အချီး
ဂလိုဘယ်လိုက်ဇေးရှင်းဟု
ပွာလောင်ပွာလောင်ပြောလာကြသော ယနေ့ခေတ်တွင် ထိုဂလိုဘယ်ကောင်းမှုကြောင့် အရှေ့တိုင်းနိုင်ငံများမှ
ယဉ်ကျေးမှု၊ ဘာသာစကား၊ အတွေးအခေါ်အယူအဆများအား အနောက်နိုင်ငံများမှ ယဉ်ကျေးမှု၊ ဘာသာစကား၊
အတွေးအခေါ် အယူအဆများက တဖြည်းဖြည်း ၀ါးမြိုလျှက်ရှိပေသည်။ အထူးအားဖြင့်ကား ဖွံ့ဖြိုးလာလေလေ
အနောက်ယဉ်ကျေးမှု ပိုမိုလွှမ်းမိုး လာလေလေ ဖြစ်၏။
ဤအထဲတွင် ကျွန်ုပ်တို့၏
မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံများမှာလည်း အများနည်းတူ အနောက်တိုင်းဒဏ်ကို မလွန်ဆန်နိုင်ပဲ
တဖြည်းဖြည်း ပျောက်ကွယ်လာလျှက် ရှိပေသည်။ ဤတဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာနေသော
မြန်မာယဉ်ကျေးမှုများအနက် တစ်ခုမှာ မြန်မာပြက္ခဒိန်ဖြစ်၏။ ယခုအခါ မြန်မာလူနေမှုအသိုင်းအ၀ိုင်းတွင်
မြန်မာပြက္ခဒိန်နှင့် ပတ်သက်တာဆို၍ သင်္ကြန်၊ ကဆုန်လပြည့်၊ ၀ါဆိုလပြည့်၊ သီတင်းကျွတ်လပြည့်နှင့်
တပေါင်းလပြည့်လောက်သာ သိကြတော့သည်။ သိသည်ဆိုတာတောင် သင်္ကြန်ကို မြန်မာပြက္ခဒိန် နှင့်
ဆက်စပ်ပတ်သက်နေမှန်းသိသူ နည်းပါသည်။ ဟေ့ အခု မြန်မာလို ဘယ်နှခုနှစ်လဲကွဟု မေးလာလျှင်
ကျွန်တော်ကစ၍ အင်း၊ ၁၃၇၄ ခု ထင်တာပဲ ဟု ယောင်ဝါးဝါးသာ ဖြေကြပေလိမ့်မည်။ ဒီနေ့ မြန်မာလို
ဘယ်နှရက်နေ့လဲဟေ့ ဟု မေးလာလျှင်မူကား ဖြေနိုင်သူ အတော် ရှားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်
လုပ်ငန်းကိုင်ငန်း လုပ်ကိုင်ကြရာ၌ အင်္ဂလိပ်ရက်များကိုသာ သုံးနေကြသောကြောင့်တည်း။ 
ယခုအခါ မြန်မာပြက္ခဒိန်ကို
သုံးကြသူများမှာ ကျေးလက်တောရွာများမှ ပြည်သူများသာ ဖြစ်ကြပေလိမ့်မည်။ မြို့ပြနေသူများကား
အများသုံး၊ ရုံးသုံး အင်္ဂလိပ်ရက်စွဲများနှင့် အထာကျလျှက် ရှိနေပြီဖြစ်၏။ မြန်မာပြက္ခဒိန်အကြောင်း
ကျကျနနသိသူဘယ်နှယောက်ရှိသနည်းဟု စစ်တမ်း ကောက်ကြည့်ပါက လူတစ်သိန်းလျှင် ငါးယောက်သိဘို့
ခဲယဉ်းပေလိမ့်မည်။ ကျွန်တော်တို့အရွယ် လူကြီးများပင်လျှင် မသိကြရကား နောက်ပေါက် ကလေးများအဖို့
(ကိုဝဏ္ဏကို၊ ကိုရန်နိုင်အေး၊ ကိုဇင်မင်း၊ ကိုရဲလင်းကျော် တို့ကဲ့သို့ ၀ါသနာအရ လေ့လာသူအနည်းငယ်မှ
အပ) ဝေလာဝေးထဲက ဖြစ်ပေလိမ့်မည်။ 
ထိုမျှသာမကသေး။ စာအုပ်ဆိုင်များ၌
လိုက်လံရှာဖွေပါကလည်း မြန်မာပြက္ခဒိန်အကြောင်း ရေးသားထားသော စာအုပ်စာတမ်းများကို ရှာတွေ့နိုင်မည်မဟုတ်ပါ။
ပန်းဆိုးတန်းလမ်း အဟောင်းဆိုင်များ၌ကား စစ်စစ်ပေါက်ပေါက် လိုက်လံရှာဖွေလျှင် ယခင်နှစ်
လေးငါးဆယ်ကျော် က ပုံနှိပ်ထုတ်ဝေထားသော စာအုပ်ဟောင်း အနည်းငယ်ကို ရနိုင်ပါလိမ့်မည်။
ဆိုးသည်မှာကား မဟုတ်သည်ကို
အဟုတ်မှတ်ကာ ဖြန့်ဝေနေကြခြင်းဖြစ်၏။ အင်တာနက်၏ ကောင်းမှုကြောင့် သတင်းပလင်း အချက်အလက်များမှာ
အလွန်လျင်မြန်စွာ ပျံ့နှံ့လေရာ တစ်ယောက်ယောက်က မိမိရလာသော (ဥပမာ - သင်္ကြန်အကြောင်း)
ရေးသားထားချက်များကို မိမိမိတ်ဆွေသူငယ်ချင်းများအားလည်း သိစေလိုသော စေတနာဖြင့် ဖြန့်၊
ထိုမိတ်ဆွေများကလည်း အခြား မိတ်ဆွေများထံ ဖြန့်စသဖြင့် ဖြန့်လေရာ ဤအမှားကြီးသည် လူငယ်ဆယ်ဂဏန်းတော်တော်များများထံ
ခဏချင်းရောက်သွားမည်မှာ မုချ။ ထိုအမှားကိုပင် အမှန်ထင်ကာ မှတ်ကြ၊ သားကြ၊ ပြောကြဆိုကြမည်မှာ
မလွဲ။ ထို့ပြင်တ၀ မြန်မာပြက္ခဒိန်ကို အမှတ်မှားနေကြသူများလည်း ဒုနဲ့ဒေး ဖြစ်ပါသည်။  
သို့အတွက် မြန်မာပြက္ခဒိန်အကြောင်း
နောင်လာနောက်သားတွေသိအောင်၊ တစ်နည်းအားဖြင့်လည်း မြန်မာ့ယဉ်ကျေးမှုတစ်ခု ပျောက်ကွယ်
သွားမည့် အန္တရာယ်မှလည်း ကာကွယ်နိုင်အောင် မြန်မာပြက္ခဒိန်စာအုပ်တစ်အုပ် ပြည့်ပြည့်စုံစုံ
ရေးထုတ်မှဖြစ်မယ်ဟု ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးလျှက် ဤ “မြန်မာပြက္ခဒိန်” စာအုပ်ကို ရေးပါသည်။
သို့ဆိုလိုက်ခြင်းဖြင့်
ကျွန်ုပ်သည် မြန်မာပြက္ခဒိန်အရာတွင် သူမတူအောင်ကျွမ်းကျင်လျှက် ဆရာကြီးတစ်ဆူ ဖြစ်ဘိသည်ဟု
ဆိုလိုရာ မရောက်ပါ။ ဤကဲ့သို့လည်း မိမိကိုယ်ကို မည်သည့်အခါမှ မတွေးထင်ခဲ့ပါ။ ၀ါသနာအရလေ့လာသဖြင့်
အနည်းငယ် တီးမိခေါက်မိရုံမျှ ဖြစ်ပါသည်။ ဒါဖြင့် မင်းသေသေချာချာမသိဘဲ ရမ်းရေးလို့ ဖြစ်ပါ့မလားကွ
ဟုလည်း မထင်စေလိုပါ။ ကျွန်ုပ်ကား ကျွန်ုပ်၏ အသက်မှလွဲလျှင် စာအုပ်ကို အချစ်ဆုံးဟု ယူဆထားသူဖြစ်လေ၏။
ပြက္ခဒိန်အကြောင်း လေ့လာလိုက်စားစဉ် ၁၉၈၇ ခုနှစ်များက ရန်ကုန်မြို့အတွင်း ရှိသမျှစာအုပ်ဆိုင်များကို
မွှေနှောက်ရှာဖွေပြီး (နေ့စားလုပ်သဖြင့် ရသောလုပ်ခအနည်းငယ်မှ ထမင်းဘိုးမျှသာချန်ထားလျှက်)
ပြက္ခဒိန်နှင့် ပတ်သက်သမျှ စာအုပ်စာတမ်းများကို ၀ယ်ယူစုဆောင်းထားသဖြင့် ပြက္ခဒိန်နှင့်ပတ်သက်သောစာအုပ်စာတမ်း
အတော်စုံစုံလေးရှိသည်ဟု ပြောလျှင် ရနိုင်ပါလိမ့်မည်။
အောက်ပါစာရင်းမှာ
ယခုတစ်ခေါက် ရန်ကုန်ပြန်စဉ်က ကျွန်တော့်စာအုပ်စင်မှ မွှေနှောက်ရှာဖွေလာခဲ့သော ပြက္ခဒိန်ဆိုင်ရာ
စာအုပ်များ စာရင်းဖြစ်ပါသည်။ အချို့မှာ မူရင်းစာအုပ်များဖြစ်ပြီး အချို့မှာ လက်ရေးနှင့်ကူးရေးထားသော
စာအုပ်များဖြစ်ပါ၏။ ယခု မြန်မာပြက္ခဒိန် စာအုပ်ရေးရာတွင် ဤစာအုပ်များကို ရည်ညွန်းကိုးကား
ရေးသားသွားပါမည်။
| <><>
  >
စဉ် | <><>
  >
စာအုပ်အမည် | <><>
  >
ရေးသားသူ | <><>
  >
ထုတ်ဝေသည့်တိုက်၊ ခုနှစ် | <><>
 >
မှတ်ချက် | 
| <><>
  >
၁ | <><>
  >
မြန်မာ့ပက္ခဒိန် သုတေသနကျမ်း | <><>
  >
ဦးအုန်းကြိုင် | <><>
  >
စာပေဗိမာန် | <><>
 >
ပုံနှိပ်မှတ်တမ်း စာမျက်နှာစုတ်နေသဖြင့် ဖတ်မရပါ။ ၁၉၆၅
  ခုနှစ်ခန့် ဖြစ်ပါသည်။ | 
| <><>
  >
၂ | <><>
  >
သန္ဒိဌသင်္ကြန်စကားပြေကျမ်း | <><>
  >
ဘဒ္ဒန္တကောသလ္လ | <><>
  >
က၀ိလက္ခဏစာအုပ်ဆိုင် | <><>
 >
တစ်အုပ်လုံးကို လက်ရေးနှင့် ကူးထားခြင်း ဖြစ်ပါသည်။ ပုံနှိပ်ခုနှစ်မှတ်မထားမိပါ။ | 
| <><>
  >
၃ | <><>
  >
ဝါထပ်ရက်ငင် ၀ိဝါဒငြိမ်းချမ်းရေးကျမ်း | <><>
  >
ဦးကျော်ငြိမ်း | <><>
  >
ဂုဏ၀တီပုံနှိပ်တိုက်၊ ၁၃၁၀ | <><>
 >
တစ်အုပ်လုံးကို လက်ရေးနှင့် ကူးထားခြင်း ဖြစ်ပါသည်။ | 
| <><>
  >
၎ | <><>
  >
သီရိပတိစကားဖြေ ကန်ဦးအာယုဒါယကျမ်း | <><>
  >
အရှင်ကောသလ္လ | <><>
  > | <><>
 >
တစ်အုပ်လုံးကို လက်ရေးနှင့် ကူးထားခြင်း ဖြစ်ပါသည်။ | 
| <><>
  >
၅ | <><>
  >
သဗ္ဗမင်္ဂလာအခါပေးကျမ်း | <><>
  >
ဘဒ္ဒန္တကောသလ္လ | <><>
  > | <><>
 >
တစ်အုပ်လုံးကို လက်ရေးနှင့် ကူးထားခြင်း ဖြစ်ပါသည်။ | 
| <><>
  >
၆ | <><>
  >
ဇောတိသဝေဒ သင်္ကြန်တွက်ရိုးများ | <><>
  >
ဦးအေးဝင်းကျော် | <><>
  >
ဇောတိသဝေဒမဂ္ဂဇင်း | <><>
 >
ဇောတိသဝေဒမဂ္ဂဇင်းများမှ လက်ရေးဖြင့် ကူးထားခြင်းဖြစ်ပါသည်။ | 
| <><>
  >
၇ | <><>
  >
နေကြတ်-လကြတ် သရတွက်ရိုးကျမ်း နှင့် သန္ဒိဌ သင်္ခေပဋီကာကျမ်း | <><>
  >
ဦးကျော်ငြိမ်း | <><>
  >
စာရေးသူမူပိုင်၊ ထုတ်ဝေသည့်ခုနှစ်မပါ။ | <><>
 > | 
| <><>
  >
၈ | <><>
  >
၃၂နှစ် ရှေ့ပြေးဂြိုဟ်သွား ပြက္ခဒိန် ကောက်နည်း | <><>
  >
ပျဉ်းမနား ဦးသန်းမောင် | <><>
  >
ပညာအလင်းပြ၊ ၁၉၇၀ | <><>
 > | 
| <><>
  >
၉ | <><>
  >
လထပ်ရက်ငင် တည်ထွင် တွက်ပုံ နည်းမျိုးစုံသော အာကဍ္ဎနသဘာဝစိန္တာကျမ်း | <><>
  >
ဆရာတော် ဦးကုဏ္ဍလ | <><>
  >
ဣစ္ဆာသယ ပိဋကတ် စာပုံနှိပ်တိုက်၊ ၁၉၇၀ | <><>
 > | 
| <><>
  >
၁၀ | <><>
  >
Surya Siddhanta | <><>
  >
Rev. Ebenezer Burgess | <><>
  >
Calcutta, 1935 | <><>
 >
1860 Edition ကို ပြန်ရိုက်ထားခြင်း ဖြစ်ပါသည်။ | 
| <><>
  >
၁၁ | <><>
  >
အဓိမာသာဒိနိဏ္ဏယျ မဇ္ဈရီကျမ်း | <><>
  >
ဆရာတော် ဦးသီလာစာရ | <><>
  >
ဇောတိသဝေဒမဂ္ဂဇင်း | <><>
 >
ဇောတိသဝေဒမဂ္ဂဇင်းများမှ လက်ရေးဖြင့် ကူးထားခြင်းဖြစ်ပါသည်။ | 
| <><>
  >
၁၂ | <><>
  >
ဝေဒမဂ္ဂဇင်း အမှတ် (၁) | <><>
  > | <><>
  >
ဇောတိသဝေဒမဂ္ဂဇင်း၊ ၁၉၈၄၊ စက်တင်ဘာလ၊ | <><>
 >
လက်ရေးဖြင့်ကူးထားခြင်း ဖြစ်ပါသည်။ | 
| <><>
  >
၁၃ | <><>
  >
ဇာတက ပါရိဇာတကျမ်း | <><>
  > | <><>
  > | <><>
 >
လက်ရေးနှင့် ကူးထားခြင်း ဖြစ်ပါသည်။ | 
| <><>
  >
၁၄ | <><>
  >
ပစ္စည်းပျောက်ရှာ ငါဆရာကျမ်း | <><>
  >
အတုလ ဆရာအောင် | <><>
  >
အောင်ဗိမာန် ပုံနှိပ်တိုက် 
၁၉၇၇ | <><>
 >
ဤစာအုပ်မှ မဟာကာလအဖွင့်ပါ စာမျက်နှာ အနည်းငယ်မျှသာ ပြက္ခဒိန်အတွက်
  အသုံးဝင် ပါသည်။ | 
ထိုစာအုပ်များထဲမှ
အားအကိုးရဆုံးမှာ ဆရာဦးအုန်းကြိုင်၏ စာအုပ်ဖြစ်ပါသည်။ ဆရာကား မြန်မာနိုင်ငံ ပက္ခဒိန်အကြံပေးအဖွဲ့ဝင်
ဖြစ်သည့်ပြင် ခေတ်ပညာတတ်လည်းဖြစ်ပေရာ ပြက္ခဒိန်အကြောင်းကို ကျကျနန သုတေသနပြု ရေးထားပါသည်။
သို့သော် ဆရာ၏ စာအုပ်မှာ ပြက္ခဒိန်ရက်၊ နှစ်များအကြောင်းကို ကျကျနနရှင်းပြ ထားသော်လည်း
ယခင် မြန်မာမင်းများလက်ထက်က အသုံးပြုခဲ့သော မြန်မာနာရီ၊ နေ့ရက်များ၊ နှစ်များအကြောင်းမပါပါ။
ထို့ကြောင့် ကျွန်တော်ရေးမည့်စာအုပ်တွင်
ရှေးမြန်မာမင်းများလက်ထက်က အသုံးပြုခဲ့သော မြန်မာနာရီ၊ အချိန် နှင့် နှစ် များ။ မြန်မာလများ
နှင့် ရာသီပွဲတော်များအကြောင်းအပြင် သင်္ကြန်အကြောင်းကို ပိုမိုပြည့်စုံအောင်ဖော်ပြပါမည်။
သင်္ကြန် ဆိုသည်နှင့် သင်္ကြန်စာပါ တွဲပါလာ လေ့ရှိရာ သင်္ကြန်စာပါ အကြောင်းအရာများကို အများပြည်သူနားလည်အောင်
ရှင်းလင်းဖော်ပြပေးပါမည်။ 
ထို့အပြင် မြန်မာပြက္ခဒိန်များ၏
အင်္ဂါရပ် ဖြစ်သော အခါပေးရက်များ (ရက်ရာဇာ၊ ပြဿဒါး၊ ရှမ်းရက်၊ ၀ါရမိတ္တု စသည်) အကြောင်းကိုလည်း
ပြည့်ပြည့်စုံစုံဖော်ပြသွားပါမည်။ နောက်တစ်ခုမှာ နေကြတ်၊ လကြတ်တွက်ရိုးဖြစ်၏။ ဆရာ၏
စာအုပ်တွင် အနည်းငယ်သာ ဖော်ပြထား ပါသည်။ ကျွန်တော်ကတော့ ပြည့်ပြည့်စုံစုံလေး ဖော်ပြမည်ဟု
ရည်ရွယ်ပါသည်။  
အထူးမှာကား မြန်မာပြက္ခဒိန်ကို
မြန်မာအမျိုးသားတို့ ခဲယဉ်းမှုမရှိပဲ အလွယ်တကူ တွက်ချက်နိုင်သည့် နည်းလမ်းများပေးနိုင်အောင်
ကြိုးစားပါမည်။ အင်္ဂလိပ်နှစ်များကို လေးငါးတန်း တတ်သော ကလေးငယ်သည်ပင် တွက်တတ်၏။ ကျွန်ုပ်တို့
မြန်မာပြက္ခဒိန်ကိုလည်း အဘယ်ကြောင့် မတွက်တတ်ရှိရမည်နည်း။ 
ကျွန်ုပ်မိတ်ဆွေများဖြစ်သော
ကိုဝဏ္ဏကို၊ ကိုရန်နိုင်အေး၊ ကိုဇင်မင်း၊ ကိုရဲလင်းကျော်တို့က IT သမားများဖြစ်သဖြင့်
မြန်မာပြက္ခဒိန်ကို ပရိုဂရမ်ရေးကာ တီထွင်ကြံဆကြပါသည်။ အားပေးပါ၏။ ၎င်းတို့ကို ကျေးဇူးလည်းတင်ပါသည်။
အမှန်ကန်ဆုံး ပြက္ခဒိန်တစ်ခုရအောင် ကြိုးစားကြပါရန်လည်း တိုက်တွန်းပါသည်။ ကျွန်တော်ကတော့
ပရိုဂရမ်မရေးတတ်ပါ။ ထို့ကြောင့် လက်နှင့်ပင်တွက်ရပါမည်။
မြန်မာအမျိုးကောင်းသား၊
အမျိုးကောင်းသမီးကလေးများသည် မြန်မာယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်မပျက်အောင် ထိန်းသိမ်းတတ်သူများ
ဖြစ်ကြပါစေကုန်သတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၉ မေလ၊ ၂၀၁၂
၁၃၇၄ ခုနှစ်၊ ကဆုန်လပြည့်ကျော်
၎ ရက် (အလွတ်ရ၍ မဟုတ်ပါ။ ရေးခါနီးမှ ပြက္ခဒိန်ကောက်လှန်ပြီး ထည့်လိုက်ခြင်းဖြစ်ပါသည်။)
 
 
1 comment:
မင်္ဂလာပါဆရာ
ဆရာပြန်ရောက်နေပြီပေါ့-
ဆရာပြောသလို မှန်လိုက်လေဗျာ---
ကျနော်လည်းမြန်မာလိုဘယ်နှစ်ရက်လည်းဘယ်နှစ်ခုနှစ်လည်းဆိုတာမသိတာကြာပေါ့-
ဂုဏ်ယူပြောနေတာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်အသုံးမကျဘူးဆိုတာကိုဝန်ခံတာပါ။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
Post a Comment