) တစ္နည္းအားျဖင့္ စဥ္ဆက္မျပတ္ ပညာေရး (continuing education) ကို က်က်နန ေရးဆဲြအေကာင္အထည္ေဖာ္မႈ အလြန္အားနည္းေနပါ ေသးသည္။ အစိုးရကဖြင့္လွစ္ေသာ သင္တန္းေက်ာင္းမ်ား ရိွသည့္တိုင္ အကန္႔အသတ္မ်ားလွသလို မည္သည့္ေနရာတြင္ မည္သည့္သင္တန္းရိွသည္၊ မည္ကဲ့သို႔တက္ရသည္၊ မည္သူမ်ားတက္ခြင့္ရိွသည္ စေသာ သတင္းအခ်က္အလက္မ်ား ျပည္သူလူထုအၾကား က်ယ္က်ယ္ျပန္႔ျပန္႔ ေရာက္မလာေသးပါ။ ျပည္သူအမ်ားစုမွာ ထုိသင္တန္းမ်ားရိွမွန္းပင္ မသိၾကပါ။
ယခုအခါ ပုဂၢလိကသင္တန္းေက်ာင္းမ်ား ရန္ကုန္၊ မႏၱေလးစေသာ ၿမိဳ႔ႀကီးမ်ားတြင္ အမ်ားအျပားရိွလာေနၿပီ ျဖစ္ပါသည္။ သို႔ဆိုလွ်င္ ထုိသင္တန္းေက်ာင္းမ်ား၏ အရည္အေသြးကို အစိုးရက ေစာင့္ၾကည့္၊ ၾကပ္မတ္၊ ထိန္းသိမ္းေပးမႈမ်ား ရိွပါသလား။ ထိုသင္တန္းေက်ာင္းမ်ားသည္ မည္သုိ႔မည္ပံု သင္ၾကားေပးေနၾကပါသနည္း။ သင္ပံုသင္နည္းမ်ားမွာ ထိေရာက္ေသာ သင္ၾကား ပို႔ခ်နည္းမ်ား ျဖစ္ပါသလား။ သင္ၾကားေပးေနေသာ သင္ရိုးမ်ားမွာ ေခါင္းစဥ္တပ္ထားေသာ သင္တန္းနာမည္ႏွင့္ လိုက္ေလ်ာညီေထြ ရိွပါသလား။ သိသင့္သိထိုက္၊ တတ္သင့္တတ္ထိုက္သည္တို႔ ပါ၀င္ပါသလား။
သင္ၾကားေနေသာ သင္တန္းဆရာမ်ားမွာ အရည္အေသြးျပည့္ သင္တန္းဆရာမ်ား ဟုတ္ပါသလား။ ဟုတ္မဟုတ္ မည္သည့္စံျဖင့္ တုိင္းပါသနည္း။ ထုိသင္တန္းမ်ားမွ ဆင္းလာသူမ်ားသည္ ထိုသင္တန္းမွ ပို႔ခ်လိုက္ေသာ ပညာရပ္မ်ားကို ေသခ်ာစြာ တတ္ေျမာက္ပါရဲ့လား။ ထိုသူတို႔ တကယ္တတ္မတတ္ မည္ကဲ့သို႔ သိႏိုင္ပါသနည္း။ ထုိသင္တန္းမွ ရလာေသာ လက္မွတ္သည္ ထိုသူအား အလုပ္အကိုင္တစ္ခုရေစေရးအတြက္ အာမခံေပးႏိုင္ပါသလား။
ယခု ကြ်န္ေတာ္ သင္တန္းေက်ာင္းတစ္ခု ထူေထာင္ျခင္းအေၾကာင္း ေျပာျပပါမည္။ ဤတြင္ ကြ်န္ေတာ္ရည္ညႊန္းမည္မွာ စင္ကာပူမွ သင္တန္းေက်ာင္းမ်ားအတြက္ သတ္မွတ္ထားသည့္ စံႏႈန္းမ်ား ျဖစ္ပါသည္။ ဤသို႔ရည္ညႊန္းရျခင္းမွာ စင္ကာပူစနစ္ သည္ ကမၻာ့နံပါတ္ (၁) ျဖစ္၍ မဟုတ္ပါ။ ကြ်န္ေတာ္သည္ စင္ကာပူတြင္ လုပ္ကိုင္ေနသူတစ္ဦးျဖစ္၍ စင္ကာပူမွ စံႏႈန္း၊ စနစ္မ်ား ႏွင့္သာ ရင္းႏွီးကြ်မ္း၀င္ေသာေၾကာင့္ ျဖစ္ပါသည္။
အေကာင္းႀကီးပင္ မဟုတ္လွေသာ္လည္း စင္ကာပူအစိုးရလုပ္တာ အေတာ္ေလး စည္းစနစ္က်ပါသည္။ အဘယ္ေၾကာင့္ အေကာင္းႀကီးမဟုတ္ဟု ဆုိရသနည္းဟူမူ စနစ္ပင္မည္မွ်ေကာင္းေအာင္ လုပ္ထားသည္ျဖစ္ေစ၊ အာရွသားတို႔၏ ထံုးစံအတိုင္း ညာတာပါေတးျဖင့္ ဥပေဒကို လက္တစ္လံုးျခား လုပ္စားေနသူ အမ်ားအျပားရိွေနေသးေသာေၾကာင့္ ျဖစ္ပါသည္။ ခ်မွတ္က်င့္သံုး ေနသည့္ စနစ္ကေတာ့ မဆိုးလွပါ။
အစိုးရက မည္မွ်ပင္ စနစ္တက်လုပ္ထားေစကာမူ စနစ္ကိုလွည့္ျဖားကာ ဥပေဒကို မ်က္လွည့္ျပလ်က္ ညာ၀ါၿဖီးျဖန္း လုပ္စားၾကမည့္သူေတြ ရိွေနပါက မည္မွ်ပင္ စနစ္ေကာင္းေကာင္း၊ ေအာင္ျမင္ႏိုင္စရာ အေၾကာင္းမရိွပါဟု ေျပာလိုပါသည္။
           သင္တန္းေက်ာင္းကို စီးပြားေရးအရ ဖြင့္လွစ္သင္ၾကားသည့္အတြက္ သင္တန္းမ်ားမွာ မိမိတို႔ ထမင္းအိုးျဖစ္၏။ ကြ်ႏ္ုပ္တို႔သည္ ကိုယ့္ထမင္းအိုးကိုယ္ သစၥာရိွၾကဘို႔လိုပါသည္။ သင္တန္းမ်ားကို နာမည္ခံဖြင့္ၿပီး သင္တန္းေၾကးရရံုမွ် သင္ေပးတာ မဟုတ္ဘဲ သင္တန္းသားမ်ားတတ္ေျမာက္ေရးကို အဓိကထားသင္ၾကားေပးေသာ သင္တန္းမ်ားျဖစ္ရန္ အေရးႀကီးလွ၏။ သင္တန္းသားမ်ားသည္ တန္ရာတန္ေၾကး သင္တန္းေၾကးေပးကာ လာတက္သည့္အတြက္ သင္တန္းေက်ာင္းမ်ားက ၎တို႔အား ထိုက္ထိုက္တန္တန္ အသိပညာ၊ ဗဟုသုတမ်ား ျပန္ေပးရန္ တာ၀န္ရိွပါသည္။ မိမိတို႔ သင္တန္းေက်ာင္း မည္မွ်ေကာင္းေၾကာင္းကို ေမာင္းထုေၾကျငာေနစရာမလုိပါ။ လူသတင္း လူခ်င္းေဆာင္ကာ သင္တန္းဆင္းသြားသူမ်ားက အလုိလုိေၾကျငာေပးပါလိမ့္မည္။ 
            သို႔ဆိုလွ်င္ ေကာင္းမြန္မွန္ကန္ေသာ သင္တန္းေက်ာင္းတစ္ခုျဖစ္ရန္ မည္ကဲ့သို႔ ပ်ိဳးေထာင္ရမည္နည္း။
            ယခု သင္တန္းေက်ာင္းတစ္ခုတည္ေထာင္ရာတြင္ လုိအပ္သည့္အခ်က္မ်ားကို အျပည့္အစံု ေရးသားေဖာ္ျပပါမည္။
            ျမန္မာႏိုင္ငံမွ သင္တန္းေက်ာင္းမ်ားသည္ အရည္အခ်င္းျပည့္မီေသာ သင္တန္းေက်ာင္းမ်ားျဖစ္လ်က္ ေတာ္တည့္ ထက္ျမက္ေသာ လုပ္သားမ်ားကို ေမြးထုတ္ေပးကာ ျမန္မာႏိုင္ငံတည္ေဆာက္ေရးတြင္ တစ္တပ္တစ္အား ပါ၀င္ႏိုင္ၾကပါေစဟု ဆႏၵျပဳလိုက္ရပါေၾကာင္း။

(၂) အရည္အေသြးအတြက္ အစိုးရမွ ထိန္းခ်ဳပ္ထားျခင္း

            ကြ်န္ေတာ္က Safety လုိင္းမွျဖစ္သျဖင့္ ကြ်န္ေတာ္ပိုကြ်မ္းက်င္ေသာ Safety သင္တန္းေက်ာင္းမ်ားအေၾကာင္း ေျပာပါ မည္။ စင္ကာပူတြင္ Safety သင္တန္းမ်ားကို ပိုက္ဆံရိွတုိင္း ဖြင့္ခ်င္သလို ဖြင့္လို႔မရေအာင္ အစိုးရက လုိင္စင္ျဖင့္ ထိန္းထား၏။ ဤလိုင္စင္ကို ခ်ေပးသူမွာ MOM (Ministry of Manpower) ျဖစ္ပါသည္။ MOM က ၎တို႔၏ ညႊန္ၾကားခ်က္အတိုင္း သင္ၾကားရန္ Workforce Development Agency (WDA) သို႔ခ်ေပးသည္။ ထိုသင္တန္းမ်ားမွာ Singapore Workforce Skills Qualifications (WSQ) စနစ္အရျဖစ္ၿပီး ထုိသင္တန္းမ်ားအတြက္ လိုင္စင္ခ်ေပးထားေသာ သင္တန္းေက်ာင္း စုစုေပါင္း (၁၂) ခုရိွ၏။
            အခ်ိဳ႔သင္တန္းမ်ားကို အျပည္ျပည္ဆိုင္ရာ စံႏႈန္း ISO29990 အရသင္ၾကားေစသည္။ ထိုသင္တန္းေက်ာင္းမ်ားကို LSP (Learning Service Provider) ဟု ေခၚ၏။ ထိုသင္တန္းမ်ားအတြက္ လိုင္စင္ခ်ေပးထားေသာ သင္တန္းေက်ာင္းမ်ားမွာ စုစုေပါင္း (၇၀) ရိွပါသည္။ လိုင္စင္မရိွသူမ်ား သင္တန္းဖြင့္ခြင့္ မရိွပါ။ ထုိ သင္တန္းေက်ာင္းစာရင္းကို MOM website တြင္ၾကည့္လို႔ရပါသည္။
            လုပ္ငန္းအမ်ိဳးအစားအလိုက္ မတက္မေနတက္ရေသာ သင္တန္းမ်ားအား အစုိးရမွ သတ္မွတ္ထား၏။ ဆိုလိုသည္မွာ ထိုသင္တန္းဆင္းလက္မွတ္ရိွမွ ထိုအလုပ္ကို လုပ္ခြင့္ျပဳသည္။ ထုိသင္တန္းမ်ားကိုလည္း MOM website တြင္ပင္ ေဖာ္ျပထားပါ သည္။ ၂၀၁၆ ဇြန္လ (၁) ရက္ေန႔ထိ သင္တန္းစုစုေပါင္း (၆၇) ခု ရိွ၏။
            မည္သည့္သင္တန္းကို မည္သည့္သင္တန္းေက်ာင္းတြင္ တက္ႏိုင္ေၾကာင္းလည္း သင္တန္းေက်ာင္း link ေပးထား၏။ ထုိသင္တန္းေက်ာင္း link ကို ဖြင့္လိုက္သည္ႏွင့္ ထုိသင္တန္းေက်ာင္းက မည္သည့္ သင္တန္းမ်ားေပးသည္။ မည္သည့္ရက္၌ မည္သည့္သင္တန္းမ်ား တက္ႏိုင္သည္။ မည္မွ်ၾကာမည္။ သင္တန္းေၾကး မည္မွ်ရိွသည္။ သင္တန္းတည္ေနရာ စသည္တို႔ကို အျပည့္အစံု ေဖာ္ျပထား၏။ ထုိ႔ျပင္ ေက်ာင္းေတာ္ေတာ္မ်ားမ်ားမွာ အင္တာနက္မွပင္ သင္တန္းေလွ်ာက္လႊာတင္၍ ရပါသည္။
            သင္တန္းေက်ာင္းဖြင့္ခြင့္ လိုင္စင္ကို MOM website တြင္ online ေလွ်ာက္ရ၏။ ထို website တြင္ သင္တန္းေက်ာင္း လိုင္စင္ေလွ်ာက္ရန္ လိုအပ္ခ်က္မ်ားကို အျပည့္အစံု ေဖာ္ျပထား၏။ ပစၥည္း (သင္တန္းခန္းမ၊ သင္ၾကားမႈ အေထာက္အကူပစၥည္း၊ စသည္) ႏွင့္ လူ (သင္တန္းဆရာ) ဟူ၍ လိုအပ္ခ်က္ႏွစ္မ်ိဳးရိွသည့္အနက္ ပစၥည္းက ေငြရိွလွ်င္ ပိုက္ဆံေပး၀ယ္လို႔ ရေသးသည္။ သို႔ေသာ္ လူကိုမူ ပိုက္ဆံေပး၀ယ္ရန္မလြယ္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ထုိသူမ်ားသည္ သူတို႔သတ္မွတ္ထားေသာ စံႏႈန္းႏွင့္ ကိုက္ညီသူမ်ား ျဖစ္ရမည္ ျဖစ္ေသာေၾကာင့္တည္း။ ထိုသတ္မွတ္ထားေသာ စံႏႈန္းမ်ားတြင္ သင္တန္းႏွင့္ လုပ္ငန္းအေတြ႔အႀကံဳဟု ႏွစ္မ်ိဳးရိွ၏။ သင္တန္းကို ပိုက္ဆံေပးတက္လို႔ရသည္။ သို႔ေသာ္ လုပ္သက္ကုိမူ ပိုက္ဆံေပး၀ယ္၍ မရပါ။ ထို႔ေၾကာင့္ လူလိုအပ္ခ်က္ အေရးႀကီးသည္ဟု ဆုိရျခင္းျဖစ္၏။
            အဘယ္ေၾကာင့္ ဤကဲ့သို႔ ထိန္းခ်ုဳပ္ထားပါသနည္း။ ရွင္းပါသည္။ အရည္အေသြးလိုခ်င္လို႔ ထိန္းထားတာ ျဖစ္ပါသည္။ မႈိလိုေပါက္ေနေသာ သင္တန္းေက်ာင္းမ်ားမွ ျဖစ္ကတတ္ဆန္းသင္ေပးလုိက္ၿပီး လက္မွတ္မ်ားကို စက္ႏွင့္ရိုက္ထုတ္ထားေသာ သင္တန္းဆင္းမ်ားဆိုလွ်င္ေတာ့ မည္မွ်ပင္သင္တန္းဆင္းမ်ား မ်ားပါေစ၊ တိုင္းျပည္အတြက္၊ ကုန္ထုတ္လုပ္ငန္းအတြက္၊ တစ္နည္းအားျဖင့္ အစိုးရလိုခ်င္ေသာ ရည္မွန္းခ်က္အတြက္ ျပည့္မီေအာင္ ျဖည့္ဆည္းႏိုင္မည္ မဟုတ္ပါ။ ထို႔ေၾကာင့္ ေတာ္တည့္ ထက္ျမက္ေသာ သင္တန္းဆရာမ်ား ရရိွေစရန္ ထိုအရည္အေသြးႏွစ္ရပ္ျဖင့္ ထိန္းထားျခင္း ျဖစ္၏။
            ဤသည္မွာ တုိင္းျပည္ထူေထာင္ေရးအတြက္ အလြန္အေရးႀကီးေသာ လူအရင္းအျမစ္ပ်ိဳးေထာင္ရာတြင္ အေရးတႀကီး ထည့္သြင္းစဥ္းစားရမည့္ အခ်က္ျဖစ္၏။ လက္မွတ္မ်ားကိုင္ထားၿပီး ေတာင္ကိုင္ရမလို၊ ေျမာက္ကိုင္ရမလို ျဖစ္ေနသူမ်ားႏွင့္ အရည္အေသြးျပည့္သည့္တုိင္းျပည္ကို မည္ကဲ့သို႔ထူေထာင္ပါမည္နည္း။

ဆက္ပါဦးမည္။

ေအးၿငိမ္း (ေလးမ်က္ႏွာ)


======= x x x =======

သင်တန်းကျောင်းတစ်ခု တည်ထောင်ခြင်း

အေးငြိမ်း (လေးမျက်နှာ)

နိဒါန်း

ဖွံ့ဖြိုးတိုးတက်သော လူတန်းစေ့နိုင်ငံတစ်နိုင်ငံထူထောင်ရာတွင် တော်တည့်ထက်မြက်သော လူသားအရင်းအမြစ်၊ ကောင်းမွန်မှန်ကန်သော စီမံခန့်ခွဲမှုနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံအပေါ် တကယ်စေတနာထား လုပ်ဆောင်မှုတို့ အရေးကြီး ကြောင်း မည်သည့်သဘာဝသယံဇာတမှမရှိဘဲ တိုင်းပြည်ကို ဆယ်စုနှစ်အနည်းငယ်အတွင်း ပထမနိုင်ငံ (First World) ဖြစ်အောင် လုပ်ပြခဲ့သော စင်ကာပူနိုင်ငံကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

ထိုအချက်များထဲမှ လူအရင်းအမြစ် ပြုစုပျိုးထောင်ရေးမှာ အလွန်အရေးပါသော အချက်တစ်ခုဖြစ်၏။ နိုင်ငံသားများကို ထူးချွန်ထက်မြက်သော လူတော်လူကောင်းများအဖြစ် ဖန်တီးယူရေးမှာ လွယ်ကူလှသော အလုပ်မဟုတ်ပါ။ ငွေကြေးနှင့် အချိန် များစွာလို၏။

အမှန်တကယ်တတ်ကျွမ်းနားလည်သူများအား မွေးထုတ်ရေးတွင် ပညာရေးသည် အဓိကအကျဆုံးဖြစ်၏။ ပညာရေး ဟုဆိုရာတွင် ပုံမှန်ကျောင်းသင်ပညာရေးနှင့် ကျောင်းပြင်ပပညာရေးဟု နှစ်မျိုးရှိရာ နှစ်မျိုးလုံး အရေးကြီး၏။ ကျောင်းသင် ပညာရေးတွင် အကန့်အသတ်များစွာရှိ၏။ ထိုအထဲမှ အဓိကအတားအဆီးမှာ ဆင်းရဲမွဲတေမှု ဖြစ်ပါသည်။ မိဘကချို့တဲ့သဖြင့် သားသမီးကို ကျောင်းမထားနိုင်သောဖြစ်ရပ်များ မြန်မာတွင်မက ကမ္ဘာတစ်ဝှမ်းတွင်ပါ အမြောက်အမြားရှိသည်။

ထိုအခါ ငယ်စဉ်က အကြောင်းအမျိုးမျိုးဖြင့် ကျောင်းမနေလိုက်ရသော သူများအတွက် ကျောင်းပြင်ပပညာရေးဖြင့် ၎င်းတို့၏ အရည်အသွေးကို မြေတောင်မြှောက်ပေးရန် အရေးကြီးလာပါသည်။ ပုံမှန်ပညာရေးကို ပြီးဆုံးအောင် သင်ကြားခဲ့ရ သူများအနေနှင့်ပင် လက်တွေ့ပညာရပ်များကို သင်ကြားပေးသည့် ကျောင်းပြင်ပပညာရေး မရှိမဖြစ် လိုအပ်နေပါသေးသည်။

ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် အကောင်းဆုံး အထောက်အကူမှာ သက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်၏။

သက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများတွင် အစိုးရကဖွင့်လှစ်သော သင်တန်းကျောင်းနှင့် အစိုးရမဟုတ်သော ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများကဖွင့်သော သင်တန်းကျောင်းဟု နှစ်မျိုးရှိ၏။

အစိုးရကဖွင့့်လှစ်သော သင်တန်းကျောင်းများတွင်မူ စနစ်တကျရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများ၊ လေ့ကျင့် သင်ကြားပေးထားသော သင်တန်းဆရာများ၊ သင်တန်းအထောက်အကူပြုပစ္စည်းများ စသည်တို့ ရှိပါလိမ့်မည်။
သို့ဆိုလျှင် ပြင်ပသင်တန်းကျောင်းများအတွက် စနစ်တကျ ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများ၊ လေ့ကျင့်သင်ကြား ပေးထားသော သင်တန်းဆရာများ၊ သင်တန်းအထောက်အကူပြု ပစ္စည်းများ ရှိရန် လိုအပ်ပါသလား။
မြန်မာနိုင်ငံတွင် ကျောင်းပြင်ပပညာရေး (သို့မဟုတ်) သက်ကြီးပညာရေး (adult education) တစ်နည်းအားဖြင့် စဉ်ဆက်မပြတ် ပညာရေး (continuing education) ကို ကျကျနန ရေးဆွဲအကောင်အထည်ဖော်မှု အလွန်အားနည်းနေပါ သေးသည်။ အစိုးရကဖွင့်လှစ်သော သင်တန်းကျောင်းများ ရှိသည့်တိုင် အကန့်အသတ်များလှသလို မည်သည့်နေရာတွင် မည်သည့်သင်တန်းရှိသည်၊ မည်ကဲ့သို့တက်ရသည်၊ မည်သူများတက်ခွင့်ရှိသည် စသော သတင်းအချက်အလက်များ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်မလာသေးပါ။ ပြည်သူအများစုမှာ ထိုသင်တန်းများရှိမှန်းပင် မသိကြပါ။

ယခုအခါ ပုဂ္ဂလိကသင်တန်းကျောင်းများ ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများတွင် အများအပြားရှိလာနေပြီ ဖြစ်ပါသည်။ သို့ဆိုလျှင် ထိုသင်တန်းကျောင်းများ၏ အရည်အသွေးကို အစိုးရက စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းသိမ်းပေးမှုများ ရှိပါသလား။ ထိုသင်တန်းကျောင်းများသည် မည်သို့မည်ပုံ သင်ကြားပေးနေကြပါသနည်း။ သင်ပုံသင်နည်းများမှာ ထိရောက်သော သင်ကြား ပို့ချနည်းများ ဖြစ်ပါသလား။ သင်ကြားပေးနေသော သင်ရိုးများမှာ ခေါင်းစဉ်တပ်ထားသော သင်တန်းနာမည်နှင့် လိုက်လျောညီထွေ ရှိပါသလား။ သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်သည်တို့ ပါ၀င်ပါသလား။

သင်ကြားနေသော သင်တန်းဆရာများမှာ အရည်အသွေးပြည့် သင်တန်းဆရာများ ဟုတ်ပါသလား။ ဟုတ်မဟုတ် မည်သည့်စံဖြင့် တိုင်းပါသနည်း။ ထိုသင်တန်းများမှ ဆင်းလာသူများသည် ထိုသင်တန်းမှ ပို့ချလိုက်သော ပညာရပ်များကို သေချာစွာ တတ်မြောက်ပါရဲ့လား။ ထိုသူတို့ တကယ်တတ်မတတ် မည်ကဲ့သို့ သိနိုင်ပါသနည်း။ ထိုသင်တန်းမှ ရလာသော လက်မှတ်သည် ထိုသူအား အလုပ်အကိုင်တစ်ခုရစေရေးအတွက် အာမခံပေးနိုင်ပါသလား။

ယခု ကျွန်တော် သင်တန်းကျောင်းတစ်ခု ထူထောင်ခြင်းအကြောင်း ပြောပြပါမည်။ ဤတွင် ကျွန်တော်ရည်ညွှန်းမည်မှာ စင်ကာပူမှ သင်တန်းကျောင်းများအတွက် သတ်မှတ်ထားသည့် စံနှုန်းများ ဖြစ်ပါသည်။ ဤသို့ရည်ညွှန်းရခြင်းမှာ စင်ကာပူစနစ် သည် ကမ္ဘာ့နံပါတ် (၁) ဖြစ်၍ မဟုတ်ပါ။ ကျွန်တော်သည် စင်ကာပူတွင် လုပ်ကိုင်နေသူတစ်ဦးဖြစ်၍ စင်ကာပူမှ စံနှုန်း၊ စနစ်များ နှင့်သာ ရင်းနှီးကျွမ်းဝင်သောကြောင့် ဖြစ်ပါသည်။

အကောင်းကြီးပင် မဟုတ်လှသော်လည်း စင်ကာပူအစိုးရလုပ်တာ အတော်လေး စည်းစနစ်ကျပါသည်။ 
အဘယ်ကြောင့် အကောင်းကြီးမဟုတ်ဟု ဆိုရသနည်းဟူမူ စနစ်ပင်မည်မျှကောင်းအောင် လုပ်ထားသည်ဖြစ်စေ၊ အာရှသားတို့၏ ထုံးစံအတိုင်း ညာတာပါတေးဖြင့် ဥပဒေကို လက်တစ်လုံးခြား လုပ်စားနေသူ အများအပြားရှိနေသေးသောကြောင့် ဖြစ်ပါသည်။ ချမှတ်ကျင့်သုံး နေသည့် စနစ်ကတော့ မဆိုးလှပါ။

အစိုးရက မည်မျှပင် စနစ်တကျလုပ်ထားစေကာမူ စနစ်ကိုလှည့်ဖြားကာ ဥပဒေကို မျက်လှည့်ပြလျက် ညာဝါဖြီးဖြန်း လုပ်စားကြမည့်သူတွေ ရှိနေပါက မည်မျှပင် စနစ်ကောင်းကောင်း၊ အောင်မြင်နိုင်စရာ အကြောင်းမရှိပါဟု ပြောလိုပါသည်။

           သင်တန်းကျောင်းကို စီးပွားရေးအရ ဖွင့်လှစ်သင်ကြားသည့်အတွက် သင်တန်းများမှာ မိမိတို့ ထမင်းအိုးဖြစ်၏။ ကျွန်ုပ်တို့သည် ကိုယ့်ထမင်းအိုးကိုယ် သစ္စာရှိကြဘို့လိုပါသည်။ သင်တန်းများကို နာမည်ခံဖွင့်ပြီး သင်တန်းကြေးရရုံမျှ သင်ပေးတာ မဟုတ်ဘဲ သင်တန်းသားများတတ်မြောက်ရေးကို အဓိကထားသင်ကြားပေးသော သင်တန်းများဖြစ်ရန် အရေးကြီးလှ၏။ သင်တန်းသားများသည် တန်ရာတန်ကြေး သင်တန်းကြေးပေးကာ လာတက်သည့်အတွက် သင်တန်းကျောင်းများက ၎င်းတို့အား ထိုက်ထိုက်တန်တန် အသိပညာ၊ ဗဟုသုတများ ပြန်ပေးရန် တာဝန်ရှိပါသည်။ မိမိတို့ သင်တန်းကျောင်း မည်မျှကောင်းကြောင်းကို မောင်းထုကြေငြာနေစရာမလိုပါ။ လူသတင်း လူချင်းဆောင်ကာ သင်တန်းဆင်းသွားသူများက အလိုလိုကြေငြာပေးပါလိမ့်မည်။ 

          သို့ဆိုလျှင် ကောင်းမွန်မှန်ကန်သော သင်တန်းကျောင်းတစ်ခုဖြစ်ရန် မည်ကဲ့သို့ ပျိုးထောင်ရမည်နည်း။
          ယခု သင်တန်းကျောင်းတစ်ခုတည်ထောင်ရာတွင် လိုအပ်သည့်အချက်များကို အပြည့်အစုံ ရေးသားဖော်ပြပါမည်။

          မြန်မာနိုင်ငံမှ သင်တန်းကျောင်းများသည် အရည်အချင်းပြည့်မီသော သင်တန်းကျောင်းများဖြစ်လျက် တော်တည့် ထက်မြက်သော လုပ်သားများကို မွေးထုတ်ပေးကာ မြန်မာနိုင်ငံတည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါ၀င်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါကြောင်း။

(၂) အရည်အသွေးအတွက် အစိုးရမှ ထိန်းချုပ်ထားခြင်း

            ကျွန်တော်က Safety လိုင်းမှဖြစ်သဖြင့် ကျွန်တော်ပိုကျွမ်းကျင်သော Safety သင်တန်းကျောင်းများအကြောင်း ပြောပါ မည်။ စင်ကာပူတွင် Safety သင်တန်းများကို ပိုက်ဆံရှိတိုင်း ဖွင့်ချင်သလို ဖွင့်လို့မရအောင် အစိုးရက လိုင်စင်ဖြင့် ထိန်းထား၏။ ဤလိုင်စင်ကို ချပေးသူမှာ MOM (Ministry of Manpower) ဖြစ်ပါသည်။ MOM က ၎င်းတို့၏ ညွှန်ကြားချက်အတိုင်း သင်ကြားရန် Workforce Development Agency (WDA) သို့ချပေးသည်။ ထိုသင်တန်းများမှာ Singapore Workforce Skills Qualifications (WSQ) စနစ်အရဖြစ်ပြီး ထိုသင်တန်းများအတွက် လိုင်စင်ချပေးထားသော သင်တန်းကျောင်း စုစုပေါင်း (၁၂) ခုရှိ၏။

          အချို့သင်တန်းများကို အပြည်ပြည်ဆိုင်ရာ စံနှုန်း ISO29990 အရသင်ကြားစေသည်။ ထိုသင်တန်းကျောင်းများကို LSP (Learning Service Provider) ဟု ခေါ်၏။ ထိုသင်တန်းများအတွက် လိုင်စင်ချပေးထားသော သင်တန်းကျောင်းများမှာ စုစုပေါင်း (၇၀) ရှိပါသည်။ လိုင်စင်မရှိသူများ သင်တန်းဖွင့်ခွင့် မရှိပါ။ ထို သင်တန်းကျောင်းစာရင်းကို MOM website တွင်ကြည့်လို့ရပါသည်။

          လုပ်ငန်းအမျိုးအစားအလိုက် မတက်မနေတက်ရသော သင်တန်းများအား အစိုးရမှ သတ်မှတ်ထား၏။ ဆိုလိုသည်မှာ ထိုသင်တန်းဆင်းလက်မှတ်ရှိမှ ထိုအလုပ်ကို လုပ်ခွင့်ပြုသည်။ ထိုသင်တန်းများကိုလည်း MOM website တွင်ပင် ဖော်ပြထားပါ သည်။ ၂၀၁၆ ဇွန်လ (၁) ရက်နေ့ထိ သင်တန်းစုစုပေါင်း (၆၇) ခု ရှိ၏။

          မည်သည့်သင်တန်းကို မည်သည့်သင်တန်းကျောင်းတွင် တက်နိုင်ကြောင်းလည်း သင်တန်းကျောင်း link ပေးထား၏။ ထိုသင်တန်းကျောင်း link ကို ဖွင့်လိုက်သည်နှင့် ထိုသင်တန်းကျောင်းက မည်သည့် သင်တန်းများပေးသည်။ မည်သည့်ရက်၌ မည်သည့်သင်တန်းများ တက်နိုင်သည်။ မည်မျှကြာမည်။ သင်တန်းကြေး မည်မျှရှိသည်။ သင်တန်းတည်နေရာ စသည်တို့ကို အပြည့်အစုံ ဖော်ပြထား၏။ ထို့ပြင် ကျောင်းတော်တော်များများမှာ အင်တာနက်မှပင် သင်တန်းလျှောက်လွှာတင်၍ ရပါသည်။

            သင်တန်းကျောင်းဖွင့်ခွင့် လိုင်စင်ကို MOM website တွင် online လျှောက်ရ၏။ ထို website တွင် သင်တန်းကျောင်း လိုင်စင်လျှောက်ရန် လိုအပ်ချက်များကို အပြည့်အစုံ ဖော်ပြထား၏။ ပစ္စည်း (သင်တန်းခန်းမ၊ သင်ကြားမှု အထောက်အကူပစ္စည်း၊ စသည်) နှင့် လူ (သင်တန်းဆရာ) ဟူ၍ လိုအပ်ချက်နှစ်မျိုးရှိသည့်အနက် ပစ္စည်းက ငွေရှိလျှင် ပိုက်ဆံပေးဝယ်လို့ ရသေးသည်။ သို့သော် လူကိုမူ ပိုက်ဆံပေးဝယ်ရန်မလွယ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် သူတို့သတ်မှတ်ထားသော စံနှုန်းနှင့် ကိုက်ညီသူများ ဖြစ်ရမည် ဖြစ်သောကြောင့်တည်း။ ထိုသတ်မှတ်ထားသော စံနှုန်းများတွင် သင်တန်းနှင့် လုပ်ငန်းအတွေ့အကြုံဟု နှစ်မျိုးရှိ၏။ သင်တန်းကို ပိုက်ဆံပေးတက်လို့ရသည်။ သို့သော် လုပ်သက်ကိုမူ ပိုက်ဆံပေးဝယ်၍ မရပါ။ ထို့ကြောင့် လူလိုအပ်ချက် အရေးကြီးသည်ဟု ဆိုရခြင်းဖြစ်၏။

            အဘယ်ကြောင့် ဤကဲ့သို့ ထိန်းချုုပ်ထားပါသနည်း။ ရှင်းပါသည်။ အရည်အသွေးလိုချင်လို့ ထိန်းထားတာ ဖြစ်ပါသည်။ မှိုလိုပေါက်နေသော သင်တန်းကျောင်းများမှ ဖြစ်ကတတ်ဆန်းသင်ပေးလိုက်ပြီး လက်မှတ်များကို စက်နှင့်ရိုက်ထုတ်ထားသော သင်တန်းဆင်းများဆိုလျှင်တော့ မည်မျှပင်သင်တန်းဆင်းများ များပါစေ၊ တိုင်းပြည်အတွက်၊ ကုန်ထုတ်လုပ်ငန်းအတွက်၊ တစ်နည်းအားဖြင့် အစိုးရလိုချင်သော ရည်မှန်းချက်အတွက် ပြည့်မီအောင် ဖြည့်ဆည်းနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တော်တည့် ထက်မြက်သော သင်တန်းဆရာများ ရရှိစေရန် ထိုအရည်အသွေးနှစ်ရပ်ဖြင့် ထိန်းထားခြင်း ဖြစ်၏။

            ဤသည်မှာ တိုင်းပြည်ထူထောင်ရေးအတွက် အလွန်အရေးကြီးသော လူအရင်းအမြစ်ပျိုးထောင်ရာတွင် အရေးတကြီး ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်၏။ လက်မှတ်များကိုင်ထားပြီး တောင်ကိုင်ရမလို၊ မြောက်ကိုင်ရမလို ဖြစ်နေသူများနှင့် အရည်အသွေးပြည့်သည့်တိုင်းပြည်ကို မည်ကဲ့သို့ထူထောင်ပါမည်နည်း။

ဆက်ပါဦးမည်။



======= x x x =======

No comments: