၈၊ ၁။ MSDS (Material Safety Data Sheet)
ဓါတုဗေဒပစ္စည်းများသုံးတော့မည်ဆိုလျှင်
သိထားသင့်သည်မှာ MSDS (Material Safety Data Sheet) ဖြစ်ပါသည်။
MSDS ဆိုသည်မှာ ထိုဓါတုဗေဒပစ္စည်းနှင့်ပတ်သက်၍
သိသင့်သိထိုက်သည်များကို ဖော်ပြထားသော စာစောင် ဖြစ်ပါသည်။ ထိုအထဲတွင် ဤပစ္စည်းသည် သုံးစွဲသူအတွက်
အန္တရာယ်ရှိမရှိ။ မည်သည့်ပမာဏထက်ကျော်လျှင် အန္တရာယ် ရှိနိုင်သည်။ မီးလောင်နိုင်စွမ်း၊
မည်သည့်အပူချိန်တွင် အလိုလိုမီးထလောင်နိုင်သည် စသည်တို့ကို အပြည့်အစုံ ဖော်ပြ ထားသည်။
ထိုစာစောင်တွင် အောက်ပါအချက်များပါဝင်ရမည်။
၁။ ထိုပစ္စည်း၏ မူရင်းအမည်၊ ဓါတုဗေဒအမည်၊ ရုပ်ဝတ္ထုပိုင်းအန္တရာယ်၊
ကျန်းမာရေးအန္တရာယ်။ ဥပမာ - အသားကိုထိလျှင်
လောင်တတ်သည်။
မျက်လုံးထဲဝင်လျှင် ကန်းတတ်သည်။ ကြာရှည်ရှူမိလျှင် အဆုတ်ရောဂါရစေနိုင်သည် - - စသည်။
၂။ ရုပ် နှင့် ဓါတ်သဘော ဂုဏ်သတ္တိများ။ ဥပမာ - အငွေ့ဖြစ်သည်၊
အရည်ဖြစ်သည်၊ အမှုန့်ဖြစ်သည်။ ရေတွင် ပျော်ဝင်နိုင်
သည်။ မီးလောင်လွယ်သည်
- - - စသည်။
၃။ ရုပ်ပိုင်းအန္တရာယ်များ။ ဥပမာ - မီးလောင်နိုင်စွမ်း၊ ပေါက်ကွဲနိုင်စွမ်း၊
အခြားပစ္စည်းများနှင့် ဓါတ်ပြုနိုင်စွမ်း - - - စသည်။
၎။ ကျန်းမာရေးဆိုင်ရာအန္တရာယ်များ။ ဥပမာ - အသားကိုထိမိလျှင်
ယားယံသည်၊ မျက်စိထဲဝင်လျှင် မျက်လုံးပြာတတ်သည်၊
ရှုမိလျှင် မည်ကဲ့သို့
အန္တရာယ်ရှိသည် - - အစရှိသဖြင့်။
၅။ လူ့ခန္ဓာကိုယ်အတွင်း မည်ကဲ့သို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။
ဥပမာ - အသားကိုထိမိခြင်းဖြင့်၊ ရှုမိခြင်းဖြင့်၊ ပါးစပ်မှ
တစ်ဆင့်။
၆။ လူ့ခန္ဓာကိုယ်မှ ခံနိုင်စွမ်းအဆင့်။ ဥပမာ - ဘင်ဇင်း အတွက် လူ့ခန္ဓာကိုယ်မှ ခံနိုင်အားမှာ ၀.၅ ppm ဖြစ်သည်။ ထို့ထက်
၆။ လူ့ခန္ဓာကိုယ်မှ ခံနိုင်စွမ်းအဆင့်။ ဥပမာ - ဘင်ဇင်း အတွက် လူ့ခန္ဓာကိုယ်မှ ခံနိုင်အားမှာ ၀.၅ ppm ဖြစ်သည်။ ထို့ထက်
ကျော်လျှင် ကင်ဆာဖြစ်နိုင်သည်။
ထို့ကြောင့် ဘင်ဇင်းနှင့်အလုပ်လုပ်သူများအား ထိတွေ့မှု ၀.၅ ppm ထက်မကျော်စေရန်
ထိန်းထားပေးရမည်။
၎င်းကို PEL –
Permissible Exposure Limit ဟုခေါ်သည်။ PEL တွင် အချိန်ကြာကြာထိတွေ့မှု ပမာဏ နှင့် ရေတိုထိတွေ့မှု
ပမာဏ ဟု နှစ်ပိုင်းခွဲထားပါသည်။
ကြာရှည်ထိတွေ့မှုပမာဏကို TWA (Time Weighted Average) ဟု ခေါ်ပြီး ၈ နာရီ
ပေါ်အခြေခံတိုင်းတာသည်။
ယူနစ်အားဖြင့် ppm (parts per million) သို့မဟုတ် mg/m3 ဖြင့်ပြသည်။ အချိန်တို ထိတွေ့မှု
ပမာဏကို STEL
(Short Term Exposure Limits) ဟု ခေါ်ပြီး ၁၅ မိနစ်ပေါ်အခြေခံ တိုင်းတာသည်။
၇။ ကင်ဆာဖြစ်နိုင်ချေ။ ဤပစ္စည်းနှင့်ထိတွေ့လျှင် ကင်ဆာဖြစ်နိုင်၊
မဖြစ်နိုင်ကို ဖော်ပြထားသည်။ ကင်ဆာဖြစ်နိုင်သော
ပစ္စည်းများကို
စာရင်းထုတ်ပြန်ထားရသည်။
၈။ ဤပစ္စည်းကိုကိုင်တွယ်သုံးစွဲလျှင် ကျန်းမာရေးအန္တရာယ်မဖြစ်စေနိုင်ရန်
ဝတ်ဆင်ရမည့် အကာအကွယ်အ၀တ်အစားများ။
၉။ ဤပစ္စည်းကို လူများအတွက်၊ ပတ်ဝန်းကျင်အတွက် အန္တရာယ်မဖြစ်စေရန်
မည်ကဲ့သို့ ထိန်းသိမ်းရမည်ဟူသော
သတင်းအချက်အလက်။
၁၀။ အရေးပေါ်နှင့် ရှေးဦးသူနာပြုစုနည်း - ဤကဲ့သို့ ဤပစ္စည်းနှင့်ထိတွေ့မိပြီး
အန္တရာယ်တစုံတရာကြုံလာခဲ့လျှင် ဆက်သွယ်
ရမည့် ဖုံးနံပါတ်များ၊
မည်ကဲ့သို့သော ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုရမည် အစရှိသည့် သတင်းအချက်အလက်။
၁၁။ ဤစာတမ်း (MSDS) ကို ပြုစုထုတ်ပြန်သောနေ့စွဲ နှင့် အကယ်၍
ပြန်လည်ပြင်ဆင်မွမ်းမံလျှင် နောက်ဆုံးပြင်ဆင်ခဲ့သော
နေ့စွဲ။
၁၂။ ဤစာတမ်း (MSDS) ကို ပြုစုထုတ်ပြန်သူ တာဝန်ရှိပုဂ္ဂိုလ်၏
အမည်၊ ရာထူးအဆင့်အတန်း၊ ဌာန၊ ဖုံးနံပါတ်၊
အီးမေးလိပ်စာ
စသည်။
ဓါတုပစ္စည်းရောင်းချသူသည် ပစ္စည်းဝယ်ယူသူအား
MSDS ကို ပေးရန်တာဝန်ရှိသည်။ ၎င်းသည်မိမိရောင်းချသည့် ဓါတုပစ္စည်းများအကြောင်း နှံ့နှံ့စပ်စပ်၊
ကျွမ်းကျွမ်းကျင်ကျင်သိနေရမည်။ တစုံတယောက်လာမေးပါက အချိန်မရွေး ဖြေကြား နိုင်စွမ်းရှိရမည်။
ပစ္စည်းဝယ်ယူသွားသူကလည်း မိမိဝယ်လာသည့်ပစ္စည်းအကြောင်း
သေသေချာချာသိရန် အားထုတ်ရပါမည်။ ရောင်းချသူပေးလိုက်သော MSDS အကြောင်း သေသေချာချာဖတ်ရမည်။
နားမလည်လျှင်၊ မရှင်းလင်းလျှင် ရောင်းသူထံ မေးမြန်းရမည်။ အကယ်၍ ရောင်းသူမဖြေနိုင်လျှင်သော်မှ
အခြားနားလည်ကျွမ်းကျင်သူများထံ ချဉ်းကပ်မေးမြန်းသင့်ပါသည်။
မြန်မာတောင်သူများအတွက် MSDS ကို
မြန်မာဘာသာပြန်ဆို ထုတ်ဝေသင့်ပါသည်။ အင်္ဂလိပ်စာမတတ်သူအား အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော
MSDS ကိုပေးလျှင် ဘာမှ အကျိုးရှိမည်မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်း သုံးနေသမျှ သော ဓါတုဗေဒပစ္စည်းအားလုံးကို
စာရင်းကောက်ယူပြီး ထိုဓါတုပစ္စည်းများကို နံပါတ်များပေးကာ ထိုနံပါတ်များအလိုက် မြန်မာ
ဘာသာဖြင့် MSDS များ ပြုစုထုတ်ဝေရန် လိုပါသည်။
အောက်တွင် MSDS နမူကို ဖော်ပြထားပါသည်။
၁။ MSDS အပိုင်း (၁) တွင် ပစ္စည်း၏ နာမည်၊ ဓါတုဗေဒနာမည်၊ ဓါတုဗေဒဖော်မြူလာ၊
ထုတ်လုပ်သူအမည် နှင့် လိပ်စာ၊ ဆက်သွယ်ရမည့်နံပါတ်၊ အရေးပေါ်နံပါတ် စသည်တို့ကို ဖော်ပြထားသည်။
၂။ အပိုင်း(၂) တွင် လူများအတွက် အန္တရာယ်ရှိသော ပမာဏကို လက်တွေ့စမ်းသပ်ချက်မှတ်တမ်းများဖြင့်
ဖော်ပြထားပါသည်။ ဥပမာ - လူများအတွက်အန္တရာယ်ရှိသည့် အမိုးနီးယား ပမာဏမှာ TLV (TWA)
25ppm ဖြစ်သည်။ STEL – 35 ppm ဖြစ်ပါသည်။
ဤတွင် 25 ppm ဆိုသည်ကို အရပ်စကားဖြင့်
မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ လက်တွေ့ဥပမာဖြင့် ရှင်းပြပါမည်။
သောက်ရေသန့်ဘူးကြီးတစ်ဘူးသည် တစ်လီတာခွဲ (၁၅၀၀ စီစီ) ရှိ၏။
ရေပုလင်း ဘူးလတ်သည် ၆၀၀ စီစီ၊ ရေပုလင်း အသေးသည် ၅၀၀ စီစီရှိသည်။ လဖက်ရည်ဇွန်းတစ်ဇွန်းသည်
၅ စီစီရှိသည်။ ဟင်းခပ် ဇွန်းခွက်တစ်ဇွန်းသည် ၁၅ စီစီရှိသည်။ သံဘူး အအေးဘူး တစ်ဘူးသည်
၃၂၅ စီစီရှိသည်။ ထို့ကြောင့် ရေပုလင်းအသေး ၂ ဘူးသည် ၁ လီတာရှိသည်။
၃၀၀ ပီပီအမ် = ၁ လီတာတွင် ၀.၃ စီစီ
၁၀၀၀ ပီပီအမ် = ၁ လီတာတွင် လဖက်ရည် ၁ ဇွန်း ၏ ၅ ပုံ ၁ ပုံ
၅၀၀၀ ပီပီအမ် = ၁ လီတာတွင် လဖက်ရည်ဇွန်း ၁ ဇွန်း
ပို၍နားရှင်းအောင်ပြောရလျှင် သံဖြူပုံးတစ်ပုံးသည်
လီတာ ၂၀ ရှိသည်။ ထို့ကြောင့် ၂၅ ပီပီအမ် ဆိုသည်မှာ ရေသံဖြူပုံး ၅ ပုံးတွင် အမိုးနီးယား
လဖက်ရည်ဇွန်း တစ်ဝက်ပါဝင်ခြင်းဖြစ်၏။ ဤပမာဏမျှဖြင့်ပင် လူကို အန္တရယ်ပေးနိုင်သည်။ အမိုးနီးယားဟူသည်ကား
လယ်သမားများသုံးနေသည့် အမိုးနီးယားဓါတ်မြေသြဇာပင် ဖြစ်ပါသည်။
Section III. Hazards Identification
၃။ အပိုင်း(၃) အန္တရာယ်ဖော်ပြချက်
ဤအပိုင်းတွင်
ထိုပစ္စည်းနှင့်ထိပါက မည်ကဲ့သို့တုံ့ပြန်မှုမျိုးဖြစ်တတ်သည်ကို ဖော်ပြသည်။ ဥပမာ - အရေပြားပေါ်သို့
ဖိတ်စဉ်ကျလျှင် ယားယံတတ်သည်။ မျက်လုံးအတွင်းဝင်လျှင် ကန်းတတ်သည် စသဖြင့်။
Section IV. First Aid Measures
၎။ အပိုင်း (၄) ရှေးဦးသူနာပြုနည်းများ
ဤအပိုင်းတွင်
ထိုပစ္စည်းနှင့်ထိပါက မည်ကဲ့သို့ပြုလုပ်ရမည်ကို ဖော်ပြထားသည်။ ဥပမာ - မျက်လုံးထဲဝင်လျှင်
ရေများများဖြင့် ၁၅ မိနစ်ကြာအောင် ဆေးပါ။ ဗိုက်ထဲဝင်သွားလျှင် (လက်မှတဆင့်) အန်ဘို့မကြိုးစားပါနှင့်။
ရေများများ သောက်ပါ စသဖြင့်။
၅။ အပိုင်း (၅)
ဤအပိုင်းတွင်
မီးလောင်နိုင်သည့်အခြေအနေ (မည်သည့်အပူချိန်တွင်မီးလောင်နိုင်သည် စသည်) နှင့် မည်ကဲ့သို့မီးငြိမ်းသတ်ရမည်တို့ကို
ဖော်ပြထားသည်။ ဥပမာ - မီးလောင်ပါက ရေဖြင့်မလောင်းပါနှင့်။ ကာဘွန်ဒိုင်အောက်ဆိုဒ် ဖြင့်
ငြိမ်းသတ်ပါ စသဖြင့်။
၆။ အပိုင်း (၆)
ဤအပိုင်းတွင်
အကယ်၍ မတော်တဆ ဖိတ်စဉ်ပါက မည်ကဲ့သို့ပြုလုပ်ရမည်ကို ဖော်ပြထားသည်။ ဥပမာ - ဖိတ်စဉ်ပါ
က လူများကို အနားမကပ်ပါစေနှင့်။ အောက်ဆီဂျင်ခေါင်းစွပ်ဝတ်ပြီးမှ အနားကပ်ပါ။ ရေမြှုပ်များသုံးပြီး
ဓါတ်ငွေ့ကို ထိန်းပါ စသဖြင့်။
၇။ အပိုင်း (၇)
ဤအပိုင်းတွင်
ထိုပစ္စည်းကိုကိုင်တွယ်ရာ၌ အန္တရာယ်ကင်းစေရန် မည်ကဲ့သို့ ကိုင်တွယ်ရမည်။ မည်သည့်ပစ္စည်းများ
ဝတ်ဆင်ရမည်။ မည်ကဲ့သို့ သိုလှောင်သိမ်းဆည်းရမည် စသည်တို့ကို ဖော်ပြထားသည်။ ဥပမာ - လေ၀င်လေထွက်ကောင်း
သောနေရာတွင် ထားပါ။ မီးလောင်စေတတ်သည့်ပစ္စည်းများနှင့် အတူတွဲမထားပါနှင့် စသည်။
၈။ အပိုင်း (၈)
ဤအပိုင်းတွင်
သတ်မှတ်ထားသော ခွင့်ပြုချက် (PEL) ထက်မပိုအောင် မည်ကဲ့သို့ ထိန်းရမည်။ မည်သည့် အန္တရာယ်ကင်းဝတ်စုံများ
ဝတ်ဆင်ရမည်။ ဥပမာ - ဤပစ္စည်းကို ကိုင်တွယ်ရာတွင်လည်းကောင်း၊ ဤပစ္စည်းနှင့် အလုပ်လုပ်
လျှင်သော်လည်းကောင်း အသက်ရှုအထောက်အကူပြုကိရိယာဝတ်ဆင်ရမည်။ အန္တရာယ်ကင်းမျက်မှန် တပ်ရမည်
စသည်။
၉။ အပိုင်း (၉)
ဤအပိုင်းတွင်
ထိုပစ္စည်း၏ ရူပဗေဒနှင့် ဓါတုဗေဒဂုဏ်သတ္တိများကို ဖော်ပြထားသည်။ ဥပမာ - ထိုပစ္စည်းသည်
အရောင်မရှိ။ အနံ့ပြင်းသည်။ သိပ်သည်းဆမည်မျှရှိသည်။ ဖိအားမည်မျှရှိသည်။ ရေတွင်ပျော်ဝင်၊
မပျော်ဝင် စသည်။
၁၀။ အပိုင်း (၁၀)
ဤအပိုင်းတွင်
မည်သည့်ပစ္စည်းများနှင့် မည်ကဲ့သို့ ဓါတ်တုံ့ပြန်တတ်သည့်အကြောင်း၊ မည်သည့်ပစ္စည်းများနှင့်
ဓါတ်မတည့်သည့်အကြောင်း၊ မည်သည့်ပစ္စည်းများတွင် မသုံးသင့်သည့်အကြောင်း ဖော်ပြထားသည်။
ဤအပိုင်းသည် အရေးကြီး၏။ ဓါတ်မတည့်သည့်ပစ္စည်းများ အတူထားမိပါက အလိုအလျောက်မီးလောင်ခြင်း၊
ပြင်းထန်စွာ ပေါက်ကွဲ ခြင်းစသည်တို့ ဖြစ်တတ်သည်။ ဥပမာ - အမိုးနီးယားကို ကြေးနီ၊ ကြေးဝါ၊
သွပ်ရည်စိမ်သံ စသည်တို့နှင့် ထည့်မသုံးရ စသည်။
၁၁။ အပိုင်း (၁၁)
ဤအပိုင်းတွင်
လူ့ခန္ဓာကိုယ်အတွင်း မည်ကဲ့သို့ ၀င်နိုင်သည်။ ခန္ဓာကိုယ် မည်သည့်အစိတ်အပိုင်းနှင့်ထိတွေ့လျှင်
မည်ကဲ့သို့သော ရောဂါများရတတ်သည် စသည်တို့ကို ဖော်ပြထားသည်။ ဥပမာ - အမိုးနီးယားကို ရှူုမိပါက
အသက်ရှူကြပ် လာမည်။ ရင်ဘတ်အောင့်မည်။ အဆုတ်ကို ဒုက္ခပေးတတ်သည်။ မျက်စိထဲဝင်လျှင် ကန်းတတ်သည်
စသည်။
၁၂။ အပိုင်း (၁၂)
ဤအပိုင်းတွင်
သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အန္တရာယ်များအကြောင်း ဖော်ပြသည်။ ဥပမာ - အမိုးနီးယား
သည် ငါးများကို သေစေတတ်သည်။ ဓါတ်ပြယ်စေရန် နိုက်ထရိုဂျင်အောက်ဆိုဒ်ကို သုံးရသည် စသည်။
၁၃။ အပိုင်း (၁၃)
ဤအပိုင်းတွင်
မည်ကဲ့သို့စွန့်ပစ်ရမည် ဆိုသည်ကို ဖော်ပြထားသည်။ ဓါတုပစ္စည်းများသည် ပတ်ဝန်းကျင်အတွက်
အန္တရာယ်ဖြစ်၏။ စည်းမဲ့ကမ်းမဲ့စွန့်ပစ်လို့ မရ။ ထို့ကြောင့် ဤအပိုင်းသည်လည်း အရေးကြီးပါသည်။
၁၄။ အပိုင်း (၁၄)
ဤအပိုင်းတွင်
ပစ္စည်းကို တစ်နေရာမှ အခြားတစ်နေရာသို့ သယ်လိုလျှင် အန္တရာယ်ကင်းစေရန် မည်ကဲ့သို့ သယ်ရမည်
ဆိုသည့်အကြောင်း ဖော်ပြထားသည်။ သယ်ဆောင်သည့်အခါ တပ်ဆင်ရမည့် သင်္ကေတပြားအားလည်း အသေးစိတ်ဖော်ပြထားသည်။
ဥပမာ - မီးလောင်နိုင်မှု၊ အဆိပ်အတောက်ဖြစ်မှု စသည်။
၁၅။ အပိုင်း (၁၅)
ဤအပိုင်းတွင်
ထိုပစ္စည်းအား ဥပဒေအရ သတ်မှတ်ထားသည့် အန္တရာယ်ဖြစ်စေမှုသင်္ကေတဖြင့် ဖော်ပြရန် အသေးစိတ်
ဖော်ပြထားသည်။ ဥပမာ - အမိုးနီးယားအတွက် -
Section XVI. Other Information
၁၆။ အပိုင်း (၁၆)
ဤအပိုင်းတွင်
ဤ MSDS ရေးဆွဲရာ၌ ရည်ညွှန်းထားသော စံချိန်စံညွှန်း၊ ဥပဒေ၊ နည်းဥပဒေများကို ဖော်ပြထား
သည်။ ထို့ပြင် အရေးပေါ်ဆက်သွယ်ရမည့် နံပါတ်၊ ၀ယ်သူများအနေနှင့် သတိပြုရမည့်အချက် စသည်တို့ကိုလည်း
ဖော်ပြ ထားသည်။
ဤသည်ကိုကြည့်လျှင်
MSDS ၌ ထိုပစ္စည်းနှင့်ပတ်သက်တာမှန်သမျှ မသိတာ မရှိရလေအောင် အပြည့်အစုံ ဖော်ပြပေးထားသည်ကို
တွေ့ရသည်။ သုံးစွဲသူသည် ဤ MSDS ကို ဖတ်တတ်လျှင် ထိုဓါတုပစ္စည်းအကြောင်း အားလုံး နားလည်သွားလေတော့သည်။
ထိုပစ္စည်းကို အန္တရာယ်ကင်းစွာ အသုံးချတတ်စေရန် MSDS ကို သေသေချာချာ နားလည် ထားရန် လိုပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၁-၁၁-၁၂ ည ၁၁း၃၀ နာရီ
No comments:
Post a Comment