Friday, June 9, 2017

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ (၇)

(၆) မြို့ပြ ဖွဲ့စည်းတည်ဆောက်မှုစနစ်  - လရောင်

Urban planning ဆိုတာ ကိုယ့်မှာရှိတဲ့ မြေ၊ ရေတွေနဲ့ အားလုံးအဆင်ပြေပြေသွားလာနိုင်၊ ကုန်သွယ်နိုင်အောင် သန့်စင်တဲ့ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ကအစ ဘယ်လိုစီမံမလဲ ဆိုတာဖြစ်ပါတယ်။ Urban planning ကိုစနစ်တကျ အကောင်အထည် ဖော်နိုင်ခဲ့တဲ့နိုင်ငံတွေထဲက တချို့ကို နမူနာပြပါမယ်။

ဒါက နယူယောက်ပါ။ ဒီဘက်က နဂိုအခြေအနေနဲ့ ဟောဒါကတော့ အခုအခြေအနေပါ။ 


ဒါက စင်ကာပူပါ။ ဒီဘက်က နဂိုအခြေအနေနဲ့ ဟောဒါကတော့ အခုအခြေအနေပါ။


အဲဒါကိုကြည့်ခြင်းအားဖြင့် Urban planning ရဲ့အကျိုးကျေးဇူးကို မြင်ကြရမှာပါ။
Urban planning မှာ အစိုးရကဖန်တီးပေးတဲ့ မြို့ပြကို လူတွေလာတယ်။ အလုပ်တွေရကြတယ်ပေါ့။
မြို့ပြတစ်ခုကို ဒီဇိုင်းဆွဲတဲ့အခါ အရေးကြီးတဲ့အချက်က မြို့လယ်ရဲ့ ၅% လောက်ကိုပဲ ရုံးတွေ အဆောက်အဦးတွေ ဆောက်ပါ တယ်။ ကျန်တဲ့ ၉၅% ကိုတော့ ပန်းခြံတွေ၊ မြေလွတ်တွေနဲ့ ပြည်သူတွေအတွက် ဖန်တီးပေးဘို့ပါ။

စင်ကာပူက အကန့်အသတ်ရှိတဲ့မြေနေရာကို အစိုးရက ကဏ္ဍ (၁၂) ရပ်ကို ခွဲဝေအသုံးပြုပါတယ်။ Urban planning စလုပ်တော့ သူတို့ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေကို ခန့်ထားတယ်။ မြေအနေအထားခွဲဝေတယ်။ နောက် benchmark စဉ်းစားတယ်။ ဥပမာ - မီးရထားစနစ်မှာ ဂျပန်စနစ်ယူမလား၊ ဂျာမဏီစနစ်ယူမလား ပေါ့။ အဲဒါပြီးမှ မြို့ plan တွေ ဆွဲပါတယ်။

နောက်တစ်ခုက ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေ။ ပိုက်ဆံဘယ်လောက်သုံးနိုင်တယ် ဆိုတဲ့အပေါ်မူတည်ပြီး phase 1 မှာ ဘယ်အထိဆောက်မယ်။ ရထားလမ်းကို ဘယ်ကနေဘယ်ထိ အရင်ဆက်မယ်။ နောက် ရေလျှံနိုင်တဲ့နေရာ စသဖြင့်။ အဲဒါဆို အစိုးရအနေနဲ့ စီမံကိန်းချတာ ပြီးသွားပါပြီ။ နောက်တဆင့်က resource တွေကို ဘယ်လိုရှာမလဲ။

Resource အများကြီးရှိပါတယ်။ supply chain, IT, Banking စတဲ့ urban planning ကို အထောက်အပံ့ပြုမဲ့ နည်းပညာတွေ အားလုံးကို တပြိုင်နက်ကြီးထွားလာအောင် လုပ်ပေးရမှာပါ။

Master plan လုပ်တုံးကတော့ ငှားထားတဲ့ ကျွမ်းသူတွေနဲ့ ရေးဆွဲတယ်။ ဒါပေမဲ့ project တစ်ခုချင်းလုပ်တော့မယ်ဆို design တွေ၊ reference တွေ ရှာရပါတယ်။ မြန်မာနိုင်ငံရဲ့အားသာချက်က ကိုယ်က ခုမှစလုပ်မှာဆိုတော့ နိုင်ငံတကာက case study (အမှားများကို လေ့လာသုံးသပ်ချက်) တွေကို နမူနာယူလို့ရပါတယ်။ အဲဒါတွေကြည့်ပြီး အကောင်းဆုံးဒီဇိုင်းကို ရေးဆွဲနိုင် ပါတယ်။

မန္တလေးအတွက် ဒီဇိုင်းဆွဲရင် မြန်မာမှုတွေ ပျက်မသွားစေဘို့ ဘယ်သူတွေကို တာဝန်ပေးမလဲ၊ ဘယ်သူတွေကို အကဲဖြတ်ခိုင်း မလဲ။ နောက်ပြီး ရုပ်ဝတ္ထုပစ္စည်းတွေဖြစ်တဲ့ အုတ်၊ သဲ၊ ကျောက်တွေ၊ ဘိလပ်မြေတွေအတွက်ပါ ထည့်စဉ်းစားရပါမယ်။ မြို့တည် ဘို့အတွက် ဒီပစ္စည်းတွေ လုံလုံလောက်လောက်ရှိသလား။ ဘယ်နေရာမှာ သိုလှောင်မလဲ။ လူထုကို အနှောက်အယှက်မဖြစ် စေဘဲ လုပ်ငန်းခွင်ရောက်အောင် ဘယ်လိုသယ်မလဲ။

မြို့ပြစနစ်တစ်ခုစတင်လိုက်ပြီဆိုတာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတယ်။ လူတွေဝင်ငွေကောင်းလာတယ်။ အစိုးရ လည်း ၀င်ငွေကောင်းတယ်။ ကျွန်မဒီမှာ Rules and Regulations and Practices အကြောင်း ရှင်းပြပါမယ်။

Developer တစ်ယောက်ဟာ ကိုယ့်ပရောဂျက်ထဲကို ဘိလပ်မြေ အစီး ၂၀ သွင်းမယ်ဆိုရင် ဆယ်စီးတိုက်လောက်ဟာ ခဲသွား တာနဲ့ အလေအလွင့် အပျက်အစီးထဲမှာ ပါသွားပါတယ်။ ဒါက နစ်နာချက်တွေပါ။ ဒါက developer တစ်ယောက်အနေနဲ့ပါ။ အစိုးရအနေနဲ့ဆို အလေအလွင့်၊ အပျက်အစီးအရမ်းများလို့ အရမ်းနစ်နာပါတယ်။ အဲဒီပိုက်ဆံတွေကို တခြား ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးလို့ရတယ်။ ဒီဇိုင်းမှားလို့ဖျက်လိုက်၊ တစ်ခါဖျက်၊ နှစ်ခါဖျက်။ အဲသလိုဖျက်ရတဲ့အတွက် ကုန်သွားတဲ့ ပိုက်ဆံတွေဆိုတာ ဘာမှပြန်ရတာမဟုတ်ပါဘူး။ ဆုံးရှုံးသွားတာ။

အဲသလိုတွေမဖြစ်ရအောင် နည်းပညာ၊ ဥပဒေ၊ နည်းဥပဒေ၊ Practices တွေ ကျင့်သုံးဖို့လိုပါတယ်။ ဒီဖိုင်းကတော့ ပိုက်ဆံပေးခိုင်းတာပါ။ နောက်တစ်ခုက အများပြည်သူနဲ့သက်ဆိုင်တဲ့အဆောက်အဦတွေ ခဏခဏပိတ်ဆို့မနေအောင် စီစဉ်ဘို့လည်း လိုပါတယ်။
ဆိုပါတော့ နိုင်ငံခြားသားတစ်ယောက် ရန်ကုန်လာလည်တယ်။ သူ့အနေနဲ့ တစ်သက်လုံးမှ တစ်ကြိမ်လာလည်တာ။ ရွှေတိဂုံ ဘုရားလည်းတက်ဖူးရော ဘုရားကြီးက ရွှေချဘို့ငြမ်းတွေဆင်၊ ဖျာတွေနဲ့ အကုန်ပတ်ကာထားတယ်။ ဖူးလို့မရတော့ဘူး။
ဒီကိစ္စတွေကိုလည်း အသေးစိတ်ထည့်သွင်းစဉ်းစားရမယ်။

နောက်တစ်ခုက ပရောဂျက်တွေ ဘယ်တော့ပြီးမလဲတဲ့။ ကိုယ်တာဝန်ယူထားတဲ့အချိန်မှာ ပရောဂျက်တွေကို ပြီးအောင် လုပ်ရပါမယ်။ မပြီးရင် ကိုယ်လည်းထွက်သွားရော ဒါကြီးက တိုးလို့တန်းလန်းကျန်ခဲ့မယ်ဆိုတာ မဖြစ်သင့်ဘူးပေါ့။ ဒီတော့ ဒီပရောဂျက်ဘယ်တော့ပြီးရမယ်ဆိုတာ အသေသတ်မှတ်၊ အဲဒီကာလအတွင်း မပြီးပြီးအောင် အတင်းတွန်းလုပ်ရမယ်။

နောက် မြို့ပြစနစ်တစ်ခုကိုတည်ဆောက်တဲ့နေရာမှာ မြို့သူမြို့သားတွေ ဘာနဲ့သွားချင်သလဲ။ စက်ဘီးနဲ့သွားချင်သလား။ ခြေလျင်သွားချင်သလား စသဖြင့်။ အဲဒီတော့ လမ်းတွေကို ဖြစ်နိုင်သမျှ သူတို့စိတ်ကြိုက်ဖြစ်အောင် ဖန်တီးပေးထားရပါမယ်။

နောက်တစ်ခုက ဈေးကွက်ထဲမှာ ခရမ်းချဉ်သီးပြတ်လတ်သွားတာတွေ၊ နံနံပင်ပြတ်လတ်သွားတာတွေ မဖြစ်ရအောင်။ ကိုယ့်မြို့ရဲ့ စားသုံးမှုအခြေအနေကို သိထားရမယ်။ ကိုယ့်မြို့လူထုလိုအပ်တဲ့ အဲဒီအစားအသောက်တွေကို ထောက်ပံ့ပေးနိုင် သလား။ Urban planning မှာ ထည့်စဉ်းစားရပါတယ်။ ဥပမာ - ဘန်ကောက်မှာဆို အစားအသောက် အရမ်းပေါတယ်။ အပင် ကလေးတွေ အသီးတွေကအစ။ အစိုးရက ဓာတ်ခွဲခန်းတွေကို လယ်ကွင်းတွေထဲအရောက် ယူသွားတယ်။ လယ်သမားတွေကို အကူအညီပေးတာပေါ့။

အပန်းဖြေတဲ့နေရာတွေ၊ စာကြည့်တိုက်တွေလည်း လိုပါတယ်။ ကလေးငယ်တွေအတွက်လည်း လွတ်လပ်ပေါ့ပါးပြီး အန္တရာယ် ကင်းတဲ့ ကစားကွင်းတွေလိုပါတယ်။ အဲဒီကစားကွင်းတွေဟာ သူတို့အိမ်အနီးမှာပဲ ရှိနေရမယ်။ စိတ်ရောကိုယ်ပါ လုံခြံမှု ရှိရမယ်။ အပြင်ထွက်လိုက်တာနဲ့ တဂွီဂွီ တဂွမ်ဂွမ်အသံတွေနဲ့ သူတို့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာတွေ မရှိစေရ ဘူး။

နောက် အိမ်တွေဆောက်တဲ့အခါမှာ အနီးအနားမှာ သံဖြူလုပ်ငန်းတွေ၊ ဆီကြော်လုပ်ငန်းတွေစတာတွေ မရှိစေရဘူး။ လေထု ညစ်ညမ်းမှုဖြစ်စေတဲ့အရာတွေကို လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့နေရာတွေမှာ နေရာချပေးရပါမယ်။

အိမ်တွေဆောက်တဲ့နေရာမှာ အလယ်အလတ်တန်းစားတွေအတွက် သူတို့တတ်နိုင်တဲ့အိမ်၊ အိမ်ခန်းတွေ ဆောက်ပေးရမယ်။ ၀င်ငွေနည်းတဲ့သူတွေအတွက်လည်း သူတို့တတ်နိုင်တဲ့အိမ်ခန်းတွေ ဆောက်ပေးရမယ်။ အလယ်အလတ်တန်းစားတွေကြားထဲ ဆင်းရဲသားတွေ ထိုးထည့်ရင် သူတို့ပျော်မှာမဟုတ်ဘူး။ အဲသလိုပဲ ပိုက်ဆံရှိတဲ့သူတွေ အတွက်လည်း သူတို့နေချင်တဲ့ အိမ်ခန်းတွေ ဆောက်ပေးရမယ်။ အဲသလိုနဲ့ သူတို့လိုအပ်တာကို ဖန်တီးပေးရင်း အစိုးရကလည်း အဲဒီအိမ်ခန်းတွေ ရောင်းစားတော့ ပိုက်ဆံရတယ်။

နောက် မီးသတ်စနစ်တွေလည်း ထည့်ပေးရမယ်။ နောက်ပြီးအာမခံစနစ်။ ကိုယ်ဝယ်ထားတဲ့အိမ်ဟာ ဘာအာမခံမရှိဘူးဆို ကိုယ့်စိတ်ထဲမှာ မလုံခြုံဘူး။ ဆိုတော့ ပြည်သူကိုရောင်းလိုက်တဲ့အိမ်တွေမှာ warranty နဲ့ insurance တွေ ပေးနိုင်ရမယ်။ ဒါ့အပြင် ပုံမှန် ပြုပြင်ထိန်းသိမ်းမှုတွေလည်း လုပ်ပေးနေရမယ်။

နောက်တစ်ခုက လူတွေဟာ သူတို့အိမ်ကနေ လုပ်ငန်းခွင်ကိုလာတဲ့အခါ အတိုဆုံးလမ်းကြောင်းဖြစ်အောင် စီမံပေးရမယ်။ အလုပ်သွားပြန်တဲ့အခါ မလိုအပ်ပဲ အချိန်တွေ မကုန်စေရဘူး။ Urban planner ရဲ့အမှားကြောင့် ပြည်သူတွေဟာ နေ့စဉ်နဲ့ အမျှ နာရီပေါင်းများစွာ ဆုံးရှုံးနေရတာမျိုး ဖြစ်ကို မဖြစ်ရပါဘူး။ မြို့လယ် အဓိကစီးပွားရေးလုပ်ငန်းနေရာတွေကိုလည်း သွားလာရလွယ်ကူအောင် လုပ်ပေးရတယ်။ အဲသလို ဆေးရုံ၊ မီးသတ်စတာတွေကိုလည်း လူတွေဆီ သက်တောင့်သက်သာနဲ့ အချိန်တိုအတွင်းရောက်အောင် စီမံထားရတယ်။

နေရာအကန့်အသတ်ရှိတဲ့နေရာတွေမှာ ဈေးအတွက် သီးသန့်နေရာမပေးတော့ဘူး။ Mix development လို့ခေါ်တဲ့ အဆောက် အဦးတွေဆောက်တယ်။ မြေအောက်မှာ ဘတ်စ်ကားဂိတ်၊ အဲဒီအပေါ် မြေညီထပ်မှာ ဈေး၊ အဲဒီအပေါ်မှာ ကားပါကင်။ ကားပါကင်ရဲ့အပေါ်မှာကျတော့ လူနေအိမ်။ အဲသလို အားလုံးပေါင်းပြီး အဆောက်အဦတစ်ခုထဲမှာ ပေါင်းထည့်လိုက်တယ်။

နောက် Urban planning လုပ်တဲ့အခါ စီးပွားရေးသမားတွေရဲ့ မျက်နှာတစ်ခုတည်း မကြည့်ရပါဘူး။ ကုန်စည်တွေ ဘယ်လို စီးဆင်းမလဲဆိုတာလည်း အသေးစိတ်စဉ်းစားရပါတယ်။ နောက်ပြီး လူတွေဟာ အလုပ်သွားတဲ့အခါ ဘယ်မြို့နယ်ကနေ ဘယ်မြို့နယ်ကိုသွားတာ အများဆုံးလဲ။ ပြန်တဲ့အခါမှာလည်း ဘယ်မြို့နယ်ကနေ ဘယ်မြို့နယ်ကိုပြန်တာ အများဆုံးလဲ။ ထည့်တွက်ရပါတယ်။ နောက် ကျောင်းသားတွေ ကျောင်းကိုဘယ်လိုသွားသလဲ။ ကမ္ဘာလှည့်ခရီးသွားတွေ အတွက်လည်း ထည့်စဉ်းစားရပါတယ်။ သူတို့ဆီက ပိုက်ဆံတွေ အများကြီးရနိုင်လို့ပါ။

မြို့ပြဒီဇိုင်းတွက်တဲ့အခါ မြေပြင်အခြေအနေတွေကို အားလုံးလေ့လာပြီးမှ ရတဲ့အချက်အလက်တွေပေါ်မူတည် တွက်ရပါတယ်။

နောက်တစ်ခုက activity focus, ကိုယ့်မြို့ကလူတွေ ဘာတွေလုပ်ကြသလဲ။ မနက်ပိုင်း လမ်းလျှောက်ကြသလား။ အေးအေး ဆေးဆေးထိုင်ပြီး စာဖတ်ကြသလား။ ကစားခုန်စားလုပ်သလားပေါ့။ အဲဒါတွေအတွက်လည်း သူတို့အဆင်ပြေအောင် နေရာတွေ၊ ထိုင်ခုံ၊ လျှောက်လမ်းစတာတွေ လုပ်ပေးရပါတယ်။

အစိုးရအနေနဲ့ကတော့ အလုပ်ချိန်များလေ သူတို့အတွက် ပိုက်ဆံပိုရလေပဲ။ ညဘက် ၉ နာရီနောက်ပိုင်း ဘယ်သူမှ အလုပ်မလုပ်ကြတော့ဘူးဆို ပိုက်ဆံမရတော့ဘူး။ ဒီတော့ နေ့ပိုင်းမှာ ဘယ်သူတွေလုပ်သလဲ။ ညပိုင်းမှာ ဘယ်သူတွေ လုပ်သလဲဆိုတဲ့အပေါ်မူတည်ပြီး ဒီဇိုင်းလုပ်ပေးရတယ်။ ဒီလိုအပ်ချက်တွေအားလုံး ဖြည့်ဆည်းပေးတယ်ပေါ့။

လူဆိုတာ အမှားနဲ့မကင်းနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီအမှားတွေပေါ်က သင်ခန်းစာယူနိုင်ရမယ်။ ဆိုကြပါစို့။ ပထမ ၅ နှစ်မှာ ပရောဂျက် ၂၀ ပြီးသွားတယ်။ အမှားတွေ အများကြီးတွေ့တယ်။ ဒါပေမဲ့ နောက်ထပ် ၅ နှစ်မှာ ဆောက်မဲ့ပရောဂျက်တွေကျ အဲသလိုမျိုးအမှားတွေ ထပ်မဖြစ်ရအောင် သင်ခန်းစာယူရတယ်။

ကိုယ့်မြို့သားတွေဟာ ကိုယ့်မြို့ကိုယ့်ဒေသကို ချစ်တတ်လာအောင်လုပ်ပေးဘို့။ ကမ္ဘာလှည့်ခရီးသွားတွေက မြန်မာနိုင်ငံလာ တော့မယ်ဆို မန္တလေးကို မျက်စိထဲမြင်လာအောင် ဖန်တီးပေးရပါမယ်။ မန္တလေးရဲ့အလှအပတွေ မြန်မာမှုအနုပညာတွေကို ခံစားနိုင်အောင် လုပ်ပေးရမယ်။ ဥပမာ - လေယာဉ်နဲ့ မန္တလေးအလှကို ကောင်းကင်ကကြည့်နိုင်အောင် ဖန်တီးပေးတာမျိုးပေါ့။ မနက်ပိုင်းမှာတစ်ခါ။ ညနေပိုင်းမှာတစ်ခါ ပျံသန်းပေးမယ် စသဖြင့်။ မန္တလေးဆိုတာ နှစ်ခုမရှိပါဘူး။ သူ့မှာ သူ့ပုံရိပ်ရှိပြီးသား။ ဒါက ပိုက်ဆံဘယ်လိုရှာမလဲလို့ နမူနာ စဉ်းစားပေးတာပါ။

နောက် လမ်းပမ်းဆက်သွယ်ရေး။ ဒီအကြောင်းစဉ်းစားတဲ့အခါ ကိုယ့်ဒေမှာ လူတွေဘယ်လိုသွားတယ်။ စားသုံးကုန်တွေ ဘယ်လိုစီးဆင်းတယ်၊ ပြင်ပကကုန်တွေ ဘယ်လိုဝင်လာတယ်။ ဘယ်အချိန်တွေမှာ ပွဲတော်တွေရှိတယ်။ အဲဒီအချိန်မှာ ကားတွေ ပိုပြီး ပြေးဆွဲပေးရမယ် စသဖြင့်ပေါ့။

ဒီလမ်းပမ်းဆက်သွယ်ရေးစနစ်ကိုလည်း ဆယ်နှစ်တစ်ခါ ပြန်လေ့လာ၊ ဆန်းစစ်ပြီး ပိုကောင်းအောင်လုပ်ပါတယ်။ စီးပွားရေး အသက်သွေးကြောတွေကိုတော့ ဘယ်လိုနည်းနဲ့မှ အထိမခံပါဘူး။ ကြက်သွန်နီ၊ ငြုပ်သီးစတဲ့စားသောက်ကုန်တွေ မြို့ထဲမှာ ပြတ်မသွားရအောင် တစ်ချိန်လုံးစောင့်ကြည့်နေတယ်။ ပြည်သူတွေအတွက် အမြဲတမ်းဖူလုံနေရမယ်ပေါ့။

ပြောစရာတွေရှိသေးပေမဲ့ အချိန်စေ့နေပြီမို့ ဒီလောက်နဲ့နားပါမယ်။

ကျေးဇူးတင်ပါတယ်။

No comments: