ရွက်ကြွေတောဆီမှ
သာမောဖွယ် ကြည်ကြည်လျှံတဲ့
ဆည်းလည်းသံ သူတို့ကြားရော့ထင့်
မြေးနှင့်ဘွား၊ ဥပုသ်ဝင်။
ငပလီ
လေပြည်နွဲ့သုတ်ဖြူး
ကမ်းငူမှာ လမ်းတူလျှောက်
ဝမ်းမြောက်ကြည်နူး။ ။
စစ်ပြန်မဂ္ဂဇင်း အယ်ဒီတာချုပ် - ဒဂုန်မြတ်လေးနွယ် (ဧပြီ၊ ၁၉၈၃၊
စစ်ပြန်မဂ္ဂဇင်း)
No comments:
Post a Comment